Saturday, June 25, 2022

ပန်ဒိုရာ Box နဲ့ ခွန်အားရှိသောစာ


           ခရစ်ယံတို့ရဲ့ ဘုရားသခင်က လူတွေဆီကို ပန်ဒိုရာလို့ခေါ်တဲ့ သေတ္တာတလုံး အပ်ထားပြီး '' ဖွင့်မကြည့်ကြနဲ့ '' နဲ့လို့ မှာကြားကာ ကောင်းကင်ဘုံကို တက်သွားသတဲ့ ။ 

        ကာလအတန်ကြာတဲ့အထိ သေတ္တာကိုပြန်လာမယူဖြစ်တော့ လူတွေက ဘာတွေပါလဲဆိုပြီး စပ်စုချင်တာနဲ့ ဘုရားစကားနားမထောင်ပဲ ဖွင့်ကြည့်ကြပါရော ။ 

        ဒီတော့သေတ္တာထဲကနေ လောဘ ၊ ဒေါသ ၊ မောဟ တွေ ချစ်ခြင်းမေတ္တာတွေ ၊ မုန်းတီးခြင်းရန်ငြိုးတွေ အစရှိတဲ့ဟာတွေ ထွက်လာသတဲ့ ။ ဘုရားလည်း သေတ္တာပွင့်မှန်းသိတော့ ချက်ခြင်းရောက်လာပြီး သေတ္တာကိုပိတ်လိုက်ပါတယ် ။

       ပြီးတော့လူတွေကို မင်းတို့ ကိုယ့်ဒုက္ခကိုရှာမိပြီ ။ ကဲ သေတ္တာထဲဘာတွေကျန်သေးလဲ ကြည့်အုံးမယ်ဆိုပြီး ကြည့်ပါတယ် ။ ပြီးမှ သက်ပြင်းချပြီး တော်သေးတယ် သေတ္တာထဲမှာ ကျန်နေသေးတဲ့ တခုတည်းသောအရာလေးကြောင့် မင်းတို့လူသားတွေ မျိုးအပြုတ်တာ လို့ပြောပါရော ။ 

       ကျန်နေတာ ဘာလဲလို့ မေးကြတော့ ဘုရားရှင်က ပြန်ဖြေတယ် ...

'' ပန်ဒိုရာသေတ္တာထဲမှာ မျှော်လင့်ချက် ဆိုတဲ့ အရာလေးကျန်နေသေးလို့ မင်းတို့ ကံကောင်းတယ် "

        အဲဒီ ပုံပြင်အရတော့ မျှော်လင့်ချက်ဆိုတာ အလွန်အရေးကြီးမှန်း သိကြရတာပေါ့ဗျာ ။ ဟိုတလောက ယောကျာ်းထုကြီးရဲ့ အပြစ်မှားတော်ခံ မအေးသောင်းက လင်ယူသွားပါရော ။ 

       ဟော မစားရဝခမန်း ဒရကြမ်းအားပေးနေသူတွေ ရင်ကွဲပက်လက်ဖြစ်ကုန်တာပေါ့ ။ အထူးသဖြင့် ဂေါ်မစွံလူပျိုသိုးကြီးတွေပေါ့လေ ။

      ဒီလိုနဲ့ မအေးသောင်းကို မှင်နီတားထားတုန်း မှင်မခြောက်သေးဘူး သင်ဇာက သူ့ဘဲဒိုက်ထိုးနေတဲ့ပေါ် ပေါက်စီကို နံပြားဖြစ်အောင် ဖိကပ်ထားတဲ့ပုံတက်လာတယ် ၊ နောက် ဂုတ်ခွပါ စီးပြလိုက်တော့ မအေးသောင်းပေးတဲ့ အနာပေါ် သင်ဇာက ဒုတ်နဲ့ရိုက်သလိုဖြစ်သွားရတာပေါ့ ။ 

        ကဲ ယောကျာ်းတို့ဇွဲ သေခါမှလျှော့မယ်ဆိုတဲ့ လူပျိုသိုးကြီးတွေနဲ့ လူလွတ်အပေါင်း သူတော်ကောင်းတို့လည်း လက်ကျန်ရှင်းတမ်းဖြတ်မယ်ဟဲ့ဆိုပြီး ကြံစည်နေတုန်း အေးမြတ်သူကတမှောက် လုပ်ပြတယ်လေ ။

        ဖရဲသီးလောက်ရှိတဲ့ လက်မောင်းကြီးနဲ့ သူ့ရီးစားကို ပေါင်ပေါ်တင်အိပ်ခိုင်းထားပြတော့ ကုန်ပါပြီအော်ရမလိုဖြစ်သွားတာပေါ့ ။

     အဲလို စိတ်ဓာတ်ပျက်ယွန်းလုနီးနီး ယောကျာ်းထုကြီးအတွက် အသက် ၅၄ နှစ်မှာ မိန်းမ ၄၅ ယောက်ယူထားသူတို့ ၊ အသက် ၆၁ လူကြီးက ၁၆ နှစ် သမီးနဲ့ ယူတာတို့ ဆိုတဲ့ ခွန်အားရှိဖွယ် စာတွေ fb မှာ တွေ့ရပြန်တော့ အခြင်းခြင်း ရှယ်ကြ အားပေးကြနဲ့ FA ယောကျာ်းထုကြီး အားတင်းထားရသကိုးဗျ ။ 

