Thursday, June 30, 2022

ပညာရေး ကလိမ်ကကျစ် မပေါ့နဲ့



           နစက အနေနဲ့ ကျောင်းတွေ ပြန်ဖွင့်ပြီး ပညာရေးကဏ္ဍအတွက် ပုံမှန်အနေအထားရောက်အောင် ပြန်လုပ်နေကြရတာ လွယ်မလိုလိုနဲ့ ခက်ပါတယ် ။ အဓိကျတဲ့ လုံးခြုံရေးပြဿနာပါပဲ ။

         ဒီနေရာမှာ ပညာမဲ့လူတန်းစား များသထက်များရေး ဆောင်ရွက်နေတဲ့ NUG နဲ့ လူယုတ်မာတွေက မကောင်းဖော်ယူ ဆိုလား အွန်လိုင်းသင်ကြားရေး ဆိုပြီး အပြိုင်လုပ်လာကြပါတယ် ။ 

         နီပိတ်လေးတွေခမျှာ နဂိုကမှ အသိဥာဏ်မရှိလို့ ပိတ်နေရတဲ့အထဲ ဘညလုပ်ရမှန်းမသိဖြစ်ကုန်ရပါတယ် ။ ဒီတော့ ငါ့တို့က NUG ပဲ ထောက်ခံမယ် ၊ ဒါပေမယ့် နစက ဖွင့်တဲ့ကျောင်းက စာမေးပွဲမှာ ဝင်ဖြေခွင့်ရအောင်လည်း လုပ်မယ်ဆိုတဲ့ အကွက်တွေ စီစဥ်လာကြပါတယ် ။ 

        ပထမဆုံး မကောင်းဖော်ယူ မှာ အွန်လိုင်းကလပ်တက်ဖို့ စာရင်းသွင်းကြတယ် ။ နောက်ပြီးတော့ အဓိက ဘက ကျောင်းတွေမှာ စာရင်းသွားသွင်းကြတယ် ။ လုံခြုံရေးကြောင့် အိမ်မှာပဲ သင်ပါ့မယ် စာရင်းသွင်းခ ငွေပေးပါ့မယ်ဆိုပြီး လုပ်လာကြပါတယ် ။

       ဘက ကျောင်းတွေကလည်း လက်ခံကြပါတယ် ။ ဒီတော့ ဘကကျောင်းအများစုမှာ တကယ်တက်နေတာ လူ ၂၀၀ ဆိုရင် စာရင်းက ၄၀၀ / ၅၀၀ ဖြစ်နေကြပါတယ် ။ 

        ဒီထက်အဆက်အသွယ်ကောင်းသူတွေကတော့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေမှာ ကျောင်းမတက်ပဲ ငွေပေး စာရင်းသွင်း ကြတာပေါ့ ။ နဂိုကမှ ငွေအတွက် ဖွင့်ထားတဲ့ ကျောင်းတွေပဲ လက်ခံကြတာပေါ့ ။ သူတို့လည်း စာရင်းရှိအင်အားနဲ့ အမှန်တက်အင်အား တခြားစီဖြစ်နေမှာပါပဲ ။ 

      ဒီလိုလှည့်စားတဲ့ နည်းတွေနဲ့ ဆင်ပြေသွားပြီး  အချိန်ကျလို့ စာမေးပွဲဝင်ခွင့်ရပြီး ဘွဲ့ရသွားမယ့် နီပိတ်တွေကို မြင်ယောင်ကြည့်ပါ ။   

- တက္ကသိုလ်တက်နေရင် သမဂ္ဂဖွဲ့မယ် ၊ အစိုးရကိုဆန့်ကျင်မယ် 

- လုပ်ငန်းခွင်ရောက်ရင် ပြဿနာရှာမယ် ဖရဲသီးလုပ်မယ်

- ပေါ်ပေါက်သွားရင် သူပုန်ထမယ် 

        ဒါတွေ ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါပဲ ။ 

        ဒီတော့ နစက အနေနဲ့ ပညာရေးဘောကကို စာရင်းရှိပြီးရောဆိုပြီး လုပ်လို့မရတော့တဲ့ အနေအထားရောက်နေပါပြီ ။ 

- ဘကကျောင်းများ နဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းများအား အမြန်ဆုံး စစ်ဆေးကြည့်ဖို့ လိုအပ်နေပါပြီ ။ 

- စစ်ဆေးရာမှာ ပညာရေးဝန်ကြီးဌာနချည်း တာဝန်ပေးရင်တော့ အမှန်တရားမပေါ်ပေါက်နိုင်ပါဘူး ။

- အနည်းဆုံး မတူညီသော ယုံကြဘ်ဖွယ် အဖွဲ့ သုံးဖွဲ့ အား စစ်ဆေးကြပ်မက်ခိုင်းရပါမယ် ။

- အထူးအားဖြင့် လူသူမသိသော လှို့ဝှက်မေးမြန်းခြင်း သတင်းအား ထောက်လှမ်းရေးအထူးအစီရင်စာအဖြစ် တိုက်ရိုက်တင်ခိုင်းပါ ။ ( အတန်းစုံ ကျောင်းသားအနည်းငယ်အား မေးမြန်းခြင်းဖြင့် အင်အားအမှန် အလွယ်တကူသိနိုင်ပါတယ်)

- အဖွဲ့သုံးဖွဲ့ အစီရင်ခံစာ နဲ့ ထောက်လှမ်းရေးအစီရင်ခံစာအား တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် အဖြေမှန်သိလာပြီး လိမ်ညာသော အဖွဲ့အား ဖရဲသီးအဖြစ် အရေးယူနိုင်ပါလိမ့်မယ် ။ 

- ကြိုတင်အကြောင်းကြားပြီးမှစစ်ဆေးရေးဝင်သော ခေတ်ဟောင်း အလိမ်အညာစနစ်အား မြေလှန်ပြီး ရှောင်တခင်စစ်ဆေးခိုင်းပါ ။

- အစစ်ခံကျောင်းမှ ဧည့်ခံသော ရေပင် မသောက်ကြပဲ ကိုယ့်ရိက္ခာနဲ့ကို သိက္ခာရှိရှိ စစ်ဆေးခိုင်းပါ ။ 

       ဒါတွေ ကြပ်ကြပ်မတ်မတ် လုပ်မှသာလျှင် မကောင်းဖော်ယူ လို့ အမည်ပေးထားတဲ့ NUG လက်ဝေခံ အွန်လိုင်းပညာရေးမှ မွေးထုတ်မယ့် သူပုန်ပေါက်စတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ် ။ 

       အဲလိုမှ မဟုတ်ရင်တော့ ဆန့်ကျင်သူတွေက......

-  နစက က စောက်ပေါပါကွာ ၊ အင်အားစာရင်းပြနိုင်ရင် ပျော်နေတဲ့ အရူးတွေ ငါတို့ လုပ်ချင်သလို လုပ်ရတယ်လို့ ယူဆနေကြပါလိမ့်မယ် ။  

- ထောက်ခံသူတွေက ကျောင်းမတက်တာ သိမြင်နေတဲ့ ကလေးတွေ စာမေးပွဲဖြေချိန်မှ ကျောင်းစိမ်းဝတ် လာဖြေတာမြင်ရတော့ နစက က ဘာလဲဟ ကျောင်းမတက်ပဲ စာမေးပွဲဖြေခွင့်ပေးရသလား ဒီလိုမှန်းသိရင် ငါတို့ကလေးတွေကို ဘယ်အသက်စွန့် ကျောင်းတက်ခိုင်းမလဲ အလကား အစိုးရပဲ ။ 

       အဲသလို ထင်မြင်ချက်တွေ ရှောင်လွှဲမရပဲ တွေ့ကြုံလာရပါလိမ့်မယ် ။

         ကိုရွှေမျိုးဝင်း 

(အရေအတွက် ပမာဏများတိုင်း အကောင်းဖက် ဦးတည်နေတယ်လို့ ယူဆနေမိရင်..........)

မြန်မာ့တပ်မတော် အစစ်


         ဥကရစ်ထ ဆိုတဲ့ အင်အား (၃၀) အထိုင်ချထားတဲ့ ပေ ၁၀၀ × ၂၀၀ လောက် စခန်းကို KNU နဲ့ ပဒက်တွေ အင်အား ၃၀၀ နဲ့ အကြိမ်ကြိမ်ဝင်တိုက်နေတာ ဘယ်လိုမှ တိုက်မရပဲ အလဲလဲ အပြိုပြိုနဲ့ ပြန်ပြေးလိုက် ဝင်တိုက်လိုက် လုပ်နေရတဲ့သတင်း အားလုံးသိကြမှာပါ ။ 

         ယခင်က တပ်မတော်စခန်း အသေးလေးတွေ အတိုက်ခံရရင် အသိမ်းခံရ အဖမ်းခံရနဲ့ အင်မတန် စိတ်မချမ်းသာဖွယ်ဖြစ်ခဲ့ရပါတယ် ။

        ဘာကြောင့်လဲဆိုတော့ အသေခံ မီးကုန်ယမ်းကုန် တိုက်လေ့ရှိတဲ့ မြန်မာ့တပ်မတော်ရဲ့ စွမ်းရည်သတ္တိတွေ ကျဆင်းနေပြီလားလို့ တွေးမိလို့ပါပဲ ။ 

        ယခု ဥကရစ်ထ တိုက်ပွဲကတော့ ပွဲကြီးလမ်းကြီး မဟုတ်ပေမယ့် တပ်မတော်နဲ့ ပြည်ပအားကိုး ပုဆိန်ရိုး သူပုန်တွေရဲ့ စွမ်းရည်သတ္တိကို မှတ်ကျောက်တင်တဲ့ပွဲမို့ သေးငယ်ပေမယ့် အရေးပါတာ တွေ့ရပါတယ် ။

         ပြည်ပကြေးစားတွေနဲ့ KNU ၊ PDF တို့ ကျကျနန အချိန်ယူ တိုက်ကွက်ဖော်ပြီး စခန်းသေးသေးကို အောင်ပွဲခံပြီး ကမ္ဘာကိုကြွားဖို့ စီစဥ်ထားတာ မထင်မှတ်တဲ့ မြန်မာ့တပ်မတော်ရဲ့ မာကျောခက်ထန်တဲ့ ခံစစ်နဲ့ တွေ့ရပြီး အသေအပျောက်များစွာနဲ့ လန်ကျခဲ့ရတာ အားရစရာပါပဲ ။ 

         ဒီပွဲမှာတော့ အားရစဖွယ် အုပ်ချုပ်ထောက်ပံ့မှု ဗျူဟာကိုလည်း တွေ့မြင်ရပါတယ် ။ ကြည်တပ်ရဲ့ အမြှောက်ပစ်စွမ်းရည်ကလည်း အင်မတန်တိကျထိရောက်လှတာမို့ ယိုးဒယားစသ်တပ်ကပဲ ပစ်ကူပေးနေသလို ထင်မှတ်မှားပြီး တောပြောတောင်ပြော ပြောနေကြတာလည်း ရီစရာပါပဲ ။ 

         ဝေါလေမှာထိုင်ထားတဲ့ လက်နက်ကြီးစခန်းက နယ်နမိတ်အကွေ့မှာ အဖြောင့်တိုင်း ဝါးလုံးထိုးပစ်ပြတော့ ယိုးဒယားပိုင်နက်နယ်ထဲကနေ အမြှောက်ကျည်ဖြတ်သန်းပြီးမှ ပစ်မှတ်ကို မှန်တဲ့အတွက် သူပုန်တွေ မျက်စိလည်ပြီး စွတ်စွဲကြတာပါပဲ ။ 

         အနောက်အုပ်စုရဲ့ လက်ရာမကင်းတဲ့ ဒီပွဲမှာ ယိုးဒယားက ဆေးကုပေးဖို့ထိ ပြင်ဆင်ထားတာတွေ့ရပါတယ် ။ လူသားခြင်းစာနာမှုခေါင်းစဥ်နဲ့ မြန်မာကို လူပါးဝခြင်းပါပဲ ။ 

          သူပုန်တွေ ငယ်သံပါအောင် အော်ပြနေတာကတော့ လေကြောင်းထိုးစစ်ပဲ ဖြစ်ပါတယ် ။ တိကျတဲ့ ဒုံးပသ်ချက်များနဲ့ ဗုံးဆန်များကြောင့် မွမွကြေနေတာ အင်အားအပြည့်မသုံးသေးတဲ့ ထိရောက်မှုပမာဏပါပဲ ။ 

       လေယာဥ် ရဟတ်ယာဥ်တွေအုပ်လိုက်သာ အပီးဖြုတ်မယ်ဆိုရင် အဲဒီနေရာတွေမှာ လူသူ တိရိစ္ဆာန် မပြောနဲ့ ရုက္ခဆိုးတောင် ပြေးလို့လွှတ်မှာမဟုတ်ပါဘူး ။ 

       စခန်းရှိရဲဘော်များအတွက် လက်နက်ခဲယမ်းအလုံအလောက်နဲ့ စည်သွတ်ဗူးစား စစ်တိုက်နိုင်အောင်ပင် ထောက်ပံ့ရေးကောင်းမွန်တာ တွေ့ရပါတယ် ။ 

       စိတ်မကောင်းစရာက ပဒက်တွေချည်း မြေသြဇာဖြစ်နေရတာကို ပါပဲ ။ တကယ်တမ်းကျတော့ကရင်သူပုန်က တပ်မတော်အကြောင်းကောင်းကောင်းသိပါတယ် ။ ဒါကြောင့် ပဒက်လေးတွေကို မူးယစ်ဆေးကြွေးပြီး အသေခံတိုက်ခိုင်းရုံပဲ ပြုလုပ်ကာ သူတို့က နောက်ကနေကြပါတယ် ။

       ဒါကြောင့်လည်း ပဒက် ၃၀ လောက်ကျမှ KNU တယောက်လောက်ပဲ ကျဆုံးပါတယ် ။  ပဒက်တွေ သိဖို့က တိုင်းရင်းသား သူပုန်ဆိုတာ ဘယ်ဗမာကိုမှ မယုံဘူး ။ သူတို့ကရင်ချင်းတောင် ခရစ်စယံမှ ဗိုလ်ရာထူးပေးကြတာပါ ။ ( ရေငုပ်တွေ ကြီးစိုးတဲ့ တပ်မဟာတွေပေါ့)

         ပဒက်တွေ အသက်စွန့်နေကြတာ တိုင်းပြည်အတွက်မဟုတ်ဖူး သူပုန်အတွက်ပဲ ။ တချိန်က ABSDF ဆိုတဲ့ အဖွဲ့ သီးခြားရပ်တည်ခဲ့တာ ဒါမျိုးတွေကြောင့်ပါပဲ ။ လူအတွေ သေကြပေါ့လေ ဘယ်တတ်နိုင်မလဲ ။

        ဥကရစ်ထ ရှိ အရာရှိစစ်သည်တွေနဲ့ အုပ်ချုပ်ထောက်ပံ့မှုစနစ် ၊ အ​မြှောက်နဲ့ လေကြောင်းပစ်ကူများအတွက် လက်ဖျားခါရလောက်အောင်ချီးကျူးရပါမယ် ။ 

        ချီးကျူးပြီး ဝေဖန်ကြရရင်တော့ နစက အနေနဲ့ ဒီလိုစံပြတိုက်ပွဲအတွက် သတင်းထုတ်ပြန်ရာမှာ အားတက်ဖွယ်ဖြစ်အောင် ဖန်တီးထုတ်ပြန်နိုင်ခြင်းမရှိပါဘူး ။

        နောက်ပြီး အသက်စွန့်တိုက်ကြရတဲ့ အရာရှိနဲ့ ရဲဘော် ၃၀ ကို တဆင့်မြင့်ရာထူးတွေ ချက်ခြင်းပေးလိုက်ရင် နူကုန်မှာစိုးရိမ်နေလားမသိပါဘူး ဗျာ ။ ချီးမြှောက်မှုတွေက အင်မတန် နှေးကွေးလေးလံလွန်းလှပါတယ် ။ မလုပ်မရှုပ်မပြုတ်ဆိုတဲ့ အရာရှိတွေ များနေသရွေ့တော့ သူရဲကောင်းတွေ ချီးမြှောက်ခံရဖို့ ခက်နေအုံးမှာပါပဲ ။

       ဘာပဲပြောပြော ကိုယ့်စခန်းဝင်တိုင်တဲ့ KNU တို့ရဲ့ ဌာနချုပ်တွေကို ပြင်းပြင်းထန်ထန် ချေမှုံးသင့်ပါပြီ ။ သူက စိတ်ကြိုက်လာတိုက် ၊ ကိုယ်က ကုန်းခံ ပြန်ပြေးတော့ လိုက်မတိုက်ဘူး ။ ဒီဗျူဟာမျိုးနဲ့တော့ ထိပ်ပုတ်ခေါင်းပုတ်လုပ်နေကြအုံးမှာပါပဲ ။

         ဒီလိုစော်ကားမှုအတွက် ထိုက်ထိုက်တန်တန် လက်စားချေရပါ့မယ် ။ သူပုန်ဆီက အချစ်ကို မျှော်လင့်မနေနဲ့ ဘယ်မအေလိုးမှ စစ်တပ်ကို ချစ်မလာဘူး ။ အခွင့်အရေးရရင် သတ်နေမှာပဲ ။ သိပ်ပြီး မေတ္တာထားချင်နေရင်တော့ စစ်ရုံးကြီးကို အဲလို အစွန်အဖျားမှာ ချထားပြီး အုပ်ချုပ်ကြည့်ပေတော့ဗျာ ။ 

        ဘာပဲပြောပြော မတွေ့ရတာကြာပြီ ဖြစ်တဲ့ မြန်မာ့တပိမတော်ရဲ့ ရဲစွမ်းသတ္တိ ၊ စစ်ရေးဗျူဟာတွေကို ဥကရစ်ထကတဆင့် သိခွင့်ရလိုက်လို့ ကျေနပ်ပါတယ် ။ 

        နယ်စပ်မျဥ်းပေါ်က စခန်းသေးသေးတောင် အပိုင်တွက်တိုက်ပါရဲ့နဲ့ မနိုင်တဲ့ သူပုန်တွေဆီက စစ်ပညာသင်ပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက်မယ်ဆိုတဲ့ ပဒက်လေးတွေ လားရာကောင်းကြပါစေ....

      ကိုရွှေမျိုးဝင်း

Wednesday, June 29, 2022

ပညာရှာ တကယ်သူတောင်းစား ၅



(၃ နဲ့ ၄ တွဲတင်ထားလို့ ယခု ၅ ရောက်ပါပြီ) 

       သူယောင်ဟူသည်ကား ဝိဇ္ဇာဓိုရ်လိုင်းမှာ ဟိုမရောက် ဒီမရောက် ဖြစ်နေသော နမ်သက်သက်ကို ဆိုလိုပါတယ် ။ 

     သူယောင်တွေဟာ ရုပ်နမ် နှစ်ပါးပြည့်စုံစဥ်ကာလတုန်းက ဝိဇ္ဇာလိုင်းဘက် ကူးပြောင်းရန် မိမိသန်ရာသန်ရာ နည်းလမ်းများနဲ့ အားထုတ်ကြပါတယ် ။ စမဝိဇ္ဇာ ၊ အင်းဝိဇ္ဇာ ၊ ပြဒါးဝိဇ္ဇာ ၊ သံဝိဇ္ဇာ ၊ သွပ်ဝိဇ္ဇာ အစရှိသည်ဖြင့်ပေါ့လေ ။ 

     သူတို့ရဲ့ လုပ်ရပ်ကိစ္စများ မပြီးသေးမှီ သေဆုံးသွားကြတဲ့အခါ အာနိသင်ရှိနေတဲ့ နမ်ဓာတ်ဟာ မှီရာ တွယ်ရာ ရုပ်မရှိတော့ပဲ ဘယ်ကိုမှ ကူးပြောင်းမရဖြစ်နေပါတယ် ။ အဲဒီအချိန်မှာ သူတို့အတွက် အားဖြည့်ပေးရမှာတွေက ကုသိုလ်တရားဖြစ်ပါတယ် ။ 

       သူတို့ဟာ ရုပ်မရှိတဲ့အတွက် ကုသိုလ်ပြုခွင့် မရကြပါဘူး ။ ဒီတော့ သူတို့ ပူးကပ်လို့ အဆင်ပြေမယ့်သူကို ပူးကပ်ကြပါတော့တယ် ။ ပြီးတော့ အဲဒီလူကို ဗေဒင် ၊ အကြားအ​​မြင် အစရှိသ ည်ဟောခိုင်းတတ်သလို ဆေးကုခိုင်းတတ်ပါတယ် ။ 

      အဲလိုဟောပြော ကုသရာမှာ အခကြေးငွေ မယူပဲ သဒ္ဒါကြေးနဲ့ ကုသပေးရပါတယ် ။ ရတဲ့ငွေကို ကောင်းမှုပြုသင့်တာ ပြုရပါတယ် ။ ဒီလိုပြုလုပ်ဖို့လည်း သူယောင်က ညစဥ်လာရောက် သတိပေးခြိမ်းခြောက်နေလေ့ ရှိပါတယ် ။ 

       အံ့​သြစရာက အဲဒီအပူးခံရသူဟာ သီလ သမာဓိ ပညာ ပြည့်စုံဖို့ မလိုဖူး ။ အရက်သောက် ဖဲရိုက် မိန်းမပွေ ဘယ်လိုလူစားဖြစ်ဖြစ် သူယောင်က သူ့ကို ကုသိုလ် ဆက်ပေးမယ့်လူဆိုရင် ဝင်ပူးပြီး လူတွေကို ကူညီကြပါတယ် ။ အဓိကျတာက သူ့အတွက် ကုသိုလ်ပြုပေးဖို့ လုပ်ပေးရန်ဖြစ်ပါတယ် ။ 

       ဘာမှန်းမသိပဲ အကြားအမြင်တွေရလာတယ် ၊ ဆေးကုရင်လည်း ရေမန်းတမျိုးထဲနဲ့ ပျောက်တယ်ဆိုတာ နောက်ကွယ်က ဆေးဝိဇ္ဇာဖြစ်မယ့် သူယောင်က ကူညီနေတာပါ ။ 

      ကောင်းပြီ အပူးခံရသူဟာ တသက်လုံးစွမ်းရောလားလို့ မေးစရာရှိပါတယ် ။ ဟုတ်ကဲ့ မစွမ်းပါဘူး ဗျာ ။ သူ့ဖက်က သူယောင်ခိုင်းသလို မလုပ်ပဲ ဖောက်ပြန်ရင် ကယောင်ခြောက်ခြား စိတ်ဖောက်လာပါလိမ့်မယ် ။ ပရောဂဆရာတွေ ခေါ်ပြီးကုကြည့်လည်း တော်ရုံကုမရပါဘူး ။ 

     သာမန်ပညာရှင် မဟုတ်ပဲ သူယောင်က ဝင်ပူးနှောက်ယှက်နေရင် တော်ရုံပရောဂဆရာအဆင့် မျက်စေ့လည်ပြီး ကုသမရတော့ပါဘူး ။ 

