Thursday, June 16, 2022

မျိုးမြန်မာ (၅)



          ကျန်စစ်သားသည်ကား ကျောက်ဆည်ခရိုင် ထီးလှိုင်အရပ်မှာ လူသူစုဆောင်းရင်း မုဆိုးကျော်ငစဥ့်ရဲ့ သတင်းကောင်းကို စောင့်မျှော်နေရပါတယ် ။ သတင်းကောင်းကြားရချိန်မှာ ကျန်စစ်သားထံ ခိုလှုံသူတို့ အများအပြားရှိလာပါပြီ ။ ထို့နောက်ကျန်စစ်သားဗိုလ်ဝင်ခံခဲ့တဲ့အရပ်ကို ငထီးလှိုင်ဟု ယနေ့တိုင်ခေါ်နေပါသေးတယ် ။

         သို့သော် တိုင်းပြည်သည်ကား စောလူးမင်းလွန်ပြီးသည့် 1084 မှာပဲ မတည်ငြိမ်တော့ပါဘူး ။ ယင်းနှစ်မှာပဲ ကျန်စသ်သားနန်းတက်ပေမယ့် မွန်သူပုန်အရေးကြောင့် 1086 ရောက်မှသာ ဘိသိက်ခံပြီး မင်းအဖြစ်ခံယူခဲ့ရပါတယ် ။ 

             ကျန်စစ်သားကို အချို့က ကလန်စစ်သားလို့ ခေါ်ကြပါတယ် ။ ကလန်ဆိုတာ အုပ်ချုပ်ရေးအရာရှိ ဖြစ်ပြီး ''စစ်သား'' မှာ ရှေးကရှိဖူးသော ရိုးရာအလိုက်မြို့နယ်အုပ်ချုပ်သူလို့ အဓိပ္ပါယ်ရပါတယ် ။ ကျန်စစ်သားသည်ကား မင်းမျိုးမဟုတ်ပဲ အများက ကျေကျေနပ်နပ်တင်​မောက်သောမင်း (ငတပါးမင်း) ဖြစ်တယ်လို့ ပညာရှင်များ ဆိုကြပါတယ် ။ 

        မွန်မြို့တော်  ပဲခူးကို ကယ်တင်ခဲ့သူ ကျန်စစ်သားအား မွန်များက ကြည်ညိုရင်းစွဲရှိသကဲ့သို့ ကျန်စစ်သားကလည်း ထိုခေတ်အခါက အင်အားကြီး မွန်တို့နဲ့ ချစ်ကြည်ရေးကို အထူးအလေးထား ဆောင်ရွက်ခဲ့သူအဖြစ် ထင်ရှားလှပါတယ် ။

            ကျန်စစ်သားမင်းကြီးရဲ့  သမီးတော်ရွှေအိမ်စည်ဟာ (စာအုပ်မှာမြေးတော်တဲ့ အမတ်တွေလျှောက်တော့ သမီးတော်ဖြစ်သွားပြန်ပါတယ်) ပရိက္ခရားမင်းသားနဲ့ရည်ငံနေရာ အမတ်တို့နှင့်တိုင်ပင်ပါတယ် ။ ထိုခေတ် အမတ်တွေကတော့ အမျိုးကိုအမှန်တကယ်ချစ်သော မြတ်နိုးသော ၊ ပညာရှိသော ၊ သတ္တိရှိသော အမတ်များပီပီ..

'' အရှင့်သမီးတော်ကို ပရိက္ခရားမင်းသားနှင့်စုံဖက်တော်မူသော် အရှည်သဖြင့် ကုလားပြည်ဖြစ်တော့မည်''

       ဟု ပြတ်သားစွာ ဆိုခဲ့ကြပါတယ် ။ အမျိုးချစ်သော ဘုရင်ကောင်း ဘုရင်မြတ်ကလည်း ထိုစကားကို နာယူ၍ စောလူးမင်းရဲ့သား အနော်ရထာရဲ့မြေး ခြေထောက်မသန်စွမ်းတဲ့ စောယွန်းမင်းသားနဲ့ ပေးစားပြီး ကြက်သရေရှိတဲ့ မြန်မာ့မင်းသွေးမျိုးဆက်ကို ကာကွယ်နိုင်ခဲ့တာ အတုယူဖွယ်ပါပဲ ။ 

               ကျန်စစ်သားမင်းကြီးဟာ သူ့လက်ထက်ကျောက်စာများကို မွန်ဘာသာဖြင့်သာ အများဆုံးရေးထိုးခဲ့ပါတယ် ။ လယ်ယာမြေအတွက် ဆည်မြောင်း တာတမံများ အများအပြားတည်ဆောက်ပါတယ် ။ 

