Friday, June 24, 2022

လောင်စာစစ်ပွဲနောက် သံစစ်ပွဲလား...?



           လုပ်ငန်းရှင်မိတ်ဆွေတယောက် ပြောဖူးတာသတိရလာပါတယ် ။ ကိုမျိုးရေ ကမ္ဘာမှာ သံစစ်ပွဲလာလိမ့်မယ်ဗျ တဲ့ ။ ဒီတော့မှ ဘရွှေကြီးရဲ့ လောင်စာဆီအတွက် ကြက်ဆူစီမံကိန်းနဲ့ မြင်းခြံသံမဏိစက်ရုံကြီး ၊ ပင်းပက်သံရည်ကြိုစက်ရုံကြီးတို့ကို ပြန်မြင်လာရပါတယ် ။

         မြင်းခြံ သံမဏိစက်ရုံကြီးဟာ မူလတုန်းက ဘရွှေရဲ့ ပြည်ပအားကိုးရမှု လျော့ချရေး စီမံကိန်းထဲက အရေးကြီလှတဲ့ အကြီးစား သံမဏိစီမံကိန်းကြီး ဖြစ်ပါတယ် ။ 

        မြင်းခြံမြို့နယ် ဆားခါး ကျေးရွာ အနီးရှိ မြေဧက 547.2 ဧကပေါ်မှာ တည်ဆောက်ထားတဲ့ သံမဏိစက်ရုံကြီးဟာ မူလတုန်းက MEC မှ ရင်းနှီးမြှပ်နှံထားခြင်း ဖြစ်ပါတယ် ။ အရင်း ယူရို 1117 သန်းရှိပါတယ် ။ 

       စတင်ချိန်က နေပြည်တော်တည်ဆောက်ချိန်နဲ့ မတိမ်းမယိမ်း 2004 က စတင်ခဲ့တာပါ ။ မူလ ကောလဟာလများအရ နေပြည်တော် အရံဒေသအဖြစ် သတ်မှတ်ထားသလိုလို ကြားခဲ့ကြပါတယ် ။ 

      MEC နဲ့ အီတလီကုမ္ပဏီ Danienli Co:Ltd နဲ့ တည်ဆောက်ခဲ့ပါတယ် ။ ပထမဆုံး ထုတ်လုပ်တဲ့ နှစ်မှာ သံရည်ကြို မီးဖို ၂ လုံးနဲ့  လေးထောင့်သံမဏိတုံးများနဲ့ သံမဏိအပြားများ စမ်းထုတ်ကြပါတယ် ။ 

      Steel Billet တန် တသိန်းခွဲ နဲ့ Steel Slab တန် တသိန်းခွဲ ထုတ်လုပ်ပြီး တနှစ်ထက် တနှစ် ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ် ။ 

     ကြီးမားလှတဲ့ လုပ်ငန်းကြီး ဖြစ်လို့ ကုန်ကြမ်းအတွက်ပါ ရေရှည်ကိုက်အောင် စီစဥ်ကြပါတယ် ။ ဒါကြောင့် ပင်းပက် မှာ သံရိုင်းထုတ်ဖို့ ရုရှားနည်းပညာ နဲ့ စက်ရုံတည်ပါတယ် ။ 

     ရုရှားနည်းက ကမ္ဘာမှာ မသုံးရသေးတဲ့ သံကျောက်ကနေ သံပြန်ထုတ်တဲ့ နည်းပညာပါပဲ ။ ရှမ်းတောင်မှာ အလွန်ပေါတဲ့ သံကျောက်ကုန်ကြမ်းကနေ သံရိုင်းထုတ်မယ် ၊ မြင်းခြံကို ပို့ပြီး သံမဏိအဖြစ် အဆင့်မြှင့်ကြမယ်ဆိုပြီး ရည်ရွယ်ကြပါတယ် ။ 

     လုပ်ငန်းပမာဏ အကြီးကြီးတွေဆိုတော့ အချိန်ယူလုပ်ကြရရင်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီး စနစ်ပြောင်းသွားပါတယ် ။ ဒီမိုကရေစီစနစ်ဖြစ်လို့ ဒီလောက်ကြီးတဲ့ လုပ်ငန်းကြီးကို ဝန်ကြီးဌာန လေးခုလောက်ပူးပေါင်းဆောင်ရွက်မှ အဆင်ပြေမှာ ဖြစ်လို့ 1-10-2012 မှာပဲ စက်မှု ၁ ကနေ လွှဲပြောင်းရယူလိုက်ပါတယ် ။ 

     ရရန် ပေးရန် ငွေကြေးကိစ္စများကို စက်မှု  ၁ ကနေ အမွေဆက်ခံချိန်မှာ မြင်းခြံသံမဏိ စက်ရုံကြီးက Steel Billet 130mm × 130mm × 12mm နဲ့ Steel Slab 90mm × !200mm × 9 mm များ ထုတ်လုပ်နေပါပြီ ။ 

