Thursday, June 16, 2022

အာဏာမက်လို့ အာဏာသိမ်းကြသလား..?



          1958 မှာ ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်ဦးနုက တိုင်းပြည်အား ယာယီ ထိမ်းသိမ်း
ပေးဖို့ တရားဝင်တောင်းဆိုခဲ့ပါတယ် ။ 

        1947 ခြေ / ဥ အရ အဲဒီလို လုပ်မရတဲ့အတွက် ဦးနေဝင်းက လွှတ်တော်မှာ ခြေ / ဥ ပြင်ပေးမှ လက်ခံပါ့မယ်လို့ တောင်းဆိုတဲ့အတွက် ပြင်ပေးခဲ့ကြပါတယ် ။ 

        အားလုံးသိတဲ့အတိုင်း 1960 မှာ အနိုင်ရပါတီကို အာဏာပြန်လွှဲပေးလိုက်တယ် ။ အရပ်သားအစိုးရ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်လိုက်တာ 1962 မှာ ပြည်ထောင်စု ပြိုကွဲဖို့ထိ ဖြစ်လာရတဲ့အတွက် တပ်မတော်က အာဏာပြန်သိမ်းပြီး 1974 မှာ ခြေ / ဥ အသစ်ဆွဲကာ မဆလပါတီ ထူထောင်ပြီး အုပ်ချုပ်ခဲ့ပါတယ် ။ 

          1988 မှာ ဆူပူဆန္ဒပြမှုတွေကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းဟာ အာဏာဆက်လက်စွဲကိုင်ခြင်း မပြုပဲ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ တရားဝင် ပြောကြားခဲ့ပါတယ် ။

     ဒါကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းသည် အာဏာကို မမက်မောပဲ ပြန်လည်စွန့်လွှတ်ဖို့ လိုအပ်လာလျှင် စွန့်လွှတ်ဝံ့သော သဘောအား 1960 မှာ တကြိမ် 1988 မှာ တကြိမ် ပြသခဲ့ပြီး သူ့သမိုင်းကိုသူ ရေးပြခဲ့ပါတယ် ။ 

( ၈ ပူးတွေ NLD တွေ ကြွေးကြော်သလို ၈၈ မှာ သူတို့ကြောင့် မဆလပါတီပျက်ပြီး ဒီမိုကရေစီစနစ်ပြောင်းခြင်းမဟုတ်ပါဘူး ဦးနေဝင်းနှုတ်က ပထမဆုံး ဒီမိုကရေစီစကား စပြောထွက်မှ နိုင်ငံရေးကြောင်ဖားကြီးတွေ သံယောင်လိုက်ပြီး ဒီမိုကရေစီကြတာ သမိုင်းအမှန်ပါပဲ)

          အဲဒီနောက် ၈၈ အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုလည်း ကြည့်ပါ ။ ဦးနေဝင်းက တိုင်းပြည်ကသောင်းကနင်း ဖြစ်နေပြီ ဒါကို ငါတို့တပ်မတော်ကလွဲပြီး ဘယ်သူမှ ထိမ်းနိုင်မှာ မဟုတ်တော့ဘူး မင်းဦးဆောင်ပြီး အာဏာသိမ်းတော့လို့ ခိုင်းပါတယ် ။ 

        အဲဒါကိုပဲ ကျနော်နားမလည်ဘူး မလုပ်တတ်ဖူး နောင်တချိန် ဥပဒေအရ ရင်မဆိုင်ချင်ဘူးလို့ ငြင်းခဲ့တယ် ။ 

       '' မင်းမလုပ်တတ်လည်း မပူနဲ့ ဆရာမောင်မောင် ( Dr မောင်မောင် ၈၈ နောက်ဆုံးသမ္မတ) ကူညီလိမ့်မယ် ၊ မင်းကိုလည်း နောက်နောင် ဒီကိစ္စနဲ့ပတ်သက်ပြီး တရားစွဲခြင်း လုံးဝမလုပ်မယ့်အကြောင်း ငါလက်မှတ်ရေးထိုး ပေးမယ် မစိုးရိမ်နဲ့ ''

