Wednesday, June 2, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (10)



         
       ပြည်သူတွေကလည်း ကုမ္ပဏီတွေနဲ့ အတူ ပါလာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ နဲ့ ခေတ်မှီ လူသုံးကုန်တွေ ဖောဖောသီသီ သုံးစွဲလာကြရတော့ သဘောကျလာပါပြီ ။ လုပ်သလောက် အကျိုးရှိနိုင်တဲ့ စနစ်အရ ယခင်က တန်းဆီ ဝယ်ယူခဲ့ရတဲ့ ဆန် ဆီ ဆား ကနေ ဓာတ်ဆီ အထိ ယခု အခါ စိတ်တိုင်းကျ ဝယ်နိုင်ပေပြီ ။ 

    မျက်နှာတင်းလှသော အရောင်းစာရေးများအား လန့်စရာ မလိုတော့ပါဘူး ။ အဲဒီလို ဖြစ်ပေါ်လာခဲ့သလို တိုင်းပြည်ထူထောင်ရေး အတွက် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ကြရာမှာ ဗိုလ်ချုပ်များ အတွက် လာဘ်လာဘ များ ပွင့်လန်းလာကြပါပြီ ။ 

       အဲဒီ အချိန်တုန်းက အာဏာပါဝါ ကို ဦးသန်းရွှေက စနစ်တကျ ခွဲဝေအုပ်ချုပ်ခဲ့တာ အောင်မြင်ခဲ့ပါတယ် ။ သက်ဆိုင်ရာ စစ်တိုင်းမှူးတွေဟာ သူတို့ အပိုင်စားရတဲ့ နယ်မြေထဲမှာ သူတို့ဘုရင်ပါပဲ ။ 

     တခုတော့ ရှိပါတယ် ဦးသန်းရွှေ ဒါလေးဖြစ်အောင် လုပ်ကြ ဆိုရင်ဖြင့် အလုအယက် လုပ်ပေးကြရတာပေါ့ လေ ။ ဥပမာ မင်းတို့နယ်အတွင် NLD မမြင်ချင်ဖူးကွာ လို့ ပြောလိုက်ရင်ပဲ တိုင်းမှူးတွေက သူ့ထက်ငါ NLD ကင်းစင် နယ်မြေ ဘာညာ နဲ့ အလုအယက် လုပ်ကြတော့တာပါပဲ ။ 

       NLD ဆိုရင် ဘယ်သူမှ မထောင်ရဲအောင် ဖိခဲ့ကြပါတယ် ။ 
အဲဒါကြောင့်လား မသိဖူး အဲဒီကာလတွေ တုန်းက တိုင်းပြည်ကြီး အေးချမ်းလိုက်တာမှ ရပ်ကွက်ထဲက အမူးသမားတောင် မရမ်းကားရဲကြတဲ့ အနေအထားပါ ဗျာ ။ 

      အညာမြေတခွင် ရေနံချောင်း ချောက် ၊ ကျောက်ပတောင်း ၊ မြင်းခြံ အစရှိတဲ့ နယ်တွေမှာ နွားသူခိုးတွေ အလွန်သောင်းကျန်းခဲ့ကြတယ် ။ 

     တောင်သူတွေဟာ တနေကုန် ပင်ပန်းစွာ လုပ်ကြရပြီး ညကြတော့လည်း ကောင်းကောင်း မအိပ်ရပါဘူး ၊ နွားသူခိုး သောင်းကျန်းလွန်းလို့ လေ ။ အိပ်စောင့်တာတောင် ခိုးမှန်းသိလို့ မအော်ရဲဖူး ၊ တယောက်က လည်ပင်းပေါ် ဒါးတင်ထားတာ တယောက်က နွားခိုးတာ ကဲ ဘာ်လောက်ဆိုးလဲ ကြည့်ပေတော့ ။

