Thursday, June 23, 2022

လက်ပန်းတောင်း နဲ့ နိုင်ငံတော်


         လက်ပန်းတောင်စီမံကိန်းက ဟိုတုန်းကတည်းက ရှိခဲ့တာပါ ။ တချိန်တုန်းက လက်ပန်းတောင်းတောင် နားလေးမှာ စပယ်တောင် ဆိုတာ ရှိခဲ့ပါတယ် ။ 

     စံပယ်တောင် နဲ့ လက်ပန်းတောင်းတောင် ကို ပထမဆုံး စမ်းသပ်ထုတ်လုပ်ဖို့ လမ်းဖောက်ခဲ့တာ အိုင်ဟိုဗင့် ကုမ္ပဏီဖြစ်ပါတယ် ။ အိုင်ဟိုဗင့် ကုမ္ပဏီဟာ စံပယ်တောင်မှာ ကြေးနီ စထုတ်တော့ ဘာသံမှ မကြားခဲ့ရပါဖူး ။ 

 - စစ်အစိုးရလက်ထက်ဖြစ်ခြင်း

 - လျှော်ကြေးစနစ် မှန်ကန်ခြင်း

 - ထုတ်လုပ်မှု စနစ် မှန်ကန်ခြင်း 

   တွေကြောင့် စံပယ်တောင်ကုန်သွားတဲ့ အထိ လူသူမသိလိုက်ရပဲထုတ်လုပ်သွားနိုင်ခဲ့ပါတယ် ။ နိုင်ငံရေး အပြောင်းအလဲကြောင့် အိုင်ဟိုဗင့်ဟာ လက်ပန်းတောင်းတောင်ကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး ။ 

     အဲဒီမှာပဲ ထိုခေတ်ထိုအခါက ခြေစွာနေတဲ့ ဦးပိုင်ကုမ္ပဏီက လက်ပန်းတောင်း​တောင်မှ ကြေးနီထုတ်လုပ်ရန် ခွင့်​ပြုချက်လျှောက်ထားပါတယ် ။ ရလည်းရပါတယ် ။ တကယ်ထုတ်မယ်ဆိုတော့ ဦးပိုင်ကုမ္ပဏီမှာ လုံလောက်တဲ့ နည်းပညာ နဲ့ လုံလောက်တဲ့ အရင်းအနှီး မရှိပါဘူး ။ 

        ကြေးနီထုတ်တယ်ဆိုတာ သာမန် ရွှေထုတ်သလို ဧက ၂၀ လောက်နဲ့  တပိုင်တနိုင် လုပ်လို့ ရနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး ။ ဧကပေါင်း ထောင်သောင်းချီပြီး လျှောက်ထား ထုတ်လုပ်ရတာမျိုးပါ ။ အင်မတန်ကြီးတဲ့ လုပ်ငန်းကြီးဖြစ်ပါတယ် ။ 

        ဒီတော့ ဦးပိုင်ဟာ ပါတနာရှာရင်း ဝမ်ပေါင်ကုမ္ပဏီနဲ့ ချိတ်မိသွားပါတယ် ။ ဝမ်ပေါင်ကလည်း တရုတ်အစိုးရပိုင် ဖြစ်ပါတယ် ။ 

       အဲဒီလို ချိတ်ဆက်ရင်း ခေတ်ကာလအပြောင်း ဦးသိန်းစိန် အတက် လုပ်ငန်းကစနေပြီဖြစ်သလို နိုင်ငံရေးသမားတွေရဲ့ သွေးထိုးမှုကလည်း စတင်လာပါပြီ ။ 

     သဘာဝပါတ်ဝန်းကျင် ဘာညာကွိကွတွေ နဲ့ ဒေသခံတွေကို မြှောက်ပေးလာပါတယ် ။ ဒေသခံ အများစုဟာ အိုင်ဟိုဗင့်ကုမ္ပဏီ လက်ထက်ကတည်းက ကြေးချက်ရောင်းစားလာကြတာ ကြာခဲ့ပါပြီ ။ ကုမ္ပဏီစွန့်ပစ်မြေထဲကနေ ကြေးဆက်ထုတ်လို့ ရပါသေးတယ် ။ 