      နောက်တချက်က သူယောင်အတွက် ခရီးဆက်ရန် လိုအပ်နေသော ကုသိုလ်စရိတ်ရပြီဆိုတာနဲ့ သူယောင်က မနေတော့ပါဘူး ။ ဒီတော့ အပူးခံရလို့ စွမ်းနေသူဟာ မူရင်းအရင်း ကျန်နေပြီး မစွမ်းတော့ပါဘူး ။ ခပ်တည်တည်နဲ့ အရှိန်အတိုင်း ဆက်လုပ်နေရင်း နာမည်ပြန်ပျက်လာကြရတာ သူယောင်ကြောင့်ပါ ပဲ ။ 

         ဒါတွေက ကိုရွှေတို့ အုပ်စုပြောနေတဲ့ အကြောင်းတွေပါ ၊ ကျနော်ကတော့ ဘာမှ မသိတဲ့ ဝေလေလေပါ ဗျာ 😁😁😁။

         အဲလို ပြောနေကြရင်း တကယ့်ဖြစ်ရပ် တကယ့်လူ အကြောင်း သက်သေတွေနဲ့ သိလာရပြန်ပါတယ် ။ အဲဒီပုဂ္ဂိုလ်ရဲ့ သားသမီးတွေ တပည့်တွေ အခုထိ ရှိနေကြပါသေးတယ် ။ 

       သူ့အကြောင်း ဂဃနဏ ပြောပြတာကတော့ သူ့ရဲ့ သားတပည့်အရင်း ဦးစိန်လှိုင်တဲ့ ။ ယခု အသက် ၇၇ နှစ် ရှိပြီဖြစ်ပါတယ် ။ မဆလခေတ်က မြို့နယ်ပါတီယူနစ် ကော်မတီဝင်ဖြစ်ပြီး ယခုထိ တစည ပါတီကိုပဲ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်ပါပဲ ။ ခေတ်ပညာတတ် ဆည်မြောင်း SAE ဦးစိန်လှိုင်ပြောပြတဲ့ သူ့ဆရာ ဦးသာပိုတဲ့ ။ 

           ဦးသာပိုဟာ ငယ်စဥ်က ရုတ်တရက် ပျောက်သွားရပါတယ် ။ သူ့ကို သေပြီလို့ ယူဆပြီး မိဘဆွေမျိုးတွေက ကောင်းမှုပြု အမျှဝေ ပေါ့ ထုံးစံအတိုင်း လုပ်ပေးကြပါတယ် ။ နောက် ၇ နှစ်အကြာမှာ ဦးသာပို တယောက် ဇာတိကို ပြန်ရောက်လာပါသတဲ့ ။

       သူ့ကို အင်းဝိဇ္ဇာတပါးက လာခေါ်သွားပြီး ပညာသင်ပေးကြောင်း နောက်ဆုံးအဆင့် မရောက်မှီ ဆရာများကို စော်ကားပြစ်မှားမိသော အတွေးဝင်လာမိလို့ အပြစ်ဒဏ်ချတဲ့ အနေနဲ့ ပြန်ခိုင်းလို့ ပြန်လာရကြောင်း ပြောပြပါတယ် ။ 

       ဦးသာပို အဖြစ်အပျက် အသေးစိတ်ကလည်း စိတ်ဝင်စားစရာပါပဲ ။ ၇ နှစ်ကြာ အင်းချပညာ သင်ကြားပြီးနောက် အင်းဝိဇ္ဇာအဆင့် တက်လှမ်းရန် နောက်ဆုံးအင်း ၃ ချပ် ပြာချ သောက်ရပါတယ် ။ ၃ ခွက်မြောက် သောက်ခါနီးမှာ လေထဲကို လူတထိုင်လောက် မြှောက်သွားတာ သိလိုက်တဲ့ ဦးသာပိုဟာ 
ငါ သိပ်စွမ်းနေပြီပဲ ငါ့ဆရာတောင် ငါ့လောက်စွမ်းရဲ့လား မသိဘူးလို့ တွေးမိသတဲ့ ။ 

      ချက်ခြင်းပဲ မြေပေါ် ပြန်ကျပြီး အင်းပြာခွက်လည်း မှောက်ကျသွားလို့ မသောက်လိုက်ရတော့ပါဘူး ။ ဆရာဖြစ်သူ ချက်ခြင်းရောက်လာပြီး

" အတော်မိုက်တဲ့ကောင်ပဲ မင်းအပြစ်နဲ့မင်း ခံပေတော့ ဒီဘဝမှာ မင်း ဝိဇ္ဇာ မဖြစ်တော့ဖူး ကဲ မင်းဇာတိပြန်ပြီး လူတွေကိုကယ် ကောင်းမှုတွေလုပ်ပေတော့ စည်းကမ်းတွေ မဖောက်နဲ့ ငါအကုန်သိနေတယ် ကြည့်နေမယ် ကဲ သွားတော့ ''

          ဦးသာပိုဟာ ဆရာကို ပြန်မပြောရဲပဲ ပျဥ်းမနား နောက်ကျောဖက်ရှိ ရွှေမြင်တင်တောင်ကြောပေါ်မှ တရွှေ့ရွှေ့ ဆင်းပြီး ပြန်လာပါတယ် ။ စိတ်ထဲမှာတော့ ဆရာက ငါ့ကို ခရီးစရိတ်လေးတောင် မပေးလိုက်ဖူးလို့ တွေးပြီး စိတ်အားငယ်စွာ ပြန်လာပါတယ် ။ 

       တောင်ပေါ် တောထဲက ရွာတရွာကို ရောက်တော့ သူ့ပညာအရ လေ့လာလိုက်တာ ရွာမှာ လူတက်လောက်က စုန်းတွေတဲ့ ၊ ကျန်တဲ့ သာမန်လူတဝက်လောက်ကလည်း နာမကျန်းဖြစ်နေကြသတဲ့ ။ 

     ကဲ ဆရာပြောသလို ငါကုသိုလ်ပြုမယ် ဆိုပြီး လူမမာရှိတဲ့ အိမ်ကိုဝင်ပြီး အခမဲ့ကုပေးမယ် ဆိုပြီး ပြောတော့ ဝမ်းသာအားရ လက်ခံပါတယ် ။ 

    လူနာရဲ့ အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီး တရွာလုံးဖိတ်တယ် ။ နေမကောင်းတဲ့သူတွေကို သီးသန့်ခွဲဧည့်ခံစေတယ် ။ ပြီးတာနဲ့ ဦးသာပိုက အိုးစည်တလုံးမှာ အင်းရေးဆွဲပြီး အိုးစည်ကို တီးပါသတဲ့ ။ စုန်းတွေမှန်သမျှ အိုးစည်တီးသံကြားတာ နဲ့ ကခုန်နေပါသတဲ့ ။ 

      မရပ်မနား တီးနေတော့ အမောဖောက်လာပြီး တောင်းပန်ကြပါတယ် ။ ဦးသာပိုကလည်း လူတွေကို ဒုက္ခပေးနေတဲ့ စုန်းပညာတွေကို နုတ်ယူချေဖျက်ပါတယ် ။ အသက် ၈၀ အရွယ် အဖွားကြီးတယောက်ကတော့ သူ့မှာ အဲဒီပညာ မရှိတော့ရင် အသတ်ခံရမှာဖြစ်လို့ သတ်ချင် သတ်သွား သူ့ပညာတော့ မပေးနိုင်ဖူး တင်းခံနေလို့ သစ္စာရေတိုက်ပြီး ထားခဲ့သတဲ့ ။ 

       ကျန်းမာရေးကောင်းလာတဲ့ သာမန်ရွာသူ ရွာသားတွေ ကျေးဇူးဆပ်ကြတာနဲ့ လုံလောက်တဲ့ ခရီးစရိတ်လည်း ရပြီဖြစ်ပါတယ် ။ 

         ဒီလိုနဲ့ တောင်ခြေတောထဲကနေ ထွက်လာတော့ ဦးသာပိုကို ရသေ့ကြီးတပါး လာစောင့်နေပါတယ် ။ 

"ခင်ဗျားက ဦးသာပိုလား ''

"ဟုတ်ပါတယ် ရသေ့ကြီးက ဘယ်သူလဲ ''

"ကျုပ်က မန္တလေးတောင်က ရသေ့ကြီး ဦးခန္တီပါပဲ ဦးသာပိုကို စောင့်နေတာပါ ''

"သြော် ဘာကိစ္စပါလိမ့် ''

"အကူညီတောင်းချင်လို့ပါ ပဲ ခင်ဗျားပဲ ကူညီနိုင်မှာ သိလို့ တမင်လာစောင့်နေတာပါ ''

"ပြောပါအုံး ရသေ့ကြီး ဘယ်လိုဖြစ်လာလို့လဲ ''

"ကျုပ်မန္တလေးတောင်မှာ သာသနာပြုနေတာကို နေရာလာလုတဲ့ ပညာသယ်က နှင်လွတ်လို့ ပြေးလာရတာ အဲဒါ ကူညီပါအုံး''

"နေပါအုံး ရသေ့ကြီးလည်း နည်းတဲ့ အစွမ်းအစရှိသူမှ မဟုတ်တာ ပြန်ခုခံပေါ့ ဗျာ ''

"မရဖူး ဗျ သူ့ပညာက အရမ်းကြီးနေတယ် ခင်ဗျားဆရာရဲ့ အဌမုံအင်း ပညာနဲ့ပဲ နိုင်အောင်ပြိုင်မှာ ဖြစ်တယ် ''

(အင်းအမျိုးမျိုးရှိကြရာမှာ အတိုက်အင်း ၊ အခံအင်းဆိုပြီး သီးခြားစွမ်းရည်သာရှိတတ်ကြပါတယ် ။ အတိုက်အင်းဆိုတာ တိုက်ပဲတိုက်တတ်တယ် သူ့ကို ပြန်ဆော်ရင် မခုခံနိုင်ဘူး ။ အခံအင်းဆိုတာ သူများတိုက်ခိုက်မှုကိုပဲ ခုခံနိုင်တယ် သူက ပြန်မတိုက်တတ်ဘူး ။ အဌမုံအင်းပညာတခုပဲ အတိုက်ရော အခံရော ဘက်စုံရတဲ့ ရှားပါးအဆင့်မြင့်အင်းပညာလို့ သိရပါတယ်)

"အင်း ဘာသာ သာသနာ အတွက်ဆိုတော့ ကူညီရတာပေါ့ ဗျာ ကဲဒါဆိုလည်း သွားကြစို့ဗျာ ''

          ဦးသာပိုဟာ သျှောင်ထုံးခေါင်းပေါင်း နဲ့ မြန်မာပီသတဲ့ ဟန်ပန်နဲ့ တွေ့ရသလို ဒေါက်ချာကြီးနဲ့ ရသေ့ကြီးဦးခန္တီဟာလည်း ခန့်ညားလှပါတယ် ။ သူတို့ နှစ်ဦးသား မန္တလေးတောင်ဆီ အပြင်းသွားကြပါတယ် ။ 

         မန္တလေးတောင်ပေါ်မှာတော့ ဦးခန္တီကို နှင်ထုတ်နိုင်လိုက်တဲ့ ပညာသယ်ကြီးနဲ့ အဖွဲ့ဟာ အောင်ပွဲခံနေကြပါတယ် ။ အဆောက်အဦးဆောက်ဖို့ အတွက် ဧရာမကျွန်းတိုင်ကြီးတွေ တောင်ပေါ်ကို သယ်ယူပြီးပါပြီ ။ 

       တပည့်တပန်းတွေနဲ့ အောင်ပွဲခံနေတဲ့ ဦးခန္တီရဲ့ ရန်သူဆီက တပည့်ငယ်တဦးဟာ ကောင်းကင်ကြီးကို ကြည့်မိရင်း ပါးစပ်အဟောင်းသား ဖြစ်နေပါပြီ ။ သူလက်ညှိုးထိုးပြလို့ လူတွေအားလုံး ကောင်းကင်ဆီကို ကြည့်လိုက်တော့ မဲမှောင်နေတဲ့ တိမ်ဆိုင်ခဲကြီးဟာ ဆင်နှာမောင်းသဏ္ဍန်နဲ့ တွန့်လိမ်ကွေးကောက်ပြီး ဝှေ့ကာဝှိက်ကာနဲ့ မန္တလေးတောင်ပေါ်ကို သက်ဆင်းလာပါပြီ ။ 

        ဦးခန္တီအားကိုးနေတဲ့ အဌမုံအင်းပညာ အစွမ်းပြပေပြီ ။ တောင်ထိပ်ပေါ်ရှိ အောင်ပွဲခံနေတဲ့ လူတွေအားလုံး ဆူညံပွက်လောရိုက်အောင် ကြောက်လန့်တကြီး အော်ဟစ်ပြေးလွှားနေကြရပါပြီ ။

       အစောဆုံး ကောင်းကင်ကြည့်မိတဲ့ လူငယ်လေးဟာ လေဆင်နှာမောင်းကြားကနေ ရသေ့ကြီး ဦခန္တီ နဲ့ အတူ သျှောင်ထုံးကြီးနဲ့ လူတဦးကို မြင်လိုက်ရတော့မှ ဒါဟာ ဦးခန္တီတို့ လက်ချက်ပဲလို့ သိလိုက်ရပါတယ် ။ 

      အဲဒီအချိန်မှာပဲ ဝှေ့ဝှိက်ဆင်းလာတဲ့ လေဆင်နှာမောင်းဟာ သူ့ပစ်မှတ်ဆီကို ကျရောက်သွားပါပြီ ။ သူ့ပစ်မှတ်ကတော့.........

            ကိုရွှေမျိုးဝင်း

 ( ဦးသာပိုဟာ ရန်ကုန်ရှိ မဂ္ဂီအရပ်မှာ နေထိုင်ခဲ့ပါတယ် ၊ သူသိုက်ထဲဝင်ပြီး လက်ဆောင်ယူခဲ့လို့ ပစ်ဒဏ်ခဲတဲ့ အနေနဲ့ ကိုးတောင်ပြည့် ဘုရားကို တယောက်တည်း တည်ခဲ့ရပါတယ် ၊ အဲဒီဘုရားကတော့ ယခု လှိုင်သာယာ တွံ့တေး ကားလမ်းမဘေးနားက မမျိုးစုရွာထိပ် မှာ တွေးနိုင်ပါတယ် ၊ သူ့သား ဦးသာဆိုင်ဆိုတာ ယခုထိ မမျိုးစုရွာမှာ သက်ရှိထင်ရှားနေထိုင်လျှက် ရှိပါတယ် ၊ အံ့သြဖွယ် ဖြစ်ရပ်မှန်တွေပါ များစွာကျန်ပါသေးတယ် ၊ဖြီးဖြန်းပြီး ကြားဖူးနားဝရေးတာ မဟုတ်ပါဘူး လေ့လာချင်သူများ အတွက် အချက်အလက် ပြောပြခြင်းဖြစ်ပါတယ်)

ပညာရှာ တကယ်သူတောင်းစား ၄




        ကိုရွှေတယောက် နောက်လှည့်မိတော့ မဲမှောင်နေတာပဲ တွေ့ရပြီး ဘာမှ မရှိပါဘူး ။ ဒါနဲ့ ပြေးသွားတဲ့ အရက်သမားတွေနောက် လိုက်ပြေးရင်း ဟေ့ကောင်တွေ လို့ အော်ပြေးလိုက်ပါရော ။ 

       ဆံပင်တွေဖို့ရို့ဖားယား ဖုတ်သဲ အလူးလူး နဲ့ ခေါင်းပြတ်ကြီး ကိုင်ထားတဲ့ ကိုရွှေက နောက်ကနေလိုက်လေ ဟိုကောင်တွေက အော်ပြေးလေပဲ ။ တကယ်တန်းကျတော့ ဘယ်သရဲမှ လိုက်တာ မဟုတ်ဖူး ကိုရွှေ့ပုံစံကြည့်ပြီး နဂိုက ကြောက်စိတ်နဲ့ ပေါင်းကာ ခေါင်းပြတ်ကြီးမြင်ပြီး ပြေးကြတာ လေ ။ 

      သချ်ိုင်းဝနားက စက်ဘီးတွေကို ယူစီးရမှန်းမသိအောင် ပြေးကြတာလေ ။ လိုက်မမှီတဲ့ ကိုရွှေလည်း မထူးပါဘူးဆိုပြီး စက်ဘီးတစီးနဲ့ ခေါင်းပြတ်လေးပုဆိုးနဲ့ထုပ်ကာ စက်ဘီးလက်ကိုင်ချိတ်ပြီး ပြန်လာပါတယ် ။ 

        လယ်ကွက်တွေ ဖြတ်ပြေးတဲ့ သူရဲကောင်း လူမိုက်အမူးသမားတွေက သူတို့ရှေ့က ကြိုရောက်နေတဲ့ ကိုရွှေ့ကို မြင်ပြီး ပြန်ပြေးလို့ မနဲ ဖမ်းဆွဲ ရှင်းပြရသတဲ့ ။ 

"ဟိုဟာကြီးရော အာစရိ ''

"ခြင်းတောင်းထဲ့ပြီး ဝှက်ထားတယ် ကွ ''

"ဟာ ကျနော်တို့ ကြောက်တယ် အရက်ဝယ်တိုက်အုံး ပြေးရတာနဲ့ အမူးပြယ်ကုန်ပြီ ''

      တညလုံး အရက်သောက် အားတင်းပြီး အချိန်ဖြုန်းကြပါတယ် ။ ကိုရွှေလည်း လူသိမှာ စိုးလို့ ခေါင်းပြတ်ကြီး ခြင်းတောင်းထဲထည့်ပြီး ရန်ကုန်အမြန်ပြန်လာပါတယ် ။ 

      သူခြံထဲမှာ ဆရာပြောလိုက်သလို ပဲပင်ကို စနစ်တကျ စိုက်ပါတယ် ။ ပဲပင်ဆိုတော့ မြေကျင်းနက်အောင် မတူးပဲ အပေါ်ယံမြှပ်ရုံပဲ တူးပြီးစိုက်တာပေါ့ ။ အဲဒါ ပြဿနာစတာပါပဲ ။ 

      ဘာလဲဆိုတော့ မနက်အစောကြီး ခြံထဲကနေ သူ့မိန်းမ ရဲ့ ငယ်သံပါအောင် အော်လိုက်အသံကြီးကြောင့် ကိုရွှေလန့်နိုးသွားရပါတယ် ။ ကပျာကရာ ခြံထဲအပြေး တံခါးဝမှာ သူ့မိန်းမနဲ့ တိုးတိုက်မိပါရော ။ သူ့မိန်းမက မပြောမဆို ကျောပြင်ကို တဒုန်းဒုန်း ဗြောတင်ရင်း 

"မသာကြီး  ပေါက်ကရတွေ လုပ်လာပြန်ပြီ အမှတ်မရှိဖူး ကဲ ကဲ ''

"နေပါအုံး ဟ ငါဘာလုပ်လို့ လဲ ''

(ယောကျာ်းကောင်းတို့ ထုံးစံအရ အပြစ်ကင်းသူ အသွင်နဲ့ ကိုရွှေက မအူမလည်မျက်နှာပေးနဲ့ မေးပါတယ် 😁😁😁😁😁)

"ကဲ လာခဲ့ မသာကြီး ပြမယ် ငါတော့ သေချင်တာပဲ ''

        ပါးစပ်က ပွစိ ပွစိ နဲ့ ပြောဆိုပြီး ခြံထဲကို ဘောက်ဆတ် ဘောက်ဆတ်နဲ့ အသွား လိပ်ပြာမလုံတဲ့ ကိုရွှေက ပေကြောင်ကြောင်လေး ရပ်ကျန်နေတော့ နားရွက်ဆွဲ ခေါ်သွားလေရဲ့ ။

     ခြံထဲရောက်တော့ ကိုရွှေစိုက်ခဲ့တဲ့ ပဲပင်ခြေမှာ မြေတွေ ပွမွနေပြီး မလှမ်းမကမ်းမှာ သူ စွန့်စွန့်စားစား ယူလာရတဲ့ အစိမ်းသေခေါင်းပြတ်လေးက ခွေးစားထားတော့ ဖရိုဖရဲကို ဖြစ်နေပါပေါ့ ။ 
အတော်ကြီးကံဆိုးသော အစိမ်းသေပင်တည်း ။ 

      ကိုရွှေလည်း ခွေးက ဘယ်က ချီလာမှန်းမသိဘူး ဘာညာ နဲ့ ရသလောက် ဖြီးသေးတာ ဗျ ။ ဒါပေမယ့် ပေါက်ကရ လုပ်တတ်လွန်းလို့ အရိပ်အကဲ ကြည့်နေတဲ့ ငယ်မယား မိန်းမကို ဘယ်လိမ်ရမလဲ ဗျာ ပေါ်တာပါပဲ ။ 

       ပြည်ထဲရေးဝန်ကြီးရဲ့ ကြီးကြပ်မှုနဲ့ အဲဒီခေါင်းပြတ်ကြီးကို မြစ်ထဲ စွန့်ပစ်လိုက်ရပါတော့တယ် ။ ကိုရွှေရဲ့ ခွက်ပေါက် ပညာ စမ်းသပ်မှုက အပြီးမသပ်လိုက်ရပါဘူး ၊၊ နောက်ထပ်လည်းမလုပ်ဖြစ်တော့ပါဘူး ။   

         ကိုရွှေဟာ ပညာလောဘ ကြီးလွန်းသူဖြစ်ပြီး သူမသိတဲ့ ပညာရပ်ဆိုရင် သူ့သားလောက်အရွယ်ကိုလည်း ကန်တော့ပြီး ဆရာတင်လေ့ ရှိတယ်ဗျ ။ သူ့ရဲ့ နှံ့စပ်ပုံ ဗဟုသုတကလည်း များပြားစုံလင်လှပါတယ် ။ 

         အဂ္ဂိရပ်ပညာနဲ့ ပတ်သက်ပြီး သူပြောပြတာကလည်း စိတ်ဝင်စားစရာတွေ အများကြီးဗျ ။ ကျနော်က သူ့ကို အကို ဒီလောက်လေ့လာထားတာ ထွက်ရပ်ပေါက် မထိုးဖူးလား လို့ စပ်စုမိပါတယ် ။ 

      ထွက်ရပ်ပေါက် ထိုးတဲ့နည်းသိရုံနဲ့ မရဖူးကွ ။ မိမိရဲ့ အကျင့်သီလ က အဲဒီပညာရပ်နဲ့ ထိုက်တန်အောင် တည်ဆောက်ထားနိုင်ပြီလားဆိုတာကလည်း လိုသေးတယ် လို့ သဘာဝကျကျ ပြောပြပါတယ် ။ 

        ထွက်ရပ်ပေါက် ဓာတ်လုံးအကြောင်း ဗဟုသုတအနေနဲ့ မှတ်မိသလောက် ပြောပါ့မယ် ။ 

      ထွက်ရပ်ပေါက် ဓာတ်လုံးက အောင်မြင်တော့မယ်ဆိုရင် သိသာသတဲ့ ။ ထိုးနေရင်း ဓာတ်လုံးက ချော်အလယ်မှာ တက်လာသတဲ့ ။ ရင့်သွားရင် ချော်ပေါ်တက်လာသတဲ့ ၊ အဆင့်ပိုမြင့်သွားရင် လုံပေါ် တက်သတဲ့ ။ 

