Thursday, June 16, 2022

ဖြစ်နိုင်ခြေ



            ကိုစိုးဆီက Messenger လာတော့မယ်လို့ တွက်နေတုန်း တကယ်လာတာပါပဲ ။ ညောင်နှစ်ပင် သတင်းသိတာနဲ့ သူမေးတော့မှာ ကြိုတွက်လို့ရနေတာကိုး ။

'' ငမျိုးရေ ညောင်နှစ်ပင် ကိစ္စ မင်းဘယ်လိုမြင်သလဲ ကွ ''

'' သိဘူးလေ ကျုပ်လည်း ခင်ဗျားလို သာမန်အရပ်သားပဲဗျ ဘယ်လိုလုပ် သိနိုင်မလဲ ''

'' အေး တပ်မတော်က ထိမ်းရာကနေ သိမ်းပြီး အပိုင်တုပ်ဖို့ ပြင်ဆင်နေတာလို့ ယူဆသူတွေ များနေလို့ မင်းဘယ်လိုတွေးမိလည်း မေးကြည့်တာ လေ ''

'' ဘာလုပ်မယ်ဆိုတာတော့ မတွေးမိဘူး အကယ်၍ လုပ်ခဲ့ရင် ဘာဆက်ဖြစ်မလဲ ဆိုတာတော့ တွေးမိတယ် ''

'' အေး လုပ်စမ်းပါအုံး အဲဒါသိချင်နေတာ ''

'' ထုံးစံအတိုင်း အကောင်းရော အဆိုးရော ဖြစ်လာလိမ့်မယ် ဗျ ''

'' အဆိုးက စပြောကွာ ''

'' တပ်မတော်သည် အာဏာသိမ်းချင်တဲ့ အတွက် PDF အကြမ်းဖက်တွေကို အင်အားကြီးလာအောင် တမင်မွေးပြီး အဖျက်လုပ်ငန်းတွေ လုပ်နိုင်အောင် ပြည်သူတွေ အသတ်ခံရအောင် တမင်လုပ်နေတယ်လို့ ယူဆနေတာတွေ ရှိတယ် ''

'' အေး အဲဒါအမှန်ပဲ ''

'' အဲဒီလို ယူဆမှုတွေအတွက် တကယ်သိမ်းလိုက်ရင် ယူဆချက်ကနေ ဟုတ်တယ်လို့ ဝန်ခံရာရောက်သွားမယ့် တပ်မတော်အတွက် အနာဂါတ်သမိုင်းအမဲစက် နောက်ထပ် နှစ် ၁၀၀ နဲ့ ဆေးကြောလို့ ဖြူမလာနိုင်တော့ဘူး ''

'' အင်း ခက်ပြီ နောက်ကော ''

'' ဒီနေ့ အကြမ်းဖက်လူယုတ်မာတွေ အော်နေတဲ့ အာဏာကို လက်နက်နဲ့ ဒမြတိုက်ယူထားတာ မတော်မတရား မဲခိုးတယ် စွတ်စွဲထားတာပါဆိုတဲ့ စွတ်စွဲချက်ကို အမှန်တရားလို့ ရှုမြင်ကြလာလိမ့်မယ် ''

'' အေးကွ NLD ပါတီကို မဖျက်ရဲပဲ ဝေ့လည်ကြောင်ပတ် လုပ်နေတာကိုက နစက ရဲ့ လုပ်ရပ်ကို သံသယဖြစ်နေစေရတဲ့အထဲ ဒီအတိုင်းသိမ်းလိုက်ရင်တော့ တပ်မတော်ရဲ့ သမိုင်းလည်း ပြီးရောပေါ့ ကွာ ''

'' အင်း ဘယ်လို အကွက်တွေ ရွှေ့မယ်ဆိုတာ ပြောမရသေးပါဘူးလေ ဖြစ်လာနိုင်ခြေပဲ တွက်ဆကြည့်ရတာပါ ''

'' ကဲ အဆိုးကတော့ အနှစ်ချုပ်ရရင် ပြည်သူကိုရက်ရက်စက်စက် ရင်းပြီး အာဏာသိမ်းတဲ့ တပ်မတော်အဖြစ် နဲ့ NLD ကို မဖျက်သိမ်းရဲပဲ မဲခိုးလို့ဆိုပြီး လိမ်ညာအာဏာသိမ်းတဲ့ တပ်မတော်အဖြစ် ၊ ထောက်ခံသူရော မထောက်ခံသူရော အဆိုးမြင်နိုင်တဲ့ အနေအထား ရောက်နေပြီပေါ့ ကဲ ကောင်းကျိုးကရော ဘာရနိုင်မလဲ ''

