Sunday, June 26, 2022

ထပ်ပြောရသေးတာပေါ့


        ဒီလူတွေ ကိုယ့်ဆီမှာ အကန် မန့် နေတာ တွေ့နေမိပါရဲ့ ။ သို့သော် ပြန်ပြောလောက်တဲ့ အဆင့်တွေ မဟုတ်လို့ ပြောကိုမနေပါဘူး ။ ဒီတခါ သူတို့မေးခွန်းလေးတွေ ဖြေပေးလိုက်ပါ့မယ် ။

        သနားစရာကောင်းတာက အဲဒီမေးခွန်းတွေကို မျိုးဝင်း fb သက်တမ်းတလျှောက် NLD အာဏာရနေကတည်းက တောက်လျှောက်ဖြေလာခဲ့တာ သူတို့မသိဘူး ။ 

         အခုလည်း သူတို့သိအောင် ပြန်ဖြေတာတော့ မဟုတ်ဖူးဗျ ။ လေ့လာဖို့ အချိန်မရတဲ့ မျိုးချစ်လူငယ်တွေ ၊ မသိကြသေးတဲ့ ကြားလူပြည်သူတွေအတွက် ဖြေပေးလိုက်တာပါ ။ ကျနော့်ရဲ့ မူလခံယူချက်ကိုက နီပိတ်ဆို အရေးလုပ်ပြောနေချင်တာမဟုတ်ဖူး ။

      သေမယ့်လူနာ ဆေးကုန်ခံ ကုမပေးတဲ့ ဆရာဝန်လိုမျိုးပဲ ခံယူထားတာပါ ။ ဒါကြောင့် ဖင်ပိတ်ငြင်းမယ့် နီပိတ်အတွက် နွားကို ပလာတာကျွေးချင်တဲ့ ရည်ရွယ်ချက်မဟုတ်ကြောင်း ကြိုတင်ရှင်းပြတာပါ ။ ကဲ နီပိတ် နှစ်ယောက်ရဲ့ အမေးတွေကို ဖြေကြည့်မယ်ဗျ ။ 

************************

- သက်သေနဲ့ပြောပါမျိုးဝင်းရာ, ဦးဖြိုးမင်းသိန်းခိုးတာ သက်သေရှိလား?

( ဖြိုးမင်းသိန်း ခိုးမခိုး ဒေါ်စုကြည်ကို ဒေါ်လာတွေ ရွှေတွေ လာဘ်ထိုးခဲ့ပါတယ်ဆိုတဲ့ သူ့နှုတ်စကားက ပထမသက်သေပဲ ။ နောက်ပြီး ရန်ကုန်တိုင်းအစိုးရတဖွဲ့လုံး ခိုးမှုနဲ့ ထောင်ထဲရောက်နေပြီ ၊ ဝန်ကြီးချုပ် သူခိုးအကြီးစားဖြိုးမင်းသိန်း ထိပ်ဆုံးက သူခိုးကြီးဆိုတာ ဒုတိယသက်သေ ၊ စာရင်းစစ်ချုပ်အစီရင်စာ နဲ့ ဦးကျော်ဇေယျရဲ့ အင်တာဗျူးတွေက တတိယသက်သေပဲ) 

- ဆလရ ဝန်ကြီးခိုးတာ သက်သေရှိလား? 

(ဆသရဝန်ကြီး ခိုးမခိုး မင်းတို့ပြောသလို သူ့ပိုင်ဆိုင်မှုကိုပြန်စစ်လေ ၊ နောက်ပြီး ဘက်ဂျက်အသုံးပြတော့ ဦးသိန်းစိန်ထက်အများကြီး ပိုသုံးတယ် ၊ မြစ်ကူးတံတားတစင်းမှ မတည်ဆောက်ဖူး ၊ အဝေးပြေးလမ်းသစ် တမိုင်မခင်းဘူး ကျေးရွာလမ်းအဆင့် တောက်တီးတောက်တဲ့ဖောက် ၊ ရပ်ကွက်အကြိုအကြား ကွန်ကရစ်လမ်း ၆ ပေအကျယ်လောက်ခင်းပြ နဲ့ သောက်သောက်လဲခိုးသွားတာ ဟ ၊ ဒါကြောင့် အခု ထောင်ထဲထည့်ထားတာပေါ့ ဘာသက်သေပြရအုံးမလဲ) 

-၂၀၁၅-၂၀၂၀ ခေတ်တွေက ပွင့်လင်းနေပြီး လူတိုင်းကိုတရားစွဲလို့ရတဲ့အချိန်ပါကွာ. သက်သေရှိရင်အဲ့ကတည်းက တရားစွဲလို့ရပါတယ်.