     လုံပေါ်တက်လာတဲ့ ဓာတ်လုံးကို လက်ချားဆိုလားပဲဗျာ လက်မှာသုတ်ပြီး ဖမ်းယူရမယ်တဲ့ ။ မိမိသည်သာ ပိုင်ရှင်ဖြစ်ကြောင်း ပြောထားရမယ်တဲ့ ။ အဲဒီအဆင့်ဆိုရင် လုမယ့် ယက်မယ့် တောမရောက် တောင်မရောက် အဆင့်တွေက လာပြီး တောင်းကြ လုကြသတဲ့ ။ 

     အချို့က မိမိရဲ့ ဆရာဟန် ၊ မိဘဟန် ၊ ဘုန်းကြီးဟန် ဖန်ဆင်းပြီး တောင်းကြည့်သတဲ့ ၊ သူ့လက်ထဲထည့်လိုက်ရင် ယူပြေးရောတဲ့ ။ မသက်ာရင် ဓာတ်လုံးကိုင်ပြီး မူလအသွင်ပြဖို့ အမိန့်ပေးရင် ဟန်ဆောင်ဖန်တီးထားတာ ပေါ်သတဲ့ ။ 

       ဓာတ်လုံးကို ဒီအတိုင်းဖမ်းယူရင် လက်ခုံကို ဖောက်ထွက်သတဲ့ ။ အဲဒီလို ဓာတ်လုံးကို ပိုင်ဆိုင်ပြီ ဆိုရင် ဦးဆုံး စိတ်ထဲက ဘယ်သွားမယ် ဘယ်လာမယ် ဆိုတာ စိတ်ကူးတာနဲ့ ရောက်သွားသတဲ့ ။ ဒါပေမယ့် နုစဥ်အခါမှာ နမ်ချည်း ထွက်သွားတာဖြစ်လို့ ရုပ်က ကျန်နေသတဲ့ ။ 

      ဓာတ်လုံးနဲ့ ကိုယ်နဲ့ အသားကျပြီ ဆိုမှ ရုပ်နဲ့ တွဲထွက်ဖို့ လေ့ကျင့်ရပြန်သတဲ့ ။ စစခြင်း မိမိရဲ့ ဓာတ်လုံးပါဝါ စမ်းရမတဲ့ ။ ရုပ်ကော နမ်ရော ခရီးထွက်ဖို့ ပထမဆုံး မိမိအိမ်နဲ့ နီးတဲ့ နေရာကိုပဲ စိတ်ကူးသွားကြည့်ပါတဲ့ ။ 

     တကယ်လို့ သိပ်ဝေးတဲ့ နေရာကို စိတ်ကူးလိုက်လို့ ရုပ်ရောနမ်ရော ရောက်သွားပြီ ဆိုပါစို့ ။ ဓာတ်လုံးပါဝါက အသွားအတွက်ပဲ ပြည့်စုံပြီး အိမ်ပြန်လာဖို့ ပါဝါ ကုန်သွားရင် မင်း ​ခြေလျှင်ပြန်လာရမှာ ဗျာ တဲ့ ။ 

     တွေးကြည့်လေ စိတ်ကူးနဲ့ ဗုဒ္ဓဂါယာသွားတယ် ၊ ok ရောက်သွားပြီ ။ ပြန်လာမယ် ဥုံဖွ ဆိုတော့ ဓာတ်လုံးက ပါဝါမရှိတော့ ဘူး ။ ကဲ ဘယ်လိုလုပ်မလဲ  ? ပတ်စ်ပို့လည်းမပါ ငွေလည်းမပါ နဲ့ အိန္ဒိယမှာ ယောင်ချာချာဖြစ်ပြီး "သီရိဓမ္မာသောကရာဇာပါ " ဆိုပြီး တောင်းစားနေရမယ် လေ 😁😁။ 

       ​အဲသလို ထွေရာလေးပါးပြောပြီး ကျနော်တို့ အိန္ဒိယနယ်စပ်ကို အကြောင်းတခုနဲ့ ခရီးထွက်ခဲ့ကြပါတယ် ။ (သရဲဖမ်းတဲ့ အထဲမှာ ရေးဖူးပါတယ် မဖတ်ဖူးသူတွေအတွက် တိုက်ဆိုင်နေလို့ ပြန်ရေးတာပါ)

        နယ်စပ်ရောက်တော့ ရွှေဖြစ်အောင် ထိုးနိုင်တယ်ဆိုတဲ့ ဘုန်းကြီးအိုကြီးရဲ့ သတင်းကို ကိုရွှေကြားလာပါတယ် ။ ရွှေဖြစ်ထိုးတဲ့ ပညာဟာ ကိုရွှေအလိုချင်ဆုံးပညာပါပဲ ။ 

       ဒါနဲ့ တောထဲက ဘုန်းကြီးအိုကြီးဆီကို သွားကြပါတယ် ။ ဘုန်းကြီးက နှုတ်ဆက်စကားပြောပြီး အကျိုးအကြောင်းမေးတော့ ကိုရွှေက တဲ့တဲ့ပဲ ဘုန်းကြီး ရွှေဖြစ်သလား ဖြစ်ရင် သင်ချင်လို့ ပါ ဘုရား မဖြစ်ရင်လည်း အားမနာနဲ့ ပြောပါ ပြန်ပါ့မယ် လို့ လျှောက်ပါရော ။ 

     ဘုန်းကြီးက ပြုံးပြီး ကိုရွှေရဲ့ အခြေခံ အဂ္ဂိရပ်ပညာတွေ စာချိုးတွေကို မေးပါတယ် ။ ဘုန်းကြီးမေးသမျှကို ဒိုးဒိုးဒေါက်ဒေါက် ဘယ်ကျမ်းက ဘယ်လို ဆိုတာ ရွတ်ဆိုပြနိုင်တာ တွေ့ရပါတယ် ။ ကျနော်လည်း ကိုရွှေရဲ့ မှတ်ဥာဏ်ကို အံ့သြမိရသလို ဘုန်းကြီးလည်း ကျေနပ်သွားပါတယ် ။ 

     ဒါနဲ့ ဘုန်းကြီးက 

"ကဲ ဒီလောက်ဆိုရင် မင်းကို နည်းပေးလို့ ရပါပြီကွာ ကဲ ငါ့မီးဖိုထဲက သွပ် ဒုတ္ထာ နာ ပြဒါး  တကျပ်သားစီ သွားယူချေကွာ ''

        ကိုရွှေဟာ ဘုန်းကြီးပြောတဲ့ ပစ္စည်းလေးမျိုး ကြားလိုက်တော့ မျက်စိမျက်နှာ ပျက်သွားပါတယ် ။ နောက် ဘုန်းကြီးကို အားမနာတမ်းလျှောက်ပါတယ် ။ 

" ဘုန်းဘုန်းဘုရား အဲဒီပစ္စည်းတွေနဲ့ ထိုးတာ ရွှေမဖြစ်ပါဘူး ဘုရား ''

"ဟေ မင်းက ဘယ်လိုသိလည်းကွ ''

"တပည့်တော်အဲဒီပစ္စည်းတွေနဲ့ နည်းပေါင်း ရာချီပြီး ထိုးပြီးပါပြီ ဘုရား မဖြစ်ပါဖူး ''

"ကိုင်း မင်းကိုမေးမယ် ကွာ အဲဒီပစ္စည်းတွေထဲက ဘယ်ဓာတ်သတ္တုက ရွှေဖြစ်တာလည်း ကွ ''

"အားလုံးရောပြီး ကောလီကျမှ(အားလုံးရောနှောပေါင်းစပ်ပြီး တသားတည်းဖြစ်တာကို အဂ္ဂိရပ်အခေါ် ကောလီကျသည်ဟု သုံး၏) ရွှေဖြစ်ရမှာပါ ဘုရား ''

     ဘုန်းကြီးက ကိုရွှေ့အဖြေကို ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်ပြီး ဆက်ပြောပါတယ် 

"ဟုတ်ပြီ ဒါဆို ဘယ်အချိန်မှာ ရွှေဖြစ်သလဲ ကွ '' 

"သြော် မီးအပေါ်မူတည်ပြီး ကောလီကျတဲ့ အချိန်ပေါ့ ဘုရား''   

"အင်း မင်းဟာကလည်း ဘယ်သတ္တုက ရွှေဖြစ်ဖြစ်မှန်းမသိ ဘယ်အချိန် ဖြစ်မှန်းမသိပဲ ရမ်းလုပ်နေတာ အကြိမ်တသောင်းထိုးလည်း ဘယ်ဖြစ်မလဲ ကွ ''

      ကိုရွှေဟာ ဘုန်းကြီးစကားကြားလိုက်တော့ တွေကနဲ ဖြစ်သွားပါတယ် ။ ဘုန်းကြီးက ဆက်ပြောပါတယ် ။ 

"ဒကာရွှေရေ  အရွယ်မရောက်သေးလို့ ဓမ္မတာမဆင်းသေးတဲ့ မိန်းမပျိုနဲ့ ရင်သွေးရနိုင်သလား ''

"ဘာ်ရမလဲ ဘုရား ''

"ကောင်းပြီ ဒါဆို အရွယ်လွန်ပြီး သွေးဆုံးနေတဲ့ အမျိုးသမီးနဲ့ကော ရင်သွေးရနိုင်သေးလား ''

"မရနိုင်ပါဘူး ဘုရား ''

"အင်း ဓာတ်သဘောကလည်း ဒီလိုပဲ ဒကာကြီး နုနေရင်လည်း မဖြစ်ဖူး ရင့်လွန်းရင်လည်း မဖြစ်ဖူး လေ  ကဲပါ ဒကာကြီး လက်တွေ့ လုပ်ဖို့ ပစ္စည်းသွားယူပါ ''

       ကိုရွှေနဲ့ကျနော် မီးဖိုထဲက ပစ္စည်းရှာယူနေတော့ ကိုရွှေက ငါ့ညီရာ ဖြစ်မှာ မဟုတ်ပါဖူး ရောက်လက်စမို့သာ မကောင်းတတ်လို့ ကွာ တဲ့ ။ 

        ပစ္စည်းတွေယူပြီး အပြင်ထွက်လာတော့ ထင်းမီးဖိုလေး ပြင်ဆင်ထားလေရဲ့ ။ ကိုရွှေက မီးသွေးနဲ့ ဖားဖို က ဘယ်နားမှာလဲ ဘုရားလို့ မေးပါတယ် ။ 

"တောခေါင်ခေါင်မှာ ဘုန်းကြီးအိုကြီးက ဘယ်က မီးသွေး နဲ့ ဖားဖို ရှိမှာလဲ အဲဒီ ထင်းမီးနဲ့ လုပ်ပါ ''

       နှစ်ယောက်သား ထင်းမီးဖိုလေးနဲ့ လုံကို အပူပေးပါတယ် ။ 

" သွားပါပြီကွာ ဒီအပူချိန် နဲ့ ဘယ်သတ္တုက ပျော်မလဲကွာ ပျော့တူးမနပ် စလုံးစခုတွေ ဖြစ်မှာပေါ့ ''

"လုပ်ကြည့်ပါအုံး အကိုရ ''

"မင်းက နားမလည်လို့ ငါ့ညီရ မျှော်လင့်မနေနဲ့ သွပ် ဒုတ္ထာ နာ ပြဒါး ဇွတ်လုပ်တာ အကုန်မှား ပဲ ကွ ဘုန်းကြီးက တတ်ယောင်ကားပါကွာ ''

       ကိုရွှေတယောက် ပွစိပွစိ နဲ့ မီးထိုးရင်း စိတ်မပါပဲ လုပ်နေပါတယ် ။ အချိန်အတန်ကြာတော့ ဘုန်းကြီးက ရပြီ ချတော့ တဲ့ ။ 

  "ဟေ့ကောင် ကြည့် ပျော့တူးမနပ်ဆိုတာ ဒါမျိုး '' 

     ကျနော်ကို ပြောပြရင်း လုံကို ထုခွဲမယ် လုပ်တော့ ဘုန်းကြီးက နေအုံး ဒါးနဲ့ တခြမ်းဖဲ့ကြည့်တဲ့ ။ 
ဖဲ့ကြည့်တော့ ပစ္စည်းလေးမျိုးက သူ့အလွှာနဲ့သူ အထပ်လိုက်မြင်ရပါတယ် ။ 

"ကဲ ကောလီမကျပဲ ပျော့တူးမနပ် ဖြစ်ကုန်ပြီး ဘုန်းဘုန်း ''

"အေးပါ အဲဒီထဲက သွပ်အလွှာကို ယူလိုက်ကွ ''

        သွပ်သားတွေ ထုတ်ယူပါတယ် ။ ဘုန်းကြီးက အဲဒီသွပ်ကို ငရဲမီး စားပစ်ကွ လို့ ခိုင်းပါတယ် ။ ကိုရွှေလည်း ပြောပြန်ပါတယ် 

" အင်း သွပ်ကို ငရဲမီးစားမှတော့ ကုန်ပြီပေါ့ ကွာ ကုန်လည်းအေးတာပဲ တို့ မြန်မြန်ပြန်ရတာပေါ့ ''

      သူကသာ ကုန်ပြီပြောနေတာ ငရဲမီးတရှဲရှဲစားနေတဲ့ ကြားထဲက မဲမဲ အဖတ်လေးတွေ ကျန်နေသေးတယ် ဗျ ။ ထပ်စားခိုင်းတယ် ကျန်တုန်းပဲ ။ ကိုရွှေမျက်မှောင်ကုတ်နေရပေပြီ ။ 

     သုံးခါစားပြီးတော့ ဘုန်းကြီးက ကဲ ချွတ်ပြီးလုပ်ကြည့်တဲ့ ။ ကြေးအနည်းငယ်နဲ့ အမဲဖတ်တွေ ရောပြီး မီးဖုတ်တယ် လက်ချားအုပ်ထိုးတာပေါ့ ။ နောက်တကြိမ် ငရဲမီးထပ်စားတယ် ။ ကျန်နေတဲ့ အမဲဖတ်တွေကို လက်ချားအုပ်ပြီး မီးထိုးတာ အခေါက်ရွှေ တပဲသား ထွက်လာပါတယ် ။ 

       သွပ် ဒုတ္ထာ နာ ပြဒါး ဇွတ်လုပ်တာ အကုန်မှား ဆိုတဲ့ ကိုရွှေဟာ မိမိလက်နဲ့ အစအဆုံးလုပ်ခဲ့ရတဲ့ တပဲသားလောက် ရွှေလေးကို အံ့သြတကြီး ကြည့်နေမိပါတယ် ။ 

     ဘုန်းကြီးအိုကြီးက ကဲ အဲဒီရွေပေးစမ်းပါ ဒကာကြီးဆိုပြီး ယူကြည့်ပါတယ် ။ ပြီးတော့ ကဲ သွားတော့ဆိုပြီး လွှင့်ပစ်လိုက်ပါတယ် ။ ကိုရွှေက ပါးစပ်အဟောင်းသားနဲ့ ကြည့်နေပြီး 

" တပည့်တော်ကို တခေါက်လောက် ​​ပြန်ပြောပါအုံးဘုရား လုပ်နေတုန်းက စိတ်မပါလို့ အသေးစိတ် မမှတ်မိလို့ပါဘုရား ''

        ဘုန်းကြီးပြောတဲ့ စကားကြောင့် ကိုရွှေ အံ့သြသွားတယ် ။ မင်းအဆင့်နဲ့ဆို အကြိမ်း သုံးဆယ် လေးဆယ် လုပ်ကြည့်ရင် ရပါပြီကွာ တဲ့ ။ 

       ဒါနဲ့ နှစ်ယောက်သား ပြန်လာကြပါတယ် ။ ကိုရွှေအဲဒီနည်းကို စမ်းနေတာ လေးကြိမ်ရှိပြီ မရသေးဖူး 😁😁😁😁။ 

         တနေ့ တစ္ဆေပူး သရဲပူး စုန်းပူး နတ်ပူး တွေထက် ထူးဆန်းတဲ့ ကိစ္စတွေ့ရပါတယ် ။ သာမန်လူတယောက်ဟာ ဆေးပညာ ဗေဒင်ပညာ မသင်ခဲ့ရပါပဲ ။ ဗေဒင်လည်းမှန်အောင် ရောဂါလည်း ပျောက်အောင် ကုသပေးနိုင်နေတာ အံ့သြဖွယ် ကြားသိခဲ့ရပါတယ် ။ 

     ကိုရွှေ နဲ့ မိတ်ဆွေတွေ စပြီး စကားဝိုင်းဖွဲ့ မေးမိတော့မှ အဖြေမှန် သိရပါတော့တယ် ။ တကယ်တန်းကျတော့ အဲဒီလူဟာ ပင်ကို ပါရမီကြောင့် မဟုတ်ပဲ သူ့ကို မှီပြီး ကုသိုလ်ရှာနေတဲ့ သူယောင်က ပူးကပ်ကူညီနေလို့ဆိုတာ ငိလာပါတယ် ။ 

      သူယောင်ဆိုတာ ဘာလဲ  ? ဘာကြောင့်ကူညီနေတာလဲ  ဆိုတာကတော့ ဒီလိုဗျ........

         ကို​ရွှေမျိုးဝင်း

ပညာရှာ တကယ်သူတောင်းစား၃



        ကိုရွှေတို့ လင်မယားမြင်လိုက်ရတဲ့ လူမဲမဲကြီးက ဝင်းဝင်းတောက်နေတဲ့  မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်နေပြီး ပိုပြီးကြောက်စရာကောင်းတာက ကြီးမားလှတဲ့ ပါးစပ်နဲ့ ထူထဲလှတဲ့ နှုတ်ခမ်းနှစ်ခုကြားက ပြူးပြဲနေတဲ့ အစွယ် နှစ်ချောင်းကို တွေ့လိုက်ရလို့ပါပဲ ။

       မိန်းမဖြစ်သူကတော့ တဆတ်ဆတ်တုန်နေပြီး ကိုရွှေ့ရဲ့ ခါးက ပုဆိုးစကို ကျစ်ကျစ်ပါအောင် ဆွဲဆုပ်ကိုင်ထားလေရဲ့ ။ အတွေ့အကြုံရှိတဲ့ ကိုရွှေကတော့ တခုကို စဥ်းစားပြီး သူ့မိန်းမကို အားပေးစကားပြောမလို ရှိသေးတယ် အသားမဲမဲ ပါးစပ်ပြဲပြဲ မျက်လုံးပြူးပြူး နှုတ်ခမ်းထော်ထော် နဲ့ အစွယ်ထွက်နေသူက ကိုရွှေ့ကို ဘာလဲဆိုတဲ့ သဘောနဲ့ မေးငေါ့ မေးလိုက်ပါတယ် ။ 

     နဂိုကမှ ကြောက်နေတဲ့ ကိုရွှေ့မိန်းမ မပြောနဲ့ အားပေးစကားပြောမယ့် ကိုရွှေလည်း သူ့ကို မေးငေါ့ပြတာ မြင်ရော ဗြုန်းဆို ထခုန်ပြီး ခုတင်ပေါ်က ဆင်းပြေးတာပဲ ။ 

      သူ့နောက်က ပုဆိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ ကိုရွှေ့မိန်းမကတော့ အကြောက်လွန်ပြီး ကျန်ခဲ့လေရဲ့ ။ သူမ လက်ထဲမှာတော့ ကိုရွှေ့ပုဆိုးကြီး ကျန်နေလေရဲ့ ။ 

      ကိုရွှေလည်း ကုတင်ပေါ်ကနေ ဖင်ပြောင်ကြီးနဲ့ ဆင်းပြေးရော ကြည့်နေတဲ့ မဲမဲသဲသဲကောင်ကြီးလည်း ကိုရွှေ့ဆီက ဘာမြင်ပြီး ပြန်လန့်သွားတယ် မသိဖူး ။ ပြူတင်းပေါက်ကနေ ခုန်ဆင်းပျောက်ကွယ်သွားလေ ရဲ့ 😁😁။

        လင်မယားနှစ်ယောက် သံဗုဒ္ဒေ အပြိုင်ရွတ်လိုက်တာ မိုးစင်စင်လင်းပါရောလား ။ 

     ကိုရွှေက သူမသက်ာတာ တွေးမိထားလေရဲ့ ။ ဒါပေမယ့် ဘာမှ မပြောသေးဖူး စောင့်ကြည့်နေတာပေါ့ ။ ကိုရွှေတွက်ထားသလိုပဲ ကြုံရပြန်ပါတယ် ။ 

       သူ့မိန်းမရဲ့ ဒေါ်လေးတယောက် အိမ်လည်လာရင်း ညဖက်ကြီး ရေထသောက်တော့ ဒါးထမ်းပြီး လျှောက်သွားနေတဲ့ မဲမဲကြီးတွေ့တယ် ဆိုပြီး ကြောက်လန့် ပြန်သွားလေရဲ့ ။ 

      ကိုရွှေ တရားခံကို သိပေပြီ ။ တရားခံက ဆရာပေါင်းစုံဆီက ယူလာတဲ့ ဆေးရုပ်တွေကြောင့်ပါပဲ ။ အစီအရင်တွေနဲ့ စီမံထားတဲ့ ဆေးရုပ်တွေထဲက စောင့်ရှောက်ဖို့ တာဝန်ကျတဲ့ အရုပ်က စောင့်နေတာလို့ သဘောပေါက်သွားပါတယ် ။ 

     ကိုရွှေလည်း အရုပ်တွေ မထားရဲတော့ပါဖူး ။ မကောင်းကျောင်းပို့ ဆိုသလို ဘုန်းကြီးကျောင်းကို ပို့ထားပါရောလား ။ သူ့လက်ထဲမှာတော့ မျိုးဆက် ၃ / ၄ ဆက် ခဲရာခဲဆစ် စီရင်ထားရတာဆိုတဲ့ ရှားပါးတဲ့ အရုပ်အနည်းငယ်ပဲ ချန်ထားပါတယ် ။ ကျနော်ကို ပြတာ အဲဒီအရုပ်တွေပါပဲ ။ 

       ကျနော်လည်း ကိုရွှေဆီက ဆေးရုပ်တွေရဲ့ ရာဇဝင်သိရတော့ထပ်မေးမိပါတယ် ။ 

"အကိုကလည်း မလိုချင်ရင် လွှင့်ပစ်ရတာပဲ ဗျာ လွယ်လွယ်လေးကို ခက်အောင်လုပ်နေသေးတယ် ''

"ဟကောင် လွှင့်ပစ်လို့ မရဖူးကွ စိတ်ဓာတ်ညံ့တဲ့ အောက်လမ်းဆရာတွေဆီ ရောက်သွားရင် ဒုက္ခရောက်ကုန်မှာ ကွ ''

"ဒါဆိုလည်း ဆေးမှုံ့နဲ့ လုပ်ထားတာပဲ အမှုံလုပ်ပြစ်ပေါ့ ဗျာ ''

"အေး နီးစပ်လာပြီ အဲလို အမှုံ့လုပ်ထားရုံနဲ့လည်း စိတ်မချရသေးဖူး ကွ တဆင့်ထပ်လုပ်ရမှာ ''

"ဘယ်လို လုပ်ရတာလည်း မီးရှို့ရမှာလား ''

"ရမ်းတုတ်ပြန်ပြီ ဒီလိုကွ အဲဒီဆေးမှုံ့တွေကို ရေစီးသန်တဲ့ မြစ် ချောင်းထဲမှာ တရက်ကို နဲနဲစီ သွားမျှောရတာကွ တခါတည်း မျှောမိရင် သူ့တို့ဘာသာ ပြန်စုစည်းနိုင်တဲ့ ပါဝါရနေရင် ဒုက္ခများနိုင်လို့ပဲ ''

