Monday, June 20, 2022

7 ဇူလှိုင် မြှပ်ကွက် အချို့



          ဒီနေ့ထိ ဇူလှိုင် ၇ ရက်နေ့ရောက်တိုင်း ဇောင်းထနေကျ ကိစ္စအတွက် သက်တော်ရှည်ဆရာကြီးတဦးရဲ့ ပြန်လည်ပြောပြချက်တွေကို ဖောက်သည်ပြန်ချချင်ပါတယ် ။ သိပြီးသူများလည်း ရှိနေကြမှာပါပဲ ။ ချိတ်ဆက်မိမိ သိရှိကြစေရန် တင်ပြချင်ပါတယ် ။

          တော်လှန်ရေးကောင်စီတက်လာတော့ ဗကပတွေအတွက် ရင်ဆိုင်ရခက်တဲ့ တပ်မတော်ကို ဖြုတ်ချနိုင်ဖို့ အသဲအသန်အကွက်ဆင်ရင်း 7 July အရေးအခင်းကြီး ပေါ်ပေါက်လာရပါတယ် ။ ဒီအရေးအခင်းကို အာရုံစိုက်လုပ်တဲ့အတွက် ဗကပမှ ဗဟိုကော်မတီ ၅ ဦးအထိ အနီးကပ်ကြီးကြပ်ကွပ်ကွဲရန် စေလွှတ်လိုက်ပါတယ် ။ 

         ဗကပတွေ ကျောင်းသားသမဂ္ဂအဆောက်အဦးထဲ ရောက်နေတာ တပ်မတော်က သိသွားတဲ့အတွက် သမဂ္ဂအဆောက်အဦးကို ပိတ်ဆို့ဝန်းရံလိုက်ပါတယ် ။

          အရေးကြီးကိစ္စတရပ်ဖြစ်လို့ ရှေ့တန်းကွပ်ကဲရေးတာဝန်ခံအဖြစ် ဗိုလ်မှူးကြီးစောမြင့် ၊ ဗိုလ်မှူးကြီးကျော်စိုး ၊ ဗိုလ်မှူးကြီးသန်းစိန် ၊ ဒေါက်တာလှဟန် ၊ ဒေါက်တာမောင်လွင် တို့ကို တာဝန်ပေးထားပါတယ် ။

         ထူးခြားချက်အဖြစ် အဲဒီအချိန်က ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီးကို ဘာတာဝန်မှ ပေးမထားတာပါပဲ ။ တာဝန်ပေးမထားတဲ့ ဦးအောင်ကြီးဟာ သူ့ဘာသာ ကွပ်ကဲရေးဌာနဆီသွားပြီး သတင်းမေးပါတယ် ။ 

         ဗကပ ဗဟိုကော်မတီ ၅ ဦး အပါအဝင် အခြားသူများပါ သမဂ္ဂအဆောက်အဦးအတွင်း တံခါးပိတ်ပုန်းနေကြောင်း သတင်းပို့ကြပါတယ် ။ ဦးအောင်ကြီးက ဒါအရေးကြီးတယ် မင်းတို့ မှော်ဘီသွားပြီး မိုင်းရှာယူခဲ့ကြ ငါ အဖိုးကြီးဆီ အမိန့်သွားတောင်းမယ်ဆိုပြီး ဒေါက်တာလှဟန်ကို ခေါ်ပြီး ဦးနေဝင်းဆီ သွားကြပါတယ် ။ 

         ဒေါက်တာလှဟန်ကို အပြင်ခန်းမှာ ထားခဲ့ပြီး အတွင်းခန်းထဲက ဦးနေဝင်းဆီ သူတယောက်ထဲ သတင်းသွားပေးပါတယ် ။ ဦးနေဝင်းက တံခါးဖွင့်မပေးရင် ရက်ကွန်ယာဂန်း သို့မဟုတ် အော်လီဂန်း (စက်သေနတ်ကြီး) နဲ့ ပစ်ဖွင့်ပြီး ဝင်ဖမ်းလို့ ပြောလိုက်ပါတယ် ။ 

         ဦးအောင်ကြီးက ကွပ်ကဲရေးဌာနရောက်တော့ အဖိုးကြီးက မီးစိမ်းပြပြီ လုပ်တော့ဆိုပြီး အသင့်ရောက်နေပြီးဖြစ်တဲ့ မိုင်းတွေနဲ့ သမဂ္ဂအဆောက်အဦးကို ခွဲလိုက်ပါတယ် ။ 

        ဖြစ်စဥ်အားလုံးကို ပြန်စစ်ဆေးကြတော့ ၁၆ ယောက် သေပါတယ် ။ ကျောင်းသား ၉ ယောက်သေပြီး အရပ်သား ၇ ယောက်ပါဝင်နေပါတယ် ။ 

         အဲဒီနောက် ကျောင်းသားစာရင်းတွေကို စနစ်တကျပြုစုပါတယ် ။ အိမ်ပြန်ရောက်သွားတာ ဘယ်နှစ်ယောက် ၊ 

