Thursday, June 24, 2021

လုပ်ကြည့်ပြီးပြီလား



        ကိုစိုးတယောက် ရောက်လာတော့ ထုံးစံအတိုင်း လဖက်ရည်ဆိုင်ချီတက် လေကန်ကြတာပေါ့ ။

"ငမျိုးရေ မနေ့က မန္တလေး ကိစ္စကတော့ လိုင်းပေါ် အုံးအုံးထသွားပါလား ကွ ''

"ရိုးသားတဲ့ ပြည်သူတွေ ဖြစ်စေချင်တဲ့ ဆန္ဒကို ဖြည့်ပေးလိုက်လို့ပေါ့ ဗျာ ''

"ကိုယ့်ဖက်က ကျတာတော့ စိတ်မကောင်းဖူး ကွ ''

"ဒီလိုပါပဲ အဲဒါတောင် ကျတယ် မကျဖူး အခုထိ ရေးနေကြတုန်းပဲ ''

"အေး မင်းရေးတာ မတွေ့ဖူး ကွ ''

"ကျနော် messenger ကနေ ပို့ထားတာ အစောကြီးကတည်းက ကျနော်မရေးတာ ဗျ မရေးကောင်းတဲ့ သတင်းမို့လို့ပါ ''

"အေးကွ ဒါလည်းဟုတ်တယ် မသေချာပဲ မရေးသင့်ဖူး ကွ ''

"ပို့စ် ရေးရတာလည်း ရည်ရွယ်ချက်ကို နားမလည်တဲ့သူတွေ ဝင်မန့်ရင် စိတ်ပျက်စရာပဲ ဗျ ''

"မ တရာသားတွေကိုးကွ ''

"ကျနော်တို့ ပို့စ်တွေ ရေးပြီဆိုရင် လက်ရှိကာလ အခြေအနေကို သုံးသပ် ဝေဖန်တာ ၊ အတိတ်ကာလကို ဖော်ကျူးပြီး အကောင်းအဆိုး ချိတ်ဆက်ဝေဖန်တာ ၊ အနာဂါတ်ကာလကို မျှော်ကိုးပြီး လုပ်သင့်လုပ်ထိုက်တဲ့ အရေးကိစ္စကို ကြိုတင်ရှုမြင်ထောက်ပြတာ တွေ ရှိတယ် ဗျ ''

"အေးလေ ဟုတ်တာပေါ့ ''

"အနာဂါတ် အတွက် အလုပ်သမား ပြဿနာ ၊ လယ်သမား ပြဿနာ တွေ ဖြေရှင်းဖို့ ရေးတဲ့ ပို့စ် မှာ အခုငြိမ်းချမ်းအောင် အရင်လုပ်ပါအုံး ဆိုတဲ့ မန့်တွေဟာ စိတ်ပျက်စရာ ဗျ ဖြစ်ချင်တာ ၊ ဖြစ်နိုင်တာ ၊ ဖြစ်သင့်တာက တမျိုး လေ အနာဂါတ်ကို ရည်ညွှန်းနေတာ မစဥ်းစားပဲ ပစ္စုပ္ပန် သွေးပျက်နေတာ လာမန့်နေတယ်လေ ''

"အင်း စိတ်ပူလို့ နေမှာပေါ့ ကွာ ''

"မှန်တယ် ကျနော် တဲ့တဲ့ ပြောမယ် ကိုစိုး အခု ဖြစ်ပျက်နေတဲ့ ဖြစ်စဥ်ကြီးမှာ ကိုယ့်အနေနဲ့ ဘယ်လောက်တာဝန်ကျေပြီလဲ ဆိုတာ ပြန်တွေးသင့်ပြီ ဗျ ''

"ဟ ပြည်သူက ဘာတာဝန်တွေ ကျေနေရမှာလဲ ''

"လိုင်းပေါ်ကနေ ရဲရဲရင့်ရင့် ထောက်ပြဖူးပြီလား ၊ မြေပြင်သတင်းမှန်ကို တိတိကျကျ ပေးဖူးသလား ၊ ပါတ်ဝန်းကျင်က အကြမ်းဖက်အုပ်စုအကြောင်း တိုင်ကြားဖူးသလား တွေးကြည့်ကြစမ်းပါအုံး ဗျာ ''