"အေးဗျာ ယုံရခက်တဲ့ ရှေးပညာတွေပဲ ဗျ အကိုသင်ခဲ့တာ ဒါပဲလား ဗျ ''

"ရှိသေးတာပေါ့ ကွာ ပေါက်တီးပေါက်ရှာ ပညာတွေကို ပြောတာနော် ဗေဒင် နက္ခတ် ဆေး အဂ္ဂိရပ် မဟုတ်တဲ့ ပညာကို ပြောတာ ''

"ဘာပညာ ကျန်သေးလဲ ''

"မင်းရေးဖူးတဲ့ ခွက်ပေါက်ပညာလေ ကွာ '' 

"သြော် ကိုသန်းဝင်းတို့ ဂျင်ထိုးဖို့ ဇွဲကြိုးချ သေတဲ့ ကြိုးနဲ့ လုပ်သလိုလား အကိုရ ''

"အေးကွ မတူဘူး ငါပြောပြအုံးမယ် ဒီလိုကွ ''

      နယ်တနယ်ကို ကိုရွှေရောက်သွားတော့ သူတည်းတဲ့ အိမ်က ဂျင်ဒိုင်ခံတဲ့ အိမ် ဖြစ်နေပါတယ် ။ ဂျင်သမားတွေ ဝင်လိုက် ထွက်လိုက် ရှုံးလိုက် နိုင်လိုက် နဲ့ မြင်တွေ့နေရတဲ့ ကြားထဲက ထူးဆတ်တဲ့ လူတယောက်ကို ကိုရွှေ သတိထားမိပါတယ် ။ 

     အဲဒီလူက ဂျင်လာထိုးရင် ခဏပဲ ထိုးတယ် ၊ တခါ နှစ်ခါ ထိုးပြီး ပြန်တာပဲ ။ ငွေအများကြီး ထိုးတာလည်း မဟုတ်ဖူး ဒီတော့ သူ့ကို ဘယ်သူမှ သတိမထားမိကြဖူး ။ ကိုရွှေကသာ အပြင်ကနေ ကြည့်နေလို့ သတိထားမိတာ ။ 

     အဲဒီလူ လာပြီဆိုရင် ခဏနားပြီး ဂျင်ထိုးတယ် အလျှော်ယူပြီး တန်းပြန်တယ် ။ ကိုရွှေကြည့်နေတဲ့ ၅ ရက်အတွင်း ဒီလူထိုးသမျှ တခါမှ မမှားဖူး ။ အမြဲတမ်းအလျှော်ရနေတယ် ။ ငွေပမာဏ နည်းလို့သာ မသိကြတာ ။ 

      ကိုရွှေက အရမ်းစိတ်ဝင်စားပြီး အဲဒီလူနောက်ကို လိုက်ကြည့်တယ် ။ နေတဲ့နေရာ သိတော့ နောက်တရက်မှာ မိတ်ဆွေဖွဲ့ပြီး စကားစမြီပြောတယ် ။ တဖြေးဖြေး ရင်းနှီးလာတော့မှ ကိုရွှေက ဂျင်ထိုးတိုင်းမှန်တဲ့ အကြောင်းပြောပြီး ဘာပညာလည်း မေးတယ် ။ 

      အဲဒီလူက ပြုံးစိစိနဲ့ ကြည့်ပြီး ခင်ဗျား အတွက်မကောင်းပါဘူး ဗျာ မသိချင်ပါနဲ့ လို့ ပြောပါတယ် ။ သူတားလေ ကိုရွှေရဲ့ သိချင်စိတ်က ပိုဆိုးလာလေဖြစ်နေတယ် ။ 

      ကိုရွှေက အားမလျော့ဘူး နေ့တိုင်းသွားတယ် ၊ အဲဒီဆရာ ကျေနပ်အောင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး လိုလေသေးမရှိ ပြုစုနေတော့ အားနာလာပုံရတဲ့ ဆရာက သူ့ကို လှို့ဝှက်ချက် ပြောပါတယ် ။ 

       ဆေးမြစ်လေးတခု ပြပါတယ် ။ အဲဒါလေးကို မျက်စိမှာ ကွင်းပြီး သွေးလိမ်းရမယ်တဲ့ ၊ နောက်ဖြေဆေးပြန်လိမ်းရမယ်တဲ့ ။ မျက်စိမထိခိုက်အောင်တဲ့ ။

        အဲလိုဆိုရင် ဂျင် အုပ်ဆောင်းကို ဖောက်ပြီး မြင်ရတယ်လို့ ပြောပါတယ် ။ ပြဿနာက ငွေပမာဏကို လောဘရှိသလောက် ထိုးယူလို့ မရဖူးတဲ့ စားရရုံ ပမာဏ ရတာနဲ့ ဆက်မကစားရဖူးတဲ့ ။ သေရေးရှင်ရေး ကျန်းမာရေး ကြုံရင်တော့ အနည်ငယ် ပိုထိုးလို့ ရသတဲ့ ။ 

       အဲလို ချုပ်ထားတဲ့ အတွက် ဘယ်တော့မှ မချမ်းသာဖူးတဲ့ ။ လုပ်ရတာလည်း စွန့်စားမှုတွေ ပါလို့ မတန်ဖူး မလုပ်ပါနဲ့လို့ တားမြစ်ပါတယ် ။ 

      ကိုရွှေကလည်း ငွေကြေးထက် ပညာပိုမက်တဲ့ကိုရွှေအတွက် ချမ်းသာရေးထက် ပညာတတ်ချင်လို့ သင်သာ သင်ပေးပါလို့ တောင်းဆိုပါတော့တယ် ။ 

       ဒါနဲ့ ဘယ်လိုမှ တားမရလို့ ကိုရွှေ့ကို နည်းပညာပေးပါတော့တယ် ။ သည်းထိတ်ရင်ဖို ကိစ္စက ထိပ်ဆုံးက ပါလာတယ် ။ ဘာလဲဆိုတော့ လတ်လတ်ဆတ်ဆတ် အစိမ်းသေရဲ့ ဦးခေါင်းကို ရအောင်ယူရမယ် ။ ဦးခေါင်းခွံထဲကို ပဲပင်တွေရှင်အောင်စိုက်ရမယ် ။ 

       ဦးဆုံးသီးလာတဲ့ ပဲပင်​တွေထဲက ပဲသီးကို ရအောင်ယူရမယ် ။ ခွက်ပေါက်မြင်ရဖို့ ဦးခွံရဲ့ ညာဖက်မျက်လုံးက ထွက်လာတဲ့ ပဲပင်ရဲ့ ပဲသီးစေ့ ၊ ဖြေဆေးအတွက် ဘယ်ဖက်မျက်လုံးထဲက ထွက်လာတဲ့ ပဲသီးစေ့ ရအောင်ယူရမယ် ။ 

         ပြီးရင် အမှုံ့လုပ်ကာ ဆေးတောင့်အဖြစ် သုံးရမယ်တဲ့ ။ နည်းလည်းသိကော ကိုရွှေတယောက် လက်တွေလုပ်ဖို့ အားထုတ်ပေပြီ ။ 

     အဓိက လိုနေတာက အစိမ်းသေရဲ့ လတ်လတ်ဆတ်ဆတ် ဦးခေါင်းလိုနေပြီ ။ ဝယ်လို့မရ တော့ ပြဿနာ ဖြစ်တာပေါ့ ။ ဒါပေမယ့် ပညာပါရမီအထုံပါလာတဲ့ ကိုရွှေအတွက်​တော့ မဂ်လာသတင်းလို့ ဆိုရမယ့် အကုသိုလ်သတင်းကြားရပါပြီ ။ 

      သူတည်းအိမ်ရှိရာ ရွာနဲ့ ၆ မိုင်အကွာလောက်က ရွာမှာ ဒါးထိုးခံရလို့ သေသွားတဲ့ အစိမ်းသေ သတင်းကြားရပေပြီ ။ ကံဆိုးလို့ ဒါးထိုးခံပြီး သေရတဲ့ မသာ ကိုရွှေနဲ့ တွေ့တော့ ပိုပြီး ကံဆိုးရရှာလေပြီ ။ 

         ကိုရွှေလည်း သူတည်းတဲ့ ရွာထဲက သူ့မိတ်​​ဆွေဂျင်ဒိုင်ရဲ့ တပည့် လူမိုက်တွေနဲ့ အစိမ်းသေ အသုဘကို နေ့တိုင်းသွားကြတယ် ။ ခေါင်းဖြတ်ခိုးမလို့တဲ့ ပေါက်တီးပေါက်ရှာ နော် ။ 

      ဒါပေမယ့် ရွာက အသုဘတွေက လူပြတ်တယ်မှ မရှိတာလေ ။ တညလုံး ဖဲရိုက် အရက်သောက်နေသူတွေ ပြည့်နေတော့ ကိုရွှေ ခေါင်းဖြတ်ခိုးဖို့ မဖြစ်နိုင်တော့ဖူး ။ 

     ပါလာတဲ့ အဖော်လူမိုက်တွေက အသုဘမြေချပြီးမှ သချ်ို်င်းမှာ တူးပြီး ယူကြရအောင်လို့ အကြံပေးလေရဲ့ ။ ကိုရွှေလည်း သူတို့ပေးတဲ့ အတိုင်း သချိ်ုင်းမှာ တူးယူဖို့ သဘောတူလိုက်ပါတယ် ။ 

       အဲလိုနဲ့ အလောင်းမြေချပြီးတဲ့နေ့မှာပဲ လမိုက်ညကြီး ကိုရွှေတို့ အဖွဲ့တွေ သချိ်ုင်းထဲ ရောက်လာပါပြီ ။ အရက်မသောက်တတ်တဲ့ ကိုရွှေကလွဲရင် ကျန်တဲ့ လူမိုက်တွေက မူးနေကြပေပြီ ။ 

           ကျင်းပြန်ဖော်တော့ တက်ညီလက်ညီပါပဲ ။ အခေါင်းပေါ်လာတော့ လန့်တဲ့သူ လန့်စပြုလာပေပြီ ။ အလောင်းကြီးကို ထုတ်ပြီး ခေါင်းဖြတ်ကွာ ဆိုတော့ လူမိုက်တွေ တယောက်မှ မဖြတ်ရဲကြတော့ဖူး ။ 

      ကဲ မင်းတို့ မဖြတ်ရဲရင် ငါဖြတ်မယ်ဆိုပြီး ကိုရွှေက ပါလာတဲ့ ဒါးနဲ့ ဖြတ်ပါတယ် ။ ​​နေရာကျပ်​နေတဲ့ ကျင်းထဲမှာ လည်ပင်းက တော်တော်နဲ့ လှီးဖြတ်နေတာ မရလို့ ပေါက်ပြားပေးဆိုတော့ လူမိုက်တွေက ပေါက်ပြားလှမ်းပေးပြီး ဆရာ ကျနော်တို့ အဝက စောင့်နေမယ် အရက်သောက်ချင်လို့ ဆိုပြီး ပြောပြောထွက်ထွက် သွားကြလေရဲ့ ။ 

       မှောင်မိုက်နေတဲ့ ခြောက်ခြားဖွယ် သချိ်ုင်းအတွင်းမှာ ညဥ့်ငှက်သံ တဂစ်ဂစ် နဲ့ အဝေးက ဆွဲဆွဲငင်ငင် အူနေတဲ့ ခွေးအူသံတွေက အရက်သမားတွေကို ခြောက်လှန့်နေပေမယ့် ပညာလောဘ ငယ်ထိပ်ရောက်နေတဲ့ ကိုရွှေကတော့ ကံဆိုးလို့ ဒါးထိုးခံရတဲ့ အစိမ်းသေကို ဇွတ်အဓ္ဓမ လည်ပင်းထပ်ဖြတ်နေလေရဲ့ ။ 

       အလောင်းကို ပေါက်ပြားနဲ့ လည်ပင်းခုတ်ဖြတ်ရင်း ပြတ်ပါလာပါတယ် ။ ကိုရွှေ့ရဲ့ တကိုယ်လုံးမှာလည်း ချွေးတွေနဲ့ ကပ်နေတဲ့ ဖုန်သဲတွေကြောင့် ဖရိုဖရဲ ပေါ့လေ ။ 

      ကျင်းနဲ့ မလှမ်းမကမ်းက စောင့်နေကြတဲ့ အရက်သမား လူမိုက်တွေကတော့ သရဲကြောက်နေကြဟန် နဲ့ အကဲခပ်ကြည့်နေတုန်းမှာ ကျင်းထဲကနေ ဆံပင်တွေ ဖိုရိုးဖားယား နဲ့ သဲဖုန်အလူးလူး ဖြစ်နေတဲ့ ကိုရွှေတယောက် ခေါင်းပြတ်ကြီးကိုင်ပြီး တက်လာတာလည်း မြင်ရော ကြောက်လန့်တကြား လက်ညှိုးထိုးအော်ဟစ် ပြေးသွားကြပါရော ။ 

      သူတို့လည်း ထွက်ပြေးရော ကိုရွှေလည်း သူ့နောက်ကျောမှာ  ကြောက်စရာတခုခု ကပ်ပါလာလို့ လူမိုက်တွေ လန့်ဖြန်ပြေးကြတာပဲ လို့ တွေးမိပြီး အလန့်တကြား နောက်လှည့်ကြည့်မိတော့.........

       မျိုးဝင်း

ပညာရှာ တကယ်သူတောင်းစား၂



         ပယောဂဆရာ လုပ်ပြတဲ့ ခြေဟန်လက်ဟန်ကို ကြည့်လေ လည်ပင်းကြီး ပြုတ်ပြီး ဦးခေါင်းကြီးက အပေါ်မြှောက်သွားတဲ့ ဟန် ၊ ခေါင်းမပါတဲ့ ခန္ဓာကိုယ်ကြီးက ခြံထဲ လမ်းလျှောက်နေတဲ့ ဟန် လုပ်ပြတာကိုး ။ 

       နောက်ပြီး သူ့နားကနေ လာပြီးချောင်းကြည့်ဖို့ လက်ယက်ခေါ်တယ် ။ ကိုရွှေလည်း ကြောက်ကြောက်နဲ့ ပထမတော့ ကြည့်အုံးမလို့ပဲ ။ ဒါပေမယ့် မစပ်စုနဲ့ ဆိုတဲ့ အဖွားကြီးစကားသံကို ကြားယောင်မိလို့ ခေါင်းရမ်းပြပြီး ချောင်းမကြည့်ပဲ စောင်ခြုံအိပ်နေလိုက်တော့တယ် ။

      မနက်လင်းတော့ နှစ်ယောက်သား မျက်နှာသစ်ပြီးတာနဲ့ အိမ်ရှေ့ထွက်လာတော့ ကြွေပုဂံပြားနဲ့ ကျကျနန ပြင်ဆင်ထားတဲ့ မနက်ခင်းစာ ထမင်းကို တွေ့ရတယ် ။ စားသောက်ပြီးတာ နဲ့ အမ​​ဖြစ်သူအဖွားကြီးက ပယောဂဆရာကို စူးစူးရဲရဲ စိုက်ကြည့်နေတယ် ၊ သူဘာမှ မပြောသေးပဲကို အကြည့်နဲ့တင် ပယောဂဆရာ ချွေးပြန်နေပြီ ။

"မင်းက ငါ့စကားနားမထောင်ဖူး အခုပြန်တော့ ​နောက်လည်းမမြင်ချင်ဘူး ''

        အေးစက်မာကျောတဲ့ လေသံနဲ့ အဲလိုပြောလိုက်တော့ ပယောဂ ဆရာဘယ်လိုနေလည်း မသိဖူး ကိုရွှေကတော့ ကြက်သီးတွေ ထပြီး လန့်သွားသတဲ့ ။ ဘာမှ ဆင်ခြေမပေးရဲပဲ နှစ်ယောက်သား ကုပ်ကုပ်လေး ထပြီး အထုပ်တွေယူဖို့ အသွားမှာ အဖွားကြီးက 

"ဟဲ့ ဒီကလေး နေခဲ့ ဟိုချောင်းကြည့်တဲ့ကောင် ပြန်တော့ ဒီကလေးက စကားနားထောင်တယ် ''

         အဲလိုနဲ့ ပယောဂဆရာ ပြန်သွားတော့ ကိုရွှေလည်း အသိအကျွမ်းလုံးဝ မရှိတဲ့ နေရာမှာ ကြောက်မက်ဖွယ် ပညာသယ် အဖွားကြီး ညီအမ နဲ့ ကျန်နေပါရော ။ မျက်စိမျက်နှာ ပျက်ပြီး ထိတ်လန့်နေတဲ့ ကိုရွှေကို အဖွားကြီးက ပြုံးကြည့်ပြီး 

"မင်းက ပညာလည်း သင်ချင်တယ် ပြောသေး တယ်ကြောက်တတ်ပါ့လား ကွဲ့ ''

"ဒီလိုပါ အဖွား ကျနော်က ပညာသာ သင်ချင်တာ ဒီပညာသင်ရင် ဘုရားရှိခိုးတာ မလုပ်ရဖူးတို့ ၊ ဘုရားစာမရွတ်ရဖူးလို့ ကြားဖူးခဲ့တာ သတိရလို့ပါ ''

"အေး မင်းက ဘာသာရေးလည်း လိုက်စားတယ်လား  ကဲ  ကဲ  ငါ့မြေး လိုက်ခဲ့ ''

       အဖွားကြီးက ကိုရွှေ့ကို အိမ်ထဲခေါ်သွားပြီး အလုံပိတ်ထားတဲ့ ခေါင်းရင်းခန်းကို ဖွင့်ပြလိုက်ပါတယ် ။ ကြည်ညိုသပ္ပါယ်ဖွယ် ဘုရားဆင်းတုတဆူ နဲ့ ဝေဆာလှပနေတဲ့ ဘုရားပန်းတွေကို သပ်ရပ်စွာ မြင်လိုက်ရတော့ ကိုရွှေအံ့သြသွားပါတယ် ။ 

     အဖွားကြီးက ရှင်းပြပါတယ် ။ သူတို့ပညာဟာ အောက်လမ်းပညာ ဆိုပေမယ့် အောက်လမ်းမှာလည်း အယူဝါဒကွဲလွဲမှုတွေ အများကြီးရှိသေးကြောင်း ၊ သူတို့ညီအမက ဒီပညာကို ခုခံကာကွယ် ကုသပေးနိုင်ဖို့သာ အသုံးပြုကြောင်း ၊ ပယောဂဆရာတွေ လုံးဝ မကုနိုင်မှသာ သူတို့က ကုသပေးလေ့ရှိကြောင်း ဒါကြောင့် တနယ်လုံးက ပယောဂဆရာတွေဟာ ကုသခါနီးတိုင်း သူတို့ညီအမဆီ သတင်းပို့သွားကြကြောင်း ၊ မနိုင်ရင်ကာဖြစ်အောင် တဖက်က အစွမ်းထက်နေရင် သူတို့ ညီအမက သွားပြီး ကူညီကုသပေးရကြောင်း ရှည်လျှားစွာ ရှင်းပြပါတယ် ။ 

       ကိုရွှေလည်း သူသိချင်တာ ဆက်မေးပါတယ် 

"ဒါဆို အဖွားတို့က ဘုရားရှိခိုးတာပေါ့ ''

"အေး မင်းအမြင်ပဲလေ ဘုရားစင်ကို အိမ်ဦးခန်းမှာထားပြီး ကိုးကွယ်နေတာပဲလေ ''

"ဒါဆိုရင်တော့ ကျနော် သင်ချင်ပါတယ် ''

"အေး မင်းရဲ့ ပညာကို မြတ်နိုးတဲ့ စိတ်ကိုတော့ သိပြီးပါပြီ ဒါပေမယ့် ဒီပညာနဲ့ သူတပါးကို ဒုက္ခမပေးပါဘူး ၊ ဒီပညာနဲ့ ငွေရှာမစားပါဘူး ၊ ပညာတတ်သူက နှိပ်စက်ခံထားရသူကို အခမဲ့ ကူညီပါမယ်လို့ သစ္စာဆိုရမယ် ဖြစ်မလား ''

        အဖွားကြီး တောင်းဆိုတဲ့ အချက်တွေဟာ ကိုရွှေ့အတွက်တော့ မလိုက်လျှောစရာ တချက်မှ မပါဖူးလေ ။ သစ္စာဆိုပြီးတာနဲ့ အဖွားကြီးက မင်းအနေအထိုင်ကို တလ စောင့်ကြည့်မယ် ပြီးမှ သင်ပေးမယ် လို့ ပြောပါတယ် ။ 

     ကိုရွှေတယောက် အဖွားကြီးအိမ်မှာ အိမ်အလုပ်ကူလုပ် ၊ တရားထိုင် နဲ့ နေလာတဲ့ ရက်တွေအတွင်း အဖွားကြီးတွေက ကြွေပုဂံနဲ့ ကျကျနန ကျွေးမွေးထားပါသတဲ့ ။ တလဆိုတော့လည်း သားအမိတွေလို ဖြစ်သွားပါပြီ ။ 

          တလပြည့်တဲ့ နေ့မှာပဲ အဖွားကြီးတွေက သား ထမင်းစားကြစို့ ဆိုပြီး လာခေါ်လို့ မီးဖိုထဲ သွားကြပါတယ် ။ ကိုရွှေတွေ့ရတာက စာထဲမှာ ဖတ်ဖူးတဲ့ နှီးဒေါင်းလန်းဆိုတဲ့ ​ခြေထောက်တပ်ထားတဲ့ လင်ဗန်းထဲမှာ ဟင်းတွေ အလယ်မှာ ပုံထားပြီး ထမင်းပုံ ၃ ပုံ ထည့်ထားတာ တွေ့ရသတဲ့ ။ 

      အတူဝိုင်းထိုင်ပြီး စားကြဖို့ ပြင်ဆင်နေတော့ ခါတိုင်းကြွေပုဂံနဲ့ စမတ်ကျကျ စားနေရာကနေ အခုလို နှိုက်စားရတာ ကိုရွှေစိတ်ထဲ ရွံနေမိသတဲ့ ။ အဖွားကြီးတွေရဲ့ အရေပြားရှုံ့နေတဲ့ လက်ချောင်းတွေကိုလည်း သူရွံနေမိသတဲ့ ။ 

        စားဖို့ မနည်းအားယူနေတဲ့ ကိုရွှေ့ကို အကြီးမဖြစ်တဲ့ အဖွားက ပြောလိုက်တယ် ။

"သား ရွံမနေနဲ့စား မင်းကို ဒီလိုကျွေးတာ သားလို သဘောထားပြီး ပညာသင်ပေးမှာဖြစ်လို့ပဲ မင်းဒီလို စားရတာ အန္တရာယ်ကင်းတယ် ၊ ကြွေပုဂံနဲ့စားနေရတာ အသက်အန္တရာယ် ရှိတယ်ကွဲ့ ''

       ဒီတော့မှ ကိုရွှေလည်း စားသတဲ့ ။ စားသောက်ပြီးတော့မှ ပညာသယ်တို့ရဲ့ လုပ်ဆောင်ကျင့်ကြံရမှာတွေကို ကျကျနန သင်ပေးပါတယ် ။ 