         ဒါပေမယ့် ဒီမိုကရေစီခေတ်အပြောင်း ၂၀၀၈ အသက်ဝင်လာချိန်မှာ မြေယာလျှော်ကြေးတွေ ဘာတွေ ဆူညံလာပါတယ် ။ ကျနော့်အထင်ကတော့ အဲဒီအချိန်မှာ ဦးပိုင် နဲ့  ဝမ်ပေါင်တို့ကလည်း အနိုင်ကျင့် ဗိုလ်ကျပြီး မြေသိမ်းထားတာတွေ ရှိပါလိမ့်မယ် ။ ပုံကြီးချဲ့ ခံရတယ်ဆိုတာ ကိုယ့်ဆီမှာ ပုံသေးသေး ရှိနေလို့ပါပဲ ။ 

     အဲဒီလိုနဲ့ လုပ်ငန်းစတင်တဲ့ အချိန်မှာပဲ ဒေသခံတွေကို သွေးထိုးပြီး သပိတ်မှောက်လာကြပါပြီ ။ ဦးသိန်းစိန်အစိုးရကလည်း ဒီမိုကရေစီသာ ပြောနေတာ သူလည်း ဒီစနစ် နဲ့ အုပ်ချုပ်ဖူးတာ မရှိတော့ ယောင်နန လုပ်ရင်း ကြိုးစားညှိနှိုင်းကြပါတယ် ။

      ဒါပေမယ့် သွေးထိုးမှုတွေ နားယောင်သွားရင် ​​ဖြည်ထုတ်ဖို့ ခက်ခဲသွားပါပြီ ။ နိုင်ငံအနှံ့အပြားက တက်ကြွလှုပ်ရှားသူတွေ လက်ပန်းတောင်းဒေသကို အုပ်လိုက်ချီတက်လာပြီး ပူးပေါင်း သပိတ်မှောက်ပါတော့တယ် ။ 

      သံဃာတွေ ပါလာတာက နာမည်ကျော် လယ်တီသိမ်ရှိနေတဲ့ အတွက် သာသနာကိစ္စအတွက် ကူညီပါလို့ နိုင်ငံရေးသမားတွေ တောင်းဆိုကြလို့ ပါလာတာပါ ။ အဲဒီမှာပဲ ကျော်မကောင်း ကြားမကောင်း မီးလောင်ဗုံးကိစ္စ ဖြစ်လာပါတယ် ။

       ဦးသိန်းစိန် အစိုးရလည်း အူကြောင်ကြောင်နဲ့ ဘာလုပ်ရမှန်း မသိတော့ပါဘူး ။ ဥပဒေအရ အစိုးရလုပ်တာ မှန်ပေမယ့် ရလာဒ်က မကောင်းတော့ပါဘူး ၊၊ ဦးသိန်းစိန်လည်း ကောလဟာလကို မရှင်းတတ်ပါဘူး ။

        ကောလဟာလက ပြည်သူတွေကို စိတ်ပျက်စေခဲ့ပါတယ် ။ ဘာလဲ ဆိုတော့ လက်ပန်းတောင်က ထွက်လာတဲ့ ကြေးကို ဝမ်ပေါင် နဲ့ ဦးပိုင်က 90 % ယူပြီး အစိုးရက 10 % ပဲ ရတယ်ဆိုတဲ့ မြစ်ဆုံခွဲတမ်း ကောလဟာလမျိုးပါပဲ ။ 

      အစိုးရတွေက အဲသလောက် ညံ့ပါ့မလားဗျာ ။ သတ္တုတွင်း ဥပဒေနားမလည်တဲ့ သာမန်ပြည်သူတွေကတော့ ယုံကြည်ကြတာပေါ့ ။ အမှန်က အဲဒါ မဟုတ်ပါဘူး ။ လက်ပန်းတောင်းတောင် စီမံကိန်းရဲ့ စာချုပ်က

