Thursday, June 16, 2022

ဒုစရိုက်ကို ဂရုစိုက်ဖို့



           မနေ့က ဘားလမ်းကိစ္စ နဲ့ နောင်ချိုကိစ္စတွေအတွက် အုတ်အော်သောင်းနင်း ဖြစ်ကြရပါတယ် ။ 

          ဘယ်သူတွေယုတ်မာ​နေ​ကြသလဲဆိုတာ အားလုံးအသိပါပဲ ။ အခြေခံဇစ်မြစ်ကတော့ နစကကို မကြောက်တော့တာက စလာတာပါပဲ ။ ကြောက်လောက်အောင် လုပ်ပြရမယ့်အချိန်မှာ မလုပ်ပြနိုင်ခဲ့လို့ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်နေရတာပါ ။

         အခုဆိုရင် ပြည်သူတွေမှာ သွားလည်းမလုံခြုံ ၊ စားလည်းမလုံခြုံ နဲ့ နောက်ဆုံး ရန်ကုန်လိုမြို့ကြီးမှာတောင် ကိုယ့်အိမ်ကိုယ်နေပြီး ဒါးပြတိုက်ခံနေကြရပါပြီ ။

          ကားလမ်းမပေါ်မှာ လမ်းဘေးချ မအိပ်ရဲတော့ဘူး အယုအယက်တွေ ဗုန်းဗောလအော ဖြစ်နေလို့ပါပဲ ။ 

         ဒါမျိုးတွေအတွက် နစကကို ဝေဖန်တော့ အများဆုံးတုန့်ပြန်လေ့ရှိတာက မင်းတို့ ကိုယ့်မိသားစုကို နိုင်အောင်အုပ်ချုပ်ကြည့်အုံးတဲ့ ။ ကိုယ့်အလုပ်သမားတောင် ကိုယ်မနိုင်ဘူး တနိုင်ငံလုံးဆို ပြောမနေနဲ့တဲ့ ။

        ကျနော်လည်းအဲဒါကို တွေးကြည့်တယ် ။ ကွာခြားချက် အကြီးကြီး လာတွေ့ရပါတယ် ။ မိသားစုကို နိုင်အောင်ထိမ်းဖို့ဆိုတာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အနေအထားမှာ ဘယ်လွယ်မလဲ ။ ဒီလိုထိမ်းရမယ့် အလုပ် တခုထဲမှ မဟုတ်တာ ။

       နောက်အလုပ်သမားကို မနိုင်တဲ့ အလုပ်ရှင်ကိုကြည့်အုံး သူမကျေနပ်ရင် အလုပ်ထုတ်တဲ့ ပြစ်ဒဏ်ကလွဲရင် အလုပ်သမားကို ဖမ်းချုပ်လို့မရဘူး ၊ ရိုက်ဖို့ သတ်ဖို့ဆိုတာ အဝေးကြီး ။ 

          ကဲ ဒါဆို တပြည်လုံးထိမ်းရမယ့် အစိုးရဘယ်လိုထိမ်းနိုင်ပါ့မလဲ ဆိုတဲ့မေးခွန်းအတွက် အဖြေ လာပါပြီ ။   

         အစိုးရဆိုတာ တိုင်းပြည်ကို စောင့်ရှောက်ရမယ့် အလုပ် ၊ စီးပွားရေး လူမှုရေး ပညာရေး မြှင့်တင်ရမယ့် အလုပ်အတွက် တာဝန်သီးသန့်ယူထားတဲ့ အဖွဲ့အစည်းကြီးဖြစ်ပါတယ် ။

        သူ့အတွက် အသုံးစရိတ် များစွာ သုံးစွဲခွင့်ပြုထားပါတယ် ။ ထို့အတူ လူတွေကို ဖမ်းဆီးခွင့် ၊ ထောင်ချခွင့် နောက်ဆုံးကုန်ကုန်ပြောရရင် သေခွင့် ရှင်ခွင့် ဆိုတဲ့ အစွမ်းကုန်သော အာဏာထိ ပေးအပ်ထားပြီး ဖြစ်နေပါတယ် ။

        ဒီလိုမျိုး ငွေကြေး (ဘက်ဂျက်) ၊ ဒီလိုမျိုး အဆုံးစွန်သော အာဏာဆိုတာ ဘယ်မိဘ ဘယ်အလုပ်ရှင်မှ မရထားကြပါဘူး ။ 

        ဒီတော့ မိသားစု အုပ်ချုပ်တာနဲ့ အလုပ်သမားအုပ်ချုပ်ရတာကို အစိုးရတရပ်နဲ့ ချိန်ထိုးပြီး ဖြေလျှော့တွေးပေးလို့ မရနိုင်ပါဘူး ။ 

