အရင်ဆုံး ဒီတည်ဆေယက်မှု စာရင်းတွေကို လေ့လာပါ ။ မြေပြင်ဗဟုသုတ ရှိရင် ဟုတ်မဟုတ် သိနိုင်တဲ့ အချက်တွေချည်းပါပဲ ။ ၈၈ နောက်ပိုင်း ဦးသန်းရွှေ လက်ထက်က စကြည့်ပါ ။
ရထားလမ်း
-------
မဆလ စစ်အစိုးရ တိုးတက်မှု
1796•35 3203•05 1266•70
(ရထားလမ်းမိုင်)
2793•86 4288•90 1459•04
(သံလမ်းမိုင်)
487 815 328
(ဘူတာရုံ)
578 738 191
(ရထားလမ်းတံတား အကြီး)
5103 9438 4395
(ရထားလမ်းတံတား အသေး)
လေကြောင်း
--------
66 69 3
(လေယာဉ်ကွင်း)
0 11 11
(ပြေးလမ်းအရှည် ပေ တသောင်းအထက်)
21 26 5
(ပြေးလမ်းအရှည် ပေငါးထောင် အထက်)
45 32 (အဆင့်မြှင့်ပေး)
(ပြေးလမ်းအရှည် ပေငါးထောင်အောက်)
ရေကြောင်း
-------
13 29 16
(ပြည်တွင်းသုံး ဆိပ်ခံ)
86 108 24
(ပြည်ပသုံး ဆိပ်ခံ)
အဝေးပြေးကားလမ်းမ
--------------
13635 19313 / 7 5678 / 7
တံတားများ
--------
198 414 206
(ပေ ၁၈၀ အထက်)
0 25 25
(၂၀၀၈ အထိ တည်ဆောက်ဆဲ)
3305 6155 2850
(ပေ ၁၈၀ အောက်)
တမတော် အင်ဂျီနီယာဌာနမှ ပေ ၁၈၀ အောက် တံတား ၁၁ စင်း သီးသန့် တည်ဆောက်ထားသည် ။
အဲဒီစာရင်းတွေက ၁၉၈၈ မှ ၂၀၀၈ အတွင်း တည်ဆောက်ခဲ့ကြတာပါ ။ ကျန်တဲ့ ကဏ္ဍများကို လေ့လာကြည့်မယ် ဆိုရင်
- စိုက်ပျိုးမြေအသစ် 1•8 သန်း ဖော်ထုတ်
- ဆည်တမံ 213 ခု
- မြစ်ရေတင် 376 ခု
- စက်မှုဇုံ 18 ခု
- ရုပ်သံထပ်ဆင့်လွှင့်ရုံ 162 ခု
- တက္ကသိုလ် / ကောလိပ် 37 ကျောင်း
- နည်းပညာတက္ကသိုလ် 2 ကျောင်း
- စက်မှု လက်မှု သိပ္ပံ 10 ကျောင်း
ဆေးရုံ တို့ တိုင်းရင်းဆေးရုံတို့ အရေအတွက် ၂၀၀ ဝန်းကျင် တည်ဆောက်ခဲ့ ပါတယ် ။ ဦးသိန်းစိန်လက်ထက် စာရင်းများနဲ့ ရောထွေးနေလို့ အတိအကျ မရေးနိုင်ပါဘူး ။
လျှပ်စစ်ကဏ္ဍ
---------
အမည် မဂ္ဂါဝပ် ခုနှစ်
ဘီလူးချောင်း ၂ 168 1974
ကင်းတား 56 1985
(မဆလ ခေတ်က လျှပ်စစ်အကုန်ပဲ)
ဆည်တော်ကြီး 25 1989
ဘီးလူးချောင်း ၁ 28 1992
