ဦးတင်ညွှန့်ဆိုတာ စာပေတွေ အများကြီးရေးနေတဲ့ ကျောင်းဆရာဟောင်းကြီး တယောက်ပါပဲ ။ ဒီနေ့ သူ့ပို့စ်တခုကို တွေ့လိုက်ရပါတယ် ။
ဘာတဲ့ ကလေးတွေကို စာတတ်စေချင်ရင် အစိုးရကျောင်း မလွှတ်နဲ့တဲ့ ၊ ဒါဆို ပုဂ္ဂိလိကကျောင်း တက်ရမှာလားဆိုတော့လည်း NO ပါ ။ အိမ်မှာပဲ ဆရာငှားပြီး သင်ပါတဲ့ ။ ကလေးသုံးယောက်ကို ဆရာတယောက်ငှားရင် ၁၅၀၀၀၀ိ/ တယောက်ကို တလ ၅၀၀၀၀ိ / နှုံးနဲ့ဆိုရင် ပမှန်တကယ် စာတတ်မယ်တဲ့ ။
အစိုးရကျောင်းဆိုရင် ဆရာအင်အားမရှိလို ဘယ်လိုမှ တတ်မှာမဟုတ်ဖူးတဲ့ ။ ကလေးတွေက ပေါက်တီးပေါက်ရှာအလွန်မေးလို့ အိမ်မှာပဲ သင်ကြရမတဲ့ ။
သူဥပမာပေးတာကတော့ ကျောင်းဆရာလုပ်သက် ၃၁ နှစ် ၊ မူလတန်းသင်ခဲ့ရတာ ၁၀ နှစ်တဲ့ ။ ဒီလောက်အရေးကောင်း အသင်ကောင်းတဲ့ သူ့လိုကျောင်းဆရာတောင် ကလေးမေးခွန်းကို မဖြေတတ်လို့ ကျောင်းက ဆရာမတွေဆို ပိုဆိုးမတဲ့ ။
ကောင်းပြီ အိမ်ကို ခေါ်သင်ပါဆိုတဲ့ ဆရာကြီးရေ ဒါတွေ အရင်ဖြေကြည့်ပါအုံး.....
၁ ။ အိမ်မှာပဲ သင်နေတဲ့ ကလေးကို ဘယ်လိုမူနဲ့ စာမေးစစ်ပြီး တရားဝင် အတန်းတင်ပေးမယ် စိတ်ကူးထားပါသလဲ ။
(ကျောင်းခေါ်ချိန် 75 % သတ်မှတ်ထားတာ အပျင်းပြေလို့ထင်နေသလား ကျောင်းဆရာကြီး)
၂ ။ တလ ၅၀၀၀၀ိ ကို မူလတန်းကလေးတဦးအတွက် အကုန်ခံနိုင်တဲ့ မိဘ ရာခိုင်နှုံးဘယ်လောက် ရှိမယ်ထင်ပါသလဲ... ?
(လွယ်လွယ်အကြံပြုထားတဲ့ ဆရာကြီးက ငွေကြေးထောက်ပံ့ပေးဖို့ အစီအစဥ်ရှိပါသလားဗျ)
ဒါက ပြဿနာတမျိုးနော် ဘယ်လိုမှ ဖြေရှင်းမရတဲ့ ပြဿနာနဲ့တင် အိမ်မှာပဲ သင်ပါဆိုတဲ့ မထော်မနန်း အကြံဇိုးကြီးက အထမမြောက်နိုင်ပါဘူး ။
ကဲ မဟုတ်က ဟုတ်က အကြံပြုချက်ကို ပထမဆုံးဝေဖန်ပြီး မဟုတ်က ဟုတ်က အကြောင်းပြချက်ကို ထပ်ရှင်းပါအုံးမယ် ။
ဆရာအင်အားနည်းလို့ ကျောင်းသားကို မသင်နိုင်ဘူး ၊ ကလေးထိန်းအလုပ်ပဲ လုပ်နိုင်မှာပဲဆိုတာကလည်း ဝါရင့်ဆရာကြီးဆီက အကြံဥာဏ်မပါတဲ့ အပုပ်ချစကားသက်သက်ပါပဲ ။ ဆရာကြီးဦးအောင်သင်းရဲ့ ကံ့ကူလက်လှဲ့ ဆောင်းပါးလေး ပြန်ဖတ်ဖို့ တိုက်တွန်းရင်လည်း စော်ကားရာရောက်နေအုံးမယ် ။
ကျောင်းကြီးငယ် စီနီယာနဲ့ သင်ကြားတဲ့စနစ် ၊ လုပ်အားပေးဆရာ ငှားရမ်းသုံးစွဲတဲ့ စနစ်နဲ့ဆို အိမ်ခေါ်သင်တဲ့နှုံး တယောက် ၅၀၀၀၀ိ မကုန်ပါဘူးဗျာ ။ တယောက် ၂၀၀၀ိ နှုံးဆိုရင်ကိုပဲ ကောင်းစွာလုံလောက်ပါရဲ့ ။
ရီစရာကောင်းတဲ့ အကြောင်းပြချက်က ကလေးတွေ မေးခွန်း ပြန်မဖြေနိုင်လို့တဲ့ ။
ဘာတဲ့ဗျာ ကကြီးပက်လက်ဆို ယပက်လက်မဟုတ်ဘူး ၊ ပဇောက် ဂငယ်မဟုတ်ဘူး ဆိုတဲ့ ကလေးအမေးက လုပ်သက် ၃၁ နှစ် ဆရာကြီး ချွေးပြန်တယ်ဆိုတော့ ဆရာကြီးရေးပြနေတဲ့ အပျံစား သင်ကြားမှုအတွေ့အကြုံတွေက ကြားဖူးနားဝတွေလားလို့တောင် သံသယဖြစ်ရာကောင်းလာပါရောလား ။
