Sunday, June 19, 2022

နွားခိုးစစ်ဆင်ရေး လိုပြန်ပြီ



              နဝတခေတ် အညာဖက်မှာ နွားခိုးတွေသောင်းကျန်းခဲ့ဖူးတယ် ။ ဘယ်လောက်သောင်းကျန်းသလဲဆိုရင် နွားဘေးစောင်းအိပ်တဲ့သူရဲ့ လည်ပင်ပေါ် တယောက်က ဒါးတင်ပြီး ကျန်တဲ့သူက နွားဆွဲပြေးတယ် ။ 

         နွားနဲ့လူ အဝေးကြီးရောက်မှ ဒါးနဲ့လူက လူလွတ် ဆန်ကြျင်ဖက်ကို ထွက်ပြေးတယ် ။ ဒီတော့မှ လူစုပြီး နွားခြေရာနောက် လိုက်ကြရတယ် ။ ရွာတရွာထဲမှာ နွားခြေရာဆုံးသွားရင် ရွာထဲလိုက်ရှာ ဘယ်တော့မှ မတွေ့ရဘူး ။ 

         ဘယ်ရွာခံကမှလည်း မဖော်ဘူး ။ နွားကိုဘယ်လိုဖွက်လဲဆိုတော့ အိမ်ထဲမှာ ကျင်းတူးထားပြီး ကျင်းထဲမှာနွားရဲ့နဖားကြိုးကို တထွာလောက်ငုတ်နဲ့ ကပ်ချီထားတယ် ။ မအော်နိုင်မရုန်းဘူး ။

        မြေကျင်းအပေါ်မှာ ကပ်ပေါ် ဖျာခင်းထိုင်နေကြတယ် ။ နွားပျောက်ရှာတဲ့သူက ဖျာအောက်တော့ ဘယ်လှန်ရှာပါ့မလဲဗျာ ။

        အဲဒီလို သောင်းကျန်းလွန်းတော့ တောင်သူတွေက နဝတလူကြီးတွေထိ တက်တိုင်ကြပါတယ် ။ ဒီတော့ လူကြီးတွေက နယ်မြေစိုးမိုးရေး တပ်တွေကို ဘယ်နည်းနဲ့လုပ်လုပ် နွားခိုးပျောက်အောင်လုပ်ဆိုပြီး အမိန့်ရော လုပ်ပိုင်ခွင့်ရော ပေးလိုက်ပါတယ် ။

           တာဝန်ကျတပ်တွေက ဦးဆုံး နွားခိုးမှုနဲ့ ထောင်ကျဖူးသူတွေကို ခေါ်ပြီး စစ်ဆေးကြပါတယ် ။

-  အရွယ်ကောင်းသေးတယ် 

- လက်ရှိအလုပ်အကိုင်မပြနိုင်ဘူး ၊ ငွေသုံးနေနိုင်တယ် 

       အဲလိုသူတွေ ရွေးထုတ်တယ် ။ တရွာလုံးခေါ်တယ် အစောက အလုပ်မရှိပဲ သုံးဖြုန်းနေတဲ့ နွားခိုးတွေကို ပစ်သတ်ပြတယ် ။ ဘယ်ရဲစခန်းမှ မပို့ဘူး ၊ ဘယ်တရားရုံးမှ မပို့ဘူး ။ 

         ဒုတိယအဆင့် နွားခိုးခံရတယ် ။ နွားခြေရာနောက်လိုက်တယ် ။ ခြေရာဆုံးတဲ့ရွာက နွားသူခိုးကို မဖော်ပေးဘူး ။ ရတယ် စစ်တပ်ကတော့ စကားများများမပြောဘူး တရွာလုံးဖျက်တယ် ။ လယ်ယာလုပ်ပိုင်ခွင့်တွေပါ မပေးပဲ နှင်ထုတ်ပစ်လိုက်တယ် ။ 

         သုံးလေးရွာပဲ ဖျက်ပြလိုက်တယ် နောက်ဆို ကိုယ့်ရွာထဲက ရွာသား နွားခိုးလာတာနဲ့ စစ်တပ်ပြေးတိုင်ရပါတော့တယ် ။ အဲလိုသတင်းပို့ရင် နွားခိုးကိုပဲ ဆွဲထုတ်ပြီး ရွာသားတွေရှေ့တင် သတ်ပြတယ် ။ 

        ဒေသခံတွေကိုလည်း မှာထားတယ် ၊ နွားခိုးမိရင် ရဲလက်မအပ်နဲ့ တရားမစွဲနဲ့ တခါတည်းသတ်ပစ်ကြတဲ့ ။ ထောင်ကလွတ်လာလည်း ခိုးနေမှာပဲတဲ့ ။ 

         အဲဒီနည်းနဲ့ အညာမှာ နဝတ နွားခိုးနှိမ်နင်းလိုက်တာ အခုထိ နွားခိုးခံရတာ သိပ်မကြားရတော့ပါဘူး ။ 

