Thursday, June 16, 2022

စည်းရုံးရေး နဲ့ ပစ်မှတ်လွဲတဲ့ ပြဿနာ



          အမြန်လမ်းမှာ ခရီးထွက်ရင် လမ်းမကြီးဘေးက သန့်ရှင်းလတ်ဆတ်ပြီး ပစ္စည်းမှန် စျေးနှုံးမှန်တဲ့ တောထမင်းဆိုင်လေးတွေမှာ စားခဲ့ရတာကို အလွန်သတိရပါတယ် ။ 

         မှတ်မှတ်ရရ ရန်ကုန်မှ မန္တလေးအသွား လမ်းညာဖက်ခြမ်းက ၁၁၅ အနီး ၁၁၃ မိုင်ခန့်က တောသားပေါင်းစုံ ရနိုင်တဲ့ ဆိုင်းလေးဆိုရင် စျေးချိုပြီး အချို့ဟင်းတွေကို မှာလိုက်မှ ပူပူနွေးနွေး လှီးဖြတ်ချက်ပြုတ်ပေးတာရယ် စျေးချိုတာရယ် အသားအမျိုးအစား အမှန်ဖြစ်တာရယ်ကြောင့် သတိရမိပါတယ် ။

        အဲဒီလို ကိုယ်ပိုင်ကားနဲ့ ခရီးသွားတွေ ဝင်နားစားသောက်လေ့ရှိတဲ့ ဆိုင်ကလေးတွေကို ပြဿနာရှာတတ်တာ ရပ်နားကွင်းတွေမှာ စျေးနှုံးအဆမတန်တင် ဂုတ်သွေးစုတ်ရောင်းချနေတဲ့ ဆိုင်ကြီးအချို့ပဲ ဖြစ်ပါတယ် ။ 

         မဖြစ်သလောက် အရေအတွက်ဖြစ်တဲ့ အိမ်စီးကားလေးအနည်းလောက် အားပေးလို့ ရပ်တည်နေတဲ့ အဆိုပါ တောဆိုင်လေးတွေကို ဒေသအာဏာပိုင်တွေလာဘ်ထိုး ငွေနဲ့ ပေါင်းပြီး ဥပဒေနဲ့ဖိနှိပ် ဖျက်ဆီးပိတိဆို့နေတာ ကြာပါပြီ ။ 

       အခုလည်း ကြားရပြန်ပါပြီ ။ ၁၁၅ မိုင် အနီး ၁၁၈ မိုင်မှာ တောထမင်းဆိုင်လေး ၇ ဆိုင်ရှိပါတယ် ။ ခရီးသည်တင်ကားကြီးတွေ လုံးဝမရပ်ပါဘူး ။ အိမ်စီးကားလေးအချို့တော့ ရပ်နားစားသောက်ကြပါတယ် ။ အထူးသဖြင့် အောက်ခြေတပ်မတော်သားတွေ နဲ့ ရဲတပ်သားလေးတွေ အများဆုံးစားကြပါတယ် ။ 

        ဘာထူးခြားလို့လဲဆိုတော့ တပ်မတော်သားတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေဆိုရင် ထမင်းအဝစား ၁၀၀၀ိ / နဲ့ ယ​နေ့ထိ ရောင်းချပေးနေလို့ပါပဲ ။ စစ်သား ရဲသား လုံးဝစျေးမရောင်းပါဆိုတဲ့ ဆိုင်းပုဒ်တွေကို နေပြည်တော်ထိ ဆိုင်တွေမှာ ကပ်ပြီး ဆန္ဒပြနေချိန် ၊ ဒလန်ခေါင်းစဥ်တပ်ပြီး သောက်သောက်လဲသတ်ပြနေချိန်မှာ စစ်သား ရဲသားကို အထူးသက်သာတဲ့ စျေးနှုံးနဲ့ ရောင်းချပေးနေတဲ့ အဆိုပါ စေတနာရှင် သတ္တိရှင် တောထမင်းဆိုင်လေးတွေကို ခင်ဗျားတို့ တပ်မတော် နေ့တိုင်းတောင် ကန်တော့သင့်သဗျ ။

        အခုတော့ လူကြားမကောင်း 22-5-2022 မှာ ဖယ်ရှားရမတဲ့ ။ အမြန်လမ်းရဲကင်းနဲ့ သတ်မှတ်ကိုက်အတွင်း မရှိစေရဆိုတဲ့ အမိန့်အရတဲ့ ။ အမိန့်က ဘယ်ကလဲမေးတော့ ညှိကွပ်ကတဲ့ ။ စာပြပါဆိုတော့ မပြနိုင်ဘူးတဲ့ ။ နောက်ဆုံး စစ်သားတွေက သေနတ်ဖောက်ခြိမ်းခြောက်နှင်ထုတ်ကြသတဲ့ ။ 

