Thursday, June 23, 2022

ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း


      ပထမဆုံး အချိုးကျပိုင်ဆိုင်မှုကို ကြည့်ပါ ။  ပိုက်လိုင်းတွေ အတွက် မြန်မာဖက်ကနေ ထည့်ဝင်တဲ့ အချိုး ကတော့ 

ရေနံပိုက်လိုင်း
---------
တရုတ် SEAP.   50.9 %
မြန်မာ  MOGE.  49.1 %

သဘာဝဓာတ်ငွေ့ပိုက်လိုင်း
----------------
တရုတ်     CNPC.    50.9 %

ကိုရီးယားဒေဝူး       25.04 %

ကိုရီးယား KOAAS.  4.17 %

အိန္ဒိယ.     ONGC.     8.34 %

အိန္ဒိယ.      GAIL.        4.17 %

မြန်မာ        ONGE.      7.36 %

          အဲဒီအချိုးအရ ရင်းနှီးမြှပ်နှံမှု ခွဲတမ်းရပါမယ် ။ အဲဒီမြှပ်နှံမှုအတွက် 2010 တုန်းက တရုတ်ဘဏ်ကနေ ယူရို 86.16 ချေးခဲ့ရတယ် ။ ကြွေးဆပ်ကာလ  ရောက်တော့ တိုးရင်း 103.64 ပြန်ဆပ်ရတာကို လွှတ်တော်မှာ NLD တွေ ကျယ်ကျယ်လောင်လောင် အပြစ်တင်ခဲ့ကြတာ ကြားဖူးကြမှာပါ ။ 

         တနှစ်ကို ဒေါ်လာ 1.5 ဘီလီယံရဖို့ အရင်းနှီး 86.16 ချေးခဲ့ရတာကိုပဲ အပြစ်မြင်နေတဲ့ တဖက်ပိတ် အောက်တန်းစားစိတ်ဓာတ်ကို မြင်အောင် ကြည့်ကြပါ ။

         ကောင်းပြီ မြေငှားခ အတွက် ကြည့်ပါ ။ နှစ်စဥ် $ 13.81 သန်းရပါမယ် ။ ရေနံစိမ်း တတန်ဖြတ်သွားရင် တဒေါ်လာရပါမယ် ။ သဘာဝဓာတ်ငွေ့ဖြတ်သန်းခ ကုဗပနဲ့ တွက်ယူပါတယ် မှတ်တမ်းမရှိတော့လို့ အတိအကျ မရေးနိုင်တာ ကျနော်ညံ့ဖျင်းမှုပါ ။

        နှစ်စဥ် မြန်မာအတွက် လိုအပ်တဲ့ ရေနံစိမ်းတန် နှစ်သန်း နဲ့ သဘာဝဓာတ်ငွေ့ နှစ် ဘီလီယံ ကုဗပ ဝယ်ခွင့်ရှိပါတယ် ။ 
(သယ်ယူစရိတ် ဘယ်​​လောက်သက်သာသွားသလဲ တွက်ကြည့်ပါ)

        အဲဒီ လုပ်ငန်းတွေဟာ 2013 ဇွန်လမှာ ပြီးသွားပါတယ် ။ 

-  28-7-2013 မှာ ဓာတ်ငွေ့ စမ်းပို့ပါပြီ ။ 

- ရေနံပိုက်လိုင်း 30-1-2015 မှ စတင်ပို့ခဲ့ပါပြီ ။ 

        အစိုးရအပြောင်းအလဲ နဲ့ အခြား ပြဿနာ တွေကြောင့် 12-4-2017 ရောက်မှ စီမံကိန်းတခုလုံး စတင်လည်ပတ်နိုင်ပါတယ် ။ 

         မြန်မာက လက်ရှိ သဘာဝဓာတ်ငွေ့ ကုဗပ သန်း ၁၀၀ နေ့စဥ် သုံးနေပါတယ် ။ 

     2019 ဇူလှိုင်အထိ ရေနံတန်ချိန် 1.9 သန်း နဲ့ သဘာဝဓာတ်ငွေ့ ကုဗပပေ 20 ဘီလီယံ တင်ပို့ထားပါပြီ ။ 

      ယခုဆိုလျှင် ၆ လအတွင်း ရေနံတန်ချိန် ၅ သန်း နဲ့  သဘာဝဓာတ်ငွေ့ အများအပြား တင်ပို့ထားပါပြီ ။