       အချိန်တွေလည်း တရွေ့ရွေ့ကုန်လာပေပြီ ။ ပညာသင်နေတဲ့ ကိုရွှေတယောက် သူ့အရည်အချင်းကို ပြန်ဆန်းစစ်နေချိန်မှာပဲ အဖွားကြီးတွေ ရောက်လာပြီး

"ကဲ သားရေ ငါတို့လောက်တော့ မင်းတတ်မှာ မဟုတ်ဖူး ငါတို့က မျိုးရိုးအရကိုက အားသာချက် ရှိတာကိုး မင်းဘာသင်ချင်သေးလဲ ပြော ''

"ကျနော် လူတွေကို ကယ်တင်နိုင်တဲ့ မြန်မာ့ဆေးပညာ အတန်အသင့် သင်ဖူးပါတယ် ဆန်းပြားထိရောက်တဲ့ ဆေးကုနည်းသင်ချင်ပါတယ် ''

"အေး ဒါကတော့ ငါတို့ မတတ်ဖူး မင်းကို လိပ်စာပေးလိုက်မယ် သူ့ဆီသွားသင်ချေ ငါတို့ စာရေးပေးလိုက်မယ် အလွန်တော်တဲ့ လူ ကွဲ့ မင်းရောက်အောင် သွားပေတော့ ''

        ကိုရွှေဟာ ကန်စွန်းမရွာက ရှားပါးလှတဲ့ အောက်လမ်းဆရာမကြီး နှစ်ယောက်ကို နှုတ်ဆက်ပြီး သူမတို့လမ်းညွှန်တဲ့ ဆီကို တယောက်တည်း သွားခဲ့ပါတယ် ။ လမ်းမှာလည်း သူ့ကိုယ်သူ ဇီဝက အလောင်းအလျှာ အလား စိတ်ကူးယဥ်လျှက်ပေါ့ ဗျာ 😁😁😁။

       ဒီလိုနဲ့ လိပ်စာပါ ကျွဲကောသီးခြံကြီးထဲ ရောက်ပါပြီး ။ လူရိပ်လူယောင်မမြင်ရ ၊ ခေါ်ကြည့်လည်း မရ ဖြစ်နေတော့ စိတ်မြန်တဲ့ ကိုရွှေခြံထဲ ဝင်သွားပါတယ် ။ 

       ရင့်မှဲ့နေတဲ့ ကျွဲကောသီးကြီးတွေ နဲ့ ဝေဆာနေတဲ့ ခြံကျယ်ကြီးထဲ သွားနေရင်း ဗိုက်လည်းဆာ ရေလည်းငတ် ဖြစ်လာတော့ ကျွဲကောသီးတလုံး ခူးစားသတဲ့ ။ 

      ခဏနေတော့ ခပ်လှမ်းလှမ်းမှာ တဲတလုံးမြင်ရပါတယ် ။ ၅ မိနစ်ခရီးလောက် တဲလေးဆီ ကိုရွှေသွားနေတာ တနာရီကျော်လာချိန်ထိ မရောက်နိုင်ဖူး ဖြစ်နေသတဲ့ ။ 

      ကိုရွှေလည်း ဗဟုသုတများသူဆိုတော့ သွားနေလည်း မထူးဖူးဆိုတာ သိပြီး နားနေလိုက်သတဲ့ ။ နားနေတုန်း ခဏအကြာမှာ အဖိုးကြီးတယောက် ရောက်လာပြီး ဘယ်သွားမှာလည်း ဘာလုပ်ဖို့လည်း မေးတာပေါ့ ။ 

     ကိုရွှေက အဖိုးကြီးနာမည်မေးတော့ ကန်စွန်းမက အဖွားကြီးညီအမ ပြောတဲ့ ဆရာကြီးမှန်း သိသွားတယ် ။ အဖိုးကြီးကို ကန်စွန်းမက စာပေးဖတ်လိုက်တော့ အဖိုးကြီးက စာဖတ်ပြီး

" နေပါအုံးကွ မင်း ခြံထဲမှာ ဘာလုပ်မိသေးလဲ ''

"ကျနော် ဗိုက်လည်းဆာ ရေလည်းငတ်တာနဲ့ ကျွဲကောသီးတလုံး ခူးစားမိပါတယ် အဘ''

"သြော် ဒါကြောင့်ကိုး ကဲ  ကဲ  ဒါငါ့အသိဟေ့  ငါခေါ်သွားမယ် မင်းတို့သွားပြတော့ ''

       အဖိုးကြီးက ဘယ်သူမှ မရှိတဲ့ ခြံကြီးထဲ အဲသလို ပြောလိုက်တော့ ကိုရွှေလည်း ကြောင်တောင်တောင် နဲ့ မမြင်ရတဲ့ အရာတွေကို တွေ့နိုးနိုး တောကြည့် တောင်ကြည့် ဖြစ်နေတာပေါ့ ။ 

     အဖိုးကြီးက ကိုရွှေ့ကို တဲဆီခေါ်သွားပါတယ် ။ နောက် ကိုရွှေတတ်ပြီးသား အတတ်ပညာတွေကို မေးမြန်းပြီး မင်းကို ဒီပညာ သင်ပေးမယ်လို့ ပြောပါတယ် ။ 

     အဖိုးကြီးက ကိုရွှေ့ကို သင်ပေးလိုက်တဲ့ ပညာကတော့ နိဒါန်းမှာ ရေးခဲ့တဲ့ ဆေးရုပ်လေးတွေ နဲ့ ကုသပေးရတဲ့ ပညာပဲ ဖြစ်ပါတယ် ။ 

      ကန်စွန်းမရွာက ပညာထက် အဆင့်မြင့်ပါသတဲ့ ။ အရုပ်တခုအတွက် ရံဖန်ရံခါ သားစဥ်​မြေးဆက် မျိုးဆက် သုံးဆက်လောက် ဆေးဝါးကုန်ကြမ်းရှာရသတဲ့ ။ 

      ခဲရာခဲဆစ်ရှာဖွေပြီးမှာ ဆေးမှုံ့တွေဖြစ်အောင် ကြိတ်ခြေပြီး အရုပ်လေးတွေကို နက္ခတ်နဲ့ ညှိပြီး ပြုလုပ်ရတဲ့ ။ နွားရုပ်ဆိုရင်တောင် တိုက်နွား ၊ ခံနွား ခွဲခြားပြုလုပ်ရသတဲ့ ၊ ဘီလူးရုပ် လူရုပ် အို..အစုံပါပဲ ။ သူ့နေရာနဲ့ သူ ရောဂါအခြေအနေ အမျိုးအစား ကုသပုံ ကုသနည်းတွေကို သင်ပေးပါတယ် ။ 

      စိတ်ရင်းကောင်း ပညာမက်မောတဲ့ ကိုရွှေ့ကို ဆရာကြီးက အရုပ်တွေ ပေးလိုက်တဲ့ အပြင် သူ့မိတ်ဆွေဆရာတွေကလည်း လက်ဆောင်ပေးကြသတဲ့ ။ တယောက်ဆီက အနည်းဆုံး ၃၃ ရုပ်ဆိုတော့ အရုပ်တွေ အများကြီးပဲတဲ့ ။ 

       ကိုရွှေတယောက် ဆေးရုပ်ပညာ အကုန်မဟုတ်တောင် အတော်တတ်လာပြီဆိုတော့ ဆရာကြီးကို ခွင့်ပန်ပြီး ပြန်ဖို့ စီစဥ်ပါတယ် ။ ဆရာကြီးကို နုတ်ဆက် စကားပြောရင်း သိချင်တာကို မေးလိုက်ပါသေးတယ် ။ 

"ဆရာကြီးတို့လို ကန်စွန်းမက ဆရာမကြီးတို့လို မဟုတ်ပဲ ဒုက္ခပေးမယ့် ပညာသယ်တွေရဲ့ ရန်ကလွတ်အောင် သာမန်လူတွေ အတွက် အကာအကွယ် လုပ်ပေးလို့ မရဖူးလား ဆရာကြီး ''

"အင်း မင်းမေးခွန်းကောင်းတယ်ကွ ဘယ်လောက်စွမ်းတဲ့ ပညာသယ်ပဲ ဖြစ်ဖြစ် မကျော်လွှား မခြေဖျက်နိုင်တဲ့ ပစ္စည်းရှိတယ်ကွ''

"ဘာပစ္စည်းလည်း ဆရာကြီး ''

"အဲဒါ ပြဒါးပဲကွ ပြဒါးနဲ့ ကာကွယ်ထားရင် ဘယ်ပညာသယ်မှ ဒုက္ခပေးမရဖူး ငါတို့က အစပဲ ''

"ပြဒါးက အဲလောက်စွမ်းလား ဆရာကြီး ''

"ပြဒါဆိုတာ မူလဘူတ ဓာတ်ကြီးကွ သံ သွပ် သတ္တု မှန်သမျှပြဒါးပါတယ် ၊ အပင်တွေနဲ့ သက်ရှိသက်မဲ့ အရာတိုင်းမှာ ပြဒါး အနည်းနဲ့အများ ပါနေတယ် ကုန်အောင်ပြောရမယ်ဆိုရင် အာကာသပြဒါးဆိုတာ လေထုထဲက ပြဒါးကို ပြောတာ ဗျာ ''

"သြော် ဒါဆို အိမ်တွေမှာ ပြဒါးစည်းချထားရင် အတိုက်အခိုက် အနှောက်အယှက် မရှိတော့ဘူးပေါ့ ''

"ဟုတ်တာပေါ့ ကွာ အဆောက်အဦးရဲ့ ထောင့်လေးထောင့်မှာ ပြဒါး တကျပ်သားစီ မြှပ်ထားရင်ကို အဲဒီအိမ်ကို ဘယ်သူမှ အနှောက်အယှက် မပေးနိုင်တော့ဘူး ''

         ကိုရွှေလည်း သူ့ဒေသဆီ ပြန်လာပါတယ် ။ ဆေးရုပ်တွေ သေတ္တာကြီးနဲ့ တလုံးပါလာလေရဲ့ ။ အရင်ဆုံးသူ့ဆီ အိမ်သစ်ဆောက်ဖို့ အစီရင်တောင်းသူတွေကို ပြဒါးမြှပ်ခိုင်းတော့တာပါပဲ ။ 
(အခုထိ မြှပ်ခိုင်းတုန်း ဖော်ကောင်လုပ်လိုက်မိပြီ😁😁)

        ပညာရပ်တွေ အတော်စုံလာတော့ သူ့ကိုယ်သူ ဇီဝက မှတ်နေတဲ့ ကိုရွှေတယောက် ဆေးရုပ်တွေ တပွေ့ပွေ့နဲ့ ကြည်နူးနေလေရဲ့ ။ သူကသာ ကြည်နူးနေတာ အဲဒီအကျိုးဆက်ကို သူမသိသေးဘူးလေ ။ 

      တနေ့ ညဥ့်သန်းခေါင်ကြီး သူတို့ လင်မယား အိပ်ခန်းထဲမှာ လူတယောက် ခါးတောင်းကြိုက်ကြီးနဲ့ လမ်းလျှောက်နေတာ သူ့မိန်းမ မြင်ပါရော ။ ကိုရွှေ့မိန်းမက အိပ်ချင်မူးတူး နဲ့ သူ့ယောကျ်ား လို့ပဲ ထင်နေသတဲ့ ။ 

      ဒါနဲ့ တဖက်လှည့်ကြည့်တော့ ဘေးနားမှာ ကိုရွှေက ကွေးကွေးလေး အိပ်နေလေရဲ့ ။ သူ့မိန်းမလည်း ကြောက်ကြောက်နဲ့ ကိုရွှေ့ကို လက်ကုတ်နိုးပြီး လမ်းလျှောက်နေတဲ့ လူမည်းမည်းဆီ လက်ညှိုးထိုးပြလိုက်တယ် ။ 

     ကိုရွှေလည်း သူခိုးပဲဟ လို့ တွက်ဆပြီး သူခိုးဖမ်းဖို့ အိပ်ရာထဲက ဖျက်ကနဲ ထထိုင်တယ် ၊ မိန်းမဖြစ်သူကလည်း ကိုရွှေနဲ့အတူ ထထိုင်လိုက်တုန်း အသံတွေမြည်လာတော့ လမ်းလျှောက်နေတဲ့ လူမည်းမည်းကြီးက ကုတင်ပေါ်ကို လှမ်းကြည့်လိုက်တော့ သတ္တိမခေတဲ့ ကိုရွှေရော ၊ သူ့မိန်းမပါ ငယ်သံပါအောင် အလန့်တကြား အော်ကြရတော့တာပါပဲ ။ 

    သူတို့ လင်မယား တွေ့လိုက်ရတဲ့ လူမည်းမည်းကြီးရဲ့ မျက်နှာက............?

       ကို​ရွှေမျိုးဝင်း

ပညာရှာ တကယ်သူတောင်းစား(၁)



         လူ့လောကမှာ ကျနော်တို့ လက်လှမ်းမမှီသော လောကီပညာရပ်များ များစွာ အမှန်တကယ် ရှိနေတာ လက်ခံကြပါသလား ခင်ဗျာ ။ 

      အဲလို ပညာတွေကို နှိုက်နှိုက်ချွတ်ချွတ် မက်မက်မောမော လိုက်ရှာခဲ့တဲ့ လူထူးလူဆန်းအကြောင်း ပြောပြချင်ပါတယ် ။ အဲဒီလူကတော့ ကျနော် နဲ့ ညီရင်းအကိုမက ရင်းနှီးလှတဲ့ ကိုရွှေပဲ ဖြစ်ပါတယ် ။ 

       ကိုရွှေက ဗေဒင် ၊ ပရဆေး ၊ နက္ခတ် ၊ အဂ္ဂိရပ် ပညာရပ်တွေ နှံ့စပ် ကျွမ်းကြင်လှတာကို ကျနော် သရဲဖမ်းပို့စ်တွေမှာ အခါအားလျှော်စွာ ရေးခဲ့ဖူးပါတယ် ။ 

      တနေ့ ကျနော်က မကွေးနယ်ထဲက ရဖူးခဲ့တဲ့ ဆေးရုပ်လေးတွေ အကြောင်း ပြောမိတော့ ကိုရွှေက ပြုံးပြုံးကြီး နားထောင်ပြီး လာခဲ့ကွ ငါ့ညီဆိုပြီး သူ့သေတ္တာကြီးက ဆေးရုပ် အနည်းငယ် ပြပါတယ် ။

"ဟာ အကို့ ဆေးရုပ်တွေက အဂ်ါမစုံ (သတ်မှတ်ထားတဲ့ အရေအတွက် အရုပ်စုံ) တော့ဖူး ကျန်သေးလား ''

"နေစမ်းပါကွာ မင်းကို ငါဒါတွေ မပြောဖူးသေး မပြဖူးသေးတာ သတိရလို့ ပြောပြမလို့ နမူနာ ပြတာကွ ''

"ဟာ အကိုက ဒီလို အောက်လမ်းပညာတွေလည်း သင်ခဲ့တာပဲ လား ''

"အေး မင်းသိထားတာထက် ငါက ပညာ​တွေအများကြီး ပိုပြီး သင်ခဲ့တာ ကွ ''

" လုက်စမ်းပါအုံး အကိုရ ဗဟုသုတ လေးပေါ့ ''

"အင်း ဆေးရုပ်တွေ အကြောင်းက မစခင် ငါ ပုဂံညောင်ဦးကနေ သော့ဖြုတ်မန္တန် စသင်တာကနေ နိဒါန်းပျိုးရမယ် ကွ ''

"ဟာ အကိုက သူခိုးပညာလည်း တတ်တာလား ဗျ ''

"လုပ်ပြီ သူခိုးပညာ မဟုတ်ပါဘူး ကွ မင်းဆုံးအောင် နားထောင် ကွ "

       ကိုရွှေက အဲဒီလို အစချီပြီး သူ ပုဂံညောင်ဦးမှာ နေတုန်းက အဖြစ်အပျက်တွေကို ပြောပြပါတယ် ။ ပုဂံညောင်ဦးမှာ မိတိဆွေ တဦးအိမ်မှာ တည်ခိုရင်း ကိုရွှေတယောက် ဘုရားတွေမှာ ပုတီးစိတ် ၊ တရားထိုင် လုပ်နေပါတယ် ။ 

      တနေ့ ရွှေစည်းခုံ ဘုရားထဲမှာ သော့ခတ်ထားတဲ့ တံခါး အပြင်ကနေ တရားထိုင်နေတုန်း မိန်းကလေးတွေ စကားပြောသံလေးတွေ ကြားရပါတယ် ။ 

"ဟဲ့ သော့ မဖွင့်ကြသေးဘူး တို့က နောက်ကျနေပြီ ဘယ်နှယ့်လုပ်ကြမလဲ ''

"အိုအေ နောက်ကျလို့ မဖြစ်ဖူး ငါတို့က ပစ္စည်းခိုးတာမှ မဟုတ်တာ ကိုယ့်ပစ္စည်း ကိုယ်ယူတာပဲ သော့ဖွင့်ယူကြတာပေါ့ ''

      သူတို့ပြောသံတွေကို ကြားနေတဲ့ ကိုရွှေက မိန်းကလေးတွေကို လှမ်းကြည့်တော့ အံ့သြသွားတယ် ။ သူထင်တာက ဘုရားထဲက စျေးသည်မလေးတွေ ထင်တာပေါ့ ။ ဒါပေမယ့် မဟုတ်ဖူးဗျာ သူတောင်းစားမလေးတွေ ဖြစ်နေတာကိုး ။ 

     အဲလို အံ့သြနေတုန်း အင်မတန် ပညာစုံပါတယ် ၊ ဗဟုသုတ စုံပါတယ် ဆိုတဲ့ကိုရွှေ ပါးစပ်ကြီး ဟောင်းလောင်း ဖြစ်သွားအောင် ​အံ့သြသွားရပါတယ် ။ 

    ဖြစ်ပုံက သူတောင်းစား မိန်းမပျိုငယ်လေးတယောက်က ဘုရားသော့ကြီးဆီ လက်ညှိုးထိုးပြီး ဂါထာ ရွတ်လိုက်တာနဲ့ အာအခံသော့ကြီးဟာ ထိတွေ့စရာ မလိုပဲ ဂလောက်ဆို သော့ပွင့်သွားတာကိုး ။ 

      ဟာ ဒီပညာကတော့ ငါ သင်ထားရမယ့် ပညာပဲ ဆိုပြီး ပညာရူးကိုရွှေတယောက် တထိုင်တည်း ဆုံးဖြတ်လိုက်ပါတော့ တယ် ။ ဒါနဲ့ ကောင်မလေးတွေနောက် တကောက်ကောက် လိုက်ကြည့်ပါတော့တယ် ။ 

      ကောင်မလေးတွေက ရွာအြချို့သွားပြီး အနည်းငယ် တောင်းကြသတဲ့ ။ အချို့အိမ်တွေက ၁၂ ပွဲတွေ လာပြီဟေ့ ဆိုပြီး တခါတည်း ထုပ်ပိုးပေးလိုက် အများကြီး ရကြသတဲ့ ။ 

       ဗိုက်ဆာတာတွေ ရေငတ်တာတွေ သတိမရနိုင်အောင် တကောက်ကောက်လျှောက်လိုက်ရင်း ကောင်မလေးတွေက ပုဂံညောင်ဦးနားလေးက နာမည်ကြီး သိကြားရွာထဲ မှာ လမ်းဆုံးသွားပါတယ် ။ 

        ကိုရွှေလည်း မယောင်မလည် နဲ့ ရွာသူကြီးဆီကို သွားပြီး လှည့်ပတ် မေးမြန်းစုံစမ်းပါရော ။ ရွာလူကြီးက ကိုရွှေ့ကို စေ့စေ့စပ်စပ်ကြည့်ပြီး

"ခင်ဗျားက ဘာသိချင်လို့လဲ ''

"ကျနော် သော့ဖြုတ်တဲ့ ပညာ သင်ချင်လို့ပါ "

        ပွင့်လင်းရိုးသားစွာ ပြောလိုက်တဲ့ ကိုရွှေ့စကားကြောင့် ရွာလူကြီးက ပြုံးနေသတဲ့ ။ ခဏနေမှ 

"ခင်ဗျား ဘာလို့ သင်ချင်တာလည်း ခိုးစားမလို့လား ''

"မဟုတ်ပါဘူး ကျနော်က ထူးခြားတဲ့ ပညာမြင်ရင် သင်ချင်တဲ့ လူမို့ပါ ''

"လွယ်လွယ်နဲ့ သင်ပေးလို့ မရဖူး ဗျ စည်းကမ်းတွေ ရှိသေးတယ်"

"ဘာစည်းကမ်းဖြစ်ဖြစ် လိုက်နာပါ့မယ် ဗျာ သင်ပေးပါ ''

"လွယ်လွယ်မပြောနဲ့ ဗျ စဥ်းစားအုံး စည်းကမ်းတွေ ပြောပြမယ်''

"ဟုတ်ကဲ့ ပြောပါဗျာ ''

" ဒီပညာနဲ့ ခိုးမစားရဘူး ။
  
..ဒီပညာကို လူရှေ့မှာ ကြွားဝါမပြရဘူး ။

...မိမိအတွက် အကျပ်အတည်း ဖြစ်ချိန်မှာပဲ သိုသိပ်စွာ အသုံးပြုရမယ် ''

"ဒါပဲလား ရပါတယ် ဗျာ ''

"နေအုံး အရေးကြီးတာ ရှိသေးတယ် ခင်ဗျား မလုပ်နိုင်လောက်ဖူး ဆိုတဲ့ စည်းကမ်းဗျ ''

"ဘာများပါလိမ့် ''

"၄၅ ရက် သူတောင်းစားလို နေရမယ် ဝတ်ရမယ် တောင်းရမယ် စားရမယ် ''

         ကိုရွှေ စဥ်းစားရပါပြီ အင်မတန် လုပ်ဖို့ ခက်ခဲတဲ့ အလုပ်လေ ။ ဥာဏ်နီဥာဏ်နက်ထုတ်ပြီး မေးပါတယ် ။ 

" အကယ်၍ တောင်းရမ်းရာမှာ စားလောက်ရုံမရဘူး ဆိုရင် ဝယ်စားလို့ ရသလား ''

    စတိသဘော တောင်းပြီး ဝယ်စားမယ်ပေါ့ ကလိမ်ကကျစ် ဥာဏ်များတာပေါ့လေ 😁😁😁။

     ဟိုဆရာက သူထက်လည်တယ် ။ မရဖူး တဲ့ တောင်းမရရင် အငတ်နေတဲ့ ။ ကဲ ခင်ဗျား စဥ်းစားအုံး လုပ်နိုင်တယ်ဆိုရင် ပြန်လာခဲ့ ဒါတောင် ခင်ဗျားကို အကဲခတ်ပြီး တကယ်ပညာလိုလားသူ ရိုးသားသူ ဖြစ်မှန်းသိလို့ လက်ခံတာ လို့ ပြောတာနဲ့  ပြန်လာခဲ့ပါတယ် ။ 

        ကိုရွှေဟာ တည်းအိမ်ကို ရောက်တာ နဲ့ အိမ်ရှင်ကို အကျိုးအကြောင်းပြောပြီး အကြံတောင်းပါတယ် ။ အိမ်ရှင်မိတ်ဆွေကတော့ လုပ်စားလို့ ရတဲ့ ပညာလည်း မဟုတ်ပဲ နဲ့ ဒုက္ခခံပြီး သင်မနေပါနဲ့ လို့ ပြောပါတယ် ။ 