(နင့်မေလွှား ပွင့်လင်းနေပါ့လား ဂေါ်ဇီလာကျော်ဝင်းအမှု နှုတ်ထွက်ခိုင်းသတဲ့ ၊ ဝင်းခိုင် ဒေါ်လာဘီလီယံချီပြီး ခိုးထားတဲ့အမှု ဆိုင်းငံ့သတဲ့ ၊ ကယားဝန်ကြီးချုပ်ကို ကယားက NLD လွှတ်တော်က ခိုးမှုနဲ့ ဖြုတ်ပစ်တာတောင် တရားမစွဲပဲ အမတ်လောင်းပြန်ရွေးသတဲ့ ၊ အဂတိတိုက်ဖျက်ရေးကို NLD အမတ်တွေ လာဘ်စားတာ မစစ်ရဘူးလို့ ဒေါ်စုကြည်က တားမြစ်သတဲ့ ၊ ငါပြောနေတာတွေအားလုံး သတင်းဂျာနယ်တွေမှာ အားလုံးအတိအလင်းပါပြီးတွေနော် မသိရင် မှတ်ထားကြအုံး)

- ဦးသိနိးစိန်လက်ထက်က စစ်ကိုင်း ဝကခ, မကွေး ဝန်ကြီးချုပ်, ဧရာဝတီ ဝကခ တို့ ခိုးထားတဲ့ ဘီလျီချီ ငွေတွေတော် ခုထိ အရစ်ကျနဲ့ ဆပ်လို့မပြီးသေးဘူးနော် မျိုးဝင်း. 

(ငါ ခဏခဏ ရှင်းဖူးတယ် ၊ သူတို့က အစိုးရရဲ့ မြစိမ်းရောင်စီမံကိန်း အောင်မြင်ထိရောက်တာမြင်ရလို့ ဝန်ကြီးချုပ်တွေက သူတို့အစီအစဥ်နဲ့ ဖောင်ဒေးရှင်းထောင် ရံပုံငွေရှာပြီး လုပ်ကြတဲ့ ငွေတွေလေ ၊ အစိုးရငွေမဟုတ်ပဲ ဖောင်ဒေးရှင်းငွေကို ဒမြတိုက်သလို သမ္မတအမိန့်နဲ့ အတင်းတောင်းလို့ စောက်ကြောက် ဝန်ကြီးချုပ်တွေ ပြန်ပေးလိုက်ကြတာကွ ။ ငါ့လိုကောင်ဆို ဝင်းမြင့်နဖူး ယီးနဲ့တက်ထိုးပစ်တယ် ။ 
အရစ်ကျပဲ ပြန်ဆပ်ရမှာပေါ့ ငွေတွေက ပြည်သူတွေဆီ ချေးထားတာလေ မင်းပထွေး ထွေအုပ်တွေဆီမှာ ရရန်စာရင်းတွေ ၊ ဆပ်ရမယ့်ကာလတွေ အတိအကျရှိပြီးသားမို့ စောင့်ယူရတာကွ) 

- ဦးသန်းဌေးရဲ့ ဘူတာရုံရှိပြီး ရထားလမ်းမရှိ, ရထားလမ်းရှိပြီး ရထားသွားလို့ မရတဲ့ အကြောင်းတွေ မပြောသေးဘူးနော် , ဘရွတ်ရွှတ်တွတ်တွေ လျှောက်ရေး

(လာပြန်ပြီ နီပိတ်ပီသချက်ကွာ ဦးသန်းဌေး မီးရထားဝန်ကြီးသက်တမ်းက ၂ နှစ်ခွဲလောက်ပဲ ကြာတာဟ ။ သူက ကမ်းနားလမ်းမှာ လျှပ်စစ်ရထားစမ်းပြေးဖို့ စီမံကိန်းတခုပဲ လုပ်ခဲ့ဖူးတာဟ ။ မင်းပြောတဲ့ ရထားလမ်းတွေက ဘရွှေလက်ထက်က လုပ်လက်စတွေ ။ နောက်လူတွေ အရည်အချင်းမရှိလို့ လက်စမသပ်နိုင်တာ မင်းပထွေး ဦးသန်းဌေးနဲ့ ဘာမှ မဆိုင်ဘူးကွ)