'' ဦးသန်းရွှေလို ပြတ်ပြတ်သားသား လုပ်ရဲရင် လုပ်နိုင်ရင် လုပ်တတ်ရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမယ် ''

'' ဟုတ်ပါ့မလား ကွ ''

'' ဟုတ်ပါတယ်ဆိုဗျာ ဦးသန်းရွှေ ၂၂ နှစ် လုပ်ပြသွားတဲ့ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်တည်ဆောက်မှုတွေ ပြန်ကြည့်လေ ''

'' ဟုတ်ပြီကွာ နောက်ထပ်ကော ''

'' အခုကာလလို ဟိုကြောက်ရ ဒီကြောက်ရ နောက်ဆုံး အရပ်ထဲက ကလေကချေ သူခိုးဂျပိုးက အစ ကြောက်နေရတဲ့ အနေအထားက ချက်ခြင်းပြောင်းသွားပြီး တည်ငြိမ်သွားလိမ့်မယ် ''

'' အင်း သူတို့အာဏာထိမ်းခါစကလည်း အဲလို ယူဆခဲ့တာပဲ နော် ''

'' မှန်တယ် လေ တကယ်လုပ်သင့်တဲ့ အလုပ်မလုပ်ပဲ ဝေဝါး နေခဲ့လို့ ဒီအနေအထား ရောက်ရတာကိုး ''

'' နောက်ကော..''

'' မူဝါဒ မှန်ကန်ခဲ့ရင် တိုင်းပြည်ရဲ့ စစ်ရေး နဲ့ စီးပွားရေး တဟုတ်ထိုး တိုးတက်လာပါလိမ့်မယ် ''

'' ဘယ်လို မူဝါဒ မှန်ရင်လည်းကွ ''

'' ကိုယ့်ကို ဖာတန်း ရောင်းစားမယ့် ယောကျာ်း ကြိုက်လာနိုးနဲ့ မြူဆွယ်နေတဲ့ ဖာသည်လောင်း မူဝါဒ တနည်း အနောက်အုပ်စု ကြိုက်နိုးနိုးလုပ်ပြနေတဲ့ ရူးကြောင်ကြောင်မူဝါဒကို ဖယ်ပြီး ပြတ်ပြတ်သားသား ပူးပေါင်းရပ်တည်ပြရမယ့် မူဝါဒပေါ့ဗျာ ''

'' ငါတို့ ပြောနေတဲ့ ဒီမိုကရေစီကတော့ လစ်ပြီပေါ့ ''

'' ဒီမိုကရေစီ စတင် ခေတ်စားခဲ့တဲ့ ကာလက နှစ်ပေါင်း ၂၅၀ ခန့်ကဗျ ကမ္ဘာ့လူဦးရေ သန်း ၂၀၀၀ လောက်ပဲ ရှိသေးတယ် ''

'' ဒီတော့....''

'' လူတို့ရဲ့ တဦးခြင်း ဆန္ဒ သန်း ၂၀၀၀ ပဲ ရှိနေတဲ့ကာလမှာ ထိုက်သင့်သလောက် လုပ်ပေးနိုင်တာနဲ့ အခု လက်ရှိ လူဦးရေ သန်း ၇၀၀၀ ဆိုတော့ ဆန္ဒပေါင်း သန်း ၇၀၀၀ တွက်ကြည့်လေ ဘယ်မအေလိုးမှ တယောက်ခြင်း ဆန္ဒ ကျေနပ်အောင် လုပ်မပေးနိုင်တဲ့ စနစ်ကို လူကြားကောင်းအောင် အော်နေကြတာပါ ဗျာ ''

'' ဟိုက် ကြမ်းလှချည်လား ဟ ဒါဆိုရင်.....''