      ကိုရွှေတယောက် တလူးလူး တလိမ့်လိမ့် နဲ့ အပြန်ပြန် စဥ်းစားရင်း သူ့မျက်စိအောက်တင် အာမခံသော့ကြီး ဂလောက် ဆို ပွင့်သွားတာကို မြင်ယောင်ရင်း ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ် ။ 

       မနက်လင်းတာ နဲ့ အိမ်ရှင်မိတ်ဆွေကို သူသွားသင်တော့မယ် ။ အဝတ်အစားတွေ သိမ်းပေးထားအုံး ၄၅ ရက်ကြာမှ ပြန်ခဲ့မယ် လို့ ပြောပြီး သိကြားရွာဆီ ထွက်ခဲ့ပါတော့တယ် ။ 

       သိကြားရွာလူကြီးကလည်း သူပြန်လာမှာကို သိနေသည့်အလား နံက်စာ ပြင်ဆင်ပြီး စောင့်နေတာ တွေ့ရပါတယ် ။ 

      အဲဒီနောက် သူတောင်းစားတွေ ဘယ်လိုနေထိုင် စားသောက်ရကြောင်း သင်ပေးပြီး သင်တန်းစဖွင့်လိုက်ပါတယ် ။ 

       အမှန်တကယ်ကျတော့ သူတို့ တောင်းစားတယ်ဆိုတာ အိမ်ပေါက်စေ့ လိုက်တောင်းရတာ မဟုတ်ပဲ အချိန်းအချက် လုပ်ထားတဲ့ အိမ်တွေကိုပဲ တောင်းကြတာလို့ ပြောပြပါတယ် ။ 

      သူတို့ကို လက်ခံပြီး တောင်းရမ်းထားတဲ့ ပစ္စည်းတွေ အသင့်ပေးတဲ့ ရွာခံတွေ ရှိသတဲ့ ။ အဲဒီရွာခံတွေက ကြိုတင်တောင်းရမ်းစုဆောင်းထားတဲ့ ပစ္စည်းတွေကို သူတို့လာတာ နဲ့ ၁၂ ပွဲ သမားတွေ ဘာပြီဟေ့လို့ သတင်းပေးလိုက်ကြသတဲ့ ။ 

     ကိုရွှေတို့ ဆိုင်းထမ်းတွေထဲ ပစ္စည်းတွေ ထည့်ပေးကြတယ် ။ ပြန်လာကြတယ် စားသောက်ကြတယ် တဲ့ ။ ထူးခြားချက်ဆိုလို့ ညနေစာမှာ ရွာလူကြီးက ထမင်းတဆုပ် နေ့စဥ် ကိုရွှေ့ကို ကျွေးပါတယ် ။ 

       ဂါထာသင်ရတော့ ကိုရွှေက ချက်ခြင်းအလွတ်ရလို့ သဘောကျနေသတဲ့ ။ ကိုရွှေဟာ ဗေဒင် ၊ ဆေးကျမ်း ၊ အဂ္ဂိရပ် ပညာရပ်တွေရဲ့ စာချိုးတွေ ဂါထာတွေ အများကြီး ကျက်မှတ်ထားတဲ့ အထုံပါနေလို့ လွယ်လွယ်နဲ့ အလွတ်ရခဲ့တာပါ ။ 

     ဒီလိုနဲ့ ၄၅ ရက် ပြည့်တော့ ကိုရွှေကို ဆရာက 

"ကဲ ကိုရွှေ ခင်ဗျားပြန်လို့ ရပါပြီ"

" ဟင် ကျနော်က အဲဒီဂါထာ ရွတ်ရင်ပဲ ရသွားပြီလား အခြား ဘာမှ ထပ်မလုပ်ရဖူးလား ''

"အင်း ခင်ဗျားကို ၄၅ ရက်လုံး ထမင်းဆုပ်နေ့တိုင်း စားခိုင်းတာ ထုံကူးပေးတာပဲ ကဲ ခင်ဗျား စမ်းကြည့်ပေါ့ ဗျာ ''

        ကိုရွှေလည်း ရွာလူကြီးအိမ်က သော့ခလောက်ကို ဂါထာရွတ် လက်ညှိုးထိုးပြီး ဖွင့်ကြည့်လိုက်တာ ချက်ခြင်း ပွင့်သွားလို့ အံ့သြသွားပါတယ် ။ 

        အမြဲတမ်းထုံတင်နေဖို့ နည်းပေးပြီး ထုံမတင်ရင် ဘက္ထရီတွေ အားပြတ်သလို အစွမ်းကုန်သွားတတ်ကြောင်း ၊ ကြွားဝါဖို့ လူတွေကို လုပ်မပြဖို့ ၊ ခိုးဝှက်ခြင်း မလုပ်ဖို့ သတိထပ်ပေးပြီး ပြန်လွတ်လိုက်ပါတယ် ။ 

     ကိုရွှေတယောက် ဝမ်းသာအားရ ပြန်လာတော့ အိမ်ရှင်ညောင်ဦးသားက ခင်ဗျားကတော့ တကယ့်လူပဲ ဗျာ ။ ဒီနယ်မှာ တကယ့်ပညာတွေ ရှိသေးတယ် ဗျ လို့ ပြောပါတယ် ။ 

        ပညာဆိုတဲ့ အသံကြားလိုက်တာ နဲ့ သဲကန္တရထဲ ရေငတ်နေတုန်း အိုအေစစ် တွေ့ရသူလို ကိုရွှေ အငမ်းမရ မေးပါတယ် ။ 

"ဘာပညာ ထူးဆန်းတာတွေ ရှိသေးလို့လဲ ''

"ခင်ဗျား ကြားဖူးတဲ့ ဇော်ကနီ ဇောကမောက် အောက်လမ်းပညာတွေ ရှိသေးတယ် ဗျ ၊ ကျုပ်မိတ်ဆွေက အဲဒါတွေ ကုပေးရတဲ့ ဆရာတယောက်ပဲ ''

"ဒါဆို တွေ့ချင်တယ် ဗျာ ''

       ဒီလိုနဲ့ အဲဒီနယ်က အောက်လမ်း ပယောဂ ကုပေးနေတဲ့ ဆရာနဲ့ ကိုရွှေတွေ့ကြပြီး စုံစမ်းတော့ 

" ခင်ဗျားကို ကျနော် လမ်းညွှန်လိုက်ပါ့မယ် ကျနော်တို့ ပညာဟာ ဘာမှ မဟုတ်သေးပါဘူး ဒီနယ်မှာ ဆေးကုသွားပြီဆိုရင် ဆရာမှန်သမျှ ဦးတိုက်ရတဲ့ အပျိုကြီး ညီအမ ရှိတယ် ဗျ "

"သြော် သူတို့က''

"ဒီနယ်မှာတော့ သူတို့ ညီအမက အချုပ်ပဲ ကျနော် လိုက်ပို့မယ် ''

        ကိုရွှေတယောက် ပယောဂဆရာနဲ့ ပါသွားပြန်ပါတယ် ။ သူသင်နေတဲ့ ပညာကတော့ ဝမ်းတွင်းစုန်းပညာ ဆိုပြီး နာမည်ကြီး လူသိများတဲ့ ယော ဆော နယ်က ပညာပါပဲ ။ 

     ကိုရွှေတို့ ရောက်သွားတာက ကန်စွန်းမ ဆိုတဲ့ ရွာကြီးပါပဲ ။ 

      အသက်ကြီးလှပြီ ဖြစ်တဲ့ ပညာရှင် ညီအမ နှစ်ယောက်ဟာ ခင်မင်ပြီး ဖြစ်တဲ့ ပယောဂဆရာနဲ့ ကိုရွှေတို့ကို အကျိုးအကြောင်း မေးပြီး ညအိပ်လက်ခံထားပါတယ် ။ 

     အိပ်ခါနီးမှာ ပယောဂဆရာနဲ့ ကိုရွှေတို့ကို ညအိပ်ရင် မစပ်စုနဲ့ ကိုယ့်ဘာသာအိပ်နေကြလို့ ထူးဆန်းစွာ မှာကြားပါတယ် ။ 

       ကိုရွှေလည်း တလူးလူး တလိမ့်လိမ့် နဲ့ အိပ်မပျော့် တပျော်လေးမှာ ပယောဂဆရာက လှုပ်နှိုးပြီး ထရံပေါက်က ချောင်းကြည့်ပြပါတယ် ။ ရှူးတိုးတိုးဆိုပြီး အချက်ပြပါတယ် ။ အပြင်ကို ချောင်းနေတဲ့ ပယောဂဆရာဟာ ထိတ်လန့်တဲ့ အမူအရာနဲ့ ဆတ်ကနဲ လှည့်လာပြီး ကိုရွှေ့ကို ခြေဟန်လက်ဟန် နဲ့ ပြပါတယ် ။ 

      သူပြတဲ့ ခြေဟန်လက်ဟန်ကတော့ အလွန်ရှင်းလင်း လွယ်ကူစွာ အဓိပ္ပါယ်ဖော်နိုင်အောင် ပြတ်သားလွန်းလို့ ကိုရွှေရဲ့ ဦးခေါင်းလည်း ပုတ်လောက်ကြီးသွားသလို သွေးတွေ တဒိတ်ဒိတ်ခုန်နေပြီး ခြေဖျားလက်ဖျားတွေ အေးစက်သွားပါတော့တယ် ။ 

     ဆေးဆရာ ပြတဲ့ ကြောက်မက်ဖွယ် ခြေဟန်လက်ဟန်က ဘာလဲဆိုတော့ ..........?

     ကို​ရွှေမျိုးဝင်း

(အလုပ်များနေတာတကြောင်း အစအဆုံး မဖတ်ရလို့ မေးမြန်းနေသူများ ရှိနေတာတကြောင်း စိတ်ဝင်စားဖွယ် ၊ အံ့သြဖွယ် ၊ မယုံကြည်နိုင်ဖွယ် ​​ရှေးမြန်မာ့ပညာရပ်တို့ကို ဗဟုသုတအဖြစ် ထပ်မံတင်ပြလိုက်ရပါတယ်)

Tuesday, June 28, 2022

Hemp ဆိုတဲ့ ငွေသစ်ပင် နဲ့တောင်သူများအတွက် မင်္ဂလာသတင်း



       Hemp ဆိုတဲ့ အပင်ဟာ Cannabis (ဆေးခြောက်ပင်) အနွယ်ဝင် ဖြစ်ပါတယ် ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မူးယစ်စေတဲ့ အာနိသင် (THC) 0.5 % ပါရင် မူးယစ်ဆေး အဖြစ် သတ်မှတ်ပါတယ် ။ Hemp ကတော့ (THC) 0.3 % အောက်သာ ပါဝင်လို့ ယစ်မူးစေတဲ့ အာနိသင် မရှိပါဖူး ။ 

         သူ့ရဲ့ အရိုး ၊ အရွက် နဲ့ အစေ့တွေဟာ အင်မတန် တန်ဖိုးကြီး အသုံးဝင်ပါတယ် ။ အရိုးထဲမှာ fiber 80 % ပါဝင်လို့ လျှော်ပင် ဝါပင်တွေထက် ပိုကောင်းပါတယ် ။ သဘာဝကရတဲ့ အခိုင်ဆုံး အမျှင်ဖြစ်ပါတယ် ။ အမျှင်တွေကနေ...

ချည်မျှင်နှင့်အထည်များ
- အဝတ်အထည်
- လက်ဆွဲအိပ်များ
- ကလေးသေးခံဝတ်များ
- ဖိနပ်များ
- ရက်ထည်အချောစား
- ဂျင်းထည်များ

စက္ကူအသုံးအဆောင်များ
- ပုံနှိပ်စက္ကူ
- သတင်းစာစက္ကူ
- ကတ်ထူစက်ကူ
- ပါကင်ထုတ်စက္ကူ

စက်မှုလုပ်ငန်းသုံး ချည်မျှင်နှင့်အထည်များ
- ကြိုး
- ကင်းဗတ်စ
- ကော်ဇော

        အစရှိတဲ့ အဆင့်မြင့်လူသုံးကုန်တွေ ထုတ်ကြပါတယ် ။ နည်းပေါင်း ၅၀၀၀ဝ ကျော် သုံးစွဲနေပါတယ် ။ 

        Hemp ရဲ့ အစေ့ကနေ ဆီ နှစ်မျိုး ရနိုင်ပါတယ် ။ အဟာရဆီ (Hemp Oil) နဲ့  ဆေးဖက်ဝင်ဆီ (CBD Oil) ဆိုပြီး ရပါတယ် ။

         အဟာရဆီကတော့ ပရိုတင်း 50 % မှ 80 % ပါဝင်ပြီး Essential acid ၊ Fatte acid နဲ့ အခြား Vitamin တွေပါရှိပါတယ် ။ အဟာရအဆင့် Omega 3-6 ပါဝင်လို့ အဟာရပါဝင်မှု အလွန်မြင့်မားပါတယ် ။ 

        ဆေးဖက်ဝင်ဆီ (CBD ) ကတော့ အီသနော ၊ အရက်ပျံတို့နဲ့ ချက်ယူရပါတယ် ။ CBD ပါဝင်တဲ့ အဖူး ကတော့ တဧကမှ ကီလို ၂၀ သာ ရနိုင်ပါတယ် ။ ဦးဏှောက်ကင်ဆာ ၊ လည်ချောင်း ၊ အဆုတ် ၊ အစာအိမ် ၊ အူ ၊ အစရှိတဲ့ အရာတွေ နဲ့ ပတ်သက်တဲ့ ရောဂါတွေအတွက် အသုံးပြု ကုသနိုင်ပါတယ် ။  

        ဆီနှစ်မျိုးလုံးမှာ THC (မူးယစ်စေတဲ့ အာနိသင်) ပါဝင်ခြင်း မရှိပါဘူး ။

        ဘယ်လိုစိုက်ကြသလဲ ဆိုတော့ နေရာဒေသ မရွေး စိုက်ပျိုးနိုင်ပါတယ် ။ စိုက်ပျိုးချိန် ၃ / ၄ လ ကြာပါတယ် ။ တနှစ်ကို နှစ်ကြိမ် ( အစေ့ တကြိမ် ၊ လျှော် တကြိမ်) စိုက်ပျိုးနိုင်ပါတယ် ။ 

      ဇွန် ဇူလိုင် သြဂုတ် လတွေမှာ လျှော်အတွက် စိုက်ရင် တဧကကို လျှော်မျှင် အခြောက် ၃ တန် နဲ့ ၆ တန် ကြား ထွက်ပါမယ် ။ သာမန်လျှော်ရဲ့ လေးဆများပါတယ် ။

         အောက်တိုဘာ  နိုဝင်ဘာ ဒီဇင်ဘာ မှာ အစေ့တွက် စိုက်နိုင်ပါတယ် ။ တဧက အစေ့ ၃ တန် ရနိုင်ပါတယ် ။ အဆီကြိတ်ရင် ဂါလံ ၃၀၀ ရပါမယ် ။  

          ထူးခြားချက်က Hemp စိုက်ခင်းအတွက် ရေမလို ၊ မြေသြဇာမလို ၊ ပိုးသတ်ဆေးမလို ၊ အားဆေးမလို ကုန်ကုန်ပြောရရင် မြေအမျိုးအစား ကောင်းဖို့တောင် မလိုတဲ့ အပင်မျိုး ဖြစ်ပါတယ် ။ 

       တရုတ် ၊ ရုရှား ၊ အမေရိကန် ၊ ကနေဒါ နဲ့ ဥရောပနိုင်ငံများ ၊ ထိုင်း ၊ အစရှိတဲ့ နိုင်ငံ ၅၇ ခုမှာ စီးပွားဖြစ် တရားဝင် စိုက်ပျိုးနေကြပါတယ် ။ 

      တရုတ်က မြန်မာပြည်လာပြီး ဖရဲ ၊ တစ်ရှူးငှက်ပျော စိုက်နေကာ သူ့​မြေကိုတော့ Hemp တွေပဲ စိုက်ပါတယ် ။ ကမ္ဘာ့အထွက် 50 % ဟာ တရုတ်က ထွက်နေတာပါ ။ 

         မျိုးစေ့နဲ့ မြေရှိရုံနဲ့ စိုက်လို့ရတဲ့ အတွက် အကျိုးအမြတ် များလှတဲ့ သီးနှံဖြစ်ပါတယ် ။ 

       CO2 ကို သာမန် အပင်ထက် ၄ ဆ ပိုစုတ်နိုင်တယ် ။ အောက်စီဂျင် 20 % ပိုထုတ်ပေးနိုင်တယ် ။ ချာနိုဗိုင်း နဲ့ ဟီရိုရှီးမားလို အနုမြူရောင်ခြည်သင့်ဒေသတွေမှာ Hemp တွေ စိုက်ပြီး ကုစားခဲ့ကြရတယ် ။ 

       Hemp ဆိုတဲ့ စီးပွားရေး လျှော်ပင်ဟာ ကျနော်တို့လို မြေပေါပြီး ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် အလွန်သင့်တော်ပါတယ် ။ ဆင်းရဲနေတဲ့ တောင်သူတွေကို အရင်းနဲနဲ နဲ့  နတ်ပြည်ပို့ပေးမယ့် သီးနှံပဲ ဖြစ်ပါတယ် ။ 

      ဆေးခြောက်အနွယ် ဆိုတာ နဲ့ တခါတည်း မူးယစ်စာရင်းထဲ ထည့်ပြီး ပိတ်ပင်ထားတဲ့ အတွက် အင်မတန် နစ်နာခဲ့​ပါတယ် ။ 

      မူးယစ် သတ်မှတ်ချက် THC 0.5 % မပြည့်ပဲ THC 0.3 % အောက်ပဲ ရှိတာကို ခွဲခြား လေ့လာသင့်ပါပြီ ။ 

      တရုတ် ရုရှား အမေရိကန်တို့တောင် အကြီးအကျယ် စိုက်နေတာကို မြန်မာက ရူးကြောင်ကြောင်နဲ့ အရွက်သဏ္ဍန် တူတာကြည့်ပြီး မူးယစ်ဥပဒေ နဲ့ ပိတ်ပင်နေတာ ပြန်လည် စီစစ်သင့်ပါပြီ ။ 

      ငန်းဇွန်မြို့နယ်ထဲက ဆေးခြောက် စိုက်ခင်းဆိုပြီး ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ အပင်တွေဟာ Cannabis (ဆေးခြောက်) မဟုတ်ပါဖူး သူ့အနွယ် Hemp ဖြစ်ပါတယ် ။ 

      မြန်မာ ပညာရှိများရဲ့ လေ့လာမှု အားကောင်းလွန်းတော့ Cannabis နဲ့  Hemp အတူတူပဲ ဆိုပြီး တရားစွဲ ထောင်ချပစ်တာပါပဲ ။ တော်သေးတယ် ဆေးခြောက်နဲ့ ခပ်ဆင်ဆင် ချဥ်ပေါင်ပင်ခင်းတွေ မဖမ်းကြလို့ ။ 

         ဒါတွေကတော့ မြန်မာ့စိုက်ပျိုးရေး လောကကို နဲနဲ နဲ့ ကျဲကျဲ ဝိုင်းပြီး ဆင်းရဲနေတဲ့ တောင်သူတွေကို ချမ်းသာလာစေမယ့် စီးပွားဖြစ် Hemp အကြောင်းပါ ပဲ ။ 

      မိတ်ဆွေကြီး ဂဠုန်ဧချို ထံမှ သိရှိခဲ့ရသော Hemp အကြောင်း ပို့စ် ပေါင်းများစွာ ထဲကနေ အနှစ်ချုပ် ထုတ်နှုတ် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ် ။ များပြားလှတဲ့ အချက်အလက်တွေထဲက တည်းဖြတ် တင်ပြလိုက်ရတဲ့အတွက် လိုအပ်ချက် ရှိခဲ့ပါက ကျနော် ညံ့ဖျင်းလို့သာ ဖြစ်ပါတယ် ။ 

            ယခင်တခါ တင်ဖူးပါတယ် ။ ယခုအခါ မြေဆီစျေး ၊ ပိုးသတ်စျေး ၊ မျိုးစေ့စျေး ၊ ဓာတ်ဆီစျေး ရှိသမျှစျေး အကုန်တက်နေသဖြင့် တောင်သူများ စိုက်ပျိုးစရိတ် မတတ်နိုင်တော့ပါဘူး ။ 

         စီးပွားကူးသန်း ဝန်ကြီးအနေနဲ့ လက်တွေ့မပါတဲ့ မူဝါဒတွေ နဲ့ အစည်းအဝေးတွေမှာ တပ်ချုပ်ကြီးကို တင်ပြနေတာ အလုပ်မဖြစ်ပါ ။ 

        စိုက်ပျိုးရေးဌာန နဲ့ လယ်ယာနဲ့ဆည်မြောင်း ဝန်ကြီးတို့ကလည်း လက်တွေ့ အကျိုးရှိမယ့် လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ခြင်း မရှိပဲ ဝေလေလေ စီမံကိန်းတွေနဲ့ တပ်ချုပ်ကြီးထံ တင်ပြ ချွေးသိပ်နေကြပါတယ် ။ 

       တောင်သူတွေ တကယ် ငတ်နေကြပါပြီ ။ တောစိုမှ မြို့ OK မှာပါ ။ အချိန်တိုအတွင်း စီးပွားဖြစ်နိုင်သော ယခု ဖော်ပြပါ Hemp (ဆေးခြောက် မဟုတ်သော) ကို အမြန်ဆုံး တရားဝင် စိုက်ပျိုးခွင့် ပြုသင့်ပါပြီ ။ 

      တရုတ်လို နိုင်ငံမှာ သူ့ဧရိယာ ထက်ဝက်ကျော် Hemp စိုက်ပျိုး စီးပွားရှာနေပြီး မှ မြန်မာပြည်မှာ တစ်ရှူးငှက်ပျောလာစိုက်နေတာ ဖြစ်ပါတယ် ။ ဘာကြောင့်ဆိုတာ လမ်းဘေးက သူတောင်းစားတောင် စဥ်းစားတတ်ပါတယ် ။ မြန်မာ အစိုးရ မစဥ်းစားတတ်ပဲ တွေစေနေတာ မောဟအလွန်များနေတဲ့ လက္ခဏာပါပဲ ။ 

     တောင်သူတွေအတွက်

- မြေသြဇာ မလိုသော 

- ပိုးသတ်ဆေး မလိုသော

- အပင်အားဆေး မလိုသော

- မြေအမျိူးအစား မလိုသော

- ရာသီဥတု ကောင်း / ဆိုး မလိုသော

- အထူးအားဖြင့် စျေးကွက်ရှာရန် မလိုသော 

       အစစ အားသာချက်များဖြင့် ပြီးပြည့်စုံလှသော Hemp အမျိုးအစား စက်မှုသုံးအပင်အား စိုက်ပျိုးခွင့် ပိတ်ပင်ထားသည့် ရူးကြောင်ကြောင် မူဝါဒအား အမြန်ဆုံး ပယ်ဖျက်၍ တောင်သူများ အကျိုးအတွက် ခွင့်ပြုနိုင်ပါရန် ထပ်မံ တင်ပြလိုက်ရပါတယ် ခင်ဗျား ။