         သတ်မှတ်ပေအတွင်းဆိုတာ အခြား ရဲကင်းတွေနဲ့ မသက်ဆိုင်ပဲ ၁၁၅ မိုင်အနီးပဲ ကွက်ကွက်လေး ဖြစ်နေတာ ထူးဆန်းမနေဘူးလားဗျာ ။ ကဲ ဆိုင်လေးတွေက စစ်တပ်ဆိုတော့ကြောက်ပြီး ဝေးရာရွှေ့ပါရော ။

         ဒီတော့ ဘာထပ်လုပ်သလဲဆိုတာကြည့်အုံး ။ ကားလမ်းဘေးကို အဲဒီတောဆိုင်လေးတွေရှေ့ ရေမြောင်းတူးတယ် ၊ ငုတ်တိုင်တွေလာစိုက်တယ် ဆိုတော့ကား ဖြူးမြိုနယ်ထွေအုပ် ဒေသခံတပ်ရင်း ပဆင ရဲ တို့ ပူးပေါင်းပြီး ပရောဂကပ်နေပြီလို့ ယူဆကြရပါပြီ ။ 

         တာဝန်ရှိသူတွေက လုံခြုံရေးဂရုစိုက်လို့ကွ ဆိုပြီး တဖက်ကတွေးကြည့်မိတော့လည်း ဒီလိုတွေ့ရပြန်ရော ။ 

        ဟိုတလောဆီက အမြန်လမ်းလုံခြုံရေးရဲကင်းက ရဲ ငါးယောက် အသတ်ခံရတာ အားလုံးမှတ်မိကြမှာပါ ။ အဲဒီဖြစ်စဥ်မှာ စိတ်ဝင်စားဖွယ် ပူးတွဲတရားခံကို တွေ့ရပါတယ် ။ အဲဒါကတော့ ပဲစားသစ္စာဖောက်တဦးလို့ပြောရမှာပါပဲ ။

         တပ်ထွက်တယောက်က ၁၁၅ မိုင်မှာ အကြီးဆုံးစားသောက်ဆိုင်ကြီးဖွင့်ပြီး အဘတွေဆောင်မမှုနဲ့ ကြီးပွားချမ်းသာနေလေရဲ့ ။ ၁၁၅ မှာ အကြီးကျယ်ဆုံး ဆိုင်ကြီးနဲ့ အဆမတန်ချမ်းသာနေပေမယ့် အနီးနားက တောထမင်းဆိုင်လေးတွေရဲ့ ထမင်းလုပ်ကို လိုက်ပုပ်ချနေတာလည်း အဲဒီ ထမင်းဆိုင်ရှင် တပ်ထွက်ကြီးပါပဲ ။

        အနီခေတ်ရောက်တော့ ရဲရဲတောက် အမေဖြစ်ပြီး အနီရောင်ရောင် ချက်ခြင်းပြောင်းသဗျ ။ အဲဒါပြဿနာမဟုတ်ပါဘူး ဒီမိုကရေစီစနစ်ကိုးဗျ ။ ပြဿနာက အစောက အသတ်ခံရတဲ့ ရဲ ၅ ယောက်ပြဿနာမှာ အဲဒီတပ်ထွက်ဆိုင်ကနေ ဒရုန်းနဲ့ ထောက်လှမ်းပေးတယ်ဆိုတဲ့ စွတ်စွဲချက်က အတော်ရုပ်ဆိုးသဗျ ။

        ပတ်ဝန်းကျင်က သာမန်ကောလဟာလထုတ်စွတ်စွဲတာ မဟုတ်ဖူးနော် ။ သက်သေရှိလို့ အစိုးရကိုယ်တိုင် ဖြူးအချုပ်ထဲ ဖမ်းပြီး စစ်ဆေးရတဲ့အဆင့်ပါ ။ ဖြူးအာဏာပိုင်တွေကို လာဘ်ထိုးပေမယ့် ရဲတပ်သားတွေ အသတ်ခံရတာနဲ့ ပတ်သက်နေလို့ အမှုကြီးတော့ လက်မခံရဲပဲ တောင်ငူကို ပို့လိုက်ပါရော ။

        ခရိုင်မြို့တောင်ငူလည်း ရောက်ရော ဘယ်လိုလုပ်လိုက်သည်မသိ ပြန်လွတ်လာပါရော ။ အဲသလောက်စွမ်းတယ်နော် ။ 

      ပြောချင်တာက  ယခု စစ်သား ရဲသားတွေကို သတ္တိရှိရှိ စျေးလျှော့ရောင်းပြီး တပ်မတော်ကို ထောက်ခံနေတဲ့ တောထမင်းဆိုင်လေးတွေကို လုံခြုံရေးအကြောင်းပြ သေနတ်ပစ် နှင်ထုတ်ခဲ့တဲ့ အာဏာပိုင်တွေရဲ့ စိတ်သဘောထားကို မြင်သာအောင် ကြည့်ကြစမ်းပါ ။ 

