Thursday, June 16, 2022

ကစားကွက်



          နိုင်ငံရေးကစားကွက်တွေနဲ့ ကစားနေကျတာ ခပ်သွက်သွက်ဖြစ်လာနေတဲ့ထဲက လှုပ်ခတ်နေတဲ့ ကစားကွက် နှစ်ခုကို တွေ့မြင်ရပါတယ် ။ 

        ပထမ ကစားကွက်က PDF တွေထဲက ပြစ်မှုကျူးလွန်ထားသူ မဟုတ်ရင် လက်နက်နဲ့အလင်းလာဖို့ ကြေညာချက်ထုတ်လိုက်တယ် ။ ဒီလောက်သက်ညှာရမလား ဆိုပြီး အချို့က ပေါက်ကွဲကြတယ် ။ 

         တကယ်တန်းတော့ နစက ကလည်း ပြန်ကစားပြတာပါပဲ ။ ပြစ်မှုလုပ်မထားရင် ဆိုတဲ့ စကားနဲ့ လက်နက်နဲ့တကွ ဆိုတဲ့ သတ်မှတ်ချက်နှစ်ခုက အတော်လေး တာသွားပါတယ် ။ 

         PDF အများစုအတွက် ပေးကားပေး၏မရ ဆိုတဲ့အကွက်မျိုးပါပဲ ။ ဘာလို့လဲဆိုတော့ ပြစ်မှုကျူးလွန်ပြီးသား PDF တွေကို ဒေသခံတွေ မသိမရှိပါဘူး ။ အသတ်ခံ အရိုက်ခံ အလုခံထားကြရတဲ့ လူတွေရဲ့ ဆွေမျိုးမိတ်ဆွေတွေက ဘယ်ဒီအတိုင်းထားမလဲဗျာ ။ သူ့ပြစ်မှုကို တိုင်ကြမှာပေါ့ ။

       နောက်လက်နက်နဲ့တကွဆိုတာကလည်း အတော်လုပ်ဖို့ခက်တဲ့အကွက်ဗျ ။ သေနတ်ကို လူစေ့မကိုင်နိုင်လို့ အလှူခံနေရ ၊ ပေါက်ကရလက်လုပ်တွေ ကိုင်နေရတဲ့ သူပုန်လက်သစ်​တွေအတွက်
ဒီထုတ်ပြန်ချက် အကြီးကြီး ရှော့ဖြစ်သွားစေပါတယ် ။ 

        ဒီကြေညာချက်ကို ဘာနဲ့ချိတ်ဆက်ကစားတာလည်းဆိုတော့ လောလောဆယ် ပွဲဆူနေတဲ့ ဂျင်မီ နဲ့ ဇေယျာသော် မသာလောင်းအစစ် နှစ်ယောက်နဲ့ ဆက်စပ်နေတာတွေ့ရပါတယ် ။ 

        ဟိုကမသတ်ပါနဲ့ ပြောလိုက် ၊ ဒီက ဆိုင်းငံ့ပါအုံး တောင်းဆိုလိုက် နဲ့ ဟော နောက်ဆုံး မီးစတဖက် ရေမှုတ်တဖက် ဟွန်ဆန်ကတောင် စဥ်းစားပါအုံး ဘာညာ နဲ့ မြန်မာပြည်ကို သူ့တပည့်လိုလို ဘာလိုလိုနဲ့ သြဇာသီးလာရောင်းနေတဲ့အထိ အချုပ်အခြာအာဏာကို စော်ကားလာနေတာ အားလုံးအသိပါပဲ ။ 

           ဒီပွဲကို ကျနော်တို့ ရင်တမမနဲ့ စောင့်ကြည့်နေကြရတာ အမှန်ပါပဲ ။ ဒီကိစ္စကို ပြည်ပဖိအားကြောက်ပြီး အလျော့ပေးကြည့်ပါက တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာအားလုံး ရေစုန်မျှောသွားရမှာ ဖြစ်လို့ အလွန်စိုးရိမ်ကြရပါတယ် ။ 