'' ရောပြွမ်းစီးပွားရေးစနစ်လိုပဲ ရောပြွမ်းနိုင်ငံရေးစနစ်သာ အဆင်ပြေနိုင်မယ့် အနေအထား ဗျ ''

'' ကဲ အကောင်းအဆိုး ဒီလို တွက်ရပြီဆိုတော့ အကောင်းဖက်အားသာတဲ့ စနစ်ကို ဘယ်လို ရွှေ့ရင် အဆင်ပြေနိုင်မလဲ ကွ ''

'' အခု ညောင်နှစ်ပင် ကိစ္စကို တွေးမိတာကတော့ သိမ်းဖို့ မဖြစ်နိုင်ဘူး ဗျ ''

'' ဟေ မင်းက ဘယ်လိုထင်သလဲ ကွ ''

'' Close PR အတွက် ၂၀၀၈ ခြေ/ဥ ကို ပြင်ဆင်ဖြည့်စွက်စရာ ရှိကောင်းရှိလာနိုင်တယ် ၊ ခြေ / ဥ ပြင်ဖို့ လွှတ်တော်မရှိတော့ဘူး ၊ တပ်ကလည်း မသိမ်ချင်ဘူး ဒီတော့ လွှတ်တော်တရပ်ကို တတ်သိပညာရှင်တွေ နဲ့ အရေးပေါ် ဖွဲ့စည်းပြီး ပြင်ဆင်ဖို့ လုပ်နေတယ်ထင်တာပဲ ဗျ ''

'' သြော် ၂၀၀၈ စရေးတဲ့ ပုံစံမျိုးပေါ့ ''

'' အမှန်ပဲ လေ အခုဟာက အာဏာသိမ်းဖို့ ဆိုတဲ့ အယူအဆကို မစဥ်းစားချင်တာက အာဏာသည် နစက လက်ထဲမှာ ရပြီးဖြစ်တယ် ၊ ဒီတော့ ကိုယ့်မိန်းမကို ပြန်ပြီး ရီးစားစကားပြောစရာမှ မလိုတာပဲဗျာ ''

'' အင်း မင်းအတွေးကတော့ တကယ့်ဇောက်ထိုးကောင်ပဲ ကွ ''

'' အတွေးဆိုတာ ထင်မြင်ချက်ပါဗျာ မှားရင်လည်း မှားသွားနိုင်တာပါပဲ ''

'' 1958 က ဦးနေဝင်းလို အကွက်လည်း လှတာပဲ ကွ ''

'' ကြည့်ရတာ ကကွက်တခု နှစ်ခါပြန်မကချင်တာရယ် ငါးနှစ်လောက် အာဏာရသွားတဲ့ NLD ရဲ့ အဖျက်စွမ်းအားရယ်ကို ကြည့်ပြီး ကကွက်အသစ် ဖန်တီးချင်ပုံပါပဲ ''

'' အေးကွာငမျိုးရေ ဘာပဲပြောပြော တပ်မတော်အပေါ် ထောက်ခံသူတွေ ယူဆနေသလို ပြည်သူ့အသက်တွေ ရင်းပြီး အာဏာအပိုင်းသိမ်းဖို့ ရက်ရက်စက်စက် ထိုးကျွေးနေတာဆိုတဲ့ အမြင်ရယ် ၊ NLD မဲ မခိုးပဲ အာဏာမက်လို့ အကြောင်းပြ လက်နက်အားကိုးနဲ့ မတော်မတရား အာဏာသိမ်းတယ် ဆိုတဲ့ စွတ်စွဲချက်ရယ် ပေါင်းပြီး တပ်မတော်သမိုင်းကို မရိုင်းစေချင်တော့ဘူး ကွာ ''

'' အမှန်ပဲဗျ သမိုင်းထဲက အဆိုးအကောင်းတွေ သင်္ခန်းစာပြီး နစက အနေနဲ့ အကောင်းဆုံး ထွက်ပေါက်နဲ့ တိုင်းပြည်ကော တပ်မတော်သမိုင်းရော မရိုင်းရလေအောင် စီမံနိုင်ကြမယ်လို့တော့ ယုံကြည်မိပါရဲ့ဗျာ ''

'' ကဲ မေးချင်တာမေးရလို့ ကျေနပ်ပြီကွာ အကောင်းဆုံး စီမံကြပါစေလို့ပဲ ဆုတောင်းရမှာပဲဟေ့ ဆင်းပြီကွာ ''

         ကိုရွှေမျိုးဝင်း

(ဘာပဲပြောပြော မီးခွက်ထဲ မဝင်ရပြီးရော......)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...