       ကိုရွှေမျိုးဝင်း

(အသေးစိတ် လေ့လာလိုသူများ link များတွင် ကြည့်ရှုနိုင်ပါတယ်)

https://www.researchandmarkets.com/r/tapuxf

https://frontiermyanmar.net/en/chinese-companies-hope-to-cash-in-on-cannabis

https://m.facebook.com/story.php?story_fbid=542165076314725&id=535884683609431

https://meetharmony.com/2016/11/29/hemp-oil-vs-cbd-oil-need-clarity

https://www.wildhemp.com

 *************************

         ဒီ ပို့စ်ကို 8-9-2021 မှာ တင်ခဲ့ဖူးပါတယ် ။ ကြားထဲမှာ ဝန်ကြီးဌာနမှ  ဂျပန် နဲ့ ပူးတွဲကာ စမ်းသပ် သုတေသန လုပ်နေကြောင်း Hemp မှ Hope ဆိုပြီး ထပ်တင်ခဲ့ဖူးပါတယ် ။  

          ယခု နိုင်ငံတော်မှ တောင်သူများအား စိုက်ပျိုးခွင့်ပေးတော့မယ်လို့ သတင်းကြားလာရပါပြီ ။ စိုက်ပျိုးစရိတ် ကြီးမြင့်နေတဲ့ ကျနော်တို့ တောင်သူတွေအတွက်တော့ ဆေးမလို ၊ မြေသြဇာမလို ၊ ရေဝပ်မြေကလွဲရင် မြေအမျိုးအစား မရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ Hemp ဆိုတဲ့ ငွေသစ်ပင် စိုက်ခွင့်ရပါတော့မယ် ။ 

          အစိုးရမှ သတ်မှတ်ထားသော စည်းကမ်းများ ဥပဒေများနဲ့ အညီ စိုက်ပျိုးကြပါက တကယ်ကို အကျိုးများမယ့် ငွေသစ်ပင်မို့ ရလာမယ့်အခွင့်အရေးကို စည်းစနစ်ကျကျ အရအမိ ယူနိုင်ကြပါစေဗျာ ။

           ကိုရွှေမျိုးဝင်း

Monday, June 27, 2022

ပညာသေ မှ ပညာရှင်သို့



          fb ပေါ်ကနေ လူပေါင်းစုံဟာ ရည်ရွယ်ချက်မျိုးစုံနဲ့ ပို့စ် တွေ ရေးကြတင်ကြ လုပ်နေကြတာ ခေတ်ရဲ့ ပေါ်လစီလို ဖြစ်နေပါပြီ ။ 

          ဒီထဲမှာ ကျနော်တို့လို လိုင်းပေါင်းစုံရေးနေတဲ့သူတွေလည်း ရှိတာပါပဲ ။ ကဏ္ဍပေါင်းစုံကို ရေးကြရာမှာ အမှန်တကယ်ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ် သိနိုင်ဖို့ဆိုတာ အင်မတန်ခဲယဥ်းလှပါတယ် ။ 

        ကျနော် ဟိုတုန်းက ရေးခဲ့ဖူးပါတယ် ။ ကျနော်ရေးနေတာ သိလွန်း တတ်လွန်း လို့ ရေးနေတာ မဟုတ်ပါဘူး ။ ရေးစရာကဏ္ဍအတွက် fb ပေါ်ကနေ ဆိုင်ရာ ဆိုင်ရာ အကြောင်းအရာ သတင်းအချက်အလက်လေးတွေ စုဆောင်းပြီး တင်ပြနေရခြင်းသာ ဖြစ်ပါတယ် ။ 

       ရည်ရွယ်ချက်က ကိုယ့်လောက် အချိန်မပေးနိုင် ၊ မရှာဖွေနိုင်တဲ့သူတွေ ကိုယ်သိထားသလို အလွယ်တကူ သိကြနိုင်စေဖို့ နဲ့ တကယ့်ပညာရှင်များ တတ်သိသူများ ဖတ်မိပြီး မန့် တွေနဲ့ ဝင်ရောက် ဖြည့်စွက် ပညာပေးခြင်းဖြင့် အတော်အတန်ပြည့်စုံသော အသိတို့ ရနိုင်စေရန် ရည်ရွယ်ပါတယ် ။ 

           နိုင်ငံရေး စီးပွားရေး လူမှုရေး ဘာသာရေး အစရှိသဖြင့် ကဏ္ဍပေါင်းစုံက ကျွမ်းကြင်သူတွေအများစုသည် ကျနော်မနှစ်သက်တဲ့ စကားပုံနဲ့ အညီ နေစိမ့်နေကြတာလည်း အံ့သြစရာပါပဲ ။

  '' တိတ်တိတ်နေ ထောင်တန်၏''

  '' ပညာစည်တီးမှမြည်၏ ''

  '' နဲနဲပြော များများထောင် ''

         အစရှိတဲ့ စကားပုံတွေဟာ ပညာခေတ်မှာ စောက်ဖိုးမတန်တော့ပါဘူး ။ ပညာကို လက်ဆင့်ကမ်းဖို့ရာ အတွက် ဒူးထောက်တောင်းပန်မှ သင်ပေးမယ်ဆိုတဲ့ အပေါက်တွေ ဖြစ်နေပါတယ် ။ 

       အချို့ဆရာကြီးတွေ မျှဝေနေတာတွေ့ရပေမယ့် သာမန်လူတို့ နားလည်နိုင်စွမ်းမရှိတဲ့ အရေးအသားတွေကြောင့် ပျံ့နှံ့ခြင်းမရှိတာလည်း စိတ်မကောင်းစရာပါပဲ ။

       နောက်ပြီး ပညာရှင်အတော်များများသည် အကြောက်လွန်ဖြစ်နေကြပြီး '' ကြောက်တတ်ရန်ကင်း '' ဆိုတဲ့ အတ္တဗဟိုပြု စကားပုံနဲ့ ပြည်သူ့အကျိုးအတွက် ပြောသင့်တာ မပြောဝံ့ပဲ နှုတ်ဆိတ်နေကြတာလည်း စိတ်မကောင်းစရာပါပဲ ။ 

       ကျနော်တို့ နိုင်ငံရေးစိတ်ဝင်စားတာ ဆရာနေဝင်းမောင် (THE VOICE) နဲ့ ဆရာသန်းထွဋ်အောင် (Eleven) တို့ကြောင့်ဆိုရင် မမှားပါဘူး ။ ဆရာနေဝင်းမောင်ကနေ နောက်ဆုံးအချိန်ထိ သူ့ယုံကြည်ချက်ကို ဖြန့်ဝေရင်း ဆုံးပါးသွားခဲ့ပါပြီ ။ 

       နှမျှောစရာကောင်းတာက ဆရာသန်းထွဋ်အောင်ပါပဲ ။ NLD အာဏာရရေးအတွက် အားထုတ်ခဲ့တဲ့ အင်အားကြီးမီဒီယာဟာ NLD ကို အစောဆုံးပြန်ပြီး ဝေဖန်ခဲ့ကြတာလည်း မှတ်တမ်းတင်ရပါမယ် ။ ကိုကိုကြီးတို့ ၈ ပူးတွေ ဂျော့ဆိုးရော့ လက်ဝေခံလုပ်ပြီး ဘဏ္ဍာငွေ အပျောက်ရိုက် တိုင်းပြည်သစ္စာဖောက်ဖို့ ကြံနေတာကို ပထမဆုံး ရေးသားခဲ့တာလည်း Eleven ပါပဲ ။ 

       NLD အစိုးရ ဝန်ကြီးစာရင်း ကြေညာချိန်မှာ အစောဆုံး ဝေဖန်တာလည်း သူတို့ပါပဲ ။ နောက်ဆုံး ဖြိုးမင်းသိန်းနဲ့ မောင်ဝိတ်တို့ လက်ပေးလာဘ်ယူမှုကို (နာရီကိစ္စ) အစဖော်လို့ အရေးယူခံကြရပါရော ။ 

      ဒေါက်တာသန်းထွဋ်အောင်လည်း အဲဒီကိစ္စပြီးကတည်းက ပျောက်သွားလိုက်တာ ယနေ့ထိ စုံးစုံးမြှပ်ပါပဲ ။ ဦးသိန်းစိန်လက်ထက် အန္တရာယ်မရှိမှန်းသိလို့ လက်သံပြောင်သလောက် သူအားပေးခဲ့တဲ့ NLD လက်ထက်မှာ နဲနဲထိတာနဲ့ နောက်ဆုတ်ပြေးသွားတဲ့ ဒေါက်တာသန်းထွဋ်အောင်ဟာ တိုင်းပြည်နဲ့ပြည်သူကို ချစ်တာထက် သူ့ကိုယ်သူပိုချစ်တဲ့သူ သူရဲဘောကြောင်တဲ့သူအဖြစ် ကျနော့်ရင်ထဲက အထင်ကြီးလေးစားမှုတွေကို နှုတ်ယူသွားခဲ့တာ ကြာပါပြီ ။ 

        အမွေစား အမွေခံအဖြစ် ကိုဖြိုးဝေလို လူမျိုးကို ထားရစ်ခဲ့တာကတော့ ကျေးဇူးတင်ရမှာပါပဲ ။ ကျနော်စော်ကားလိုစိတ်နဲ့ ရေးနေတာမဟုတ်ပါဘူး ။ ပညာရှင်ပါဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ကြောက်ရွံ့စိတ် ၊ အတ္တစိတ် တွေ ဖယ်ရှားပြီး တိုင်းပြည်အတွက် ပညာတွေ ဆရာစားမချန် ဝေမျှကြဖို့ ပြောချင်တာပါ ။

      ဒီနေရာမှာ အလုပ်မဖြစ်တဲ့ မျှဝေခြင်းကိုလည်း ရှုံ့ချရပါမယ် ။ တက္ကသိုလ်တွေမှာ သုတေသနဂျာနယ်တွေ ငွေကုန်ခံထုတ်လေ့ရှိပါတယ် ။ လူအများစု 98 % နားမလည်တဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ကြတယ်ဗျ ။ ရေးထားတော့ ပြောင်းပင်ဘယ်လိုစိုက်ရတယ် မုံလာဥဘယ်လိုစိုက်ရတယ်ပေါ့ ။
        တွေးကြည့်လေ အဲဒီလို သုတေသနဂျာနယ်ထုတ်နေတဲ့ တက္ကသိုလ်ကြီးက စာအုပ်ဖတ်နေတဲ့ ဆရာတွေက လယ်စိုက်ကြမှာလားဗျ ။ တောသူတောင်သားနားလည်အောင် ဘာလို့ မြန်မာလိုမရေးကြတာလဲ ။ လူအထင်ကြီးပြီးရော လုပ်နေကြဟန်တူပါရဲ့ဗျာ ။

        အများစုသော ပညာရှင်ကြီးတွေဟာ သက်တမ်း ၇၀ ကျော် ၈၀ တွေ ဖြစ်နေကြပါပြီ ။ ရိုင်းတယ်မထင်ပါနဲ့ ရှေ့တိုးသေဖို့ ရှိကြတဲ့ အရွယ်တွေရောက်နေကြပါပြီ ။ 

       ဒီအရွယ်ကြီးတွေမှာ ဘာနှမျှောစရာ အနာဂါတ်ကျန်နေကြပါသလဲ... ?

       တိတ်တိတ်နေထောင်တန်ရင်း သေရွာကို ပညာတွေယူသွားကြတော့မှာလား...?

        လူ့သက်တမ်းကို အများကြီးတွက်ဆမျှော်ကိုးမနေကြပါနဲ့ဗျာ ။ ကျနော်တို့ ငယ်စဥ်ကလေးဘဝ မူလတန်းအရွယ်ကို မျက်စိမှတ်စဥ်းစားကြည့်ပါ ။ ဖျက်ကနဲ ပြန်ရောက်သွားလိမ့်မယ် ။ သြော် အချိန်တွေ အကုန်မြန်လိုက်တာလို့ သတိထားမိကြပါလိမ့်မယ် ။

       ဒီလိုပါပဲ ကျနော်တို့ လက်ကျန်သက်တမ်းဆိုတာကလည်း ဖျက်ကနဲ ကုန်သွားကြမှာပါပဲ ။

-  ဘာတွေ နှမျှောတသနေကြပါသလဲ ....?

- ဘာတွေ စိုးရိမ်ကြောင့်ကြနေကြပါသလဲ...?

        ပညာတွေကို ကိုယ့်ရင်ထဲထည့်ပြီး သေနေတဲ့ ပညာသေအစား ၊ ပညာတွေကို လူအများနားလည်အောင် စိတ်ဝင်စားအောင် ရေးသားဖြန့်ဝေကြရင်း သင်ကြားပေးရင်း နဲ့ ပညာရှင် အစစ်ဖြစ်အောင် ဘဝနေဝင်ချိန်ကို အကောင်းဆုံး အတောက်ပဆုံး ဆည်းဆာညနေအဖြစ် မြန်မာ့ပညာရှင်ကြီးများ ပုံဖော်သင့်နေပါပြီ ။ 

       ကိုရွှေမျိုးဝင်း

။       ။ ထင်တဲ့အတိုင်းပဲ မနေ့က တင်လိုက်တဲ့ စပိုင်နိုင်ငံတော် ပို့စ် ကြောင့် page မှာတင်နေတဲ့ အကောင့် တလ ပိတ်ပြန်ပြီ ဗျာ ကြံဖန်တင်ကြည်အုံးမယ် ။

(တချို့တိုက်ဆိုင်မှုတွေကြောင့် နာလိုခံခက် ဖြစ်သွားကြရင်လည်း Sorry ပါဗျာ.... )

နိုင်ငံရေးမင်္ဂလာဆောင်



          ညနေစာ စားပြီးမှ ကိုစိုးရောက်လာလို့ လက်ဖက်ရည် သွားသောက်ကြပါတယ် ။ စားပွဲထိုးက လူသစ်လေး ဆိုတော့ ကိုစိုးအတွက် ပေါ့ကျ နဲ့ ကျနော့်အတွက် ပုံမှန် တခွက်စီ မှာလိုက်ပါတယ် ။

         လက်ဖက်ရည် ​ရောက်လာတော့ ကိုစိုးက မြည်းကြည့်ပြီး နှပ်ရည်ထပ်ထည့်ခိုင်းတယ် ချိုနေသေးလို့ တဲ့ ။ ပြီးတော့ ကျနော်နဲ့ လေကန်တာပေါ့....

"ငမျိုးရေး အချိန်ကလည်း တနှစ် နဲ့ လေးလ ကြာသွားပြီ တိုင်းပြည်ကလည်း သိပ်မထူးသလိုပဲ ကွာ ဟိုကြောက်ရ ဒီကြောက်ရ ဖြစ်နေတုန်း ပဲ ''

"နေပါအုံး ကိုစိုးရာ အရင်ကလို သံပုံးလောက်သံ ၊ အုံနဲ့ကျင်းနဲ့ ရဲစခန်းဝိုင်း ၊ အမြင်မတူသူတွေ ကတုံး တုံး နဲ့ လုပ်နေသေးလား ဗျ ''

"အရင်က ကတုံးပဲ တုံးတာကွ အခုဟာက အသေသတ်နေတာ ငမျိုးရေ ''

"အင်း အလစ်အငိုက် လုပ်ကြံနေတာတော့ ထိမ်းသိမ်းဖို့ ခက်ခဲမှာပေါ့ ဗျာ ဒါပေမယ့် ဗြောင်လုပ်ရဲ တဲ့ အဆင့်ကနေ အလစ်ဝင်လုပ်တဲ့ အဆင့်ဆိုတော့ တိုးတက်မှုပါပဲ ကိုစိုးရာ ''

'' ဒါဆို စစ်ကိုင်းတိုင်းဘယ်လိုလုပ်မလဲကွာ ''

'' အင်း စစ်ကိုင်းတိုင်းက သတင်းအမှောင်ချထားလို့ လူသိနည်းကြတာပါဗျာ အခုဆို ဇောင်းထတဲ့ စစ်ကိုင်းတိုင်း မွမွကျေနေပါပြီ လက်နက်ချသူ ထွက်ပြေးသူတွေနဲ့ ဗရုတ်သုတ်ခ ဖြစ်နေတာ မြေပြင်အခြေအနေမှန်တွေပါပဲ ''

''လိုင်းပေါ်တော့ တပ်မတော်စစ်ကြောင်းတွေ ဝင်ကြမ်းနေပြီလို့ တွေ့တာပဲ ကွ ''

'' ခင်ဗျားက အခုမှ တွေ့တာပါ ဆော်နေတာကြာပေါ့ ''

'' ဒါဆို ဥကရစ်ထ စခန်းအသိမ်းခံရတဲ့ သတင်းကရောကွာ ''

'' အတိုက်ခံရတာပါ ဆင်ဖြူရှင်စစ်ဆင်ရေးဆိုလားပဲ ရူးကြောင်ကြောင်နဲ့ လာလုပ်ကြတာ လက်နက်ကြီးကော လေကြောင်းကရော ဧည့်ခံလိုက်တာ တဝက်လောက်ကြွပြီး လူနာတွေများလွန်းလို့ ထိုင်းဆေးရုံကတောင် လက်မခံတော့ဘူးဆိုပြီး သူတို့ဘက်က တင်ထားတာတွေ့လိုက်ပါ့ဗျာ ''

'' ကိုင်း AA ဓာတ်ခဲတွေ ဇောင်းထနေတာရောကွာ ''

'' တပ်က သိပ်လုပ်စရာမလိုပါဘူး အခု သဘော်ဆိပ် နဲ့ ကားဂိတ်တွေပဲ ပိတ်ဆို့လိုက်တာ ငယ်သံပါအောင်နေပြီလေ ကြားတယ်မဟုတ်လား ဒေါက်တာအေးမောင်က ညှိပေးမယ့် ကြားအဖွဲ့လိုနေပြီ ဘာညာနဲ့ ပလီပလာ ဇတ်လမ်းစလာပြီလေ ''

'' ဖြတ်မယ့်ဖြတ် ၄ ခုလုံး ဖြတ်တုတ်ပစ်လိုက်ကွာ ''

'' သြော် ကိုယ့်အမြင်နဲ့ ဆော်ချင်နေတာထက် ဆော်သင့်တဲ့အချိန် ဆော်ဖို့ အရေးကြီးတာပါ ဗျာ ''

"စီးပွားရေး ကလည်း မထူးဖူးကွ''

"အပြင်ထွက်ပြီး ကုန်စည်သယ်ကြည့်လေ ဘယ်နေရာ မှာ တစ်ဆို့နေလို့လဲ ကိုစိုးရ ကုန်စျေးနှုံးကတော့ လောင်စာဆီစျေးတက်နေလို့ သူလည်း တက်နေအုံးမှာပဲ ဗျ  ''

'' အေးကွ တကမ္ဘာလုံး ကြုံနေရတဲ့ လောင်စာဆီကိစ္စဆိုတော့လည်း ခက်သားကွ ဒါနဲ့ ပညာရေး ကျန်းမာရေး ဘာထူးပြီး တိုးတက်နေလဲကွ ''

"အရင်က လုံးဝ ကုမပေးတဲ့ ဆေးရုံ အများစု အခု ကုသလို့ ရနေပါပြီ ဗျာ ပညာရေးကတော့ လိုချင်သူတွေ ရအောင် ယူ​ကြပေါ့ကိုယ့်ဘာသာ မယူတာတော့ ကိုယ့်တာဝန်ပဲ ကိုစိုးရာ ''

"အင်း လုံခြုံရေးကတော့ စိတ်တိုင်းမကျတာတော့ အမှန်ပဲ ကွ ''

"ဟုတ်ပါတယ် ကိုစိုးရာ ကိုယ့်စိတ်တိုင်းကျတော့ ဘယ်​ဖြစ်သေး မလဲဗျာ ''

"အဲလို ဖြစ်ချင်နေပြီ ကွ ''

"ကိုစိုးရေ နေရာမှန်ရောက်မှ ကိုယ့်စိတ်တိုင်းကျ ဖြစ်ရမှာ ဗျ ကျနော်တို့ ပြည်သူတွေက နေရာမှန်မရောက်သေးတာ ဇွတ်တောင်းဆိုလို့ မရသေးဘူး ''

"ဘာနေရာမှန်လဲ ကွ ငါ နားမလည်ဖူး ''

"ခုနတုန်းက ကိုစိုးသောက်တဲ့ လဖက်ရည် အဖန်ရည်ပေါ့ပြီး ချိုနေလို့ ပြင်ခိုင်းတယ်နော် ဆိုင်ကလည်း ပြင်ပေးပါတယ် ''

"အေးလေ ဆန်းသလား ဟ ''

" အင်းပါ ဟိုတလောတုန်းက ကိုကြီးငွေ သမီးလေး မင်္ဂလာဆောင်ကို သွားခဲ့တာ မှတ်မိသေးတယ် မဟုတ်လား ''

"အေးလေ မင်းနဲ့ အတူ သွားတာပဲ  ''

"မင်္ဂလာဆောင်က လက်ဖက်ရည် ချိုရဲရဲ နဲ့ ကိတ်မုန့် လေးချပ် စမူဆာ သုံးခု ခင်ဗျားစားခဲ့တယ်နော်  ''

"အံမယ် မင်းက ပိုများပါတယ် ကွာ ငါ မမှတ်မိလို့သာ ပါ ''

"ထားပါ အဲဒါပြောချင်တာ မဟုတ်ဖူး ကိုစိုးသောက်နေကြ ပေါ့ကျ မဟုတ်တဲ့ လက်ဖက်ရည် ချိုရဲရဲ ကို မပြင်ခိုင်းပဲ ဘာလို့ သောက်လာတာလည်း ဗျ ''

"ဟကောင် ဂေါက်နေတာလား မင်္ဂလာဆောင်မှာ လက်ဖက်ရည် ပြင်ခိုင်းလို့ ရမလား ဟ မကြိုက်ရင် မသောက်ရုံပဲ ရှိတာပေါ့ လက်ဖွဲ့ကလည်း ပေးခဲ့ပြီးပြီလေ သူဧည့်ခံတာ ကြိုက်ကြိုက် မကြိုက်ကြိုက် သောက်ရမှာပေါ့ ''

"အဲဒါပဲ လေ ကိုစိုးက မင်္ဂလာဆောင် ရောက်နေမှန်းသိတော့ ကြေးမများနိုင်တော့ဖူး ​ကြိတ်မှိတ်သောက်ရမှာပဲ လို့ သိထားတာကိုး ''

"ဒီတော့...... ''

"အခု ကျနော်တို့ကလည်း နိုင်ငံရေး မင်္ဂလာဆောင်ထဲ ရောက်နေတာ ဗျ သူဧည့်ခံတာကို ကြိတ်မှိတ်သောက်ပေတော့ မသောက်ရင် ငတ်ဖို့ပဲ ရှိတယ် လက်ဖွဲ့ကတော့ ပေးခဲ့ပြီးပြီ လေ ''

"ဟိုက်...ပေါက်တီးပေါက်ရှာ ငမျိုးရာ အေးပါကွာ နိုင်ငံရေး မင်္ဂလာဆောင်ထဲမှာ ကိုယ့်စိတ်တိုင်းကျ မရနိုင်သေးဖူးလို့ပဲ သဘောထားလိုက်ပါ့ ကွာ.. ''

"အဲဒီလို သိထားမှ ခင်ဗျားရင်ထဲက အားမရ မကျေနပ်တာတွေ ပေါ့သွားမှာပေါ့ ဗျာ ''

"OK ဟုတ်တယ် ကွ နဲနဲတော့ ပေါ့သွားတာ အမှန်ပဲ ဟေ့ ပြန်ကြစို့ကွာ ည ၈ နာရီ ထိုးခါနီးပြီ ''

။        ။ အာဏာထိမ်းပြီး လေးလ အကြာက ရေးခဲ့ဖူးတာကို UP date သတင်းလေးတွေနဲ့ ပြောင်းလဲ တင်လိုက်ပါတယ် ။

       ကိုရွှေမျိုးဝင်း

( နီပိတ်လေးတွေ သတင်းမှန်တွေ ဖတ်မိပြီး စိတ်ဓာတ်မကျပါနဲ့ မင်းတို့ ရေပြည့်ရင် နိုင်ပြီသိလား တောင့်ထားနော်....)