       ဆိုပြီး အတင်းကာရော အာဏာသိမ်းခိုင်းခဲ့ရတာကိုက ၈၈ အာဏာသိမ်းခေါင်းဆောင် ဦးစောမောင် အာဏာမမက်ကြောင်း ထင်ရှားပါတယ် ။ နောက်တော့ ကျန်းမာရေးချို့တဲ့လာတဲ့ ဦးစောမောင်နေရာကို ဦးသန်းရွှေရလာပြန်တယ် ။ 

         အာဏာမသိမ်းပေမယ့် မထင်မှတ်ပဲ အာဏာအကြီးဆုံး ရလာတဲ့ ဦးသန်းရွှေရော အာဏာသိပ်မက်နေလား ပြန်ကြည့်ပါ ။ 

        သူအာဏာပိုင်စိုးစဥ် လျှမ်းလျှမ်းတောက်ကာလများမှာပဲ ခြေ / ဥ ကို စနစ်တကျရေးဆွဲစေခဲ့ပါတယ် (NLD သပိတ်မှောက်လို့ ကာလကြာသွားရတာ တပိုင်းပါ) ၊ ဒါတင်မက နေပြည်တော်ကို တည်ဆောက်ပြီး လွှတ်တော် သမ္မတနေအိမ် ဝန်ကြီးများနေအိမ် အစရှိသည်ဖြင့် ခမ်းနားပြည့်စုံစွာ တည်ဆောက်ပေးခဲ့ပါတယ် ။ 

        အားလုံးပြီးပြည့်စုံပြီဆိုတော့မှ 2008 ခြေ / ဥ အရ အာဏာလွှဲပြောင်းပေးသွားတာ သွေးတစက်မကျခဲ့ရပါဘူး ။ သူအာဏာစွန့်ချိန်မှာ သူ့အရှိန်အဝါ အကြီးမားဆုံးပါပဲ ။ ယနေ့ ဖင်ခေါင်းကျယ်နေတဲ့ ကိုကိုကြီး မင်းကိုနိုင် ဂျင်မီ တို့ ထောင်ထဲမှာ ချီးပုန်းထမ်းနေရတဲ့ ကာလဖြစ်ပါတယ် ။ ကုန်ကုန်ပြောရရင် ဒေါ်စုကြည်တောင် သူ့ခြံထဲမှာ ဝက်တကောင်လို ချုပ်ထားတာပါ ။ 

         ဒီလို အချက်တွေကို ကြည့်ခြင်းအားဖြင့် ဦးသန်းရွှေလည်း အာဏာမက်မောသူအဖြစ် ရှုမြင်လို့ မရနိုင်ပါဘူး ။ 

         ယနေ့ အုပ်ချုပ်နေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကော အာဏာမက်သလား လေ့လာကြည့်ပါ ။

        2020 မဲခိုးပွဲကြီးကို အစောကြီးကတည်းက မရိုးသားမှု ကလိမ်ကကျစ်ကြမှုတွေကြောင့် ကြိုတင် သတိပေးခဲ့ပါတယ် ။ အမှန်က အဲဒီမတိုင်မှီ 2018 ကတည်းက အာဏာသိမ်းလောက်တဲ့ ကိစ္စကြီးတွေကို NLD ကျူးလွန်ခဲ့ပေမယ့် တပ်ချုပ်ကြီးရဲ့ ဥပဒေလိုက်နာမှု ၊ စိတ်ရှည်မှုတွေကြောင့် မသိမ်းခဲ့ပဲ ရွေးကောက်ပွဲအထိ ရောက်ခဲ့ရတာပါ ။

           မဲခိုးမှု မဖြစ်ခင် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းဖို့ ၊ ကျနော်မလုပ်ရဲတာ ဘာမှမရှိဘူး အစရှိသဖြင့် တွေးတတ်ရင် ကြောက်စရာကောင်းတဲ့ ပြင်းထန်သော စကားလုံးများနဲ့ သတိပေးခဲ့ပါတယ် ။ 

           မဲခိုးပြီးတော့ ဖုံးဖိမရတဲ့ လက်စလက်န ခိုးရာပါပစ္စည်းသက်သေတွေကြောင့် ရှင်းလင်းဖို့ တပ်မတော်က အကြိမ် ၃၀ ကျော် တောင်းဆိုပါတယ် ။ နောက်ဆုံး အာဏာသိမ်းရက်ကပ်နေတဲ့အချိန်မှာ တပ်ချုပ်ကြီးကိုယ်တိုင် ဒေါ်စုကြည်ထံ လက်ရေးမူနဲ့ နိုင်ငံရေးနည်းအရ ဖြေရှင်းပေးပါရန် တောင်းဆိုပါတယ် ။ 

