Thursday, June 16, 2022

ဒေါ်လာစား အကျန်ပေးများ



      လက်ရှိမြန်မာနိုင်ငံဟာ နိုင်ငံခြားသား အကြံပေး ၉၀ ကျော်နဲ့ ဘုံကျွန်ဘဝ သက်ဆင်းနေရပါတယ် ဆိုရင် နီပိန်းတို့ ဖျက်ဖျက်လူးနေအုံးမှာ သေချာပါတယ် ။ 

      အဲဒီ အကြံပေးဆိုတဲ့ အနောက်အုပ်စု စပိုင်တွေဟာ ကျနော်တို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်သွားမှာ အင်မတန် စိုးရိမ်နေဟန် ရှိပါတယ် ။ ပေးသမျှ အကြံတွေက ဒုက္ခရောက်ဖို့ ချည်းပဲ ဆိုတာ တွေ့နေရတာကိုး ဗျ ။ 

    ဟ ဒီအကြံပေးဆိုသူတွေဟာ အစိုးရကို ဩဇာပေးလို့ရမလား ဆိုပြီး စောဒကတက်စရာ ရှိပါတယ် ။ သူတို့ရဲ့ လုပ်ပိုင်ခွင့် တခုကို ဥပမာ ပြောပြပါမယ် ။ 

    ရှောင်တာနယ် ဆိုတာ မြန်မာပြည်ကို မွဲသထက်မွဲအောင် ပြည်သူတွေကို ငတ်သထက်ငတ်အောင် မီတာခတိုးတာကနေ အုန်းရေအထိ အခွန်ကောက်အောင် အကြံပေးနေတဲ့ လူစုတ်ပဲ့ပါ ။ သူ့လုပ်ပိုင်ခွင့် ကြည့်ပါ ။

     မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ အတွက် လိုအပ်တဲ့ အမြန်သွား စပိဘုတ်တွေ  ဝယ်ယူဖို့   ကိစ္စဖြစ်လာပါတယ် ။ ရေကြောင်းရဲမှူးကြီးဟာ စပိဘုတ်ဝယ်ရမယ့် ကိစ္စအတွက် ခွင့်ပြုချက်တောင်းခံပြီး အမျိုးအစား နဲ့ ခွင့်ပြုငွေ အတွက် ရှောင်တာနယ် နဲ့ တွေ့ရပါသတဲ့ ။

    မြန်မာအစိုးရရဲ့ မည်သည့် တာဝန်ကျ ပုဂ္ဂိုလ်နဲ့ မှ  တွေ့ဆုံရန် မလိုအပ်ပဲ ရှောင်တာနယ် ဆုံးဖြတ်ပေးတဲ့  စပိဘုတ်အမျိုးအစား နဲ့ ငွေကြေးပမာဏကိုသာ သုံးခွင့်ရခဲ့ပါတယ် ။

      နောက်တခုက ပိုပြီး ရင်နာစရာ ကောင်းပါတယ် ။ ထိုင်းဖက်က ကုန်စည်ထုတ်လုပ်နေတဲ့ စက်ရုံနေတဲ့ စက်ရုံအများစုဟာ  လိုင်စင်သက်တန်း ကုန်သွားတော့ ကရင်ပြည်နယ်ထဲမှာ လာရောက်တည်ဆောက်ဖို့ ကမ်းလှမ်းခဲ့ပါတယ် ။

      ကရင်ခေါင်းဆောင် စောမူးဆေး  ကိုယ်တိုင် အားတက်သရော ကူညီပြီး မြေနေရာ ရှာပေးပါတယ် ။ သံဖြူဇရပ်မှာ ဧက ၂၀၀၀၀ တွေ့ပါတယ် ။ အားလုံးညှိနှိုင်းပြီး စက်ရုံတွေ အစုလိုက် အပြုံလိုက် သံဖြူဇရပ်မှာ ရွှေ့ပြောင်းလာဖို့ ၂ ဖက် စီးပွားရေး သမားတွေ စီစဉ်ကြပါပြီ ။