ဇော်ဂျီ ၁ 18 1995
ဇော်ဂျီ ၂ 12 1998
ဇောင်းတူ 20 2000
ပေါင်းလောင်း 280 2005
ရဲနွယ် 25 2007
ခပေါင်း 30 2008
ကျိုင်းတောင်း 54 2008
ရွှေလီ ၁ 600 2008
ရဲရွာ 790 2010
ဒါတွေက ဦးသန်းရွှေလက်ထက် 22 နှစ် အတွင်း တည်ဆောက်ပေးခဲ့တဲ့ တိုင်းပြည်အတွက် အခြေခံစီးပွားရေး အဆောက်အဦးတွေဖြစ်ပါတယ် ။
စစ်ဘက်ဆိုင်ရာ လက်နက် ခဲယမ်း နဲ့ နည်းပညာအတွက် ရင်းနှီးမြှပ်နှံမှုတွေ မပြောတော့ပါဘူး ။ မယုံကြည်ပဲ ရူးကုန်မှာစိုးလို့ပါ ။ ဒေါ်လာ ၂၄ သန်းအနည်းဆုံးတန်ကြေးရှိတဲ့ နျူဒဏ်ခံ လှို့ဝှက် လှိုဏ်ခေါင်း ၆၀၀ ကျော်နဲ့ နေပြည်တော်လို အရာရာပြီးပြည့်စုံတဲ့ မြို့တော်ကြီးကို သူ့အတွက်မဟုတ်ပဲ တည်ဆောက်ပေးခဲ့တာပဲ တွေးကြည့်ပေတော့ ။
ကဲ အဲဒီလို စစ်အစိုးရ စစ်စစ်ကြီး တည်ဆောက်ပေးခဲ့တဲ့ စာရင်းတွေ ကြည့်ပြီးရင် ဒီမိုကရေစီ အစိုးရလို့ပဲခေါ်ခေါ် စစ်တပိုင်းအစိုးရလို့ပဲ ပြောပြော ဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက် တည်ဆောက်မှုတွေ ဆက်ကြည့်ပါအုံး ။
၁ ။ လျှပ်စစ်စက်ရုံ ၂၄ ခုမှ ၂၈၂၈ မဂ္ဂါဝပ်
၂ ။ သုံးရေရရှိရေးလုပ်ငန်း ၂၃၃၅၃
၃ ။ သောက်ရေရရှိရေး ၁၄၆၄၀
၄ ။ တံတားအသေးစား ၁၁၄၅ စင်း ၉၄၅ ပြီးစီး
၅ ။ မြစ်ကူးတံတားကြီးများ ၉ စင်း
၆ ။ ကတ္တရာလမ်း ၄၂၄၂ မိုင်
၇ ။ ကွန်ကရစ်လမ်း ၃၇၄ မိုင်
၈ ။ ကြေးလက်လမ်း ၄၇၄၈၀ မိုင်
၉ ။ ဆေးရုံအသစ် ၁၆၄ ရုံ
၁၀ ။ တိုင်းရင်းဆေးရုံ ၄၄
၁၁ ။ ကုသရေးစင်တာ ၄၂၁
၁၂ ။ ကျောင်းအသစ် ၄၀၀၀ ကျော်
၁၃ ။ ကျောင်းဆောင်အသစ်ဆောက် ၁၁၁၄၈
၁၄ ။ ကျောင်းဆောင်ဟောင်းပြင် ၁၁၇၀၅
ဒါတွေ လုပ်ပေးခဲ့တာ တွေ့ရပါတယ် ။ ဘက်ဂျက်တနှစ်ခြင်း စာရင်းစစ်တွေနဲ့ လွှဲအပ်လက်ခံ လုပ်ခဲ့တာတွေပါ ။
ဒါတွေလုပ်ပြီး တိုင်းပြည်ကို အခွံပဲ ချန်ခဲ့တာလား မေးစရာပေါ့လေ ။ NLD အစိုးရအတွက် ဒါတွေ ထားခဲ့ပါတယ်
နိုင်ငံခြား အရံငွေ $ 5.9 ဘီလီယံ
အရံရွှေ တန်များစွာ