        အံမယ်ဒီအချိန် အခွင့်ကောင်းယူပြီး '' အိုးအပြောင် ဂျိုးထောင် '' ဘာညာ နဲ့ ဇွန်ကြီးက သူ့ စစ်ကိုင်းအိုးကြီးကို ထလည်းျကြာ်ညာရော အိုးးးးမြင်မကောင်းဘူးဗျာ အနီ အစိမ်း ကဗျာကဝိတွေ စုံညီစွာတွေ့ရလေရဲ့ ။ ဘာပဲပြောပြော သူကြီးသေနတ်တွေကိုအသက်ဆက်ပေးတဲ့ ဇွန်ကြီးကိုတော့ ကျေးဇူးတင်သင့်တယ်ဗျို့ ။

          အဲဒါ ယောကျာ်းထုကြီးရဲ ပန်ဒိုရာသေတ္တာအကြောင်းပါပဲ ။ မိန်းမထုကြီးကရော အဲသလိုဖြစ်နေသလား လေ့လာကြည့်ပါ ။ 

         နေတိုးမင်္ဂလာဆောင်လည်း အသဲတွေကွဲပြကြ ၊ မဆီမဆိုင် ကိုရီးယားမင်းသား မိန်းမယူလည်း ရင်ကွဲနာကျပြနဲ့ ဗရုတ်ဗရက်ဖြစ်နေကြပုံများ လူမြင်မကောင်းဘူးဗျာ ။ 

        တော်သေးတယ် ပိုင်တံခွန်က ပြန်လွှတ်လာပြီး ဘစိုင်း နဲ့ အောင်ရဲလင်းတို့ နဲ့ စိတ်ဖြေစရာရှိနေလို့ဗျ ။ အံမယ် သူတို့အတွက်ရော fb ကနေ ခွန်အားရှိသောစာတွေ မဖတ်ရဘူးတဲ့ ။ ရှိပါသော်ကောဗျာ....

- အသက် ၅၀ ကျော်ကြီး တစ်တော့ ဆော့တာ သဘောကျလို့ လူငယ်လေးက လက်ထပ်ခွင့်တောင်းသတဲ့ ဆိုတဲ့ ပို့စ်တွေ ပလူပျံအောင် ရှယ်ကြပါလေရောလား ။ အံမယ် တချို့ဆို ဒေတာစျေးတက်လို့ နစက ကို ဆဲတာသက်သက် တစ်တော့ မဖြစ်မနေဆော့တော့မယ် ဆိုတာ သက်သက်... ဖြစ်နေပုံတွေ ...ဖြစ်နေပုံတွေ....လူမြင်မကောင်းဘူးနော် ။ 

- ဟော အခုဆို စံချိန်သစ်တင်ပြန်ပြီ အသက် ၇၀ ဘွားတော်ကို ၂၇ နှစ်သားက ကားတင်ပြေးသတဲ့ဆိုပြီး ပို့စ်လည်းတက်လာရော အမလေးလေး နယူးဖိမှာ တခြားသတင်းအသစ်ကို တက်ချိန်မရတော့ဘူးဗျာ ။ အပျိုကြီး လတ် ငယ် တွေများ ရှယ်လိုက်ကြ ၊ အားကျတဲ့ စတေတပ်တွေ ရေးကြနဲ့ သရေတမျှားမျှား ဖြစ်နေကြတာ မြင်မကောင်းဘူး ။ 

        ဟ အဲဒါ မကောင်းဘူးလားမေးရင်တော့ ကောင်းပါတယ်ပဲ ဖြေရမှာပါ ဗျာ ။ ဘာလို့လဲဆိုတော့ ဒီလိုသတင်းတွေက အပျိုဟိုင်းကြီးတွေအတွက် အပျံစား အားဆေးထက် အစွမ်းထက်တာကိုးဗျ ။ 

        ဒီလို ခွန်အားရှိတဲ့စာတွေသာ fb ပေါ်မှာ မရှိခဲ့ရင် သူကြီးသေနတ်တွေ နဲ့ အလှူခံဖလားကြီးတွေအတွက် ပန်ဒိုရာ box ထဲက မျှော်လင့်ချက်လေး ထွက်သွားသလို ဖြစ်နေမှာမို့လေ.....

        ကိုရွှေမျိုးဝင်း

(အားသာပေးနေရတာ ကိုယ့် fri ထဲက အဖြစ်မရှိတဲ့ သူကြီးသေနတ်တွေနဲ့ အလှူခံဖလားတွေ အဖြစ်က ဟိုမရောက် ဒီမရောက် အောက်လည်းမကျ အထက်လည်း ပြန်မတက်နိုင်ပဲ ခပ်တည်တည်နဲ့ ဒီလိုဖြစ်နေလေရဲ့ 😁😁😁)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...