    တချိန်က မြန်မာတွေ ထိုင်းမှာ အလုပ်လုပ်ခဲ့ရတဲ့ စက်ရုံတွေ မြန်မာပြည်ထဲ  ရောက်လာမှာ ဖြစ်လို့  တိုင်းတပါးသွားပြီး အလုပ်လုပ်စရာ မလိုတော့ဘူး ဆိုတာနဲ့ တန်ပါတယ်လို့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်က ပြောခဲ့ပါတယ် ။ 

     အဲဒီလို အားလုံး စီစဉ်ပြီးတော့မှ ​ဒေါ်စုကြည် အစိုးရထံ အစီရင်ခံစာ တက်ကြပါတယ် ။ အစိုးရထံက ခွင့်ပြုမိန့် တရားဝင် ချပေးတာနဲ့ လုပ်ငန်းစဖို့ အသင့် ဖြစ်နေပါပြီ ။ အဲလို  ၂. ဖက်လုံးက လုပ်ငန်းရှင်တွေ MOU ထိုးဖို့ အသင့်စောင့်နေချိန်မှာပဲ ဒေါ်စုကြည် အစိုးရက ခွင့်ပြုမပေးခဲ့ပါဘူး ။

   မည်သည့် အကြောင်းပြချက်မှ မပေးပဲ ဒီလောက်ကောင်းတဲ့  စီမံကိန်းကို ခွင့်ပြုမပေးခဲ့ရခြင်းရဲ့ နောက်ကွယ်မှာ နိုင်ငံခြားသား အကြံပေးတွေ သေချာပေါက် ရှိနေပါတယ်  ။

      သူတို့ထင်သလို ခြယ်လှယ်နိုင်ဖို့ ဆိုတာ  မြန်မာပြည် မွဲနေဖို့ ငတ်နေဖို့ လိုပါတယ် ။ ဖွံ့ဖြိုးတိုးတက်လာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရင် သူတို့ဩဇာ မလွှမ်းနိုင်တော့မှာကို အလိုမရှိကြပါဘူး ။

   အခုပဲကြည့်လေ ဒေါ်စုကြည် အစိုးရဟာ သူတို့ သေဆိုရင်သေ ရှင်ဆိုရင်ရှင် အနေအထားနဲ့ ရပ်တည်နေရတာကိုး ။

  -   ထိုင်းစက်မှုဇုံတခုလုံး ရွှေ့ပြောင်းလာမှာကို လက်မခံခြင်း 

  -   သံမဏိစက်ရုံများအား အကြောင်းပြချက် မခိုင်လုံပဲ ပိတ်ပင်ခြင်း 

  - စီးပွားရေး အကြံပေးဆိုသူဟာ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ လိုအပ်ချက်အထိ လွှမ်းမိုးထားနိုင်ခြင်း 

(သူသဘောတူမှ ဝယ်လို့ရပါသတဲ့ နိုင်ငံခြားငွေ သူကိုင်ထားသတဲ့)

    အစရှိတဲ့ မထော်မနန်း အလုပ်တွေကြောင့် အကြံပေးတွေ ပေးနေတဲ့ အကျန်တွေနဲ့ တိုင်းပြည်ထူထောင်နေရမှတော့ ဘယ်တော့မှ တိုးတက်လာမှာ  မဟုတ်ပါဘူးဗျာ ။ 

   ဒီလိုဘုံကျွန် အစိုးရ မရှိမှသာ စစ်မှန်တဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ ရရှိခံစားရမယ်လို့ ယုံကြည်ပါတယ် ။ 

          ကိုရွှေမျိုးဝင်း

။         ။  ၁၂၄ (က) တွေနဲ့ ပိုးစိုးပက်စက် ယုတ်မာနေတဲ့ NLD လက်ထက်မှာ သူတို့ရဲ့ တိုင်းပြည်အပေါ် အကောက်ကြံမှုကို ဖွင့်ပြလိုက်တဲ့ ပို့စ် လေးပါ ၊ ငြင်းဆန်ခြင်း တရားစွဲခြင်း မပြုနိုင်ပဲ NLD တွေ  အံကြိတ်ခံခဲ့ရတဲ့ ပို့စ်အချို့ကို ပြန်လည်တင်ပြချင်ပါတယ် ။

(အမှန်လှော်ရမယ့်သူက မဟုတ်တာပဲ အားစိုက်လှော်နေလို့ .....)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...