Sunday, June 26, 2022

စပိုင် နိုင်ငံတော်လား ?



      ရေးဖူးတယ် fb team ကနေ ချက်ခြင်းတခါတည်း ပို့စ်ကို ဖျက်ပစ်တယ် ။ ok ထပ်ရေးမယ် ထပ်တင်တယ် ဒီလို ဖျက်တဲ့ ပို့စ် ဆိုတာမျိုးက အချက်အလက် သူတို့ ငြင်းမရဘူးဆိုရင် ဖျက်တတ်တယ် ။ ကော်ပီယူပြီး save ထားမှ အဆင်ပြေပါမယ် ။

        မြန်မာပြည်မှာ ဒီမိုစနစ်နဲ့ အုပ်ချုပ်ပြီ ဆိုကတည်းက ဂျော့ဆိုးရော့ ဆိုတဲ့ မကောင်းဆိုးဝါးကြီးက အကွက်ချောင်းရေခဲ့တာ အားလုံးအသိပါပဲ ။ 

     ဂျော့ဆိုးရော့ဟာ 2013 -14 -15 နှစ်စဉ်လာပြီး ဦးသိန်းစိန်နဲ့ တွေ့တယ် ။ တွေ့တိုင်းလည်း သူတစိုက်မတ်မတ် တောင်းဆိုတာ တခုတည်းပဲ ။ အဲဒါကတော့ သူ့တပည့် ဦးသောင်းထွန်းကို ဝန်ကြီးတနေရာ ပေးဖို့ တောင်းဆိုတာပဲ ။ 

     ဦးသိန်းစိန်ကတော့ ဒါဟာ ပြည်တွင်းရေးစွတ်ဖက်တာ အချုပ်အခြာ အာဏာကို စော်ကားလို့ သတ်မှတ်ပြီး လုံးဝ လက်မခံခဲ့ပါဘူး ။ ဂျော့ဆိုးရော့ ပေးမယ့် အကူအညီတွေကိုလည်း စွန့်လွှတ်ခဲ့ရမှာပေါ့လေ ။ 

       အစိုးရ အပြောင်းအလဲ ဖြစ်ပြီးနောက် NLD အစိုးရလက်ထက် 13-1-2017 နေ့မှာ ဂျော့ဆိုးရော့ လာပြီး ဒေါ်စုနဲ့တွေ့ကြတယ် ။  

         OK  14-1-2017 မှာ ဦးသောင်းထွန်းကို အရေးကြီးတဲ့ အမျိုးသားလုံခြုံရေးအကြံပေးခန့်အပ်တယ် ။ 

      နိုင်ငံခြားရေးဝန်ကြီးဌာန ရှိနေပါလျှက် နိုင်ငံခြားစီးပွါးဆက်ဆံရေး အတွက်ဆိုပြီး ဝန်ကြီးဌာနအသစ်ဖွဲ့ပြီး ဦးသောင်းထွန်းကို ဝန်ကြီးခန့်ခဲ့တယ် ။ 

    ဟုတ်ပြီ ဦးသောင်းထွန်း ဝန်ကြီးဖြစ်ပြီ ၊ အမျိုးသားလုံခြုံရေး အကြံပေးဖြစ်ပြီ ။ သူဘာတွေလုပ်ပြသလဲ ? ရခိုင်အရေးမှာ သူတို့တောင်းသမျှ ပေးလိုက်ပါတဲ့ မပေးရင် R 2 P နဲ့ ရင်ဆိုင်ရမယ်တဲ့ ။ သူကပြန်ပြီး ခြိမ်းခြောက်ခဲ့တယ် ။ ဘယ်သူ့အလိုကျ ပြောခဲ့တာလဲ စဉ်းစားပေါ့ လေ ။ 

      နောက်တယောက်ကတော့ ဒုတိယသမ္မတ ဦးဗန်ထီးယူ ဖြစ်ပါတယ် ။ သူဟာ ကိုယ်ရေးရာဇဝင်မှာ နိုင်ငံခြားကို မသွားဖူးဘူးလို့ လိမ်ညာခဲ့ပါတယ် ။ 

    တကယ်တော့ သူဟာ 7-6-2009 ကနေ 2015 အထိ နယူးဇီလန်ကို ၆ ခေါက်တိတိသွားခဲ့ပါတယ် ။ ပတ်ပို့စ် နံပါတ် A 321604 နဲ့ဖြစ်ပါတယ် ။ ဇနီးသည် နဲ့ မိသားစုအားလုံး နိုင်ငံခြားမှာ နှစ်ရှည်နေခဲ့ကြပါတယ် ။ 2015 ကျမှ မြန်မာပြည်ကို ပြန်လာကြပါတယ် ။ 

     NLD ပါတီက သူ့ကို ဒုတိယ သမ္မတအဆိုတင်သွင်းတော့ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက ဥပဒေနဲ့ မညီလို့ ကန့်ကွက်ခဲ့ပါတယ် ။ နိုင်ငံခြားမှာ နေခဲ့ရင် အစိုးရရဲ့ တာဝန်အရ စေလွှတ်ခြင်း မရှိပါက အဲလို ရာထူးယူလို့ မရပါဘူး ။ 

        ခြေ / ဥ နဲ့ မကိုက်ညီလို့ ခြေ / ဥ ဥပဒေခုံရုံးကို မေးမြန်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ် ။ ဒါပေမယ့် အဲဒီအဆိုကို ပယ်ချပြီး ခန့်အပ်ခဲ့ပါတယ် ။ ဒီတချက်တည်းလား ဆိုတော့ မဟုတ်ပါဘူး ။ အရေးကြီးတာ လာပါပြီ ။ 

    ဦးဗန်ထီးယူဟာ 15-1-2015 နေ့မှာ Flight No SQ 998 နဲ့ ပြန်ရောက်လာပါတယ် ။ ပါတ်ပို့စ် နံပါတ်က M 413428 ဖြစ်သွားပါပြီ ။ 

      - 17-7-2015 မှာ NLD ပါတီထဲ ဝင်ခဲ့ပါတယ် ။ 

     - ပါတီဝင်သက်တမ်း ၄ လ ခန့်မှာပဲ ထူးဆန်းစွာ အမတ်လောင်း ဖြစ်ခဲ့ပါတယ် ။ 

     - 3-2-2016 အမှာ အမတ်ဖြစ်သွားပါပြီ ။

      - 15-3-2016 နေ့မှာ ပိုမိုထူးဆန်းစွာနဲ့ ဒုတိယသမ္မတ ဖြစ်သွားပါတယ် ။ 

        မြန်မာ့နိုင်ငံရေး လောကကြီးမှာ ပါတီဝင် သက်တမ်း ၈ လ လောက်နဲ့ ဒုတိယသမ္မတ အထိ တက်ဖြစ်သွားတာ အံ့သြစရာပါပဲ ။ ကမ္ဘာပေါ်မှာတောင် မရှိလောက်ပါဘူး ။ 

     အဲလိုဖြစ်တော့ ပါတီအတွင်းမှာ ဆူညံပူညံသံတွေ ထွက်လာလို့ သစ်ခုတ်သမားတွေ ပန်းပုဆရာတွေ နဲ့ ပလီတိခြောက်ချက် ပြောခဲ့ကြတာ မှတ်မိကြမှာပါ ။ 

       လေ့လာသူ လူအများ သုံးသပ်ကြတာကတော့ CIA ရဲ့ တောင်းဆိုမှုကြောင့်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ် ။ ဟုတ်မဟုတ်ကတော့ မိမိဘာသာ ဆန်းစစ်ကြည့်ကြဖို့ပါပဲ ။ 

      နောက်တယောက် ထင်ရှားစွာပြောချင်တာက ဒေါ်စုအကြံပေးဟောင်း ဂျိုးဖစ်ရှာ ဖြစ်ပါတယ် ။ တကမ္ဘာလုံးရဲ့ ထောက်လှန်းရေးလောကသားတွေ သိထားကြတဲ့ ဗြိတိသျှရဲ့ MI 6 အဖွဲ့ဝင် ဂျိုးဖစ်ရှာကို အတွင်းဆုံး စည်းထဲအထိ သွင်းခဲ့တာ ဒေါ်စုပါ ။ 

     ဝလုံး နဲ့ ကျော်စိုးဦး တို့ ထောင်ကနေ လွှတ်ပေးမှာကို ပြည်ထဲရေးဝန်ကြီး မသိခဲ့ရပေမယ့် ဂျိုးဖစ်ရှာက ကြိုတင်သိနေတယ် ။ သူကိုယ်တိုင် လာကြိုပြီး ၂၄ နာရီ မပြည့်ခင် သစ္စာဖောက် ၂  ယောက်ကို အမေရိကန်ဆီသို့ ဂျိုးဖစ်ရှာ ခေါ်သွားနိုင်အောင် NLD အစိုးရ လုပ်ပေးခဲ့ပါတယ် ။ 

    ယနေ့အထိ အကြံပေးဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံခြားသား ၉၀ ကျော်ဟာ ဝန်ကြီးဌာနတွေရဲ့ အတွင်းရေးတွေကို အားလုံးသိသွားကြပါပြီ ။ ကံကောင်းတာက ကာကွယ်ရေး နဲ့ ပြည်ထဲရေးကို ထိုးဖောက်မရအောင် ချုပ်ခဲ့တဲ့ ၂၀၀၈ ခြေ / ဥ ကြောင့်ပါပဲ ။ 

     အဲဒါကြောင့်ပဲ အရပ်သားအစိုးရလက်အောက်မှ စီမံခန့်ခွဲနိုင်အောင် တောင်းဆိုနေကြတာပါ ။ 

    ကဲ စပိုင် နိုင်ငံတော်ဆိုတာ ယုံပြီလား ။ ငြင်းချင်သလား ?  ဦးဗန်ထူးယူ နဲ့ ဦးသောင်းထွန်း တို့ဟာ လက်ရှိရာထူးအမြင့်စားတွေ နဲ့ ပုဂ္ဂတွေဖြစ်ပါတယ် ။ အထက်ပါ အချက်များ မဟုတ်ခဲ့ရင် တရားစွဲနိုင်ပါတယ် ။ တရားရုံးကြမှ ပုတ်သင်ဥတွေ ထပ်ပြီး အပေါ်ခံနိုင်ရင်ပေါ့လေ ။

(NLD လျှမ်းလျှမ်းတောက်ကာလ တုန်းက ဒဲ့ ရေးထားတာပါ တယောက်မှ မလှုပ်ရဲကြပါဘူး မှန်လား မှားလား တွေးကြည့်ကြပါ)

။            ။ ဒု သမ္မတဟောင်း ဗန်ထူးယူ နဲ့ တီကောင်ကြီးကို နစက အနေနဲ့ ပုဒ်မတပ်စွဲချက်တင် မလုပ်သေးပါဘူး ။ မျက်စေ့လည်မနေကြပါနဲ့ 2008 ခြေ / ဥ အရ ကာလုံအသက်ဝင်စေရန်အတွက် ဥထားတဲ့ ခြင်းထဲက ကြက်လေးတွေပါ ။ လိုအပ်ချိန်မှာ တမှုပဲတိုးတိုးဆိုပြီး ထပ်မံတင်ပြလိုက်ရတာပါ ။

        ကိုရွှေမျိုးဝင်း

(ယူနီဖောင်းပြောင်းရုံနဲ့ သိကြားဖြစ်မယ် ထင်နေသလား ၊ ကိုယ်ပိုင်တန်ခိုးမရှိရင် ဝဿဝတီနတ်ပြည်ကလာဖို့ အသာထားအုံး တံတားပေါ်ကတောင် ဆင်းမရဘူးဆိုတာ သိဖို့..)

ဒါတွေသိမှ လာပြိုင်ပါ


       NLD လက်ထက်မှာ လျှပ်စစ်မီးတွေ ပိုပေးနိုင်တယ် ၊ လမ်းတွေ ပိုကောင်းလာတယ်ဆိုတဲ့ ငပိန်းတွေအခုထိတွေ့နေရသေးလို့ လေ့လာနိုင်ဖို့......... 

စီမံကိန်း           မဂ္ဂါဝပ်       ခုနှစ်

ဘီလူးချောင်း ၂  168       1974

ကင်းတား             56       1985

(မဆလခေတ်က ​ရေအားလျှပ်စစ် ဒါအကုန်ပဲ)

ဆည်တော်ကြီး      25       1989   

ဘီလူးချောင်း ၁     28       1992       

ဇော်ဂျီ   ၁             18       1995   

ဇော်ဂျီ   ၂              12       1998    

ဇောင်းတူ               20       2000     

သဖန်းဆိပ်             30      2002

မုန်း                       75      2004     

ပေါင်းလောင်း      280     2005      

ရဲနွယ်                     25     2007     

ခပေါင်း                  30     2008   

ကျိုင်းတောင်း         54     2008     

ရွှေလီ ၁               600     2008     

ရဲရွာ                     790     2010

(ဒါက ဘရွှေလက်ထက် ရေအားလျှပ်စစ်)      

တာပိန် ၁             240      2011      

ရွှေကျင်                 75       2011   

ကြီးအုံကြီးဝ           74      2012        

ကျွန်းချောင်း          60       2012    

သောက်ရေခပ်  ၂  120      2014   

နန်ချို                    40       2014   

ဖြူးချောင်း             40      2015      

အထက်
ပေါင်းလောင်း       140      2015      

ဘီလူးချောင်း ၃       52     2015

( ဒါက ဘစိန် လက်ထက်ရေအားလျှပ်စစ်စက်ရုံ)
   
--------------------
TOTAL                          3052
--------------------

           သယံဇာတ မရောင်းချခဲ့တဲ့  မဆလ ခေတ်ကို ပြန်နုတ်ပြပါမယ် ။ 224  မဂ္ဂါဝပ် ရှိပါတယ် ။ ဒီတော့ စစ်အစိုးရလက်ထက် သီးသန့်ဆိုရင်  2828  မဂ္ဂါဝပ် ထုတ်နိုင်ခဲ့ပါတယ် ။

       ဒါတွေက နိုင်ငံတော်ဘက်ဂျက်နဲ့ တည်ဆောက်​ပေးခဲ့တဲ့ နိုင်ငံပိုင် ရေအားလျှပ်စစ်စက်ရုံတွေချည်း ဖြစ်ပါတယ် ။ အခြား နေစွမ်းအင်တို့ ၊ သဘာဝဓာတ်ငွေစက်ရုံတို့ လုံးဝမပါသေးပါဘူး ။ 

       လျှပ်စစ်ဘယ်လိုဖြန့်သလဲကြည့်ပါ ။ ပထမဆုံး 66 Kv/33 Kv လို ဓာတ် အား ခွဲရုံကြီးတွေ တည်ဆောက်ရ ပါတယ် ။

         ပြီးရင် မဟာဓါတ်အားလိုင်း ကွန်ယက်ကြီး တည်ဆောက်ပြီးမှ 11 Kv နဲ့ လိုင်းတွေ ခွဲထုတ်ပြီး ထရန်စဖော်မာတွေ နဲ့ ကျေးရွာ တွေကို စနစ်တကျ ခွဲဝေပေးခဲ့ပါ တယ် ။ ဒီလိုပေးရာမှာ 66  / 33  အစရွိတဲ့ ခွဲရုံတွေဆီက ဖြန့်နိုင် သလောက်ပဲ ပမာဏတိကျစွာ ပေးဝေစေခဲ့ပါတယ် ။ 

          နောက်ပြီး လျှပ်စစ်ရဲ့ သဘောတရားနဲ့ သီအိုရီတွေအရ 11 Kv ဆိုတာ ၇ မိုင်ခန့်သာ သင့်တော်ပေမယ့် NLD လက်ထက်မှာ ၁၂ မိုင် ၁၃ မိုင်အထိ ဆွဲနေတာ တွေ့ရပါတယ် ။ မရဘူးလား ? ရပါတယ်။ ပြဿနာက ဓါတ်အား
လေလွင့် ဆုံးရှုံးနေရတာပါပဲ ။ 

           NLD အစိုးရဟာ ယခင်ကာလ လုပ်နေသလို 66 Kv နဲ့ 33 Kv လို ခွဲရုံကြီးတွေ တည်ဆောက်ခြင်း မရှိတော့ပါဘူး ။ ဘုရားစူးလွတ် ရခိုင်မှာ ဘင်္ဂလီတွေအတွက် တည်ဆောက်ခဲ့တာတော့ တွေ့ရလေရဲ့ ။ 

        ဒီတော့ NLD တွေဟာ လျှပ်စစ်ကဏ္ဍ ယခင် 34 % မှ ယခု ၅ နှစ်အတွင်း 54 % ထိ တိုးတက်လာပါပြီ ဆိုကာ ဝါဒဖြန့်ပါတော့တယ် ။ သူတို့မပြောတာက ကမ္ဘာ့ဘဏ်က ချေးငွေ ဒေါ်လာ သန်း ၄၀၀ ယူပြီး မီးကြိုးဆွဲတဲ့ အလုပ်ပဲ လုပ်ပေးခဲ့ကြောင်း ရေအားလျှပ်စစ်စက်ရုံ တရုံမျှ မတည်ဆောက်ခဲ့ကြောင်း ၊ လျှပ်စစ်ဝန်ကြီး ဝင်းခိုင် ပိုးစိုးပက်စက် ပြည်သူ့ဘဏ္ဍာ ခိုးခဲ့ကြောင်း မပါတာလေးပါပဲ ။

         လျှပ်စစ်နဲ့ပတ်သက်ပြီး ဖြိုးမင်းသိန်းအကြံအဖန် လုပ်တာသတိရသေးတယ် ။ ရန်ကုန်မြို့ကြီး မီးပေးဖို့ဆိုပြီး တနာရီ ဂါလံ ၁၆၀၀ ဆီ စားတယ်ဆိုတဲ့ မီးစက်အစုတ်ကြီးကို တင်ဒါမခေါ်ပဲ ဘီလီယံ ၃၀ ပေးပြီး ဝယ်ပါရော ။

        မီးစက်ရာဇဝင်ပြန်လေ့လာတော့ ၂၀၀၅ လောက်မှာ အင်ဒိုဆူနာမီတုန်းက လှူထားတဲ့မီးစက်ကြီး ။ အဲဒီအဟောင်းကြီး ဆေးသုတ်ပြီး မြန်မာပြည်ထဲ သယ်လာရောင်းတာက မေဆွိ ယောကျာ်း ။ ဖြိုးမင်းသိန်းနဲ့ လက်ဝါးခြင်းရိုက် ဝါးခဲ့ကြတာပေါ့ ။ 

       ဒါတွေကြောင့် လျှပ်စစ်ကဏ္ဍနဲ့ပတ်သက်ရင် လျှပ်စစ်စက်ရုံတည်ပေးခဲ့တဲ့ လူတွေက အရေးကြီးသလား ပိုက်ဆံချေး မီးကြိုးသွယ်ရုံအဆင့်က အရေးကြီးသလားဆိုတာ လူလိုတွေးကြည့်ကြပါတော့ဗျာ ။ 

       နောက်တဆက်တည်းပြောရရင် လမ်းကိစ္စ ။ NLD တွေ လွှတ်တော်မှာ ကြွားကြတယ် လမ်းအားလုံးရဲ့ 73 % အဆင့်မြှင့်ပြီးကြောင်းတဲ့ ။ အဆင့်မြှင့်တယ်ဆိုတာ ကတ္တရာထပ်ပိုးခင်း ဘေးစည်း အလယ်စည်း ဆေးသုတ် ဒါပဲ ။ နှမ်းဖြူးပြတဲ့ အဆင့်ပေါ့ ။

       ဟ ဒါဆိုလည်း 73 % ကြီးများတောင် မဆိုးပါဘူးချီးမွှမ်းမစောသေးပါနဲ့ ။ နောက်ဆက်တွဲမေးခွန်းလာတော့ ပြန်ဖြေသွားတယ် ဦးသိန်းစိန်လက်ထက်က ပြီးခဲ့တဲ့ 63 % ပါ ရောပြောတာပါတဲ့ ။ ဒီတော့ NLD က နှမ်းဖြူးအဆင့်တောင် 10 % ပဲရှိတာပေါ့ဗျာ ။

       BOT စနစ်အရ ကုမ္ပဏီတွေ ပြန်ခင်းတာ နှုတ်လိုက်ရင် 5 % တောင် မကျန်တော့ဘူး ။ ဘက်ဂျက်သုံးတော့ ပဆင အနေနဲ့ ဦးသိန်းစိန်ထက် အများကြီး ပိုသုံးပြထားလေရဲ့ ။ 

      ကဲ ယှဥ်ကြည့်လေ စစ်တပ်က ဦးသိန်းစိန် ၅ နှစ်အပါအဝင်

ရထားလမ်းသစ်ဖောက်                         =  ၁၁၅၉.၀၄ မိုင်
ဘူတာရုံအသစ်ဆောက်                         =    ၂၉၃ ရုံ
လေယာဉ်ကွင်း                                       =      ၁၇ ခု
ကားလမ်း                                               =  ၅၀၀၅.၃ မိုင်
ပေ၁၈၀ အထက်တံတား                        =     ၁၉၅ စင်း

          ဒါတွေလုပ်ပြခဲ့တယ် ။ နှစ်ကာလ နဲ့ အသုံးစရိတ်အရ NLD သည် အနည်းဆုံး ၅ ပုံ တပုံ တည်ဆောက်နိုင်ရပါမယ် ။ 

      ကဲ ဘယ်မလဲ NLD တည်ဆောက်ထားတဲ့....

- ​ရေအားလျှပ်စစ်စက်ရုံ

- အဝေးပြေးလမ်းမကြီး

- ရထားလမ်း (ဘူတာရုံ)

- လေယာဥ်ကွင်း

        ကဲ NLD က လျှပ်စစ်ဝန်ကြီးနဲ့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးတွေကို ဘာကြောင့်ဖမ်းရသလဲဆိုတဲ့ အဖြေ နဲ့ တိုင်းပြည်ကို ဘယ်သူတွေ တည်ဆောက်ခဲ့ကြရပြီး ဘယ်သူတွေက ပြည်သူ့ဘဏ္ဍာပိုခိုးခဲ့ကြသလဲ ဆိုတာ တိကျတဲ့ အချက်အလက်တွေနဲ့ လာငြင်းကြစမ်းပါ ။ 

        ကိုရွှေမျိုးဝင်း

(NLD ရဲ့ လုပ်ဆောင်ချက်နဲ့ ရလာဒ်က အပြောကြီးသလောက် အနှစ်မပါတဲ့ အခုလို ကြက်ဥပြုတ်ပြတဲ့ အဆင့်ပါကွာ)

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...