Monday, June 20, 2022

သွေးခွဲသူ ဘယ်သူလဲ..... ?



           တပ်မတော် နဲ့ ထောက်ခံသူတွေကြား သွေးထိုးပြီး ဖြိုခွဲဖို့ကြိုးစားနေတာ နီပိတ်တွေရဲ့ တသက်လုံးက လုပ်လာခဲ့ကြတဲ့ ရိုးရာသမားစဥ် အလုပ်မို့ မဆန်းပြားလှပါဘူး ။

           ထူးဆန်းတာက သွေးခွဲနေတဲ့ထဲမှာ မသိသလို သိသလို နဲ့ တမင်ကောက်ကျစ်စွာ ဆောင်ရွက်နေတဲ့ ဘောပိတ်တွေရဲ့ အပြုအမူကို တွေ့နေရတာပါပဲ ။

             တဖက်ကကြည့်ရင်တော့ နစကကြီးကို လိုလေသေးမရှိ ထောက်ခံနေတယ်ပေါ့ ၊ ဗိုလ်ချုပ်မှူးကြီးကို အသက်တမျှ ကြည်ညိုလေးစားသမှု ရှိနေပါတယ်ပေါ့လေ ။

           ဒီလိုမျိုး ဂိုက်ပေါက်တွေနဲ့ တပ်မတော်ထောက်ခံသူခြင်းအတူတူ နစကအပေါ် ဝေဖန်သူတွေကို အထက်စီးကနေ မင်းတို့ဘာသိလိူ့လဲ ၊ မင်းတို့ထက်တတ်လို့ အုပ်ချုပ်နေတာ ၊ အကြံပေးတွေလောက်မင်းတို့သိကြလို့လား ၊ တပ်မတော်ကို အထက်အောက် သွေးမခွဲနဲ့ ဆိုတဲ့ လေသံတွေနဲ့ ပြောလာကြပါတယ် ။ 

          ဒီထက်ဆိုးတာက နစက နဲ့ မူဝါဒတွေကို ထောက်ပြဝေဖန်နေတာကိုပဲ ပူးသတ်တွေလို့ တံဆိပ်ကပ်ပြီး ဖမ်းဆီးအရေးယူဖို့ထိ နစကကို တောင်းဆိုတိုက်တွန်းလာကြတာပါပဲ ။ 

         နစက ဘာလုပ်လုပ် မှန်တယ်ဆိုတဲ့ ဘောပိတ်တွေရဲ့ ငါ့စကားနွားရ ဖင်ပိတ်အပြောတွေကြောင့် အချို့ဆို စိတ်ပျက်တဲ့ အဆင့်ကနေ စိတ်ကုန်တဲ့အဆင့်ရောက်သွားပါတယ် ။ 

           နစကအပေါ် ရလာဒ်များကို ကြည့်ပြီး ဝေဖန်ထောက်ပြနေကြတာက တပ်မတော်ကို ချစ်ခင်လေးစားကြလို့ပါပဲ ။ ပြည်သူတွေရဲ့ အတိဒုက္ခတွေကို ချပြနေကြတာ နစကကြားသိကူညီနိုင်အောင်ပါပဲ ။

         ဒီလိုနဲ့ကြားသိကူညီခဲ့ကြတာလည်း ကိစ္စရပ်အတော်များများ ရှိခဲ့ကြတာ အားလုံးအသိပါပဲ ။ ဒီလိုသိသွားလို့လည်း နစကလူကြီးတွေ သိရင် ဖြေရှင်းပေးတယ် ၊ ကူညီပေးတယ်ဆိုတဲ့ မက်ဆေ့ အမြောက်အများကြောင့်သာ တပ်မတော်အပေါ် အားမလိုအားမရဖြစ်ပေမယ့် ဘယ်သူမှ ကျောခိုင်းဖို့ စိတ်မကူးကြတာ ဖြစ်ပါတယ် ။ တဖက်ကို ကူးဖို့ဆိုတာ အဝေးကြီးပါပဲ ။ 

           နစက အနေနဲ့လည်း ဝေဖန်မှုတွေအပေါ် ကြည်း/သု ကတဆင့် အဆက်မပျက် လေ့လာ ခွဲခြမ်း စိတ်ဖြာပြီး သုံးသပ်တင်ပြကြရပါတယ် ။ တပ်မတော်ထောက်ခံသူတွေ ဝေဖန်နေကြတာ....

- အကြမ်းဖက် PDF ကို အပြတ်ရှင်းဖို့

- NCA လက်မခံတဲ့ EAOs တွေကို အပြတ်ရှင်းဖို့

- သစ္စာမဲ့ CDM တွေကို အပြတ်ရှင်းဖို့

- သစ္စာမဲ့ ဖရဲသီးတွေကို အပြတ်ရှင်းဖို့

- ကုန်စည်စျေးနှုံးများ ဖြစ်သင့်ဖြစ်ထိုက်တဲ့စျေးနှုံးဖြစ်စေဖို့

- လျှပ်စစ်မီးလိုအပ်ချက် ဖြည့်ဆီးပေးဖို့

- နိုင်ငံတကာဖိအားကို အလွန်အကျွံအစော်ကားမခံဖို့

- ခဲရာခဲဆစ်ဖမ်းထားရတဲ့ ပြည်ဖျက်အကြမ်းဖက်တွေကို အလွယ်တကူ ပြန်မလွှတ်ပေးဖို့

- ရှေ့တန်းစခန်းတွေ အလစ်အငိုက်မတိုက်ရဲအောင် ဌာချုပ်တွေထိ ချေမှုံးပြဖို့

        ဒါတွေ တောင်းဆိုပြီး ရေးသားနေကြတာ တိုင်းပြည်သစ္စာဖောက်နေကြတာလား..?