       ဒီစီမံကိန်းကနေ မြေယာလျှော်ကြေးတွေ အသံမကြားရအောင် ပေးခဲ့ကြပါတယ် ။ ရရှိသူ ဒေသခံ အများစု ကျေနပ်ခဲ့ကြပေမယ့် မြှောက်ထိုးပင့်ကော်တွေကတော့ ရှိခဲ့တာပါပဲ ။ ကိုယ်လယ်ထဲ မဖြတ်ပဲ ကွေ့သွားလို့ လျှော်ကြေးမရတဲ့အတွက် တိုင်ကြတဲ့ လယ်သမားတွေတောင် ရှိခဲ့ကြပါတယ် ။

           တပ်မတော် နဲ့ ဦးသိန်းစိန်တို့ကို ဒီ ပိုက်လိုင်း နှစ်ခု နဲ့ ပတ်သက်ပြီး နိုင်ငံရေး ထိုးနှက်ချက် အကြီးအကျယ် ခံရတဲ့ကြားထဲက တိုင်းပြည်အတွက် မျက်စိမှိတ် လုပ်ခဲ့ပြပေမယ့် သူတို့ မခံစားရပါဘူး ။ တကယ်ခံစားခဲ့တာ NLD အစိုးရပဲ ဖြစ်နေတာ ရက်စွဲ သမိုင်းတွေက သက်သေပါပဲ ။ 

       တပ်မတော်အကြီးအကဲတွေက တိုင်းပြည်အတွက် တည်ဆောက်ရေးတွေ လုပ်ကိုင်ကြရာမှာ အမျိုးမျိုး နှောက်ယှက်ဖျက်ဆီးပြီး တိုင်းပြည်ကို ဖွံ့ဖြိုးမှု မရှိအောင် လှုံ့ဆော်နေကြတာဟာ အနောက်အုပ်စုရဲ့ အလိုကျ NLD ကဆောင်ရွက်ပေးနေကြတာပါပဲ ။

         အဲဒါတွေကတော့ မီဒီယာပေါင်းစုံကနေ  အများဆုံးပြောနေကြတဲ့ ပိုက်လိုင်းကိစ္စတွေပါပဲ ။ အထက်ပါ အချက်အလက်တွေဟာ တရားဝင် ထုတ်ပြန်ပြီး အချက်အလပ်တွေပဲ ဖြစ်ပါတယ် ။

           နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ သာမန်စီးပွားရေး လုပ်ငန်းကို ပွင့်လင်းမြင်သာစွာ ချပြပြီး ဖြစ်ပေမယ့် လေ့လာမှု အားနည်းတဲ့ ပြည်သူတွေမို့ သူတပါးသွေးထိုးမှုကို ယုံကြည်နေကြတာပါပဲ ။

          ကဲ ဒီလောက်ဆိုရင် တရုတ်ကို ရေနံ နဲ့ သဘာဝပိုက်လိုင်းအတွက်  မြန်မာ့မြေရောင်းစားလို့ မြန်မာနိုင်ငံ နှစ်ခြမ်းဖြစ်သွားပြီဆိုကာ ရေနံပိုက်လိုင်း မြေပုံကြီးပြပြီး အပုပ်ချခဲ့တဲ့ လူယုတ်မာတွေအကြောင်း သိလောက်ပါပြီ ။

      လယ်သမားတွေလည်း လျှော်ကြေးရပြီးနောက် ကိုယ့်မြေပေါ် ကိုယ်ပြန်စိုက်ပျိုးလို့ရနေပါပြီ ။ နိုင်ငံခြားသားကို မြေပိုင်ဆိုင်မှု ဥပဒေအရ တားမြစ်ထားတာ လေ့လာကြည့်နိုင်ပါတယ် ။ 

      မြန်မာ့တပ်မတော်ဟာ မြန်မာ့ရေ​မြေကို အပေါစားလုပ်မပစ်ခဲ့ကြပါဘူး ။ သို့သော် နှုတ်နည်းပြီး မီဒီယာအသုံးချပညာ ညံ့ဖျင်းတဲ့အတွက် လေ့လာကြည့်မှ သိနိုင်တဲ့အရာတွေမို့ လူယုတ်မာက မင်းသားဖြစ်ပြီး မင်းသားက လူကြမ်းဖြစ်နေတာ စိတ်မကောင်းစရာပါပဲ ။

         ကိုရွှေမျိုးဝင်း

(ကိုယ်တွေကသာ မနေနိုင်လို့ အမှန်တရားတွေ ဖော်ထုတ်နေရတာ ကာယကံရှင်တွေက အခုထိအိပ်နေကြတုန်း...ဒါတောင် တခါတခါ ဒီလို အပြောခံနေရသေးတယ်)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...