သီးသန့် အပ်နှံငွေ ၁၁ . ၄၅ ကျပ် ထရီလီယံ
အရံဆန် ၃ နှစ်စာ
အရံ ဓါတ်ဆီ ၃ နှစ်စာ
အဲဒါတွေက စာရွက်ပေါ်က စာရင်းတွေ မဟုတ်ပါဘူး လွှတ်တော်မှာ တရားဝင်ဘက်ဂျက်ရှင်းတမ်းတွေနဲ့ လွှအပ်လက်ခံ လုပ်ပြီးတဲ့ တည်ဆောက်မှုတွေ ဖြစ်ပါတယ် ။
ဦးသိန်းစိန် လက်ထက် ၅ နှစ်စာအတူတူပဲ လုပ်ဆောင်ချက်တွေ ၊ ရလာဒ်တွေအပေါ် နှိုင်းယှဥ်ကြည့်ပါ ။
NLD လက်ထက်မှာ တိုင်းပြည်ရဲ့ ဝင်ငွေတွေ တိုးလာပါတယ် ။ သယံဇာတထုတ်လုပ်မှု မလျှော့ချပါဘူး ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း နဲ့ တရုတ် ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းက ဝင်ငွေတွေဟာ NLD လက်ထက်မှ ရရှိခဲ့တာပါ ။
NLD အစိုးရရဲ့ တရားဝင် ရသုံးငွေ ဘက်ဂျက်ရှင်းတမ်းကို လေ့လာကြည့်ပါ ၊ ဦးသိန်းစိန်ထက် တိုင်းပြည်ဝင်ငွေ ပိုရသလို ဦးသိန်းစိန်ထက် ပိုသုံးပြီး အကြွေးတွေ ပိုတင်တာတွေ့ရပါမယ် ။ အသုံးစရိတ်က ဦးသိန်းစိန်ထက် ၂ ဆခန့်များနေပါတယ် ။
တကယ်တမ်းတည်ဆောက်မှုတွေကို လုပ်ပြမယ်ဆိုရင် ဦးသိန်းစိန်တို့ ဦးသန်းရွှေတို့လို စာရင်းဇယားနဲ့ မြေပြင်မှာ လက်တွေ့ပြနိုင်ရပါမယ် ။
အဲလိုမဟုတ်ပဲ NLD အစိုးရတဖွဲ့လုံး တက်ညီလက်ညီ ခိုးလိုက်ကြတာ တည်ဆောက်မှု မယ်မယ်ရရမပြနိုင်ပဲ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရပါတယ် ။
စာရင်းစစ်အစီရင်ခံစာ တက်လာတိုင်း ကျနော်တို့ ပြင်းပြင်းထန်ထန် တိတိကျကျ နာမည်တပ်ဝေဖန်ခဲ့ကြတာ ဖတ်ဖူးသူတွေ သိကြပါတယ် ။ အခုမှ ဖမ်းဆီးခံကြရတာပါ ။ အာဏာလက်ဝယ်ရှိတုန်းက ဘယ်လောက်ခိုးထားလဲဆိုတာ သိသာပါတယ် ။
ဒီကနေ့ ဖြစ်ပေါ်နေတဲ့ နစကရဲ့ တရားစွဲဆို ထောင်ချနေမှုတွေဟာ တကယ့်ကို ဖုံးဖိမရခဲ့တဲ့ အပေါ်ရံ မြင်ရတဲ့ ရေခဲတုံးအဆင့်ပါပဲ ။ ရေအောက်က ရေခဲတောင်ကြီး ဘယ်လောက်ကြီးမလဲဆိုတာ မြင်သာအောင် ယှဥ်ပြလိုက်ရတာပါ ။
ကိုရွှေမျိုးဝင်း
No comments:
Post a Comment