        တိုင်းပြည် နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်အချိုးကျနေတဲ့ ပြဿနာအပေါ် နစက ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို ဇာတိမာန်ထက်သန်သူများ ရင်ထိတ်နေခဲ့ကြရတာအမှန်ပါပဲ ။ 

         အဲဒီအချိန်မှာ ပထမဆုံး PDF ကိစ္စ ကြေညာချက်ထုတ်ပြန်ပြီး နောက်ထပ် ဟွန်ဆန်ရဲ့ တောင်းဆိုချက်ကို ပယ်ချလိုက်တယ်ဆိုပြီး သတင်းထုတ်ပြန်တော့မှ '' ဟင်း '' ချနိုင်ခဲ့ကြပါတယ် ။ အဲဒီအတွက်လည်း နစကကို ကျေးဇူးတင်ပါတယ် ။ 

       အချို့သော နိုင်ငံရေးပရိယာယ်တွေကို စိတ်ခံစားမှုသက်သက်နဲ့ ရှုမြင်သုံးသပ်လို့ မရနိုင်ပါဘူး ။ 

        PDF အချို့ လက်နက်ချလာကြလည်း သူတို့ဘဝက ဆုံးနေပါပြီ ။ ပတ်ဝန်းကျင်ကနေ ခြေလှုပ်ခြေ လက်လှုပ်လက် စောင့်ကြည့်ခံရယုံမက လက်နက်မချတဲ့ အကြမ်းဖက်အုပ်စုကလည်း ဘယ်ချမ်းသာပေးမလဲ သတ်ဖို့ ချောင်းနေမှာပဲ ။ ဝဋ်လည်ပြီး အိပ်မရ စားမဝင်ဖြစ်နေရမှာပါပဲ ။

        ဒီတော့ နစကရဲ့ ဒီကြေညာချက်သည် အရေးကြီးပါတယ် ။ နစကအနေနဲ့ သေဒဏ်ပေးထားသော အကြမ်းဖက် ၁၀၀ ကျော်သည် သေသင့်သေထိုက်သူများသာ ဖြစ်ကြောင်း ၊ ကြီးမားတဲ့ ပြစ်မှုမကျူးလွန်တဲ့ အကြမ်းဖက်သမား​တွေကိုတော့ ဒီလိုခွင့်လွတ်ပါကြောင်း ကမ္ဘာသိအောင် နိုင်ငံရေးကစားပြတဲ့ အဆင်အကွက်သာဖြစ်ပါတယ် ။

- အကြမ်းဖက်အချင်းချင်း စိတ်ဝမ်းကွဲမယ် (ပြစ်မှုကျူးလွန်ထားတဲ့ လက်ရဲဇတ်ရဲသမားတွေနဲ့ ဝေလေလေ အုပ်စု)

- မတတ်သာလို့ မဖြစ်မနေလိုက်သွားရတဲ့ လူအချို့ လမ်းပွင့်သွားမယ် 

(ဒီနေရာမှာ အုတ်ရောရော ကျောက်ရောရော ပါလာနိုင်တာမို့ တိုင်းပြည်တည်ငြိမ်တဲ့အထိ အကျယ်ချုပ်သဘော ထိမ်းသိမ်းထားသင့်ပါသေးတယ် ၊ အကယ်၍ အလင်းဝင်တဦးဦး လူသတ် ဖောက်ခွဲ ထွက်ပြေးသွားရင် နစက အပြစ်ဖြစ်ရမှာမို့ သတိကြီးစွာ ထားရပါမယ်)

- ပြည်တွင်း ပြည်ပ အာချောင်နေသူများ လူယုတ်မာကာကွယ်ရေး အုပ်စုများ အားပျော့သွားစေပါမယ် ။ 

- သေဒဏ်စီရင်ရာမှာ ထိုက်တန်လို့သာ စီရင်ခြင်းဖြစ်ကြောင်း သက်သေပြပြီးဖြစ်ပါလိမ့်မယ် ။ 

          ကိုရွှေမျိုးဝင်း

(တခါတလေ တကယ့်ပစ်မှတ်အတွက် လွဲချင်ယောင်ဆောင်ရတာလည်း ရှိတတ်ပါသေးတယ်)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...