Thursday, June 16, 2022

ဒီနေ့ ဒီခေတ် ဒီပြဿနာဖြစ်ခဲ့ရင် ခွန်ဆာ မှ O-7 သို့ (1)



        1996 နဲ့ 1998 မှာ ပေစုတ်စုတ် အဆင့် မြန်မာ့တပ်မတော်ဟာ ကိုယ့်ထက် အဆမတန် ခေတ်မှီလက်နက်တွေနဲ့ ပြည့်စုံသော ထိုင်းတက်မတော်နဲ့ ဒီလိုတွေ ရင်ဆိုင်ခဲ့ရတာကို ကျနော်ရေးခဲ့ဖူးပါတယ် ။ 

       အဲဒီအချိန်က မြန်မာ့တပ်မတော်ရဲ့ အရည်အသွေး ၊ စိတ်ဓာတ် ၊ ရဲရင့်မှု ၊ ခေါင်းဆောင်မှု စွမ်းဆောင်ရည် တွေ ပြန်ဖတ်ပြီး....

     ဒီနေ့ ဒီခေတ် ဒီပြဿနာမျိုးများ ကြုံခဲ့ရသော် ဆိုပြီး.......တွေးမိလို့ ကျနော့်ရဲ့ page အသစ်လေးကနေ ပြန်လည်တင်ဆက်ပါရစေဗျာ ။ 
*************************

ခွန်ဆာ မှ O-7 သို့ (1)
=============

            ကမ္လာကျော် ဘိန်းဘုရင် ခွန်ဆာဆိုရင် အားလုံးသိကြပါတယ် ။ ခွန်ဆာဟာ ထိုးထွင်းဥာဏ်ရှိသူ ဖြစ်ပြီး သင်လွယ်တတ်လွယ်တဲ့ ပါရမီပါသူလည်း ဖြစ်ပါတယ် ။ 

      အကင်းအညှာပါးနပ်ပြီး ဆက်ဆံရေးကောင်းတဲ့ ခွန်ဆာဟာ ဘိန်းဖြူချက်နည်းကို ဆရာ့ထက် လက်စောင်းထက်အောင် ချက်နိုင်တဲ့အထိ ဘိန်းဖြူလောကမှာ ဆရာကြီး တဆူဖြစ်သွားရပါတယ် ။ 

         ဆရာကြီး ဖြစ်တာလည်း မပြောနဲ့လေ နောက်ကွယ်က CIA ကိုယ်တိုင် မြှောက်ပေးပြီး ကမ္ဘာကို ဘိန်းဖြူကူဖြန့်ပေးနေတာကိုး ။ CIA က ဒီလိုကူညီတာ အကြောင်းရှိပါတယ် ။ ဘာလဲ ဆိုတော့ တရုတ်ကို အနီးကပ် ထိမ်းချုပ်နိုင်ဖို့ မြန်မာ့ပိုင်နက်ထဲမှာ သူတို့ သြဇာခံ တိုင်းပြည်သေးသေးတခု တည်ထောင်နိုင်ဖို့ ရည်ရွယ်ကြလို့ပါပဲ ။ 

        သာမန်ဘိန်းမှောင်ခို သမားအဆင့်ကနေ အမေရိကန်က လက်နက် နည်းပညာ ငွေကြေးပါ ထောက်ပံ့လိုက်တဲ့ အတွက် ရှမ်းပြည်တခွင်မှာ ခွန်ဆာရဲ့ သြဇာအာဏာက အင်မတန် ကြီးလာရပါတယ် ။ 

           လက်နက်ကိုင်အင်အား နှစ်သောင်းကျော်လောက် စုစည်းမိတဲ့ အချိန်မှာ ခွန်ဆာကို အမေရိကန်က မြန်မာ့ တပ်မတော်ကို ပြန်တိုက်ဖို့ လက်နက်ကြီးတွေပါ စတင် ပံ့ပိုးလာပါတယ် ။ 

       နောက်ပြီး နိုင်ငံတခု ခွဲထွက်တယ်လို့ ကြေညာပါ အမေရိကန်က ချက်ခြင်း ထောက်ခံပြီး သံတမန် ဆက်သွယ်ကာကွယ်ပေးမယ်လို့ စည်းရုံးလာပါတယ် ။ 