     ရဲ တိုင်လည်း မထူးဖူး ၊ ရဲ ကိုက နွားသူခိုးဆီက ခွဲတမ်းရပြီးသား ။ ဒါနဲ့ ဗိုလ်ချုပ်တွေ တက်တိုင်ကြပါရော ။ တပ်မတော်ကတော့ ရှင်းပါတယ် သက်ဆိုင်ရာ နယ်မြေတာဝန်ခံ တပ်မှူးတွေကို ပြောလိုက်တယ် မင်းနယ်ထဲမှာ နောက်ထပ် နွားခိုးမှု မကြားချင်ဖူး လိုအပ်သလို ဆောင်ရွက်နိုင်တယ် လို့ ခိုင်းလိုက်တာပါပဲ ။

      ကျနော်တို့ မြင်းခြံက အမှတ် ၁၅ တပ်ရင်း ရှိပေမယ့် စိုးမိုးရေး လှုပ်ရှားရတာ မိတ္ထီလာလေတပ် ဗျ ။ တပ်မှူးတွေက ဘယ်လို အမိန့်ပေးတယ်တော့ မသိပါဘူး တန်းပြီး ဘီလူးက ကပြတာပါပဲ ။ 

       မြင်းခြံ ရဲစခန်းက နွားသူခိုး မှတ်တမ်းဟောင်းတွေ ကြည့်တယ် ။ လိပ်စာတွေ ယူတယ် ။ အကုန်ဖမ်းတယ် စစ်တယ် ၊ အလုပ်အကိုင်မရှိဘူး ကောင်းကောင်းစားတယ် ဝတ်တယ် သုံးဖြုံးနေတယ် အရွယ်ကောင်းတယ် အဲဒီ အုပ်စု သက်သက်ထားတယ် ။

      အသက်ကြီးနေပြီး အိုမင်းမစွမ်း နွားခိုးဟောင်းတွေ သက်သက် ၊ အလုပ်အကိုင်ပြနိုင်တဲ့ နွားခိုးဖူးသူကို သက်သက်ခွဲထုတ်တယ် ။ 

      အလုပ်မရှိ သုံးဖြုံးနေတဲ့ အရွယ်ကောင်း နွားခိုးတွေကို သူတို့ ရွာတွေဆီ ခေါ်သွားတယ် ၊ တရွာလုံးလာကြည့်ခိုင်းတယ် ၊ တခါတည်း သတ်ပြတယ် ။ ဘယ်တရားရုံး ဘယ်သက်သေမှ မခေါ်ဖူး ။ ရွာစဉ် အဲလို သတ်ပြတယ် ။

      ရွာသားတွေကို မှာခဲ့တယ် နွားခိုးမိရင် ရဲစခန်းမပို့နဲ့ တခါတည်း သတ်ပစ်ပါတဲ့ ၊ ပြဿနာဖြစ်ရင် သူရှင်းပေးမယ်တဲ့ မှာခဲ့တယ် ။ 

         အဲဒီတပ်ဖွဲ့က ပထမအသုတ် အဲလိုရှင်းပစ်တယ် ။ နွားပျောက်ရင် နွားခြေရာနောက် လိုက်ပေးတယ် ။ ရွာတရွာမှာ ခြေရာ ဆုံးသွားတယ် ။ ဒါဆို အဲဒီရွာက တရားခံ နဲ့ နွားကို ပြန်ပေးရမယ် ။ မပေးဖူးလား ရတယ် တရွာလုံး မီးရှို့ဖျက်ဆီးပြီး လယ်မြေတွေပါ လုပ်ခွင့် ပိတ်လိုက်တယ် ။ နွားခိုးအားပေး တရွာလုံး ခွေးဖြစ်ပေတော့ပဲ ။ 

     နှစ်ရွာလောက် အဲသလို ဆော်လိုက်တာ ကိုယ့်ရွာထဲ နွားဆွဲဝင်လာတာ မြင်လိုက်ရင်ပဲ တပ်ရှိရာ ပြေးလာပြီး ဘယ်သူ ဘယ်ဝါ ဘယ်လိုနွား ဆွဲလာပါတယ် သတင်းပို့တော့တာပါပဲ ။ ဒါဆို အဲဒီ နွားခိုး ဆွဲထုတ် တခါတည်း ပစ်သတ် အဲ သလိုရှင်းပစ်တယ် ။ သတင်းပေးလို့ ရွာကို ဘာမှ မလုပ်ဖူး ။ 