       ယင်း နမူနာ သံမဏိများကို အမေရိကန် အခြေစိုက် BCI Co:Ltd ကနေ ထွက်သလောက်ယူမယ်ဆိုပြီး စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းလာပါပြီ ။ မော်တော်ယဥ်အဟောင်းတွေ အရည်ကြိုပစ်တာ မှတ်မိကြမှာပါ ။ 

        မြန်မာ့စက်မှု သမိုင်းကတော့ သစ်ဆန်းလာပါပြီ ။ အလွန်ပေါများတဲ့ သံကျောက်ရိုင်းတွေကနေ ပင်းပက်က သံရိုင်းထုတ်မယ် ။ ထွက်လာတဲ့ သံရိုင်းကို မြင်းခြံသံမဏိစက်ရုံကနေ အဆင့်မြှင့် သံမဏိထုတ်မယ် ။ ပြီးရင် ထွက်သမျှ စျေးကောင်းပေးဝယ်မယ့် ဝယ်လက်နဲ့လည်း ချိတ်မိပြီ ။

    ဘရွှေကြီး မျှော်မှန်းထားတဲ့ ပြည်တွင်းသုံးရန်မက ပြည်ပငွေပါ ရှာပေးနိုင်မယ့် စက်ရုံကြီး ၂ ခုရဲ့ အနာဂါတ်ဟာ လှပနေပြီလို့ သုံးသပ် ပျော်ရွှင်နေကြချိန်မှာပဲ အဖျက်အမှောင့်တို့ ဝင်လာပါချေပြီ ။ 

    အဖျက်အမှောင့်က တခြားမဟုတ်ဖူး မြန်မာပြည်တိုးတက်မှာ မလိုလားတဲ့ အနောက်အုပ်စု နဲ့ သူတို့ရဲ့ ငွေဝယ်ကျွန်  NLD တွေကြောင့် ပဲ ဖြစ်ပါတယ် ။ 

     NLD တွေ ဘယ်လို ယုတ်မာကြသလဲ ကြည့်ပါ ။ 2017 ဧပြီလ မှာ ကျင်းပတဲ့ လွှတ်တော်ကနေ အံ့သြဖွယ် စက်ဆုပ်ဖွယ် မယုံကြည်နိုင်ဖွယ် ပညာမဲ့သော ယုတ်မာကောက်ကျစ်သော ဆုံးဖြတ်ချက်ကို NLD အမတ်ယုတ်တွေ ညီညာဖျဖျ ဆုံးဖြတ်လိုက်ပါတယ် ။ အဲဒါကတော့ မြန်မာ့အနာဂါတ်မျှော်လင့်ချက်ကို ပက်စက်ယုတ်မာစွာ လုပ်ကြံလိုက်တဲ့ဆုံးဖြတ်ဖြစ်ပါတယ် ။

၁ ။ ပင်းပက် သံချက်နည်းပညာသည် ရုရှားနည်းပညာသစ် ဖြစ်တဲ့အတွက် (ဘယ်နိုင်ငံမှ မသုံးသေးတဲ့အတွက်တဲ့) 95 % ပြီးနေတဲ့ စက်ရုံကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ 

၂ ။ ထို့အတူ သံမဏိနမူနာ အကောင်းစားများ ထုတ်လုပ်ပြီး စျေးကွက်မှ ရသလောက်သလောက်ဝယ်မည် စာချုပ်ချုပ်ပါဟု ကမ်းလင့်ခြင်းခံရသော မြင်းခြံသံမဏိစက်ရုံ၏ ရေအေးပေးစနစ် ပြုပြင်ရန် 1 % သာလိုသော ငွေကြေးအတွက် ချပေးရမည်ကို အကြောင်းပြုပြီး 99% အကောင်းဖြစ်နေတဲ့ စက်ရုံအားပိတ်ပစ်ရန် ဆုံးဖြတ်ခြင်း ။ 

        အဲသလောက်မိုက်မဲ ယုတ်မာတဲ့ အမတ်တွေစုနေတဲ့ ပါတီကို တိုင်းပြည်အတွက် အားကိုးစရာအဖြစ် ရှုမြင်နေကြတဲ့ နလပိန်းတုန်းတွေကို အံ့သြမဆုံးဖြစ်ကြရပါတယ် ။ 

         ဒီစီမံကိန်းတွေဟာ ဘရွှေရဲ့ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေး ရည်မှန်းချက်တွေ ဖြစ်ပါတယ် ။