Production Shaning Contract (PSC) စနစ်ပါ ။ 

     အဲဒီစနစ်အရ မြေပိုင်အစိုးရ နဲ့အရင်းနှီးပိုင်တို့ ခွဲဝေမှု အချိုး

နိုင်ငံတော်    51 %
ဝမ်ပေါင်      30 %
ဦးပိုင်           19 %

        အဲဒီအချိုးအတိုင်း ထွက်သမျှ ကြေးနီတွေကို ခွဲဝေယူကြပါတယ် ။ ဒီနေရာမှာ ဦးပိုင်က ဘယ်လိုပါလာရတာလဲ ဆိုတော့ ဦးပိုင်သည် လုပ်ငန်းစတင်လျှောက်ထားသူ မူလမြေပိုင် အမည်ပေါက် ဖြစ်ပြီး အရင်းတစိတ်တပိုင်း ထည့်ဝင်ထားသည့် အတွက် ဝမ်ပေါင် ရရှိမည့် 49 % မှ ခွဲဝေရရှိသူ ဖြစ်ပါတယ် ။ နိုင်ငံတော်၏ ခွဲတမ်း 51 % သည်ကား မည်သူကိုမျှ ခွဲဝေပေးစရာ မလိုပါဘူး ။ 

          ဒါတွေကို ပြည်သူတွေ နားလည်အောင် ပြန်လည်ရှင်းလင်းခြင်း မပြုပဲ ငါတို့ လုပ်တာ မှန်တယ်ဆိုတဲ့ ရူးကြောင်ကြောင် ဘဝင်စိတ်ကြောင့် ဦးသိန်းစိန် ကျဆုံးခဲ့တာလို့ အားမနာတမ်း ထောက်ပြချင်ပါတယ် ။ 

       ဒီနေရာမှာ PSC စနစ်အရ ထွက်လာတဲ့ ကုန်ချော၏ 51 % အား ရယူခံစားပြီး ဖြစ်တဲ့ အတွက် သတ္တုတွင်း ဥပဒေအရ မြေယာငှားရမ်းခအား စတိသဘောမျှသာ သတ်မှတ်ရပါတယ် ၊ အဲလို မဟုတ်ရင် ပူးပေါင်းလုပ်မည့် ကုမ္ပဏီ မရှိနိုင်ပါဘူး ။

     ဒီစနစ် ဒီဥပဒေကို နားမလည်ပဲ NLD လွှတ်တော်မှာ မြေငှားခ နည်းနေကြောင်း အဆိုတင်သွင်းခဲ့သေးတဲ့ အမတ်မင်းရဲ့ ဗဟုသုတကလည်း အံ့သြစရာပါပဲ ။

         သတ္တုတွင်း ဥပဒေရဲ့ မူလတန်းအဆင့်တောင် နားမလည်ပဲ လွတ်တော်မှာ အဆိုတင်သွင်းခဲ့တာ ရှက်ဖွယ်လိလိပါပဲ ။ ရည်ရွယ်ချက်ကတော့ အဘတွေ မိမိသံယံဇာတတွေကို စျေးပေါပေါနဲ့ ရောင်းစားတယ်ဆိုတဲ့ ပုံရိပ်ဖော်ဖို့ အပေါစားတိုက်ကွက်ဆင်ခဲ့ကြတာပါပဲ ။ 

       ဒါတွေကတော့ လူငယ်တွေ သိသင့်တဲ့ နာမည်ကျော် လက်ပန်းတောင်း ကြေးနီစီမံကိန်း ပြဿနာရဲ့ အခြေအနေတွေ ဖြစ်ပါတယ် ။ အဘတွေ တိုင်းပြည်ကို ရောင်းစားခဲ့ကြတယ်ဆိုပြီး သွေးထိုးလိမ်ညာသူတွေကြောင့် မသိနားမလည်တဲ့ လူငယ်တွေ လမ်းမှားသို့မရောက်စေချင်ပါဘူး ။

        မဖတ်ဖူးသေးသူများအတွက် ထပ်မံတင်ပြလိုက်ရပါတယ် ။ ဆက်လက်ပြီး နာမည်ကျော် ရေနံနဲ့သဘာဝပိုက်လိုင်းအကြောင်း တင်ပြပါအုံးမယ် ။

       ကိုရွှေမျိုးဝင်း

(ဒီလို စောက်တုံးတွေ တိုင်းပြည်အုပ်ချုပ်ခဲ့တာ ရှက်စရာပဲ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...