        ပြောခဲ့သလိုပါပဲ ခွန်ဆာရဲ့ MTA ခေါ် မော်ထိုင်းတပ်မတော် နဲ့ ဟိုမိန်း ဌာနချုပ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ အနောက်နိုင်ငံရဲ့ သံတမန်များ ၊ သတင်းစာဆရာများ ၊ နိုင်ငံရေးသမားများ ဥဒဟို ဝင်ထွက်လာကြသလို အမေရိကန်မှာ ခွန်ဆာရဲ့ ဟိုမိန်းနိုင်ငံတော်အတွက် သံရုံးကိုပါ ကြိုတင် ဖွင့်လှစ်ခဲ့တဲ့ အထိ CIA တို့ မွှေနှောက်လာပါပြီ ။ 

       နိုင်ငံအဖြစ် ကြေညာရင် မြန်မာ့တပ်မတော်က လေယာဥ်နဲ့ ဗုံးကြဲလိမ့်မယ် ဒါကြောင့် လေယာဥ်ပစ် ဒုံးတွေ လိုအပ်လိမ့်မယ် ဆိုပြီး လေယာဥ်ပစ် ဒုံးတွေပါ လာချပါတယ် ။ 

        ဒီအချိန်မှာ ခွန်ဆာအနေနဲ့ အကြပ်ရိုက်ရပါပြီ ။ အမေရိကန်ရဲ့ ဆန္ဒအတိုင်း နိုင်ငံအဖြစ် ကြေညာလိုက်ရင် ဘီလူးသရဲ စီးသလို တိုက်လာမယ့် မြန်မာ့တပိမတော်ရဲ့ ထိုးစစ်ကို သူ့ရဲဘော် နှစ်သောင်းကျော် နဲ့ ဟန့်တားနိုင်ပါ့မလား ။ 

        မိုင်ပေါင်း လေး ငါး ထောင်အကွာက အမေရိကန်တို့ ကူမ.ယ်ဆိုလည်း တရုတ်က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး ချက်ခြင်း တရုတ်တပ်မကြီးတွေနဲ့ မြန်မာ့တပ်မတော်ပေါင်းပြီး အမှုံ့ချေလိမ့်မယ်ဆိုတာ ကိုရီးယားစစ်ပွဲက သက်သေပြနေပြီ ။ 

       ခွန်ဆာက သူ့ဘာသာ အမေရိကန် ပံ့ပိုးနေလို့သာ လက်နက်ကိုင်အင်အား တောင့်တင်နေတာ သူ့ထက် အင်အားတောင့်လှတဲ့ ဗကပ နဲ့  KNU ကို မြန်မာ့တပ်မတော်က ဆော်ပလော်တီးလိုက်တာ စုတ်ပြတ်ကုန်တာ သူ့မျက်စေ့အမြင်ပဲ လေ ။ 

        ဒီတော့ သူ့ကိုယ်ကျိုးကြည့်ပြီး တရုတ်ကို ဒုက္ခပေးမယ့် အမေရိကန် CIA ရဲ့ လက်ဝေခံဘဝ နဲ့ အမေရိကန်အကျိုးစီးပွားအတွက် သူ့ရဲ့ MTA မော်ထိုင်းတပ်မတော်ရယ် သူ့စည်းစိမ်ရယ်အပြုတ်ခံမလား မြန်မာ့တပ်မတော် နဲ့ ညှိနှိုင်းပြီး သူ့အသက် သူ့စည်းစိမ် ကို ကာကွယ်မလား ဆိုပြီး ဆုံးဖြတ်ချက်ချရမယ့် ကာလရောက်လာပါပြီ ။

          ခွန်ဆာဟာ အဖက်ဖက်က ချင့်ချိန်ပြီး မြန်မာ့တပ်မတော်ရဲ့ ကတိကဝတ်တည်ကြည်ပုံကို ယုံကြည်ပြီး တပ်မတော်ထောက်လှမ်းနဲ့ ဆက်သွယ် လာခဲ့ပါတယ် ။ ဆက်သွယ်ရာမှာ မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့ CIA နဲ့ အနောက်အုပ်စုရဲ့ သူလျှိုတွေ လုံးဝမရိပ်မိအောင် ပိရိစွာ လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ 

       ကမ္ဘာ့လူလည် အမေရိကန်တို့ လုံးဝရိပ်စားမိခြင်း မရှိပဲ အကြိမ်များစွာ တွေ့ဆုံ ဆွေးနွေးကြပြီးတော့ 5-1-1996 မှာ ခွန်ဆာရဲ့ MTA အဖွဲ့ဟာ အင်အား နှစ်သောင်းခန့် နဲ့ လုံးဝလက်နက်စွန့်ပြီး အလင်းဝင်ရောက်ခဲ့ကြပါတယ် ။ 

