Thursday, June 16, 2022

မှန်ပါစေ ၊ သိပါစေ အဆင်ပြေမှာပါ



            ဟိုတလောတုန်းက မအူပင်တက္ကသိုလ် မှာ ဖြစ်ခဲ့ရတဲ့ LLB ကျောင်းသားတွေရဲ့ ပြဿနာကို မှတ်မိကြပါလိမ့်မယ် ။

         တက္ကသိုလ်လမ်းညွှန်မှာ မအူပင်တက္ကသိုလ်၌ LLB ဘွဲ့ သင်ကြားပေးမည်ဖြစ်၍ လျှောက်ထားနိုင်ကြောင်း ဖော်ပြခဲ့လို့ ကျောင်းသားတွေ ပုသိမ်သွားမတက်တော့ပဲ မအူပင်တက္ကသိုလ်မှာပဲ LLB ဘွဲ့အတွက်လျှောက်လွှာတင်ကြပါတယ် ။

         ကျောင်းဖွင့်ရက်ကြမှ ပါမောက္ခက စိတ်မကောင်းစွာနဲ့ အထက်က ညွှန်ကြားထားတဲ့ စာနဲ့အတူ မအူပင်တက္ကသိုလ်မှာ LAW (BA) ဘွဲ့သာပေးတော့မယ်လို့ ကြေညာပါတယ် ။ 

          ကျောင်းသားတွေနဲ့ မိဘများ မကျေနပ်ကြလို့ လိုင်းပေါ်မှာ ပြောကြရေးကြပါတယ် ။ ကျနော့်ထံလည်း အကူညီတောင်းလို့ ရေးပေးလိုက်ပါတယ် ။ 

          ဆိုရှယ်မီဒီယာမှတဆင့် အားလုံးတက်ညီလက်ညီ ဝိုင်းအော်ကြတော့ နစက ကြားသိသွားပြီး မအူပင်ဥပဒေပါချုပ် ဥပ​ဒေမောက္ခ တို့ရဲ့ အားထုတ်မှုများ ၊ သင်ကြားရေးအာမခံချက်များကြောင့် မအူပင်တက္ကသိုလ်မှာပဲ LLB ဘွဲ့ပေးအပ်ရန် ပြင်ဆင်ဆုံးဖြတ်လိုက်ကြောင်း မင်္ဂလာသတင်း ကြားသိရပါတယ် ။ 

          သတိထားမိသလောက်ကတော့ အကြောင်းအရာမှန်မယ် ၊ နစကအဆင့်လူကြီးတွေလည်း သိမယ်ဆိုရင် အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့တာ အကြိမ်ကြိမ်တွေ့ဖူးပါတယ် ။ 

        ထို့ကြောင့် ကျောင်းသားများနဲ့ မိဘများရဲ့ မူလရည်မှန်းချက်အား နစ်နာမှုမရှိစေရန် လမ်းညွှန်ပေးပါသော နစကလူကြီးများ နဲ့ မအူပင် ပါမောက္ခချုပ် နှင့် ဥပဒေပါမောက္ခကြီးတို့အား ပြည်သူအားလုံးကိုယ်စား ကျေးဇူးတင်မိပါကြောင်း တင်ပြလိုက်ရပါတယ် ။

          ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...