က ကြီး ခခွေး သင်တာကို ကျောင်းဆရာက လူရွှင်တော်တွေ ပျက်လုံးထုတ်တဲ့ အဆင့်နဲ့ ကကြီးပက်ယက်လှန် ယပက်လက်လို့ပဲ သင်တတ်တာလားဗျ ။
ကလေးတို့ရေ မင်းတို့မှာ နာမည်ရှိကြတယ်မဟုတ်လား ။ အေးအဲလိုပဲ ဒီအက္ခရာလေးတွေမှာလည်း နာမည်တွေရှိတယ်ကွဲ့ ။ သူ့ကို ကကြီးလို့ခေါ်တယ် ၊ သူ့ကို ခခွေးလို့ ခေါ်တယ်ဆိုပြီး စနစ်တကျ သင်ကြားတတ်သူ ဆရာတွေ မရှိဘူးများယူဆနေသလား ဆရာကြီးရေ😄😄
အမှန်တိုင်းပြောရရင် ဆရာတင်ညွှန့်ရေးတဲ့ ပို့စ်ရဲ့ရည်ရွယ်ချက်က ကလေးတွေ ကျောင်းမတက်ရေး လှုပ်ရှားမှု အားပေးထားတဲ့ အပေါစားသူပုန်အားပေးပို့စ်ပါဗျာ ။
ဟုတ်ပါ့ မှန်ပါ့ နဲ့ မန့်နေသူတွေ ကြည့်လိုက် နီပိတ်တွေချည်းပါပဲ ။ စာသင်ကျောင်းတွေမှာ စာသင်နေကြတာ ရေးတတ် ဖတ်တတ်ရုံ ရည်ရွယ်ချက် တခုတည်းလိုလို ဂျင်းထည့်နေတဲ့ ကျောင်းဆရာဟောင်းကြီးကိုလည်း အံ့သြမိပါရဲ့ဗျာ ။
ရေးတတ် ဖတ်တတ် အဆင့်ချည်းဆို သေခါနီးမှ သင်လည်း တတ်ပါတယ်ဗျ ။ အသုံးလုံးသင်တန်းတွေလေ့လာကြည့်ပါအုံး ။
ကျောင်းတက်ပြီး ပညာသင် နေကြရတာက ကလေးဘဝကစပြီး....
- လူအများနဲ့ စုပေါင်းနေတတ် ထိုင်တတ် ပေါင်းတတ် သင်းတတ်ဖို့
- အပြောအဆို အနေအထိုင် ယဥ်ကျေးလိမ္မာကြစေဖို့
- ကိုယ်စီထမ်းဆောင်ရမယ့် တာဝန်ဆိုတာကို ငယ်စဥ်ကတည်းက နှလုံးသွင်းတတ်စေဖို့
- အတန်းစဥ် အလိုက် တွေးတတ်ခေါ်တတ်ဖို့ နဲ့ လူနဲ့လူချင်း ဆက်ဆံရေးတွေကို ကျွဲကူးရေပါ နားလည်စေဖို့...
- စည်းကမ်းကလနားဆိုတာ ဘာလဲလို့ သိကြစေဖို့...
အစရှိတဲ့ များပြားလှစွာသော ရည်ရွယ်ချက်တွေ အများကြီးရှိပါတယ်ဗျာ ။
ဘာမဟုတ်တဲ့ ဆရာအင်အားနည်းတာ ၊ မူလတန်းကလေးမသင်တတ်ကြဖူးဆိုတာ (တကယ်က သူမသင်တတ်တာနဲ့ စံယူထားတာ) အကြောင်းပြပြီး အကြမ်းဖက်တွေ လှုံ့ဆော်နေတဲ့ ကျောင်းမတက်ရေး ဆော်သြော်ချက်ကို အားဖြည့်လှုံ့ဆော်နေတာပါဗျာ ။
ဒီလိုမျိုး စာရေးဆရာငကြောင်တွေဖြစ်တဲ့ ချစ်ဦးညို ၊ မောင်သာချို ၊ ဦးဘုန်း ၊ အစရှိသူတွေ တပ်မတော်ကို တောက်လျှောက် အပုပ်ချလာလို့ ယနေ့အခြေအနေဖြစ်နေရတာမို့ ပေါ့ဆဆ မတွေးသင့်တဲ့ သွေးထိုးမှုလို့ ရှုမြင်မိပါတယ် ။
ကိုရွှေမျိုးဝင်း
(ဒီလိုရေးနေလို့ ဆရာဦးတင်ညွှန့်ကို ရန်ငြိုးရန်စရှိတယ်မထင်ပါနဲ့ တခါမှလည်း မမြင်ဖူး မတွေ့ဖူးပါဘူး ၊ ကျနော်သိတာ တခုပဲ ရှိတယ် တိုင်းပြည်အတွက် အန္တရာယ်ရနံ့ရလာရင် ထောက်ပြရမှာ ငါတို့တာဝန်ဆိုတာပါပဲ)
(ဦးတင်ညွှန့်ပို့စ်)
https://m.facebook.com/story.php?story_fbid=5166093190141786&id=100002234690173
(ပါးစပ်ဘယ်လောက်လိမ်ပြောနေပါစေ ဖြစ်ပျက်နေတာကြည့်ပြီး လူလိမ်ဆိုတာ သိနိုင်ပါ့)
No comments:
Post a Comment