"ကြောက်ရတာကိုး ကွ ''

"မကြောက်ရအောင် ကိုယ့်အင်အားကို စုဖွဲ့ဖို့ ကြိုးစားကြသလား ဗျ ''

"အင်း ဒါတွေကလည်း လွယ်တော့ မလွယ်ဖူး ကွ ''

"ကျနော်တို့ မလေးရှားမှာ အလုပ် လုပ်တော့ တနေ့ကို ပစ္စည်းအခုရေ ၇၂၀၀ ပြီးအောင် လုပ်ရတယ် လူအင်အား ၅၀ လောက် သုံးတယ် ၊ တနေ့ကြတော့ လူအင်အား ၉၀ သုံးမယ် ပစ္စည်း ၄၄၀၀၀ ပြီးအောင် လုပ်ရမယ်တဲ့ ''

"ဟာ ဘယ်ဖြစ်နိုင်မလဲ ကွ ''

"OK ကျနော်တို့လည်း လူအင်အား အချိုးအရ မဖြစ်နိုင်ဖူးလို့ ကန့်ကွက်ဆန္ဒပြကြတယ် ''

"အဲဒီတော့....''

"ကျနော်က မြန်မာ ၃၁ ယောက်ရဲ့ ခေါင်းဆောင် ဆိုတော့ သူဌေးက ပြောတယ် မဖြစ်နိုင်ဖူးဆိုတော့ မင်း စမ်းလုပ်ပြီးပြီလား တဲ့ ''

"အေး မင်းက မလုပ်ရသေးတော့ ''

"မလုပ်ကြည့်ရသေးပါဘူးလို့ ဖြေရတာပေါ့ ''

"သူဌေးက... ဘာပြော''

"မလုပ်ရသေးပဲ မဖြစ်နိုင်ဖူးလို့ ပြောနေတာ လူညံ့တွေပဲ လုပ်ပြီးလို့ဘမဖြစ်ရင်တောင် နည်းလမ်းရှာလုပ်ရင် ဖြစ်ရမှာပေါ့ တဲ့ ''

"မင်းက ဘာပြန်ပြောလဲ ''

"မပြောဖူး သူပြောတာ ဟုတ်နေတာကိုး ဒါနဲ့ လူ ၉၀ နဲ့ လုပ်ကြည့်ကြတယ် အံ့သြစရာ ကောင်းတာ အဲဒီ နီးပါး ပြီးတာပဲ နောက်ထပ် လူ ၃ ယောက် ထပ်ဖြည့်တော့ တရက်ကို ၄၄၀၀၀ ပြီးတာပဲ ဗျာ''

"သြော် ဟုတ်သားပဲ ကွ ''

"ပြောချင်တာက မလုပ်ကြည့်သေးပဲ မဖြစ်နိုင်ပါဘူး လို့ ပြောဖို့ ကျနော်ရှက်တတ်လာတာပဲ ''

"အင်း အဖိုးတန် သင်ခန်းစာပဲ ကွ''

"အခုလည်း ဒလံဆိုပြီး လုပ်ကြံခံနေရတယ် ၊ ကျနော်သာ အဲဒီအသိုင်းအဝိုင်းကဆိုရင် ကိုယ်ပတ်ဝန်းကျင်က အနီတွေကို လက်ညှိုးထိုးတိုင်ပြီ ဖမ်းခိုင်းမှာပဲ ၊ အခြေအနေအရ လူစုပြီး လက်တုန့်ပြန်သင့် ပြန်ကြည့်မှာပဲ ငုတ်တုတ်ထိုင်ပြီး နစက ဆဲနေလို့ အပိုပဲ ဗျ ''

"မှန်တယ် အဲလို ကြိုးစားကြည့်ရမယ် ကွ မင်းလဲ အကောင့်သစ် ဖွင့်တော့ ဒီလို ပို့စ် ဆိုရင် အကောင့်ပိတ်လိမ့်မယ် ပြန်ကြစို့ ''

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...