Monday, June 20, 2022

သတင်းကြွေး



          ကျနော်ရေးခဲ့ဖူးတဲ့ ကန်နီ ကျေးရွာကို အကြမ်းဖက်တွေ ဝိုင်းတိုက်ကြတာ အချိန်မှီ ပစ်ကူ စစ်ကူပေးဖို့ ပျက်ကွက်ခဲ့တဲ့သတင်း ရှိခဲ့ဖူးပါတယ် ။

         ကျေးရွာပြည်သူ့စစ်များနဲ့ တာဝန်ကျ စစ်သည်များရဲ့ ရဲဝံ့စွာ ခုခံမှု​ကြောင့် ကျဆုံးသူမရှိခဲ့ပါဘူး ။ ရွာအပြင်မှာ အသတ်ခံရတဲ့ ရွာသားအချို့တော့ ရှိခဲ့ပါတယ် ။ 

         စစ်ကြောင်း ၅ ကြောင်း ချီတက်လာပြီး ပတ်ဝန်းကျင်ရှိ နီပိတ်ရွာတွေကို ရှင်းလင်းချေမှုံးနေပါတယ် ။ အထူးသဖြင့် ကန်နီအနီးက ကန်နက် ဆိုတဲ့ရွာက တရွာလုံးနီးပါး ရဲရဲတောက်တွေလို့ သိရပါတယ် ။ 
(ကန်နက်ရွာနှိမ်နင်းတာကြမ်းတမ်းတယ်လို့ ဝေဖန်တဲ့ မိတ်ဆွေကြီး အဲဒီကန်နက်ရွာသား အကြမ်းဖက်တွေ သတ်လို့ အပြစ်မဲ့သူတွေ အများအပြားသေခဲ့ရတာ စုံစမ်းစေချင်ပါတယ်)

        နောက်ပြီး ကျနော်တင်ခဲ့ဖူးတဲ့ ဂျပန်သိုက်တူးသတင်း ။ တူးဖော်ရေးလုပ်ငန်းအတွက် သိန်းပေါင်းသောင်းချီ အကုန်အကျခံပြီး ကျိုးစားတူးဖော်ကြပေမယ့် မရကြသေးပါဘူး ။

         မိုးများလာလို့ နားထားသလား ၊ လက်လျော့သွားတာလား မသိရပေမယ့် အချိန်ကုန်ခံ ၊ ငွေကုန်ခံပြီး နိုင်ငံတော်နဲ့ ပြည်သူအတွက်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဆောင်ရွက်ခဲ့ကြသော ကုမ္ပဏီကိုတော့ လေးစားကြရမှာပါပဲ ။ 

(ရခဲ့ရင် နိုင်ငံတော်ကိုပဲ အပ်နှံပါ့မယ် ဆိုတဲ့ အဆိုပြုချက်က ဘယ်သူဌေး ဘယ်ခရိုနီမှ လိုက်မမှီတဲ့ တိုင်းပြည်ချစ်စိတ်ပါပဲ) 

        ဒါတွေက ကျနော်ရေးခဲ့ဖူးတဲ့ သတင်းကြွေးများဖြစ်ပါတယ် ။ နောက်ထပ် Hot သတင်းဖြစ်တဲ့ ရုရှားက အမေရိကန်စစ်စခန်းကို ဗုံးကြဲတယ်ဆိုတဲ့သတင်း ရှိပါသေးတယ် ။ 

       ဆီးရီးယားမှာ ရုရှားထောက်ခံတဲ့ အစိုးရနဲ့ အမေရိကန်ထောက်ပံ့နေတဲ့ သူပုန်ဆိုပြီး ရှိနေပါတယ် ။ အမေရိကန်တွေက သူပုန်စခန်းတွေမှာ အတူနေကြတာပါ ။ 

         ရုရှားက မကြာမကြာ သွားတိုက်လေ့ရှိပါတယ် ။ ယခုတကြိမ်ကတော့ ရုရှားက ငါတို့လာပြီ မသေချင် ပြေးကြဆိုပြီး အမေရိကန်စစ်သားတွေဆီ သတင်းပေးပြီးမှ ဗုံးကြဲတာ ထူးဆန်းနေပါတယ် ။ 

         ဘာထူးဆန်းတာလဲ ဆိုတော့ ဗုံးကြဲခံရတဲ့နေရာက အရှေ့တောင်အာရှအတွက် လက်နက်ပံ့ပိုးဖို့ စုဆောင်းထားတဲ့ လက်နက်တိုက်ရှိသတဲ့ ။ နောက်ပြီး ကြိုတင်အသိပေးပြီးမှ တိုက်တာကိုပဲ အဆင်သင့်ပြင်ပြီး စောင့်နေတဲ့ အမေရိကန် ရေဒါတွေ နဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ ဘာမှ မသိလိုက် ၊ မတုန့်ပြန်နိုင်လိုက်ပဲ အဝုန်းခံလိုက်ရတာ ထူးဆန်းနေပါတယ် ။

         ဒီပွဲက ရုရှားရဲ့တိုက်စစ်လက်နက်ဆန်း​တွေ မပြောနဲ့ လေယာဥ်တောင် အမေရိကန်တို့ရဲ့ ရေဒါတွေ မဖမ်းနိုင်တော့ဘူးလား ဆိုတဲ့ မေးခွန်းနဲ့အတူ အမေရိကန်စစ်ဖက်အရာရှိကြီးတွေ ထူပူသွားရတဲ့ အခြေအနေ ဖြစ်ခဲ့ရပါတယ်။

        ဒီကြားထဲ တရုတ်ကလည်း အမေရိကန်တို့ အားထားနေရတဲ့ တာဝေးပစ် ဒုံးပျံတွေကို ကြားဖြတ် ပစ်ချနိုင်ပြီ ဆိုတဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပြန်ပါတယ် ။ 

       ဝက်ဝံတကောင်တည်းနဲ့ စစ်လက်နက် နည်းပညာမှာ အရှိုက်ထိုးခံထားရတဲ့ အမေရိကန်အတွက် တရုတ်ရဲ့ ကြေညာချက်က မျက်ခွက် ဖနောင့်နဲ့ အပေါက်ခံလိုက်ရသလို ဖြစ်သွားရပြန်ပါတယ် ။ 

        ဒီသတင်းတွေဟာ မြန်မာ့အနာဂါတ်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ သတင်းတွေဖြစ်ပါတယ် ။ မြန်မာကို အမြဲတမ်းဒုက္ခပေးနေတဲ့ အမေရိကန်ရဲ့ ပါဝါကျဆင်းမှုဟာ မြန်မာအတွက် ကောင်းသတင်းပါပဲ ။ 

       ဘာကြောင့်လဲ ဆိုရင်တော့ အမေရိကန်ရဲ့ ပြိုင်ဖက်တွေက မြန်မာရဲ့ အဓိကကျောထောက်ခံ မဟာမိတ်တွေ ဖြစ်နေလို့ပါပဲ ။ 

        စစ်ကိုင်းတိုင်းအခြေအနေ ၊ မြန်မာ့လောင်စာဆီ ပြဿနာ နဲ့ လျှပ်စစ်ကဏ္ဍများအတွက် သီးသန့်ရေးမှ ပြည့်စုံမှာပါ ။ အချိန်ရရင် ညနေ ထပ်တင်ပါ့မယ် ခင်ဗျာ ။ 

         ကိုရွှေမျိုးဝင်း

(နေရာတကာ ရန်လိုတဲ့ ကျွဲ ဒီလိုအနေအထားရောက်နေတာ အားရချက်....)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...