        မြန်မာ့တပ်မတော် ခေါင်းဆောင်းများအတွက် အမေရိကန်ရဲ့ နောက်ဆုံးပေါ်လက်နက် နှစ်သောင်းခန့် နဲ့ အလင်းဝင်လာတဲ့ ခွန်ဆာတို့အဖွဲ့ကို လှိုက်လှဲစွာ ကြိုဆိုပြီး လုံခြုံရေးအတွက် အာမခံပေးခဲ့အတိုင်း အကာအကွယ် အပြည့်အဝ ပေးခဲ့ပါတယ် ။ 

            အမေရိကန်တို့ကတော့ ခွန်ဆာရဲ့ ဟိုမိန်း နိုင်ငံတော်သစ် ကြေညာမယ့် ရက်ကို ​မျှော်လင့်တကြီး စောင်းမျှော်နေရာမှ ယင်းတို့ ရဲ့ နာမည်ကျော် CIA တို့၏ မျက်စေ့အောက်မှာပဲ ခွန်ဆာနဲ့ တပ်မတော်ထောက်လှမ်းတို့ တိတ်တဆိတ် ညှိနှိုင်း ဆောင်ရွက်သွားတဲ့ လက်နက်ချ အလင်းဝင်တဲ့ သတင်းကို 5-1-1996 နေ့ တရားဝင်ကြေညာမှ သိရတဲ့ အတွက် အရှိုက် အထိုးခံရလို ဖြစ်ခဲ့ရပါတယ် ။ 

          မျှော်လင့်တကြီး နဲ့ ထောက်ပံ့ပေးခဲ့တဲ့ လက်နက် နည်းပညာ ငွေကြေး နဲ့ နောက်ဆုံး ဘိန်းဖြူရောင်းဝယ်မှုက အစ ပံ့ပိုးခဲ့ရသမျှ သဲထဲရေသွန် ဖြစ်ခဲ့ရပါပြီ ။ အအေရိကန်တို့ ရှက်ရမ်းရမ်းပြီး ခွန်ဆာကို မူးယစ်မှုနဲ့ တရားစွဲဖို့ သူတို့ လက်ထဲ အပ်ပါလို့ တောင်းဆိုပါတော့တယ် ။ 

          အမှန်တကယ် ဘိန်းဖြူဖြန့်နေတုန်းက ကူညီဖြန့်ဖြူးခဲ့တဲ့ အမေရိကန်က အခုကျမှ ခွန်ဆာကို လိုချင်ပါတယ် တဲ့ ။ 

      အမေရိကန်လို ကမ္ဘာ့နံပါတ် ၁ အင်အားကြီး တပ်မတော်ကြီးရဲ့ အစိုးရတောင်းဆိုမှုကို သူတို့နဲ့ နှိုင်းယှဥ်ရင် မီးကျိုးမောင်းပျက် အဆင့် မြန်မာ့တပ်မတော်က ခေါင်းဆောင်ကြီး တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ စောက်ရေးတောင် မလုပ်ပါဘူး ဗျာ ။ 

          မြန်မာ့တပ်မတော်ရဲ့ ဇာတိမာန် ကြီးလှတဲ့ ခေါင်းဆောင်နဲ့ ခေါင်းကျောမာထန်လှတဲ့ တိုက်ခိုက်ရေးတပ်မတွေ အကြောင်း သိနေတဲ့ အမေရိကန်ဟာ လမ်းကြောင်းတခု ထပ်ဖောက်ပါတော့တယ် ။ 

         ခွန်ဆာလက်နက်ချပွဲကို လာတဲ့ ရွယ်ဆစ်အဖွဲ့ ၂၀၀ ကို အ​မေရိကန် CIA က စည်းရုံးပါတယ် ။ ဘယ်လိုစည်းရုံးလဲ ဆိုရင် ဘိန်းအရောင်းအဝယ်ကို လျှာလည်နေတဲ့ ရွယ်ဆစ်ကို အမေရိကန်က ခွန်ဆာရစရာရှိတဲ့ ဘိန်းကြွေး ဒေါ်လာ သန်း ၂၀၀ ရအောင် သူတို့ တာဝန်ယူတယ် မင်း လက်နက်မချပါနဲ့ ဆိုပြီး စည်းရုံးပါတယ် ။ 