          ဦးသန်းရွှေခေတ်က ရှင်းတယ်နော် ။ လူ့အခွင့်အရေးတွေ ဘာတွေ လာမပြောနဲ့ ငြိမ်းချမ်းစွာ နေတဲ့ ပြည်သူတွေကို စိတ်အနှောက်အယှက် ဖြစ်စေရင် အဲသလို အပြတ်ရှင်းခဲ့လို့ ယနေ့ထိ အညာတခွင်မှာ နွားခိုးမှု မရှိသလောက် ဖြစ်ခဲ့ရတာ လက်တွေ့ပါပဲ ။ 

         ဈေးကွက်စီးပွားရေးကြောင့် ဖွံ့ဖြိုးတိုးတက်လာသလို ဥပဒေတွေပြင်ဆင်ပေးတဲ့ အတွက် ကုမ္ပဏီတွေလည်း အပြိုင်းအရိုင်း ပေါ်လာပါတယ် ။ ကုမ္ပဏီတည်ထောင်ခွင့် လိုင်စင် ၊ Export - Inport. လုပ်ငန်းကိစ္စတွေဟာ အင်မတန် ချောမွေ့သွက်လက်လှပါတယ် ။ 

           ဒီနေရာမှာ အုပ်မှုယန္တယားရဲ့ အတုယူဖွယ် ဆောင်ရွက်ပုံတွေကို ပြောချင်ပါတယ် ။ ဦးသန်းရွှေဟာ ထိပ်ဆုံးကနေရာယူထားပါတယ် ။ သူ့အောက်မှာ ဒုချုပ်ကြီး ဖြစ်ပါတယ် ။ ဒုချုပ်ကြီး ဆောင်ရွက်တဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဦးသန်းရွှေ ဝင်စွက်တာ အလွန်နည်းတယ်လို့ ကြားခဲ့ဖူးပါတယ် ။ 

      နောက် စစ်ဆင်ရေး ကိစ္စတွေ အတွက် အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီး တင်ဦးက ဆောင်ရွက်ပါတယ် ။ 

     ထောက်လှမ်းရေး နဲ့ ပြည်တွင်း ပြည်ပ ဆက်ဆံရေးအတွက် အတွင်းရေးမှုး ၁ ဦးခင်ညွှန့် က ဆောင်ရွက်ပါတယ် ။ 

      သက်ဆိုင်ရာ တိုင်းမှူးတွေကလည်း မိမိတို့ အုပ်ချုပ်ရာ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ငြိမ်ဝပ်ပိပြားရေးကို အပြိုင်အဆိုင် အားထုတ်လုပ်ကြရပါတယ် ။ 

       ဗိုလ်ချုပ်မျိုးညွှန့် ၊ ဗိုလ်ချုပ် ထွန်းကြည် ၊ ဗိုလ်ချုပ်ကျော်ဘ ၊ ဗိုလ်ချုပ်သာအေး ၊ ဗိုလ်ချုပ် မြင့်အောင်........ အစရှိသရွှေ့ ဗိုလ်ချုပ်တွေဟာ ပြည်သူတွေနဲ့ အဆက်မပျက် ထိတွေ့ လှုပ်ရှားနေကြလို့ အလွန်ရေပန်းစားလှပါတယ် ။ 

        တိုင်းပြည်တခုလုံး တည်ငြိမ်အေးချမ်းနေပြီး အစစ အရာရာ တိုးတက်နေတော့ ပြည်သူတွေဟာ ၉၀ ရွေးကောက်ပွဲကို မေ့စပြုလာပါပြီ ။ စီပွားရေးကိစ္စတွေ တဟုန်ထိုး အရှိန်ရလာချိန်မှာ NLD ဟာ ရွေးကောက်ပဲပြဿနာ ပြန်ရှာလာပါတယ် ။ 