         တပ်မတော်ကိုထောက်ခံနေတဲ့ အဆိုပါ ​တောထမင်းဆိုင် ၇ ဆိုင်မှာ ဝန်ထမ်း ၇၀ လောက်နဲ့ သူတို့ကိုမှီပြီး ကွမ်ယာ အအေးဆိုင်လေးတွေ ဆိုင်ကယ်ရီတွေပေါင်းလိုက်ရင် မိသားစု ၁၀၀ လောက်က မှီခိုနေကြရတာဖြစ်ပါတယ် ။ 

           ညှိကွပ်အမိန့်ဆိုပြီး အမိန့်စာမပြနိုင်ပဲ အနိုင်ကျင့်နှိပ်စက်ခဲ့တာ မကျေနပ်လို့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံ နဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေး (ညှိကွပ်) တို့ထံသို့ တိုက်ရိုက်လိပ်မူတိုင်ကြားထားပေမယ့် ယနေ့ထိ အကြောင်းမပြန်သေးပါဘူး ။ 

         ဒီလို ကြပ်တည်းပြီး အလုပ်အကိုင်ရှားပါနေတဲ့ ခေတ်ကြီးမှာ မိသားစု ၁၀၀ ရဲ့ ထမင်းအိုးကို ခွဲပစ်တဲ့ ဒေသအာဏာပိုင်တွေရဲ့ လုပ်ရပ်ကတော့ ရက်စက်လွန်းရာကျပါတယ် ။ ပိုပြီးဆိုးဝါးတာက မိမိတို့အဖွဲ့အစည်းကို အမာခံ ထောက်ခံအားပေးနေသူတွေအပေါ် သက်ညှာခြင်းမရှိတာက စိတ်ပျက်စရာပါပဲ ။

        ၁၁၅ မိုင်က သစ္စာဖောက်လောက်ကောင်တယောက်ရဲ့ လာဘ်ငွေမစို့မပို့ စားပြီး တပ်မတော်ထောက်ခံ အလုပ်သမား ၁၀၀ နဲ့ မှီခိုသူမိသားစုဝင် ၅၀၀ လောက်ကို ဘဝပျက်အောင် လုပ်ခဲ့တဲ့ ဖြစ်စဥ်ကို နစက အနေနဲ့ ပေါ့ဆဆ မတွေးသင့်ပါဘူး ။ 

           အမှန်တကယ် ညှိကွပ်က စာထုတ်ညွှန်ကြားထားသလားဆိုတာ ပထမဆုံး စီစစ်ပါ ။ စာထုတ်ခဲ့ရင်လည်း နှင်ထုတ်ခံရတဲ့ ဆိုင်ရှင်ပေါက်စလေးတွေကို အသေအချာ စာပြပြီးရှင်းပြရပါမယ် ။ 

         သတ်မှတ်ဧရိယာနဲ့ ကင်းလွတ်တဲ့နေရာမှာ လုပ်စားခွင့်ပေးရပါမယ် ။ ရေမြောင်းတူးတာ ၊ ကားဆင်းမရအောင် ငုတ်တိုင်စိုက်ပိတ်ပင်တာမျိုး မပြုလုပ်နိုင်အောင် ကာကွယ်ပေးရပါ့မယ် ။ 

        တပ်မတော်အနေနဲ့ နယ်လှည့် ဆေးကု ၊ တပ်တွင်းထဲ ဇတ်ကပြ ၊ တနှစ်တခါ တပ်မတော်ဂုဏ်ပြုရုပ်ရှင်ဇတ်လမ်းလေးရိုက်ပြနေရုံနဲ့ စည်းရုံးရေးဆင်းနေလို့ မရတော့ဘူး မလုံလောက်တော့ဘူးဆိုတာ ဒီနေ့ မျိုးဆက်ပျက် PDF တွေက ကောင်းစွာ သက်သေပြနေပါပြီ ။ 

        ယခုလို မတော်မတရား ကိစ္စများအပေါ် ပြေလည်မယ့် နည်းလမ်းရှာ ဖြေရှင်းကူညီနိုင်မှသာ တကယ့်စည်းရုံးရေး အစစ်ဆိုတာ သတိပြု ပြောင်းလဲဖို့ သင့်ပါပြီ ။ 

      အမြန်ဆုံးစီစစ်၍ အမှန်ဆုံးဆုံးဖြတ်ကာ လူပေါင်း ၅၀၀ ( အလုပ်အကိုင် ၁၀၀) ခန့်ရဲ့ ဘဝတွေကို နစကအနေနဲ့ ကူညီနိုင်ပါစေလို့ ဆုတောင်းလျှက်......

        ကိုရွှေမျိုးဝင်း

(အမြန်လမ်း ၁၁၅ မိုင်က ပဲစား သစ္စာဖောက်ဆိုင်က တဆိုင်ထဲမို့ လူသိများပါတယ်ဗျာ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...