        16-4-1098 မှာ မွန်ပြည်နယ်ရှိ ဘုရားပျက်တဆူကို ပြုပြင်ခဲ့ပါတယ် ။ ဘုန်းကြီးကျောင်းများဆောက်လုပ်လှူဒါန်းရာမှာ လယ်ယာမြေတွေပါ ထည့်သွင်းလှူဒါန်းပါတယ် ။ ဗုဒ္ဓဂယာရှိ ပျက်ဆီမှုများအား ပြုပြင်ရန်. ရွှေ ငွေ ဘဏ္ဍာများအား သဘော်တစင်းနဲ့အတူထည့်၍ သံတမန်များစေလွတ် ပြုပြင်စေခဲ့ပါတယ် ။ပိဋကတ်တော်တို့ကို စစ်ဆေး၍ တစုံကူးယူစေခဲ့ပြန်ပါတယ် ။

          သက္ကရာဇ် ၁၁၀၁ ဒီဇင်ဘာလမှာ နန်းတော်အသစ်တည်ဆောက်ပါတယ် ။ ၁၁၀၂ ဧပြီလမှာ ​လက်စသတ်နိုင်ကြောင်း ယင်းနန်းတော်ပုံ ဒီဇိုင်းပါ အသေးသိတ်ရေးထားတဲ့ ကျောက်စာအရသိကြရပါတယ် ။ လေးလနဲ့ ပြီးအောင်တည်ဆောက်ခဲ့ကြတဲ့ ကျန်စစ်သားရဲ့ နန်းတော်သည် သစ်သားဖြင့်သာ တည်ဆောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ် ။ တည်ဆောက်ချိန် လေးလ နဲ့ ယနေ့တိုင် နန်းတော်ဟောင်းရဲ့ အစအနမျှ မတွေကြရတော့လို့ဖြစ်ပါတယ် ။ 

          ထင်ရှားတဲ့ အချက်တွေကတော့ ထိုကာလများထိ ဗိဿနိုးနတ်မင်းဆိုင်ရာ ကိုးကွယ်မှုများနဲ့ နန်းတွင်းရှိ အထက်တန်းရာထူးဌာနများမှာ မွန် အများစုအား ခန့်အပ်ထားကြောင်း တွေ့ရပါတယ် ။ အထူးခြားဆုံးတချက်ကတော့ ယင်းကျောက်စာမှာ ''မိရ်မာ'' (မြန်မာ) ဆိုတဲ့ ဝေါဟာရကို ''ရမည်'' (မွန်) နဲ့ '' တီရ်စုလ်'' (ပျူ) ဝေါဟာရတို့နဲ့အတူ တွဲဖက်၍ ရေးသားထားခြင်းအား ပထမဆုံးအကြိမ်အဖြစ် တွေ့ခဲ့ရခြင်းပဲ ဖြစ်ပါတယ် ။ 

          အနော်ရထာတည်ထားသော ပစ္စယံ သုံးဆင့်သာ ပြီးသေးသည့် ရွှေစည်းခုံစေတီတော်ကြီးအား ကျန်စစ်သားမင်းကြီးက အပြီးသတ်တည်ထားခဲ့ပါတယ် ။ အနုပညာလက်ရာအမြောက်ဆုံး အာနန္ဒာစေတီကြီးကိုလည်း တည်ထားခဲ့ပြန်ပါတယ် ။

          ကျန်စစ်သားဟာ စစ်သူကြီးဘဝ နဲ့ နန်းတက်ပွဲဘိသိတ်မခံမှီ ကြားကာလ ၂ နှစ်အတွင်း တိုက်ပွဲများ တိုက်ခိုက်ခဲ့ရသော်လည်း ဘုရင်ဖြစ်ပြီးနောက် မှတ်တမ်းတင်ရမယ့် တိုက်ပွဲကြီးငယ်တို့ မတွေ့ရတော့ပါဘူး ။

          ထို့အတူ မင်းပျိုလုင်ဘဝ လူပြောများလှတဲ့ အချစ်ရေးကိစ္စများကိုလည်း မည်သည့်ကျောက်အထောက်များတွင်မျှ မတွေ့ခဲ့ရကြောင်း ဒေါက်တာသန်းထွန်းက မှတ်ချက်ပြုခဲ့ပါတယ် ။

          တည်ငြိမ်အေးချမ်းသောကာလအား ရှည်လျှားသော နန်စံသက်တလျှောက် ထိမ်းသိမ်းနိုင်ခဲ့တဲ့ မင်းကောင်းမင်းမြတ် ကျန်စစ်သားမင်းကြီးလက်ထက်မှာတော့ ပုဂံပြည်သူတို့ရဲ့ လူမူရေး ၊ စီးပွားရေး ၊ ဘာသာရေးအပေါင်းတို့ စည်ပင်ဖွံ့ဖြိုးခဲ့ရသလို နိုင်ငံခြား သံတမန်ဆက်ဆံရေးမှာလည်း လူရိုသေခန့်ညားစွာ ဆက်ဆံခံခဲ့ရပါတယ် ။ ပမာမခန့် ဘယ်တိုင်းပြည်ကမှ မဆက်ဆံရဲတဲ့ ကျန်စစ်သားရဲ့ ပုဂံတိုင်းပြည်ကြီးကား တွေးကြည့်ရင် လွမ်းစရာ ဂုဏ်ယူစရာကောင်းလှပါတယ် ။ 