။        ။ kay La Bo ACC အတွက် ဖြေရှင်းချက် ။

 - ခင်ဗျားပြောသလို ဘယ်သူ့လက်ထက်က ဘယ်လမ်းတွေခင်းလိုက်တယ် ဆိုတာထက် စာရွှက်တွေပေါ်မှာပဲစာရင်းတွေရှိတာထက် ခင်းထားတဲ့လမ်းတွေ အဆင်ပြေဖို့လိုတယ်မဟုတ်လားဗျ။ဘယ်နှဲ့ဗျာ မိုးတွင်းပြီးပြီ ဆိုတာနဲ့ အဲ့လမ်းတွေ သွားမရတော့ဘူး။ဒါကနှစ်စဥ်ကြုံတွေကြရတဲ့ မြန်မာပြည်သူတွေရဲ့ဒုက္ခပဲ။နောက်ပြီး အဲ့လမ်းတွေ ပြန်ဖာထေးပြုပြင်ရတဲ့ ဘတ်ဂျက်က နှစ်စဥ်ကုန်ကျသေးတယ် မဟုတ်လား။(ဒီယုန်မြင်လို့ ဒီခြုံထွင်တာလားတော့မသိ့ဘူးပေါ့ဗျာ😂)

(လမ်းမကြီးတွေအတွက် မြေသားပြုပြင်ခြင်းနဲ့ အောပ်ခံကျောက်သား ချခင်းခြင်းအဆင့်ဟာ အရေးကြီးဆုံးပဲ ၊ အစိုးရအလုပ်ကို စာရွက်ပေါ်မှာပဲ အလုပ်ပြပြီး လိမ်လို့ရတာ ဒေါ်စုကြည်အစိုးရပဲရှိတယ်ဟ လေ့လာအုံး ။ လမ်းဆိုတာ သွားနေရင် ပျက်မှာပဲ ၊ ပျက်ရင်ပြင်ရမှာပဲ သုံးရာသီသွားရတဲ့လမ်း တမိုင်တောင်ဖောက်မပြနိုင်တဲ့ NLD ထက်စာရင် နှိုင်းစရာမလိုအောင် တော်ပြီးသားပါကွာ) 

- NLDလက်ထက်ရောက်တော့ လမ်း တံတားတွေအသစ်ဆောက်တာထက် ရှိပြီးသားလမ်းတွေချဲ့တယ်၊ပြုပြင်တယ်။ကျုပ့်တို့ ရန်ကုန် ပုသိမ်လမ်းမကြီး ခုဆိုကောင်းမှကောင်းပဲဗျ။

(လာပဟေ့ ရမ်းတုတ်တွေ ၊ နှမ်းဖြူးအလုပ်ဆိုတာ ဘယ်အစိုးရတက်တက် လုပ်နေကြရမှာပဲကွ ၊ လမ်းဆိုတာ အမြဲသုံးနေလို့ အမြဲပျက်နေမှာပဲ ။ မင်းသိပ်အားရတဲ့ လမ်းတွေပြင်တယ်ဆိုတာ ဦးသိန်းစိန်လက်ထက်က 63 % ပြီးခဲ့ပြီး NLD လက်ထက်မှာ 10 % ပဲ ပြီးတာကို ဖင်ခေါင်းကျယ်ပြနေတာ ရီစရာပဲဟ ။ ဘယ်က ကိန်းဂဏန်းလဲ မမေးနဲ့နော် မင်းတို့ NLD လွှတ်တော်မှာ NLD စာရင်းစစ်ချုပ်ကြီးထံ NLD သူခိုးဝန်ကြီးကိုယ်တိုင် အစစ်ဆေးခံ ဖြေကြားသွားတဲ့ ရာခိုင်နှုံးတွေနော် လေ့လာပါ ဟ)

- မီးရထားသံလမ်းတွေ ကိုရောကြည့်ဦးမလား။(ဦးသန်းဌေး ကြီးကိုတော့မမှီသေးဘူးပေါ့ဗျာ😂)

(ရထားလမ်းပြုပြင်ဖို့ မြေသားအသားကျဖို့တောင် သုံးနှစ်လောက် ထားရသကွ ၊ အရင်လူတွေ စီမံချက်နဲ့ အချိန်ယူလုပ်ခဲ့တဲ့ ပရောဂျက်ကို အဆုံးသတ်ရတာအစွမ်းအစရှိတယ်ထင်နေတာလား ကွာ ခက်ပါ့ မယားပါသားသမီးကို မင်းနဲ့ လုပ်ပြီးမွေးခဲ့တာလို့ ကြွားသလိုဖြစ်နေပြီ ငါ့ကောင်ရ လုပ်ငန်းသဘာဝ ဗဟုသုတလေး လေ့လာပြီးမှ မျိုးဝင်းဆီလာခဲ့ကွ) 