      တပ်မတော်ဖြိုခွဲရေး တလုံးတပါဒ တွေ့မိကြသလား....?

        ကိုယ်တိုင်နစ်နာခဲ့ကြ ဘဝပျက်ကြရတဲ့ စိတ်ဓာတ်ပြင်းထန်သူအချို့ရဲ့ အဓိက တာဝန်ရှိသူ တပ်ချုပ်ကြီးအပေါ် ဝေဖန်နေတာကလည်း တပ်မတော်ဖြိုခွဲနေတာ မဟုတ်ဘူး ။ တာဝန်ကို သိအောင်နှိုးဆော်နေကြခြင်းသာ ဖြစ်ပါတယ် ။

         နစက လုပ်ခဲ့သမျှ အားလုံးမှန်တယ်ထင်နေကြရင်ဖြင့် ဝန်ကြီးတွေ ဘာကြောင့် လဲနေကြပါသလဲ.... ?  

        ရလာဒ်ကောင်းတွေ အချိန်ကြာတဲ့အထိ ဘာကြောင့် မရကြသေးတာလဲ...?

         ဖမ်းမိပြီး ပြန်လွတ်တဲ့ ဇင်မာအောင် ဘယ်လောက်မွှေနိုင်နေသလဲ ကြည့်ပါ ။ 

        အမှားနဲ့မကင်းတာ နားလည်ပါတယ် ကောင်းမယ်ထင်လို့ ဆုံးဖြတ်ခဲ့ကြတာကိုး ။

        ယခုဆိုရင် အကြမ်းဖက် PDF တွေကို ပြတ်ပြတ်သားသား တိုက်ခိုက်နေတဲ့ မြေပြင်သတင်းတွေရနေပါတယ် ။ EAOs နဲ့ ပတ်သက်တဲ့ ထူးခြားသတင်းတွေလည်း ကြားရဖွယ်ရှိနေပါတယ် ။ 

         ဒီလိုတွေ လုပ်စေချင်လို့ ဝေဖန်တိုက်တွန်းနေကြတာ ကြာပြီဖြစ်ပါတယ် ။ တခါတရံ အစိုးရအတွက် ပြည်သူ့တောင်းဆိုမှုဆိုတာ လိူအပ်ပါတယ် ။ ဒါမှသာ လုပ်သာကိုင်သာရှိတဲ့ နိုင်ငံရေးကစားကွက် ဖော်ဆောင်လို့ ကောင်းတာတွေ နားလည်ကြရပါ့မယ် ။ 

          နေရာတကာ အစိုးရ လုပ်သမျှမှန်တယ်ပြောပြီး ၊ မှားတာတွေကို အချက်အလက်နဲ့ ထောက်ပြဝေဖန်နေသူတွေကို အကြံပေးပညာရှင်တွေနဲ့ရန်တိုက် ၊ အစိုးရနဲ့ရန်တိုက်ပြီး တပ်မတော်ထောက်ခံသူခြင်း အတူတူ ငါသာ အဘချစ်သူဘွဲ့ခံယူချင်တာနဲ့ ဂျောက်ချနေတဲ့ ဘောပိတ်တွေသာ တပ်မတော် နဲ့ ထောက်ခံသူတွေကို သွေးခွဲနေသူတွေ ဖြစ်တယ်လို့ ရှူမြင်မိပါတယ် ။

          ကိုယ့်ဘာသာ ကြိုက်သလောက် ဘောမကြပါ ။ အမြင်မတူတာနဲ့ ဒီလူက ပူးသတ်တို့ ၊ တပ်မတော်ကိုသွေးခွဲသူတို့ ဆိုပြီး မယုတ်မာကြပါနဲ့ ။ နစက နဲ့ တပ်မတော်က ဘယ်သူဘာဆိုတာ သိကြပါတယ် ။

       ဘောပိတ်တွေက နစကကို ဒေါ်စုကြည်လမ်းစဥ်လိုက်အောင်
ဘာလုပ်လုပ်မှန်တယ်ပြောပြီး ဂျောက်ချနေရုံမက တပ်မတော်ကို ထောက်ခံသူတွေ တပ်မတော်ကို မုန်းတီးအောင် ကြားထဲက​ေ ကြိမ်းဝါးရန်စ  ခြိမ်းခြောက်နေကြတာ များနေပါပြီ ။

          တပ်မတော် နဲ့ ပြည်သူ တပ်ဖက် အရပ်ဖက် ဆက်ဆံရေးပြေလည်အောင် ပေါင်းကူးလုပ်ကြရမယ့်အစား ရန်တိုက်ပေးနေကြတာကို မြင်အောင်ကြည့်တတ်ဖို့ လိုအပ်နေပြီလို့ ယူဆပါတယ် ။

"သွေးခွဲနေသူ အစစ် ဘယ်သူလဲ''

        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...