Thursday, June 16, 2022

ဘယ်သူမှ မမှားဘူး


         ကိုကျော်စွာရဲ့ ပြဿနာကို မနေ့ကတွေ့တယ် ။ နှစ်ဖက်လုံးက သူမှန်တယ် ကိုယ်မှန်တယ် နဲ့ ငြင်းနေကြတယ် ။ တကယ့်ပကတိတရားခံကို ဘယ်သူလက်ညှိုးထိုးပြမလဲလို့ စောင့်ဖတ်နေမိတယ် ၊ ကိုယ့်ဝေါလ်မှာတော့ ပေါ်မလာသေးပါဘူး ။ 

         ကိုကျော်စွာဆိုတာ တပ်မတော်နဲ့ ပြည်သူကိုထိရင် လုံးဝသည်းမခံတတ်တဲ့ မျိုးချစ်စိတ် 100 % ကျော်နေတဲ့ တပ်မတော်အရာရှိ ဖြစ်ခဲ့ဖူးသူ ။ NLD လက်ထက်မတိုက်မှီကတည်းက NLD တို့ရဲ့ ရန်သူ ။ သူနဲ့ ကိုရဲမိုးတို့က ပူးတွဲချန်ပီယံ ။

           အခု သူ့ဆီကို သူယုံကြည်ရတဲ့ တစုံတယောက်က သတင်းပေးပို့လာတယ် ။ ယခင်ကလည်း ယုံကြည်ရသူအဖြစ် အချက်အလက်အမှန်အကန်တွေ ပေးခဲ့ဖူးသူမို့ ကိုကျော်စွာက အဲဒီ သတင်းကို လူပုဂ္ဂိုလ်ယုံကြည်မှုနဲ့ တင်ပေးလိုက်တယ် ။ 

          သတင်းက လက်ရှိတပ်မတော် အရာရှိတဦးကို နစ်နာစေမယ့် သတင်းဖြစ်နေတယ် ။ ကိုကျော်စွာသတင်းဆို ဦးစားပေးဖြေရှင်းလေ့ရှိတဲ့ နစက အနေနဲ့ အက်ရှင်ချက်ခြင်းယူဟန်ရှိပါတယ် ။ 

          အရေးခံရတဲ့ အရာရှိကြီးအဆင့်ကလည်း တိုင်းမှူးအလားအလာ မျှော်မှန်းရမယ့် အဆင့်မို့ သတင်းမှားနဲ့ ဖြေရှင်းရမှုအပေါ် သူ့ဘဝတက်လမ်းအတွက် အလွန်အရေးကြီးလှပါတယ် ။ တပ်မတော်သားတွေအတွက် စီနီယာတူခြင်း ပြန်ပြီး အမိန့်ပေးခံရ အလေးပြုရတာကို အလွန်မခံချိမခံသာ ဖြစ်လေ့ရှိကြတာကိုတော့ သာမန် အရပ်သားတွေ ကိုယ်ချင်းစာနိုင်ဖို့ ခက်ခဲပါလိမ့်မယ် ။

         ဒီတော့ တပ်မတော်အရာရှိကြီးလည်း သူဖြူစင်ကြောင်းပြဖို့ သတင်းမှားတင်မိတဲ့ ကိုကျော်စွာကို ၆၆ ဃ နဲ့ တရားစွဲပြမှ ရတော့မယ့်အနေအထားမို့ မစွဲချင်ပဲ စွဲလိုက်တာပါ ။

           ဒီတော့မှ အုတ်အော်သောင်းနင်းဖြစ်ပြီး အဖြစ်မှန်ကို တပြည်လုံးသိကြသလို နစကလည်း သိသွားပြီး အားလုံး ညှိနှိုင်း ပြီးစီးသွားရပါတယ် ။

         ဒီဖြစ်စဥ်အတွက် အပြစ်တွေ ဘက်အသီးသီးကပြောကြရင်း သွေးကွဲမနေကြပါနဲ့ ။

၁ ။ တပ်မတော်ကို ချစ်သော ၊ ပြည်သူကိုချစ်သော စိတ်နဲ့ ပို့စ်တင်တဲ့ ကိုကျော်စွာလည်းမမှားဘူး ။

၂ ။ မဟုတ်မမှန် သတင်းနဲ့ မိမိဘဝတက်လမ်း အပိတ်ခံရမှာ စိုးရိမ်လို့ မလွှဲရှောင်သာပဲ တရားစွဲရတဲ့ အရာရှိကြီးလည်း မမှားဘူး ။

၃ ။ မှားတာက ယုံကြည်မှုကို အခွင့်ကောင်းယူပြီး မသေချာတဲ့ သတင်းကို ပေးပို့ခဲ့တဲ့ ကိုကျော်စွာရဲ့ လူယုံသတင်း​​ပေးပဲ မှားတာပါ ။ 

          ကျနော်တို့ တိုက်ပွဲမပြီးသေးပါဘူး တွဲလက်တွေ ခိုင်မြဲနေမှ အောင်မြင်မှုကို လျှင်မြန်စွာ ဆုပ်ကိုင်နိုင်မှာပါ ။

           ကိုရွှေမျိုးဝင်း

(ဒီလို အနေအထား တိုင်းပြည်မှာ ထောက်ပြရသူတွေအတွက် ဟိုဖက် ဒီဖက် ချိန်ဆရတာ အလွန်ပင်ပန်းတယ် ၊ ကိုကျော်စွာရေ စိတ်ဓာတ်မကျပါနဲ့..အမှားမကင်းတဲ့ လူသား ကမ္ဘာမှာ မရှိသေးပါဘူး)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...