Thursday, June 16, 2022

အတွင်းပိုး



         ယနေ့ လူပြောများနေတဲ့ မီတာခ တက်မယ်ဆိုတဲ့ ကိစ္စက ဂျင်းသတင်းပါ ။ တမင် နစက ကို နာမည်ဖျက်ဖို့ ကောလဟာလ ဖြန့်ချီ ထုတ်လွှင့်ထားတာပါ ။ 

          နောက်ပြီး ဦးပိုင်အမြတ်ငွေ ထုတ်ပေးပြီဆိုတဲ့ မင်္ဂလာသတင်းလေးလဲ ကြားရလို့ ဝမ်းသာပါတယ် ။ ဆိုရှယ်မီဒီယာမှာ ဦးပိုင်ကိစ္စ ပွ မွ နေပြီး အောက်ခြေ တပ်မတော်သား ငြိမ်းတွေရော မငြိမ်းတွေရော ဆူညံနေတာ ကြာလှပါပြီ ။

         ကျနော်တို့ဆို ရေးပေးဖို့ ခဏခဏ လာပြောကြပါတယ် ။ နောကိဆုံး မနေနိုင်လို့  5-5-2022 မှာ ပို့စ်တင်လိုက်ပါတယ် ။

https://m.facebook.com/story.php?story_fbid=324259426504651&id=100067617891731

        အဲဒီ ပို့စ် မှာ Mar Ga ဆိုသူက ကျနော့်ကို မဟုတ်တဲ့သတင်းတင်ပြီး တပ်မတော်ကို အဖျက်သမားလို့ စွတ်စွဲထားပါတယ် ။ 

( ဟကောင် ရ။
ဦးပိုင်အမြတ်က နှစ်တိုင်း
ဇူလိုင်လ မှာ ပေးနေကျ လေ။
ဘာ ဂျင်း လာထည့်နေတာလဲ ။
နှစ်တိုင်းဇူလိုင်လ မှာထုတ်ပေးတာ
မသိရင် မင်း စစ်သားမဟုတ်တဲ့
အဖျက်သမား သက်သက် ဘဲ ။

Mar Ga)

        ကျနော့်ကို ဆဲဆိုတဲ့ မန့်တွေ ကျနော် အာရုံထဲမထားဘူး ။ ဒီ မန့် ကိုတော့ copy ယူထားလိုက်တယ် ။ အပေါ်မှာ မန့်တခု ဒီလူ မန့်ထားပါသေးတယ် ။ 

         ကျနော်က သာမန်အရပ်သားပါဆိုတာ နိဒါန်းမှာ ပါပြီးသားပါ ။ သို့သော် တပ်မတော်ကို ချစ်ခင်မြတ်နိုးတဲ့နေရာမှာ တက်မတော်သားအစစ်တွေထက် မလျှော့တဲ့ ချစ်ခင်မြတ်နိုးမှုနဲ့ လေးစားခဲ့ကြတာပါ ။ 

        ရန်ကုန်က စစ်မှုထမ်းဟောင်းတွေ ကျူးဆိုပြီး နှင်ထုတ်တဲ့ နို့တစ်ပို့လာတော့လည်း ကျနော်တို့ပဲ ဆိုရှယ်မီဒီယာပေါ်ကနေ ဝိုင်းအော်ခဲ့ကြတာပါ ။ နစက သိသွားတော့ အဆင်​ပြေသွားတာပါပဲ ။ 

        မိတ္ထီလာ တပ်စည်ပင်ပိုင်​မြေကျူးတုန်းကလည်း ဆိုရှယ်မီဒီယာကနေ အားလုံးဝိုင်းအသနားခံကြတော့ တပ်မမှူးကြီးက လျှော်ပေးပြီး မိသားစု ၂၀၀ လောက်ကို ကူညီပေးခဲ့တာပါပဲ ။ 

        အခု ဦးပိုင်ကိစ္စဆိုရင် ကျနော်က သူများတွေ ထောင်းလမောင်းထအောင် အော်ပြီးမှ သံယောင်လိုက်တဲ့ အဆင့်ပါ ။ တကယ် ကျေးဇူးတင်ထိုက်တာက သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းထုတ်ပေးခဲ့တဲ့ သတင်းထောက်ပါပဲ ။ 

        ဒီနေ့ ကျနော်တို့ ဆိုရှယ်မီဒီယာကနေ ဝေဖန်ထောက်ပြနေကြတာက....

- အရပ်ဖက် တပ်ဖက် ဆက်ဆံရေး အဆင်ပြေစေဖို့

- အရပ်သားပြည်သူ နဲ့ စစ်မှုထမ်းဟောင်းများ ပင်စင်စားဝန်ထမ်းများ လက်ရှိဝန်ထမ်းများရဲ့ အခက်အခဲများအား နစက အနေနဲ့ အချိန်မှီသိရှိကူညီနိုင်စေဖို့

- ပြည်သူ့အခက်အခဲအား ကူညီဖြေရှင်းပေးခြင်းဖြင့် နစက အပေါ် ပြည်သူတို့ ယုံကြည်အားကိုးလာစေဖို့

       ဒါတွေအတွက် ရေးနေကြတာပါ ။ ဒါကိုပဲ အရိပ်ရန်သူထင်ပြီး အထက်က မန့်ပိုင်ရှင်လို ကျနော်တို့ကို အဖျက်သမား ၊ ပူးသတ် အစရှိသည်ဖြင့် ဂယောင်ခြောက်ခြား ခေါင်းစဥ်တပ်ကာ မဟုတ်မမှန်ပဲ စွတ်စွဲနေတာကိုတော့ ရင်နာရပါတယ် ။ 

        ဦးပိုင်ဖြစ်စဥ်မှာ မူမမှန်တဲ့ ဦးပိုင်ဖက်ကနေ မဟုတ်တမ်းတရား ပြောပြီး ကာကွယ်နေတာ ရီစရာပါပဲ ။ ကဲ Mar Ga ACC ပိုင်ရှင်ရေ ကျနော်အရပ်သားတယောက်က အောက်ခြေစစ်သည်လေးတွေအတွက် အုတ်တချပ် သဲတပွင့် ဦးပိုင်ကိစ္စရေးသားခဲ့မှုသည် အဖျက်စိတ်နဲ့ ရေးတာလား ၊ အပြုစိတ်နဲ့ ရေးတာလားဆိုတာ အဖြူအမဲ ကွဲပြီလားဗျ ။

         ဦးပိုင်အတွက် ကာကွယ်လိမ်ညာ ဖာထေးပြီး ဘဝတူ ရဲဘော်လေးတွေကို မမှန်တဲ့ အချက်အလက်နဲ့ ဖြဲနေတဲ့ ခင်ဗျားကမှ တပ်မတော်ကို အတွင်းလှိုက်စားပြီး ဖျက်ဆီးနေတဲ့ အတွင်းပိုးစစ်စစ် ပဲဗျ ။ 

         ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...