      ဖြစ်ပုံက နဝတ အစိုးရသည် ၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်အား အသိအမှတ်ပြုသည် ။ သို့သော် အုပ်ချုပ်ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသေးသည့် အတွက် အာဏာအလုံးစုံကို မလွှဲအပ်နိုင်သေးကြောင်း ၊ လူတန်းစားပေါင်းစုံ တိုင်ရင်းသားပေါင်းစုံ ပါတီပေါင်းစုံမှ အလွှာ အသီးသီးရှိ တတ်သိနားလည်သူများ စုပေါင်း၍ အခြေခံဥပဒေ ရေးဆွဲရမည် ။ ယင်းဥပဒေ ပြဌာန်းပြီးမှသာ အာဏာလွှဲပေးမည် လို့ ကြေညာခဲ့ပါတယ် ။ 

      အဲဒီနောက် ညောင်နှစ်ပင် ညီလာခံမှာ ခြေ / ဥ ရေးဆွဲရေး အကောင်အထည် ဖော်ခဲ့ပါတယ် ။ အနိုင်ရ ပါတီ NLD ဟာ ကိုယ်စားလှယ် ၈၀ ကျော်နဲ့ တက်ရောက်ခွင့်ရခဲ့ပြီး ခြေ / ဥ ကို ရေးဆွဲခဲ့ကြပါတယ် ။ 

      ယခု ၂၀၀၈ ခြေ / ဥ အခန်းကြီး ၃ ခန်းအထိ NLD ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေး သဘောတူပြီး ဖြစ်ပါတယ် ။ ဒါပေမယ့် မြန်မာနိုင်ငံကို အမြဲနှောက်ယှက်နေတဲ့ အမေရိကန်ဟာ ခြေ / ဥ ပုဒ်မ ၄၂ (ခ) ကို တွေ့သွားပါတယ် ။ မြန်မာနိုင်ငံတွင် မည်သည့် နိုင်ငံခြားတပ်မျှ အခြေချခွင့် မပြု ဆိုတဲ့ ပုဒ်မ ပါပဲ ။

      မြန်မာ့မြေပေါ်မှာ အခြေစိုက် စခန်း ဖွင့်ပြီး တရုတ်ကို နောက်ကျော ဒါးနဲ့ တေ့ထိုးဖို့ စိတ်ကူးထားတဲ့ အမေရိကန်တွေ အတွက် အဲဒီပုဒ်မဟာ အင်မတန် အရေးကြီးပါတယ် ။ အခန်း ၃ အထိ ပြီးမှ တွေ့သွားလို့ နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာကို ကပျာကယာလာပါတယ် ။ 

       ဒေါ်စုကြည် နဲ့ နှစ်ယောက်ခြင်း တွေ့ဆုံ စကားပြောပြီး ပြန်သွားပါတယ် ။ သူပြန်သွားတာ နဲ့ NLD ပါတီ အတွင်းရေးမှူး ဒေါ်စုကြည်က NLD ပါတီ ဥက္ကဌ ဦးကြည်မောင်ကို ပြောပါတယ် ။ ညောင်နှစ်ပင်ညီလာခံ ကျမသဘောမတူဖူး မတက်ကြတော့ နဲ့ လို့ အမိန့်ပေးပါတယ် ။

      အတွင်းရေးမှူးက အမိန့်ပေးတာကို ဥက္ကဌကလည်း မလွန်ဆန်နိုင်ပါဘူး ။ NLD ကိုယ်စားလှယ်တွေကို မတက်ဖို့ ပြောတော့အားလုံးထဲက မကျေနပ်သူ ၇ ဦးကဆက်တက်ပါတယ် ။ သူတို့ကို ပါတီကနေ ထုတ်ပစ်ပါတော့တယ် ။ 

       ဦးသန်းရွှေကတော့ ရှင်းတယ် ညောင်နှစ်ပင် အဲလို ဖြစ်နေတယ် သတင်းပို့တော့ ဒါဆို ရပ်ထားကွာ ဆိုပြီး အမိန့်ပေးလိုက်ပါတယ် ။ ဒီလိုနဲ့ အရှိန်ရနေတဲ့ ခြေ / ဥ ရေးဆွဲရေး ကိစ္စကြီးဟာ အမေရိကန် အလိုကျ ရပ်နားသွားရပြန်ပါတယ် ။ 

