Thursday, June 16, 2022

နိုင်ငံရေးအနုပညာ



        လတ်တလောအရ မြန်မာပြည်မှာ လက်ရှိကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်အရ နိုင်ငံရေးပါတီကြီး နှစ်ခု အုပ်ချုပ်ခဲ့ပြီးပါပြီ ။ ဒီပါတီကြီး နှစ်ခုရဲ့ အရည်အသွေး နဲ့ ကိုယ်ကျင့်တရားတွေရယ် နိုင်ငံရေးအရည်အသွေးတွေရယ်ကိုတော့ ကျနော်တို့ ကောင်းစွာ လေ့လာသိရှိခဲ့ပြီးပါပြီ ။ 

           နိုင်ငံရေးသမားတွေမှာ စည်းရုံးရေးစွမ်းရည်နဲ့ တည်ဆောက်ရေးစွမ်းရည် ရှိကြရပါမယ် ။ အရည်အချင်း နှစ်မျိုးလုံးရှိသော နိုင်ငံရေးသမားဆိုရင်တော့ ဒေါင်ဒေါင်မြည်နိုင်ငံရေးသမားလို့ ဆိုနိုင်ပါလိမ့်မယ် ။ 

         စွမ်းရည်နှစ်မျိုးကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင်...

စည်းရုံးရေးစွမ်းရည်
-------------

          နိုင်ငံရေးသမားသည် အပြောကောင်းပြီး ပြည်သူကို စည်းရုံးနိုင်ရပါမယ် ။ သူတပါးအပြစ် ( အားနည်းချက်) ကို ပြည်သူတွေသိအောင် စိတ်ပျက်အောင် ဖော်ပြနိုင်ရပါမယ် ။
(ဒီအချက်ကို လူကြီးလူကောင်း မဆန်ဘူးဆိုတဲ့ သဘောနဲ့ ဝေဖန်ချင်လည်း အမေရိကန် သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲတွေ လေ့လာကြည့်ပါလို့ ပြောချင်ပါတယ် ။ မြန်မာလူမျိုးလို စိတ်ခံစားမှု ဦးစားပေးပြီး နားယောင်လွယ်တာ မရှိကြလို့ ပိုပြီးလိုအပ်ပါတယ်) 

         နောက်တချက်က ပြည်သူကို မစားရဝခမန်း ကတိကဝတ်တွေကို မရှက်မကြောက် ပြောဆို မက်လုံပေးစည်းရုံးနိုင်ရပါမယ် ။

       စည်းရုံးစကားဟောပြောရင် ဆင်းရဲသားများ နဲ့ တောင်သူလယ်သမားအကြိုက် ဟောပြောစည်းရုံးနိုင်ကြရပါမယ် ။ တနည်းအားဖြင့် လူပိန်းကြိုက် ပြောတတ်ကြရပါမယ် ။ မြန်မာပြည်မှာ ဒေါက်တာဘွဲ့ရလည်း တစ်မဲ ၊ လမ်းဘေးကသူတောင်းစားလည်း တစ်မဲမို့ အများစု​​ဖြစ်တဲ့ အခြေခံလူတန်းစားများကသာ အာဏာပေးနိုင်တာသတိပြုကြပါ ။

တည်ဆောက်ရေးစွမ်းရည်
----------------

         တည်ဆောက်ရေးစွမ်းရည်ကျတော့ ပညာတတ်နိုင်ငံရေးသမားများ နဲ့ တည်ဆောက်နိုင်မှ အဆင်ပြေပါမယ် ။ 

          အဲဒါကြောင့် အာဏာရလာပြီးရင် လုပ်တတ်ကိုင်တတ် တွေးတတ်ခေါ်တတ်သော တတ်သိပညာရှင်များနဲ့သာ တိုင်းပြည်ကို အုပ်ချုပ်တည်ဆောက်ကြရပါမယ် ။ စည်းရုံးရေးစွမ်းရည်ရှိသူများ နောက်သို့ နေရာပြန်ယူကြရပါမယ် ။ စွမ်းရည်နှစ်မျိုးလုံးရှိသူများအတွက်တော့ ဘက်စုံအားကိုးရလို့ အဆင်ပြေနိုင်ပါလိမ့်မယ် ။

       နိုင်ငံရေးအခြေခံ ဒီသဘာ သဘာဝကိုမှ နားမလည်းပဲ ငါတို့လုပ်ပေးလို့ နေရာရသွားတော့မှ ငါတို့ကို ပြန်မကြည့်ဘူးတို့ ၊ ငါတို့သာ နေရာရထိုက်တယ်တို့  ဆိုတဲ့ အတ္တဗဟိုပြု မြန်မာ့နိုင်ငံရေးသမား အများစုကြောင့် ပါတီ ၉၀ ကျော်ဖြစ်နေတာလို့ ဝေဖန်ချင်ပါတယ် ။ 

         ကဲ အစိုးရဖြစ်တဲ့ ပါတီကြီး ၂ ခုကို လေ့လာကြည့်ပါ ။ 

       USDP သည် နိုင်ငံတည်​ဆောက်ရေးမှာ NLD ထက် များစွာသာလွန်တဲ့ အတွေ့အကြုံ နဲ့ စွမ်းဆောင်ရည်ရှိကြောင်း ပါတီနှစ်ခုရဲ့ ၅ နှစ်ကာလ နှိုင်းယှဥ်ချက်များအရ ငြင်းမရအောင် သိသာလှပါတယ် ။ 