        အဲဒီနည်းနဲ့ ပြန်လုပ်ရမယ့် အခြေအနေက မြို့ပေါ်က ခိုးမှု ၊ လုယက်မှု ကျူးလွန်းနေတဲ့ ဆေးသမား သူခိုးဒမြတွေ ပါပဲ ။ ရန်ကုန်မြို့လယ်ခေါင် လူထူထူမှာတောင် ဒါးပြလုယူတဲ့အဆင့်ရောက်နေပါပြီ ။ 

          အောင်မင်္ဂလာကားကွင်းက ဖဲသုံးချပ် လူလိမ်တွေဆို လူမြင်ကွင်းမှာ ပေါ်တင်လိမ်ညာ လုယက်နေပါတယ် ။ အပိုင် နယ်ခံရဲတွေကတော့ တုပ်တုပ်မှ မလှုပ်ကြပါဘူး ။

         ဒီလိုသောင်းကျန်းမှုတွေကို မြို့ပြအုပ်ချုပ်ရေး အဖြစ်ရှုမြင်ပြီး ရဲ နဲ့ တရားရုံးအလုပ်လို့ ပစ်ထားလို့ မဖြစ်တော့ပါဘူး ။ တိုင်းပြည်ကို အုပ်ချုပ်နေတာ အိမ်စောင့်အစိုးရဖြစ်ပါတယ် ။ 

         အလုပ်မလုပ်တဲ့ ပြည်ထဲရေး ၊ ဖရဲသီးပေါတဲ့ ပြည်ထဲရေး တာဝန်ပါလို့ ဆင်ခြေပေးလို့မရပါဘူး ၊ ပြည်သူတွေရဲ့ ဘဝတွေ မလုံခြုံတာ နစကမှာ တာဝန်ရှိပါတယ် ။ ရန်ကုန်လိုနေရာတောင် ဒီလို ခိုးမှု လုယက်မှု ပြဿနာလောက်ကို မဖြေရှင်းနိုင်ရင်တော့ ရှက်စရာပါပဲ ။ 

           ရှင်းချင်ရင် လွယ်ပါတယ် ။ ခိုး ဆိုး နှိုက် ပြစ်မှုဟောင်းရှိသုတွေ ပြန်စစ်ပါ ။ အလုပ်အကိုင်မရှိပဲ သုံးဖြုန်းနေရင် သေချာတယ် ခိုးဆိုးနှိုက် ပြန်လုပ်နေလို့ပါပဲ ။ 

          ပိုပြီးသေချာအောင် လူငယ်တွေကို ဆေးစစ်ကြည့်ပါ ။ မူးယစ်ဆေးသုံးနေရင် ဆွဲစေ့ထားပါ ။ 

         မိမိအပိုင်နယ်ထဲက ခိုး ဆိုး နှိုက် ပြစ်မှုကျူးလွန်ခံခဲ့ရလျှင် အပိုင်နယ်ထိမ်း နဲ့ နယ်ထိမ်းအင်ချပ်ကို ရာထူးတဆင့်နိမ့်ပြီး စစ်ကိုင်းတိုင်းရွှေ့ပစ်ပါ ။ 

        အဲလိုလုပ်ကြည့်ရင် ရန်ကုန်မှာ သောင်းကျန်းနေတဲ့ ခိုးဆိုးနှိုက်တွေ နဝတခေတ်က အညာဒေသမှ နွားခိုးများလို မျိုးသုန်းသွားပါလိမ့်မယ် ။ 

        ရန်ကုန်မှာ သောင်းကျန်းနေလို့ ရန်ကုန်ကိုပဲ နမူနာပြောတာပါ ။ တပြည်လုံး လုပ်နိုင်ရင် ကျွဲကူးရေပါဆိုသလို ခိုကပ်နေတဲ့ ဆေးသမား PDF တွေပါ ဖော်ထုတ်နိုင်ပါလိမ့်မယ် ။ မြန်မာပြည် ရာဇဝတ်မှုတွေရဲ့ စုစုပေါင်း 90 % ဟာ မူးယစ် နဲ့ အရက်သေစာကြောင့် ဖြစ်နေတာမို့ အလေးအနက်ထား ကိုင်တွယ်ဖို့ လိုအပ်နေပါပြီ ။ 

         ကိုရွှေမျိုးဝင်း

(ကြံဖန်ပြီး ဘောမရရင်တော့ နိဗ္ဗာန်ကူးတို့ဆရာကြီးများ ကျန်းမာပါစေပေါ့လေ...ဘောအလွန်မတွေရန်ကလည်း ကြောက်ရသေးသဗျ... ကြက်တူရွေးက တော်တော် မယ်ဘော်တွေက ပိုဆိုးနေတဲ့ ခေတ်မို့လေ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...