Thursday, June 16, 2022

ညှိကွပ် ဗိုလ်ချုပ်ကြီး မောင်မောင်အေး သို့



         ပြည်သူ့စစ် နဲ့ တပ်မတော်သား 14 / 15 ယောက်ကို ကန်နီကျေးရွာ မြိုင်မြို့နယ်မှာ ဖွဲ့စည်းပြီး တာဝန်ပေးထားပါတယ် ။ 

        မနက်က PDF တွေ သာလွန်အင်အားနဲ့ ဝင်တိုက်ကြပါတယ် ။ ရွာပြင်ထွက်အလုပ်လုပ်နေတဲ့ ရွာသူရွာသားတွေ အသတ်ခံကြရတယ် ။ ရွာထဲကိုတော့ ပြည်သူ့စစ်က ခုခံကာကွယ်ထားနိုင်လို့ မဝင်နိုင်ကြသေးဘူး ။ 

        လူပဲကာကွယ်နိုင်တာ လက်နက်ကြီးကျည်ကို မကာကွယ်နိုင်လို့ ရွာထဲမှာ ပေါက်ကွဲမှုဖြစ်တယ် ။ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ရဲဘော်တွေ တိုင်းဌာချုပ်ထိ အကူအညီတောင်းပြီးပြီ ။ ခုခံနေတာ တနာရီကျော်တဲ့အထိ ဘာအကူအညီမှ လာမပေးဘူး ။

        လေကြောင်းပစ်ကူလောက်မှ မပေးပဲ ကိုယ့်လူကို သတ်နေတဲ့ တိုင်းမှူးရဲ့ စီမံခန့်ခွဲမှုက ဘာလဲဆိုတာ မေးမြန်းဖို့ လိုအပ်နေပါပြီး ။ 

       ဒီလို အသေးအဖွဲ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ကအစ ခင်ဗျားတို့ အလေးထား ကာကွယ်ကြဖို့ တာဝန်ရှိပါတယ် ။ ဒါတွေကို ညှိကွပ်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး အဆင့်ထိ သိရှိကွပ်ကဲဖို့ လိုနေပြီလားလို့ တိုင်းမှူးအစီအမံက မေးနေပါပြီ ။ 

       ဒီရွာကျသွားရင် ပြည်သူ့စစ် နဲ့ ရဲဘော်တွေကို တိုင်းမှူးကိုယ်တိုင် သတ်တာပါပဲ ။ အသံဖိုင်ထဲက ပြောနေသူဟာ ပြည်သူ့စစ်ခေါင်းဆောင်ကိုယ်တိုင်ဖြစ်ပါတယ် ။ တပ်မတော်ကို ယုံကြည်အားကိုးလို့ ပြည်သူ့စစ်ဖွဲ့ပြီး လူယုတ်မာ PDF တွေကို ငွေကြေး ခံစားခွင့် တစုံတရာမရပဲ အသက်စွန့် တိုက်နေကြတာပါ ။ တန်ဖိုးထားတတ်ကြပါစေ ။ 

(အသံဖိုင်က save ပြီး တင်ဖို့ လုပ်နေတာ ကြာပြီ မရတဲ့အတွက် ဒီအတိုင်းတင်ပေးလိုက်ပါတယ်) 
        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...