        သို့သော် တည်ဆောက်ရေးစွမ်းရည် တော်ကြသလောက် စည်းရုံးရေးစွမ်းရည်မှာတော့ အင်မတန်ညံ့ဖျင်းကြတာ တွေ့ရပါတယ် ။ 

          မပြောရဲ မဆိုရဲ မရှင်းရဲပဲ သူတပါးစွတ်စွဲချက်တွေကို ပြောသလောက်မဟုတ်တဲ့ စွတ်စွဲမှုများအကြောင်း အချက်ကျကျ ပြည်သူသိအောင် မဟော​ပြောနိုင်ခြင်း ၊ သူတပါးအားနည်းချက်ကို ထိထိမိမိ ထောက်ပြဝေဖန်နိုင်ခြင်း မရှိသောအားနည်းချက် ၊ ပြည်သူအများလိုချင်သော အချက်များအား ပြုပြင်ပေးမည့်အကြောင်း ကတိကဝတ်ရဲတင်းစွာ မပေးနိုင်ခြင်းဆိုတဲ့ အားနည်းချက်များစွာရှိခဲ့လို့ 2015 မှာ ရှုံးခဲ့ကြတာပါပဲ ။ 

         NLD ကို လေ့လာကြည့်ပါ ။ ဒေါ်စုကြည်ဟာ မရှက်မကြောက် သိပ်ပြောရဲခဲ့တာတွေ့ရပါ့မယ် ။ ပြည်သူတွေဆင်းရဲချိန်မှာ ကျမကားအကောင်းစားကြီးစီးရမှာ ရှက်တယ်တို့ ၊ တိုင်းပြည်တိုးတက်ဖို့ အစိုးရမှာသာ တာဝန်ရှိတယ်တို့ အစရှိသဖြင့် ဟောပြောစည်းရုံးပါတယ် ။ ဘာပဲလုပ်လုပ် ပြည်သူကိုအသိပေးပြီး ပြည်သူသဘောတူမှ လုပ်မှာပါတို့ ဆိုပြီး မဲချူခဲ့တာ အားလုံးအသိပါပဲ ။

        အဲဒီလောက် စည်းရုံးရေးစွမ်းရည်ထက်မြက်ခဲ့တဲ့အတွက် အာဏာရပြီးနောက် တည်ဆောက်ရေးလုပ်ပြလိုက်တာ တိုင်းပြည်ပျက်မတတ်ဖြစ်သွားပါရောလား ။ 

        ထောင်ကျစကေးကို နိုင်ငံရေးအရည်အသွေးလို စံထားပြီး လူစုတ်ပဲ့တွေ သူခိုးဂျပိုးတွေ စုဆောင်းပြီး တိုင်းတပါးသြဇာခံပြည်ဖျက်မကြီး ခေါင်းဆောင်မှုနဲ့ ပြည်ပနိုင်ငံသား အကြံပေး ၉၀ ကျော်ခေါ်ပြီး တိုင်းပြည်ကို အပျောက်ရိုက်ကြတာ ကံကောင်းလို့ အချိန်မှီလေး တပ်မတော်က ထိမ်းသိမ်းနိုင်ခဲ့ပါတော့တယ် ။ 

         ဒီတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးစွမ်းရည် နှစ်ရပ်နဲ့ ဟန်ချက်ညီ အုပ်ချုပ်နိုင်ခြင်းမရှိခဲ့တာကို ပါတီကြီး နှစ်ခုက သက်သေပြခဲ့ပြီးပါပြီ ။ ဒီအချက်ကို သင်ခန်းစာယူပြီး နိုင်ငံရေးသမားများ ဝမ်းစာဖြည့်သင့်ပါပြီ ။ 

        မိမိနဲ့လျှော်ညီတဲ့ စွမ်းဆောင်ရည်ကဏ္ဍမှတာဝန်ယူကာ တိုင်းပြည်အတွက်ဟူသော နှလုံးသားဖြင့်သာ အလုပ်အကျွေးပြုသင့်ပါပြီ ။ 

        နိုင်ငံရေးသမားတို့အတွက် အခြေခံအကျဆုံး ကိုယ်ကျင့်တရားဖြစ်တဲ့ အနည်းဆုံး ငါးပါးသီလလောက်တော့ဖြင့် စောင့်ထိမ်းနိုင်မှသာ ငါ နိုင်ငံရေးသမားဆိုပြီး လက်မထောင် ဆောင်ရွက်သင့်ကြောင်းကိုလည်း NLD သူခိုးကြီးတွေက သင်ခန်းစာပေးထားပြီး ဖြစ်နေပါပြီ ။ 

         တိုင်းပြည်ရဲ့ ကံ ကြမ္မာကို ပုံဖော်ပေးမယ့် စွမ်းဆောင်ရည်မြင့် နိုင်ငံရေးသမားများ နေရာရကြပါစေလို့ ဆုတောင်းလျှက်......

         ကိုရွှေမျိုးဝင်း  

( ဒီလို နိုင်ငံရေးသမားတွေ ပါမလာဖို့ လိုသလို ပါလာခဲ့ရင်လည်း ပြန်နှင်ထုတ်နိုင်မယ် R To R အသက်ဝင်အောင် လုပ်ထားဖို့ အရေးကြီးပြီ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...