ဒါနဲ့ လျှပ်စစ်မီးတွေပိုလျှံလို့ရောင်းရပါတယ်ဆိုတာ ဘယ်သူလက်ထက်လဲဗျ ။

(ဒီစကားပြောခဲ့တာ ဦးသိန်းစိန်ရဲ့ လျှပ်စစ်ဝန်ကြီးပဲ ။ ဘာကြောင့်ပြောသလဲဆိုရင် မြစ်ဆုံကနေ ထွက်လာမယ့် လျှပ်စစ်ကို 10 % free ရပြီး ကျန်တဲ့ 90 % ကို ရောင်းစားမယ် ။ အမြတ်ဝေစုအဖြစ် တနှစ်ကို ဒေါ်လာ 1.1 ဘီလီယံရမယ် ။ ရောင်းစားမယ့် 90 % ထဲက ပြန်ဝယ်လို့ရတယ် ဒါပေမယ့် 90 % လုံး မဝယ်နိုင်ဘူး ဒါကြောင့် မြန်မာပြည်က ဝယ်နိုင်မယ့် ပမာဏထက် ပိုနေတဲ့ ဓာတ်အားကို အခြားအဝယ်တွေဆီ ရောင်းရမယ်လို့ ပြောခဲ့တာကွ ဖြတ်ညှပ်ကပ် မီဒီယာယုတ်တွေ ပြောတာနဲ့ တက်မလာနဲ့ကွာ ပျင်းစရာကြီးကွ)

မြန်မာပြည်ကြီးကို ကန့်လန့်ဖြတ် ပိုက်သွယ်တန်းပြီးရောင်းစားခဲ့တာရော ဘယ်သူတွေလက်ထက်ကလဲ။

( ပိုက်လိုင်းဖြတ်တဲ့ လယ်မြေတွေ လျှော်ကြေးတွေ တနင့်တပိုးရ ၊ စိုက်လက်စ သီးနှံအတွက် လျှော်ကြေးရ ၊ ပိုက်လိုင်းမြှပ်ပြီးတာနဲ့ ကိုယ့်မြေကို ပြန်စိုက်ပျိုးကြနဲ့ မြေရှင်တွေ သူဌေးဖြစ်ကုန်ပြီ ။ မင်းတို့က အခုထိ မြေပုံပေါ်က မျဥ်းတားပြတာကြည့်ပြီး အူကောင်းနေတုန်း ။ ပိုက်လိုင်းအတွက် အရင်းထည့်လို့ အမြတ်ဝေစု ၊ မြေငှားရမ်းခ ၊ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ဖြတ်သန်းခ စုစုပေါင်း တနှစ်ဒေါ်လာ 1.5 ဘီလီယံ အကျိုးအမြတ်ကို မင်းတို့မိထွေးလက်ထက် ၂၀၁၇ မှ ခံစားကြရတာ သိရင် မင်း ဘရွှေကြီးကို ထိုင်ကန်တော့သင့်ပြီ)

ကိုမျိုးဝင်းရယ် ...ခင်ဗျားအဖြစ်က `မင်းခါးပိုက်နိုက်နေတာ ငါထမိန်အလစ်သုတ်နေတုန်း မြင်တယ်´ ဆိုသလိုဖြစ်နေပြီဗျ😂😂။

(မင်းအဖြစ်က သစ်ငုတ်တိုရွှေချကိုးကွယ်ပြီး ဖွတ်ထွက်နေတာတောင် တောင်ပို့မှန်းမသိသေးပဲ ဖင်ဘူးတောင်းထောင်ကန်တော့နေတဲ့ ပညာမဲ့ လူမိုက်နဲ့ တူနေပြီ)

။    ။ ဒါက Wai linn Han ACC ပိုင်ရှင် အတွက် အဖြေပဲ ။ ဒါတွေကို NLD လျှမ်းလျှမ်းတောက် ရမ်းကားနေချိန်ကတည်းက မျိုးဝင်း ပေါ်တင်ရေးခဲ့ပြီးသားပါ ။ 

       124 တွေ 505 တွေ လူမဆန်အောင် သုံးပြီး တရားစွဲထောင်ချခဲ့တဲ့ NLD လူယုတ်မာတွေ အချက်အလက်တွေက အမှန်တွေသာ တိတိကျကျရေးသား ဝေဖန်ခဲ့တဲ့ မျိုးဝင်းကို လက်ဖျားနဲ့ မတို့နိုင်ခဲ့တာ ငါ့သတင်းတွေ ကိန်းဂဏန်းတွေ မှန်ပါတယ်ဆိုတဲ့ ငါ့ဖက်က သက်သေပဲ နီပိတ်တို့ရေ ။

        ကိုရွှေမျိုးဝင်း

(မတောက်တခေါက် အစွမ်းအစနဲ့ ပညာစမ်းမနေနဲ့ မင်းတို့သိထားတာ အမြှီးဖျားပဲ ရှိသေးတယ် မင်းတို့သေမင်းက အပေါ်စီးကနေ ပြုံးပြုံးကြီးကြည့်နေတာနော)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...