        ဦးသန်းရွှေဟာ မြန်မာ့နိုင်ငံရေးကို ပိုင်နိုင်စွာ ချုပ်ကိုင်ထားနိုင်ပြီးဖြစ်လို့ သူ့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး အတွက် အားထည့်လုပ်ဆောင်ချင်လို့ နားခိုင်းဟန် တူပါတယ် ။ 

          မြန်မာနိုင်ငံဟာ စစ်ရေးနဲ့ပတ်သက်ပြီး အိမ်နီးခြင်း နိုင်ငံတွေရဲ့ ရန်စမှုတွေကို ကြုံခဲ့ရပါတယ် ။ အဲဒီ အတွက် စစ်အင်အားတည်ဆောက်ဖို့ ငွေလိုလာပါပြီ ။ ဦးသန်းရွှေဟာ သယံဇာတတွေကို ပြည်တွင်း ခရိုနီတွေ နဲ့ ထုတ်လုပ်စေခဲ့ပါတယ် ။

       နိုင်ငံအတွက် ငွေကြေးရရှိလာစေသလို ဗိုလ်ချုပ်တွေကိုလည်း ခရိုနီတွေ နဲ့ ပေါင်းပြီး ချမ်းသာစေခဲ့ပါတယ် ။ အဆိုးထဲက အကောင်းကတော့ ဗိုလ်ချုပ်တွေ မွေးတဲ့ ခရိုနီတွေ ဆိုတာ မြန်မာလူမျိုးတွေ ဖြစ်နေတာပါပဲ ။ 

        ဦးသန်းရွှေဟာ ပြည်ပရန်အတွက် ရည်စူးပြီး ကာကွယ်ရေးစနစ် ပြင်ဆင်ချိန်မှာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဦးခင်ညွန့်ကလည်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါတယ် ။ လက်နက်နဲ့ ငြိမ်းချမ်းရေး ဆိုပြီး လက်နက်မစွန့်စေပြီး တိုက်ပွဲတွေ ရပ်အောင် လုပ်ပေးခဲ့တဲ့ ဦးခင်ညွှန့်ရဲ့ ပုံပြင်ဆန်သော လုပ်ရပ်များကလည်း ယနေ့တိုင် မပြီးတမ်း တမ်းတပြောဆိုနေကြရဆဲပါပဲ ။ 

        မသိမှီသူ လူငယ်လေးများကို ဗဟုသုတ ပြောရမယ်ဆိုရင် TV မင်းသားကြီးလို့ နာမည်ကြီးတဲ့ ဦးခင်ညွှန့်ဟာ ဝပြည်နယ်ထဲကို လက်နက်ကိုင် အစောင့်မပါပဲ သွားရောက်ဆွေးနွေးခဲ့ရဲတာ တွေ ၊ KNU ဗိုလ်မြကြီးကတောင် ဖိုးခွားလေး ဆိုပြီး ယုံကြည်မှု ပေးခဲ့ပုံတွေ ဟာ ပုံပြင်တွေ မဟုတ်ပါဘူး ။ 

         အဲဒီခေတ်က တရားဥပဒေ စိုးမိုးရေး တရားမျှတရေးအတွက် ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုဆောင်ရွက်ခဲ့ကြသလဲ ဆိုတာ အတုယူဖွယ် ပြောချင်ပါသေးတယ် ။ 

      သူနာပြုတက္ကသိုလ်ကို ဦးခင်ညွှန့် လာတဲ့ အချိန်မှာ သင်တန်းသူတွေက ဦးခင်ညွှန်းလာတဲ့ လမ်းမှာ ပိတ်ထိုင်ပြီး ဆန္ဒပြကြတယ် ။ မင်းတို့ကြားဖူးထားတဲ့ အင်မတန်ရက်စက်ပါတယ် ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးက ဘယ်လို တုန့်ပြန်ခဲ့သလဲ ဆိုတော့..........?

           မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...