Sunday, June 19, 2022

ပခြုပ် မဲ့ နွား



          ဒီကနေ့ တပ်မတော်ထောက်ခံသူတွေ သဘောထားကွဲနေရတဲ့ ပြဿနာက PR စနစ် နဲ့ နိုင်ငံသား အခွင့်အရေးပြဿနာ အပေါ် အကောင်းမြင်လွန် တနည်း ဥပဒေနဲ့အညီ ဆိုတဲ့ ပုဂ္ဂိုလ်များက တဖက် ဘယ်နည်းနဲ့မှ လွတ်တော်ထဲ လူမျိုးခြား မရောက်စေရ ဆိုတဲ့ အမြင်က တဖက် ငြင်းနေကြတာပါ ။ 

        ဒီနေရာမှာ တပ်မတော် ဘာလုပ်လုပ် မှန်တယ် မင်းတို့ထက် တော်သော ပုဂ္ဂိုလ်ကြီးများ နဲ့ နစက ဖွဲ့စည်းထားတယ် ဆိုပြီး အချင်းချင်း နှိမ်ချပြောဆိုပြီး  အထက်စီးကနေ ဖားယား ဘောယက်ကာ ဝေဖန်နေကြတာရှိပါတယ် ။

     အချို့ကလည်း ၂၀၀၈ ခြေ/ဥ ပေးထားချက်အရ ဒီလိုဖြေဆိုတာ မှန်ကန်ကြောင်း ပုဒ်ထီး ပုဒ်မ များနဲ့ ပြေလည်ရာ ပြေလည်ကြောင်း အချင်းချင်း ဖြောင်းဖျ ရှင်းပြချက်တွေကိုလည်း ဖတ်ရပါတယ် ။ 

        ပထမဆုံး ပြောချင်တာက နစက ဘာလုပ်လုပ် မှန်တယ် တော်တယ် ဆိုပြီး အထက်စီးက ပြောနေသူတွေကို ကျနော်ကတော့ စောက်ရူးတွေလို့ပဲ သတ်မှတ်ထားတယ် ဆိုတာပါပဲ ။

         အခြား စည်းလုံးညီညွှတ်မှု ရှေးရှူပြီး ဥပဒေက ဘယ်လို ၊ နိုင်ငံသားဆိုတာ ဘယ်လို နဲ့ သူတပါးကို မပုတ်ခတ်ပဲ ပြောသူတွေကို ရှင်းပြချက်များအား သဘောမတူသော်လည်း လေးစားပါတယ် ။ 

         ဒီပြဿနာက အဓိကကျတဲ့ ပြဿနာဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းရဲ့ '' ပေးကို ပေးရမယ့် အခွင့်အရေး '' ဆိုတာရယ် ၊ ပူပေါင်းကို အပ်နဲ့ထိုးလို့ ပေါက်ပေါက်တာ ပူပေါင်းကြောင့် ၊ သံလုံးကို အပ်နဲ့ ထိုးလို့ မပေါက်ဘူး ဆိုတာကိုလည်း ပြောချင်လာပြန်တယ် ။ 

        ကျနော်တို့ ၂၀၀၈ ခြေ/ဥ အရ ယခင်ရွေးကောက်ပွဲတွေမှာ ဘာသာခြား ပါတီ ၃ ခု ပါဝင်ခဲ့တယ် ။ သို့သော် NLD ထီးရိပ်အောက်မှာ ဘာသာခြားမဲ များကို အပေးအယူ သဘောတူညီချက်တွေ နဲ့ စုပေးခဲ့ကြလို့ NLD ဆီမှာ မဲတွေရောက်သွားပြီး ပါတီ ၃ ခုဟာ အက်ရှင်မရှိခဲ့ဘူး ။ 

        FPTP စနစ်အရလည်း ပြဿနာ မရှိဘူး မုတ်ဆိတ် ပရိုဖိုင်နဲ့ မဲဆွယ်တာနဲ့ 87 % သော ဗုဒ္ဓဘာသာမဲတွေက ဆန့်ကျင်ဖက်ဆီ ရွှေ့သွားမှာ ဆိုတော့ FPTP စနစ်မှာ ဘာသာခြားတို့ ပါတီထောင်ခွင့် ပေးထားတာ မှန်တယ် ။ 