       သူကြိုးစားခဲ့တဲ့ ကြက်ဆူလောင်စာဆီ ကိစ္စ ၊ အောင်မြင်ခြင်း မအောင်မြင်ခြင်းဆိုတာ သက်ဆိုင်ရာ ပညာရှင်ဆိုတဲ့ အုပ်စုနဲ့ပဲ ပတ်သက်ပါတယ် ။ ဒါကိုပဲ အဲဒီလူလိမ်ပညာရှင်တွေကို ရှုံ့ချကြရမယ့်အစား အမျှော်အမြင်ကြီးတဲ့ ဘရွှေကြီးကိုပဲ ယနေ့တိုင် လှောင်ပြောင်နေတာ စိတ်မကောင်းစရာပါပဲ ။

         သူကြက်ဆူစီမံကိန်း ဘာကြောင့်လုပ်ရသလဲဆိုတာ ယနေ့ကြုံတွေ့နေကြရတဲ့ လောင်စာဆီပြဿနာက အဖြေပေးနေပြီလေ ။ နှစ်ပေါင်း ၃၀ လောက် ကြိုမြင်နိုင်စွမ်းရှိတဲ့ခေါင်းဆောင်အပေါ် စော်ကားသရော်ခဲ့ကြလို့ ဒီနေ့ထိ အကြပ်အတည်းပေါင်းစုံနဲ့ ကြုံတွေ့နေကြရတာပါပဲ ။ ဖြေရှင်းဖို့ စဥ်းစားဥာဏ်ရှိတဲ့ ခေါင်းဆောင်တွေမှ မတွေ့ခဲ့ရတော့ဘူးလေ ။ 

        ဒီလိုပဲ ဖော်ပြထားတဲ့ သံမဏိထုတ်လုပ်ရေးဆိုတာ လောင်စာပြဿနာလို ဖြစ်လာမှာသေချာလို့ ကြိုတင်စီမံခဲ့တာပါ ။ ဒါကိုသိနေလို့လည်း အနောက်အုပ်စုက တမင် ပိတ်စေခဲ့ကြတာပါ ။ 

        ယနေ့ တတိယကမ္ဘာစစ်မီး ပျိုးနေကြတာအားလုံးအသိပါပဲ ။ လောင်စာစစ်ပွဲလို့တောင် တင်စားနေကြပါတယ် ။ နည်းပညာအရဖြစ်စေ ၊ အချိန်ကာလအရဖြစ်စေ လောင်စာပြဿနာလည်း ပြီးဆုံးသွားမှာပါပဲ ။ 

       လောင်စာပြဿနာပြီးသွားရင် နောက်လာမယ့် ပြဿနာက သံပြဿနာ ဖြစ်ပါလိမ့်မယ် ။ သံပြဿနာဖြစ်လာရင် ယခု ပင်းပက်နဲ့ မြင်းခြံသံမဏိစက်ရုံတွေရဲ့ တန်ဖိုး ဘယ်လောက်ကြီးသလဲ သိလာကြပါလိမ့်မယ် ။ 

       အစားထိုးမရတဲ့ သံ စစ်ပွဲဖြစ်လာရင်တော့ မြန်မာတွေ လက်ခမောင်းခတ်လို့ရပါပြီ ။ ဘာကြောင့်လဲဆိုတော့ ရုရှားနည်းပညာနဲ့ သံကျောက်ကနေ တိုက်ရိုက်သံရည်ကြိုထုတ်နိုင်တဲ့ ပင်းပက် သံရေကြိုစက်ရုံ ၊ သံကနေ သံမဏိအဆင့်မြှင့်ပေးမယ့် မြင်းခြံသံမဏိစက်ရုံကြီးနဲ့ မြန်မာ့ဘေးဘိုးတို့ရဲ့ အမွေအနှစ် မကုန်ခမ်းနိုင်အောင် ပေါများလှတဲ့ သံကျောက်တောင်ကြီးတွေကြောင့် ဖြစ်ပါတယ် ။ 

        မြန်မာ့ ခရိုနီနဲ့ တိုင်းရင်းသား သူဌေးကြီးများ သံထည်အဟောင်းလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံမှု ပြုလုပ်ပြီး လက်ဦးမှုရယူထားသင့်ပါပြီ ။ ပါမစ် စီးပွားရေးခေတ် အဆုံးသတ်ဖို့ အချိန်တန်နေပါပြီ ။ 

        ကိုရွှေမျိုးဝင်း

(ဒါမျိုးတွေထုတ်လုပ်ဖို့ ဒါမျိုးတွေ အသက်ဝင်မောင်းနှင်ဖို့ ဘာတွေလိုမလဲဆိုတာ တွေးကြည့်ရင် ဘရွှေကြီးရဲ့ အကွက်တွေကို တိုင်းပြည်ချစ်သူတိုင်း ထိုင်ကန်တော့ချင်စိတ် ပေါက်သွားပါလိမ့်မယ်)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...