            CIA ရဲ့ တပည့် ထိုင်းတို့ကလည်း ရွယ်ဆစ်ကို သူတို့ နယ်စပ်တလျှောက် အဝင်အထွက် ခွင့်ပြုပြီး မွေးစားပါတော့တယ် ။ ဒီလိုနဲ့ အရှင်မွေး နေ့ခြင်းကြီး ဖြစ်လာတဲ့ ရွယ်ဆစ် အဖွဲ့ဟာ SURA ဆိုပြီး ဘိန်း စိတ်ကြွဆေး တွေ အရောင်းအဝယ်လုပ်ရင်း ကြီးထွားလာပြန်ပါတယ် ။ 

          BBC VOA RFA DVB အစရှိတဲ့ အသံလွှင့်ဌာနများကတော့ SURA ကို မျိုးချစ်သူရဲကောင်းတွေ အဖြစ် ပုံဖော်ပြီး မူးယစ်ဆေးဖြန့်ချီရာမှာ သွယ်ဝှိက် ကူညီပံ့ပိုးသူများ အဖြစ် ကပြနေရပါပြီ ။ 

       အင်အားကောင်းလာတဲ့ SURA ဟာ နယ်စပ်မျဥ်းတလျှေက်မှာ စခန်း ၉ ခု တည်ဆောက်လာပါပြီ ။ တာချီလိတ်မြို့ အနီးရှိ O 7 ( E 7)  တောင်ကုန်းမှာ တခုဆောက်ပါတယ် ။ O 7 ( E 7) တောင်ကုန်းဟာ တာချီလိတ်မြို့နဲ့ ပတ်ဝန်းကျင်ကို စီးမိုးထားတဲ့ တောင်ကုန်း ဖြစ်ပါတယ် ။ 

        နယ်စပ်စည်းပေါ်ရှိ အဆိုပါ တောင်ကုန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ တာဝန်ကြလာတာကတော့ တိဂံတိုင်းမှူးကြီး ( သမ္မတကြီး ဦးသိန်းစိန်) တာဝန်ဖြစ်လာပါပြီ ။ ပထမဆုံး မြန်မာ့တပ်မတော်ဟာ ထိုင်းနယ်မြေအတွင်း ကျည်မကျရေး အထူးဂရုပြုပြီး တိုက်ခိုက်ကြရာမှာ အပေါ်စီးက နေရာယူထားတဲ့ SURA က အသာစီးနဲ့ တိုက်ခိုက်တွန်းလှန်နိုင်ကြပါတယ် ။ 

          ပထမဆုံးတိုက်ပွဲ နှစ်ခုမှာ တပ်မတော်သား ၈ ဦးကျဆုံးပြီး ၁၀ ဦး ဒဏ်ရာရပါတယ် ။ နယ်မြေအကျပ်အတည်းကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ခံရတဲ့ အတွက် မြန်မာ့တပ်မတော်ဟာ ထိုးစစ်ကိုးကြိမ် တိုက်ပြီးချိန်မှာ ၁၇ ဦး ကျဆုံးပြီး ၅၁ ဦး ဒဏ်ရာရကာ ၂ ဦး ပျောက်ဆုံးခဲ့ရပါတယ် ။ 

         မိမိဖက်မှ လက်နက်ကြီးနဲ့ ပစ်ခတ်ချေမှုံးရန် အခက်တွေ့နေစဥ်မှာ ထိုင်းတက်မတော်က ဗိုလ်မှူး ထန်နီး ဦးစီးတဲ့ အဖွဲ့ဟာ SURA နဲ့ ပေါင်းပြီး တပ်မတော်ကို တိုက်ခိုက်နေကြောင်း သိလာပါတယ် ။ 

       မြန်မာ့တပ်မတော်ရဲ့ ကျဆုံးစစ်သည်များ အတွက် သွေးကြွေးဆပ်ရန် အချိန်ကျရောက်လာပါပြီ ။ ထိုင်းတို့ရဲ့ ယုတ်မာမှုကို မြန်မာ့တပ်မတော်ရဲ့ တိဂံတိုင်း တိုင်းမှူးကြီး ဗိုလိချုပ်သိန်းစိန် ဘယ်လို နည်းဗျူဟာ နဲ့ တုန့််ပြန်မလဲ ဆိုတော့........

         ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...