       ၂၀၀၈ ခြေ / ဥ မှာ ရည်ရွယ်မထားတဲ့ PR စနစ်ဟာ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်ကို ရောက်လာပြီ ။ အမတ်လောင်း ပရိုဖိုင် မလိုတော့ဘူး ။ ပါတီကြည့်ပြီး မဲ ပေးရတော့မယ် ။ 

         ပါတီ ၉၀ ကျော်သော တိုင်းရင်းသားပါတီတွေ ညီညွှတ်မယ် ထင်ပါသလား ။ လူနည်းစု ရှမ်း ကရင် ကယား တို့လို ပြည်နယ်တွေမှာတောင် ပါတီ တခုတည်း စုစည်းလို့ရပြီလား ပြန်ကြည့်ကြပါအုံး ။ ကျန်တဲ့ ဗမာအာဏာရူး ပါတီ အများစုကိုတော့ ပြောမနေနဲ့ ။ 

      ဘာသာခြားတို့က ခင်ဗျားတို့လို မဲ ကွဲသွားမယ် ထင်နေသလား ။ ဘာတဲ့ ပြည်သူတွေ စည်းလုံးပြီး ကိုယ့်ဖက်က သံလုံးလို မာနေရင် ကိစ္စမရှိဘူး ဆိုပဲ ။ 

     တကယ့်အရူးစကားဗျ ။ 
သူပုန် ၁၀၀ ကျော် ၊ ထိမ်းမရသေးတဲ့ အနယ်နယ် အရပ်ရပ်က PDF ၊ အစိုးရစာသင်ကျောင်းမှာ နိုင်ငံတော် အလံချပြီး ရခိုင်အလံတင်နေတဲ့ AA ၊ တရုတ်ငွေ နဲ့ သူ့နယ်မှာ သုံးနေတဲ့ ဝ တပ်ဖွဲ့ ။ ဘယ်မလဲ စည်းလုံးမှု ။ 

      မဲပေးမယ့် ပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်ကြည့်လိုက်အုံး ။ ကိုဗစ်ထောက်ပံ့ကြေး ပြည်သူ့ဘဏ္ဍာနဲ့ ပေးတာကို အမေစု ပေးတာဆိုတဲ့ စောက်ရူးတွေက အများစု ။ တောအရပ်ဒေသတွေမှာ ဇေ အရက် တနေ့ တလုံးနဲ့ တပတ်လောက် တိုက်ရင် ဘာပါတီမှန်း မသိပဲ မဲပေးမယ့် စောက်အရက်သမားတွေက တပုံတခေါင်း ။ 

       ဒီတော့ ပြည်သူဆိုတာ ဇော်မဲလုံးပြောထားတဲ့ သံလုံးမပြောနဲ့ ပူပေါင်းတောင် အဆင့်ရှိရှိ ရာဘာပူပေါင်း မဟုတ်ဖူး လေတိုက်မခံတဲ့ ဆပ်ပြာပူပေါင်း အဆင့် ခင်ဗျားတို့ ရဲရဲ ပြတ်ပြတ် ပြန်တွေးဖို့ ကောင်းပြီ ။ 

         ဒါတွေ ပြောနေရတာ PR ကို ဆန့်ကျင်တာ မဟုတ်ဖူး ၊ လိုအပ်တဲ့ ကာကွယ်မှု ပြင်ဆင်မှု လုပ်ပြီးမှ ဆောင်ရွက်ဖို့ ၊ မလုပ်ရသေးရင် အချိန်ရှိတုန်း လုပ်​ကြဖို့ ထောက်ပြဝေဖန်နေကြတာပဲ ။

      ဘယ်လိုကာရမလဲ လေ့လာအဖြေရှာရမယ် ဆိုရင် ...... 

ပုဒ်မ ၁၂၀
-------
- အောက်ပါအရည်အချင်းများနှင့်ပြည့်စုံသူသည်
ပြည်သူ့လွှတ်တော်သို့လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည် -

(က) အသက် ၂၅ နှစ်ပြည့်ပြီးသူ။

(ခ) နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသောနိုင်ငံသားဖြစ်သူ။

        အရေးကြီးတဲ့ အပိုဒ် (ခ) ကြည့်ပါ ။ ဆက်လက်ကြည့်ပါ ။

ပုဒ်မ ၃၄၅။ အောက်ဖော်ပြပါ
အရည်အချင်းတစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏
နိုင်ငံသားများဖြစ်ကြသည် -

(က) 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏
တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူ။