          ဒီလောက်တည်ငြိမ်တဲ့ ပုဂံပြည်ကြီးဟာ ကျန်စစ်သားရဲ့ အမွေဆက်ခံသူ အလောင်းစည်သူမင်း လက်ထက်မှာတော့ လှုပ်ခတ်လာရပါပြီ ။ ဘုရားပတ်ဖူးနေတဲ့ အလောင်းစည်သူလက်ထက် ပုဂံပြည်ကြီး ဘာပြဿနာတွေနဲ့ ကြုံတွေ့ရသလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ ။

         ၁၀၈၉ မှာ ဖွားမြင်ခဲ့တဲ့ အလောင်းစည်သူဟာ ထူးခြားမှုရှိသူအဖြစ် မှတ်တမ်းတင်ကြပါတယ် ။ အိမ်ရှင်စည်ကြီး အလိုလိုမြည်ဟီးပြီး ဥကင်သံတခါး (မြင့်မြတ်သောနေရာ) လည်း အလိုလိုပွင့်လာတယ်လို့ ဆိုပါတယ် ။ ဟုတ်သည် မဟုတ်သည်အပထား ကျန်စစ်သားမင်းကြီးကတော့ မြေးတော်ကို ရင်ခွင်ပိုက်ပြီး မြေးတော်ကို သီရိဇေယျသူ ဆိုတဲ့ အမည်နဲ့ မင်းလောင်းအဖြစ် ကြေငြာခဲ့တာပါပဲ ။

            ၁၁၁၃ မှာ အလောင်းစည်သူ မင်းအဖြစ်ဘိသိတ်ခံပြီးနောက် ပြည်တွင်းမှာ မင်းအပြောင်းအလဲဖြစ်တိုင်း ထုံးစံအရ သူပုန်တွေထပြီး အားစမ်းကြပြန်ပါတယ် ။ အလောင်းစည်သူလည်း သူပုန်အရေးကို ၂ နှစ်လောက် အချိန်ကုန်ခံ နှိမ်နင်းခဲ့ရပြန်ပါတယ် ။ 

        သက်ညှာစွာ နှိမ်နင်းနေတော့ သူပုန်မျိုးဆက်မပျက်ပဲ နန်းတွင်းအထိ သူပုန် ၁၀၀ ခန့် ဝင်ရောက်သောင်းကျန်းခဲ့ရာ အတွင်းသင်းသား ကျွန် မှူးမတ်တို့ ပါမကျန် အားလုံးဝိုင်းတိုက်မှ ငြိမ်သက်ခဲ့သတဲ့ ။

        နန်းရာဇပလ္လင်ဥကင်ဝမှာ သူပုန်သုံးလောက်အလောင်းနဲ့ သွေးချင်းချင်းနီခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ် ။ မသက်ညှာသင့်တဲ့ သူပုန်ကို မေတ္တာထားသက်ညှာနေရင် ထီးနန်းရာဇပလ္လင်ကိုပင် ကိုင်လှုပ်ခြင်းခံရနိုင်ကြောင်း အလောင်းစည်သူမင်းကြီးက နမူနာပြထားပါပြီ ။ သမိုင်းထဲက ပညာယူများ ယူတတ်ရင်တော့ ယူလို့မကုန်နိုင်သလို အကျိုးလည်းများပါလိမ့်မယ် ။  

        ဒီနေရာမှာ သမိုင်းမှတ်တမ်းအရ အလောင်းစည်သူမင်းလက်ထက်မှာ အတွင်းသင်းအဖွဲ့ဆိုတဲ့ တပ်ဖွဲ့မျိုး ဖွဲ့စည်းထားကြောင်း ပထမဆုံးမှတ်တမ်းအဖြစ် စတင်တွေ့ရှိခဲ့ရတဲ့ အချက်ဖြစ်ပါတယ် ။ 

          နောက်ထပ်စိတ်ဝင်စားစရာတွေကတော့ အလောင်းစည်သူမင်းကြီး တိုင်းခမ်းလှည့်လည်တဲ့ အချိန်တွေပဲ ဖြစ်ပါတယ် ။ ဘာတွေတွေ့ရသလဲဆိုတော့.......

      ကိုရွှေမျိုးဝင်း
.
မျိုးမြန်မာ (၄)

https://m.facebook.com/story.php?story_fbid=340502478213679&id=100067617891731

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...