         ရပ်ရွာအတွင်းရှိ PDF အကြမ်းဖက်နဲ့ အကြမ်းဖက်အားပေးတွေကို အပြင်းအထန်နှိမ်နင်းနေသလို ရပ်ရွာအတွင်းရှိ လူဆိုး လူမိုက် သူခိုး ဂျပိုးများကိုလည်း ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ လိုအပ်နေပါပြီ ။ 

          ရပ်ကျေး မြို့နယ် ခရိုင် တိုင်း ဆိုပြီး အဆင့်ဆင့်တာဝန်ခွဲဝေယူထာတဲ့ အုပ်ချုပ်သူတွေကို တာဝန်မကျေရင် မကျေသလို ကျေရင် ကျေသလို ဆုပေး ဒဏ်ပေးစနစ်နဲ့ တင်းကြပ်စွာ ကိုင်တွယ်ရမယ့် အခြေအနေဖြစ်နေပါပြီ ။

        ဒါတွေက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စများအပေါ် ဝေဖန်ထောက်ပြခြင်း ဖြစ်ပါတယ် ။ ထို့အတူ မလုပ်သင့် မလုပ်ထိုက်တာကိုလည်း ဝေဖန်ချင်ပါတယ် ။

         အစိုးရမီဒီယာများဖြစ်တဲ့ MRTV နဲ့ MWD ကိုကြည့်ပါ ။ မနေ့က နောင်ချိုသတင်း နဲ့ ဘားလမ်း သတင်းတို့ကြောင့် ပြည်သူတွေ တုန်လှုပ်နေချိန်မှာ တပ်ချုပ်ကြီး သစ်ပင်စိုက်ပွဲမှာ အေးအေးလူလူ ရေလောင်းနေတာ စိမ်ပြေနပြေ ပြနေလေရဲ့ ။ 

         မီဒီယာပညာ မတတ်သေးပဲ ဖားယားပြီး တပ်ချုပ်ကြီးပုံ စွတ်တင်နေကြတာ တပ်ချုပ်ကြီးကို ပြည်သူတွေ အမြင်စောင်းအောင် တမင်လုပ်နေသလားလို့တောင် မေးချင်ပါတယ် ။ သတင်းတင်ဆက်ရာမှာ အကင်းပါးဖို့ အများကြီးလိုအပ်ပါသေးတယ် ။

          ည ၈ နာရီသတင်းအတွက် ပလန် B လေး ဘာလေး စီစဥ်ထားကြပါအုံး ။ ည ၈ နာရီ  မထိုးခင် ထူးခြားတဲ့ ဝမ်းနည်းဖွယ် သဖွယ်ဖြစ်ပွားခဲ့ရင် တပ်ချုပ်ကြီး အေးချမ်းသာယာစွာ ၊ ဘုရားဖူးနေတာ ၊ လည်ပတ်ပျော်ရွှင်နေတာတွေတဲ့ အရုပ်နဲ့အသံကို ပြန်ဖျက်ပြီး ပလန် B သတင်း အစားထိုးကာ ပယ်ဖျက်တဲ့ သတင်းကို စာတမ်းထိုးအဆင့် ပြောင်းလဲနိုင်ရပါမယ် ။

         ဖြစ်စဥ်အတွက် စိတ်မကောင်းကြောင်း အပူတပြင်းကြိုးစားနေကြောင်း ဘာညာကွိကွ သတင်းတွေ ထုတ်ပြန်ရပါမယ် ။ 

        အခုတော့ စာအုပ်ကြီးအတိုင်းပဲ မပြောင်းရဲကြပဲ ပုံမှန်လွှင့်နေတယ် ။ အပြင်အောက်မှာ ဝုန်းဒိုင်းကြဲ သေနေကြတယ် အလုခံရ အခိုးခံရ ဖြစ်နေကြတယ် ။ ဒီတော့ ကြည့်မိတဲ့ပြည်သူက တပ်ချုပ်ကြီးက သူမခံစားလို့ အေးအေးဆေးဆေး ဘုရားဖူးနေနိုင်တာ ၊ လျှောက်လယ်နိုင်တာ နဲ့ စာနာစိတ်မရှိသုအဖြစ် ခံစားလာကြရတာ မီဒီယာပညာညံ့ဖျင်းလို့ဗျ ။

        ဒီနိုင်ငံမှာ ဒုစရိုက်ကို ဂရုစိုက်ဖို့ အရေးတကြီးလိုအပ်နေပါပြီ ။ အလားတူပဲ တာဝန်မကျေတဲ့ ပြည်ထဲရေးက တာဝန်ရှိသူတွေကိုလည်း အရေးယူဖို့ လိုအပ်နေပါပြီ ။

         ကိုရွှေမျိုးဝင်း

(အင်း..ဝေဖန်ထောက်ပြမှုသာ လုပ်နေရတာ ကိုက်ရမယ့် PDF ခွေးက မကိုက်ပဲ ဒါမျိုးတွေအန္တရာယ်ကလည်း ကြောက်ရသေးသဗျ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...