         ဒီ ပုဒ်မ နဲ့ နိုင်ငံသားဆိုတဲ့ အဓိပ္ပါယ်ကို တင်းကျပ်စွာ ပြန်ချုပ်ကိုင်ရတော့မယ် ။ နိုင်ငံသား မှတ်ပုံတင် ရထားရုံနဲ့ နိုင်ငံသားလို့ သတ်မှတ်လို့ မရဘူး ။ တိုင်းရင်းသား မိဘ နှစ်ပါးက မွေးဖွားသူသာ ဆိုတဲ့ အချက်ဟာ မိမိဖက်က အုတ်တံတိုင်းသဖွယ် သုံးချင် သုံးလို့ရပါတယ် ။ 

        ဘာသာခြား လူမျိုးခြား ဆိုတာနဲ့ မီးသွေးခဲချည်း မြင်မနေပါနဲ့ အရှေ့ဖက် အဖြူတွေပါ စဥ်းစားကြပါ ။ သူတို့ပေါင်းလိုက်ရင် အနည်းဆုံး 30 % ရှိပါမယ် ။ 

      ကျနော် နိဂုံးချုပ်ပါမယ် ။ ၂၀၀၈ ခြေ / ဥ အရ ပါတီမှတ်ပုံတင်ခြင်း ကန့်သတ်ခြင်းများအား FPTP စနစ်နှင့် မတူညီသည့် CLOSE PR စနစ်အတွက် ပြင်ဆင် ကန့်သတ်ခြင်း ဥပဒေကို UEC မှ ပြင်ဆင်ပြဌာန်းပေးဖို့ လိုပါတယ် ။ 

        သီးနှံ စိုက်ပျိုးဖြစ်ထွန်းနေတဲ့ လယ်ကွက်အကြိုအကြားကို အစားသရမ်းတဲ့ နွားမောင်းသွားရင် တွေ့သမျှ ဆွဲမစားနိုင်အောင် လူက စောင့်ကြည့်ထိမ်းထားသလို ပခြုပ်လည်းတပ်ထားရပါတယ် ။ ဒါက FPTP စနစ်မို့ နွားကို သီးနှံစိုက်ခင်းထဲ ဖြတ်သွားခိုင်းတာပါ ။ 

       အခု ကျင့်သုံးမယ့် CLOSE PR စနစ်မှာ ဒီအတိုင်းမစီစစ်ပဲ FPTP စနစ်လို ပြည်သူရွေးမှ ရတာပါလို့ လွယ်လွယ်လေး တာဝန်မဲ့ပြော ကျင့်သုံးရင်တော့ ထိမ်းသူမပါတဲ့ အစားသောင်းကျန်းတဲ့နွား ပခြုပ်ဖြုတ်ပြီး သီးနှံစိုက်ခင်းထဲ လွှတ်ပေးလိုက်တာနဲ့ အတူတူ ဖြစ်တော့မှာ ကို စိုးရိမ်လို့ ဝေဖန်ထောက်ပြနေကြတာလို့ပဲ ဆိုပါရစေ ။ 

          PR ကို ဆန့်ကျင်နေကြခြင်း ၊ တပ်မတော်ကို ဆန့်ကျင်နေကြခြင်း မဟုတ်ပဲ နိုင်ငံတော် သီးနှံစိုက်ခင်းထဲ ပခြုပ်မပါတဲ့ နွားတွေ ဝင်မလာစေရန် နည်းလမ်းရှာ ဆောင်ရွက်ကြဖို့ အကြံပြုနေခြင်းသာ ဖြစ်ကြောင်း သဘောပေါက်ဖို့ ကောင်းနေပါပြီ ။

(ဒီပို့စ် အတွက် ဆတ်ဆတ်ခါ နာနေတာ ဘယ်လိုလူမျိုး ဖြစ်မလဲ.. ? ဒီ ပို့စ်ကို သဘောမတူဘူး မရေးပါနဲ့ဆိုတဲ့သဘောနဲ့ ပိတ်ပင်တာ  တိုင်းပြည် နဲ့ လူမျိုးကို ချစ်လို့လား ၁၃၅ မျိုးတို့ တွေးကြည့်ပါ) 

         ကိုရွှေမျိုးဝင်း

{ ​တခါတလေ ထင်းနေတဲ့ အလိမ်အညာ ဆိုင်းပုဒ်အောက်က အမှန်တရား မှိန်မှိန်လေးကို မြင်အောင်ကြည့်တတ်ဖို့လည်း လိုတယ်ဗျ }

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...