      အနုနည်းပေါင်းစုံနဲ့ တပ်မတော်က ကျိုးစားပေမယ့်  ဘယ်လိုမှ လုပ်မရပဲ အာဏာရမ္မက်ငမ်းဖမ်းနေတဲ့ NLD ကြောင့် မဖြစ်မနေ အာဏာထိမ်းသိမ်းရပါတော့တယ် ။ အာဏာမက်သူသာမှန်ရင် 2018 ရခိုင်အရေး ပြည်ပကျွန်ဖြစ်နေကတည်းက သိမ်းလို့ရပါလျှက် မသိမ်းခဲ့ပဲ နောက်ဆုံးအချိန်ထိ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရန် အားထုတ်နေတဲ့ တပ်ချုပ်ကြီးမင်းအောင်လှိုင်ကိုလည်း အာဏာမက်သူအဖြစ် ရှုမြင်ကောက်ချက်ချဖို့ စောပါသေးတယ် ။ 

         ဒီဖြစ်စဥ်တွေဟာ မြန်မာပြည်ရဲ့ အာဏာသိမ်းခေါင်းဆောင်များ၏ သမိုင်းမှန်တွေဖြစ်ပါတယ် ။

- အာဏာမက်မောလို့ အာဏာသိမ်းခဲ့ကြတာလား... ? 

- တိုင်းပြည်အတွက် တကယ့်ကို မဖြစ်မနေ အာဏာသိမ်းရမှာမို့ သိမ်းခဲ့ကြတာလား...?

         အဲဒီ အချက်တွေကို အတည်ပြုကောက်ချက်ချဖို့ကတော့ ရှေ့က အာဏာရပြီး အသာတကြည် စွန့်ခွာသွားခဲ့ကြသော ခေါင်းဆောင်များက သက်သေပြပြီးသွားပါပြီ ။ 

         မြန်မာပြည်မှာ နိုင်ငံ​​ရေးကလိမ်​ခြုံများ အပြောများနေတဲ့ တပ်မတော်က အာဏာမက်လို့ အာဏာသိမ်းကြတာဆိုတဲ့ စကားတွေကို 1962/1988 အာဏာသိမ်းဖြစ်စဥ်တွေရဲ့ ခေါင်းဆောင်တွေက မဟုတ်မှန်ကြောင်း သက်သေပြခဲ့ပြီးပါပြီ ။

        ယခု ပစ္စုပ္ပန်ကာလ တပ်မတော်သမိုင်းအတွက်တော့ ဇာတ်သိမ်းပိုင်းကြည့်ဖို့ လိုနေပါသေးတယ် ။ 

- NLD ပါတီကို ဘယ်လို ထင်ရှားတဲ့ ပြစ်မှုတွေနဲ့ စီရင်ချက်ချနိုင်မလဲ.... ?

- အကြမ်းဖက်ရန်ပြုခံနေရတဲ့ ပြည်သူတွေကို ကာကွယ်နိုင်ရန် ဘယ်လို တိကျပြတ်သားတဲ့ ချေမှုံးရေးလုပ်ငန်းစဥ်တွေ ၊ ပြစ်ဒဏ်စီရင်မှုတွေ ပြုလုပ်ပြမလဲ.... ?

- အာဏာလွှဲပြောင်းမှု လုပ်ငန်းစဥ် ချောမွေ့စေရေးအတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အမှန်တကယ် စွမ်းအားရှိသလောက် အားကုန်ထုတ် ကြိုးစားမလဲ.... ?

- ဘာမှ မလုပ်ပြပဲ ဟန်ပြ လုပ်ကွက်တွေနဲ့ ချွေးသိပ်ပြီး ပြည်သူတွေ သေကြေနေတာကို ဥပေက္ခာပြုကာ အာဏာသက်တမ်းဆွဲဆန့်ပြီး တပ်မတော်သမိုင်းကို ဖျက်မရတော့တဲ့ အမဲကွက် ဆိုးပေးမလား...?

       ကျနော်တို့ စောင့်ကြည့်ရပါလိမ့်မယ် ။ 

        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...