-ထောင်ထဲထည့်ထားတာ 42 ဦး

-ဆေးရုံပို့ အတွင်းလူနာ 17 ဦး

- အပြင်လူနာ   23 ဦး

         ကျောင်းတက်တာ စုစုပေါင်း ဘယ်လောက် ၊ ကွာဟချက် ၆ ဦးရှိ ။ ယင်း ခြောက်ဦးက ချင်းကျောင်းသားတွေဖြစ်ပြီး ယခု ကျောင်းမှာ ခေါ်ထား​ကြောင်း ခိုင်လုံစွာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ဖြေရှင်းခဲ့ပါတယ် ။

        ဦးစောဦး ၊ ဗိုလ်မှူးစောမြင့် ၊ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်သိန်း ၊ မော်ကွန်းထိမ်း နဲ့ လက်ထောက်ရဲမင်းကြီးဦးစက်တို့က နိုင်ငံတကာသတင်းထောက်များကို ရှင်းလင်ပြောကြားခဲ့ပါတယ် ။ 

           ကျောင်းသားစာရင်းများနဲ့ ဆိုင်ရာနေရပ်လိပ်စာများ အတိအကျ ပြသထားပြီး ဒေသအသီးသီးကို သွားရောက်မေးမြန်းနိုင်ကြောင်း ရှင်းလင်းခဲ့ကြပါတယ် ။ 

          အဲသလောက်ပွင့်လင်းမြင်သာတဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာတောင် နောက် ၁၀ အကြာမှာ BBC က ကျောင်းသား 700 သေတယ်လို့ သတင်းထုတ်ပြန်တယ် ။ လကုန်တော့ 3000 သေတယ်ဖြစ်ရော ။ VOA ကတော့ ရှင်းတယ် ကျောင်းသား 5000 သေတာ အခုထိကြေညာတုန်းပါပဲ ။ 

          အဲသလို ဖြစ်သွားပြီးနောက် ဗကပတွေကို ဦးနေဝင်းက ဒါး ဒါးခြင်း ဆိုတဲ့ စိန်ခေါ်မိန့်ခွန်းပြောခဲ့တယ် ။ အဲဒါကိုပဲ ဗကပတွေက တပ်မတော်သည် ကျောင်းသားတွေကို စိန်ခေါ်နေတယ်ဆိုပြီး သွေးထိုးခဲ့တာ အခုထိ မီးမငြိမ်းတော့ပါဘူး ။ 

         ဦးနေဝင်းဟာ သူ့ကို ခုတုန်းလုပ်ပြီး သမဂ္ဂအဆောက်အဦးအား မိုင်းခွဲခဲ့သည့် ဦးအောင်ကြီးကို ကိုအောင်ကြီး တပ်မတော်ကို ခင်ဗျား ဦးဆောင်မလား ကျုပ်ဦးဆောင်ရမလား ကျုပ်ဦးဆောင်ရမယ်ဆိုရင်တော့ ခင်ဗျား ထွက်သွားတော့ ဆိုပြီး ထုတ်ပစ်လိုက်ပါတယ် ။ 

           ဒီပြဿနာကိုပဲ ဦးနေဝင်းက သူအနားမယူမှီ မဆလ အရေးပေါ်လွှတ်တော်အစည်းအဝေးမှာ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဗုံးခွဲတာသည် သူမဟုတ်ပဲ ဦးအောင်ကြီးသာ ဖြစ်ကြောင်း တရားဝင်မိန့်ခွန်းပြောပြီး သူပြောတာမမှန်ရင် လာရှင်းပါလို့ ဦးအောင်ကြီးကို စိန်ခေါ်ခဲ့တာ တွေ့ရပါတယ် ။

          ဒါကတော့ ဒီနေ့ထိ မရိုးတန်း လုပ်စားနေကြသေးတဲ့ 7 July ဇတ်လမ်းထဲက သမိုင်း မြှပ်ကွက် တကွက်ပါပဲ ။ 

။           ။ ကျနော်စာသင်စဥ်ကတည်းက ရှိခဲ့ဖူးတဲ့ အာသီသတခုက မြန်မာ့သမိုင်းကို စီနီယာအလိုက် လွယ်ကူရှင်းလင်းစွာ ကျောင်းသားတွေ သိရှိစေရေးဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ် ။ ဒါကြောင့်လည်း ပျူခေတ်ကနေ နဝတ ခေတ်အထိ ပုံပြင်သဖွယ် ပြောပြခဲ့ပါတယ် ။ 

         ယခု fb ခေတ်ဆိုတော့ ကလေးတွေအတွက် မြန်မာ့သမိုင်းကို စီနီယာအတိုင်း လွယ်ကူနားရှင်းမယ့် စကားပြေအရေးအသားနဲ့ ရေးပြချင်လာပါတယ် ။ 

       အငြင်းပွားဖွယ် အချက်အလက်တွေ ပါရှိခဲ့သော် ဖြည့်စွက်နားလည်ပေးကြဖို့တော့ မေတ္တာရပ်ခံပါတယ် ။ ဖတ်ရမယ့်စာအုပ်က စာတွေများလို့ စိတ်ဝင်စားဖွယ် အချက်တွေကို သမိုင်းကွင်းဆက်မပျက်စေပဲ ချိတ်ဆက်မိမိ မနည်းဖြတ်တောက်ရေးရမှာပါ ။ 

       ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...