Saturday, June 5, 2021

အစိုးရတို့ သတိရဖို့ကျေးလက်ဒေသ ဖွံ့ဖြိုးရေး



   ယခင်တချိန်က2020 မဲပေးပွဲ နီးလာတော့ ရုပ်သေး သမ္မတကြီး မိန့်ခွန်းထဲမှာ တောင်သူတွေ အပိုဝင်ငွေရဖို့ ဆောင်ရွက်ထားသတဲ့ ။ 

       သမ္မတက တက်လာခါစ ပြောတယ် ၃ နှစ်အတွင်း အာဆီယံမှာ နံပါတ် ၁ ဖြစ်ရမယ်တဲ့ 😁😁😁

    ၂ နှစ်အတွင်း တံတားပေါင်း ၄၀၀  ကျော် ထိုးပြမယ်တဲ့ ဘယ်မှာလဲ မမေးတော့ဘူး 😅😅😅

   တောင်သူဘဝတိုးတက်ဖို့ဆိုတာ အဲလို လေဖောနေရုံနဲ့ တကယ်ဖြစ်မလာပါဘူး ။ နောက်နောင် တက်လာမယ့် အစိုးရမင်းများ သတိမမူ ဂူမမြင် ဖြစ်နေပြီး ပညာရှိ သတိဖြစ်ခဲ စကားပုံကဲ့သို့ မဖြစ်ရလေအောင် တိုင်း​​ပြည်အတွက် အကျိုးရှိစေခြင်းငှာ ဖတ်မိသမျှလေးတွေ ဖြန့်ဝေပါရစေ ။ 

..... မြန်မာ ပညာရှင် 
BG Zaw Myant  ရဲ့  MA ဘွဲ့အတွက် ရေးခဲ့ရတဲ့ သီးစစ်
"ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည်"

    ဆိုတဲ့ စာတမ်းကို လေ့လာကြည့်ပါမယ် ။ 

  နိုင်ငံတိုင်းမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ကဏ္ဍကြီး ၃ ရပ်ကို မိမိနဲ့ ကိုက်ညီမယ့် ဦးစားပေး ပေါ်လစီများနဲ့ တည်ဆောက်ကြရပါတယ် ။ အဲဒီ ကဏ္ဍတွေကတော့ 

၁ ။ A = Agricuture စိုက်ပျိုးရေး

၂ ။   I = Industry      စက်မှု

၃ ။ S = Service      ဝန်ဆောင်မှု

   ဆိုတဲ့ ကဏ္ဍ ၃ ရပ်ကို ဦးစားပေး အနေနဲ့ ဒီလို လှည့်ပြီး စီမံဆောင်ရွက်ကြပါတယ် ။ 

     I-S-A ပုံစံဟာ ဂျပန်လို စက်မှုလုပ်ငန်း ဦးစားပေး စီးပွါးရေး စနစ်ပါပဲ ။ GDP ကို စက်မှုလုပ်ငန်းများမှ အဓိကထားပြီး ရှာတဲ့ စနစ်ပါ ။ ဒီအဆင့်မရောက်မှီက လယ်ယာ သားငါး မှ GDP ရှာယူရသော A -I-S ပုံစံကနေ အစပျိုး ထူထောင်ခဲ့ရတာပေါ့ ။

    S-I-A ပုံစံ ဝန်ဆောင်မှုကနေ GDP ဦးစားပေး ရှာရတာကတော့ စင်္ကာပူ ပုံစံပဲ ဖြစ်ပါတယ် ။ လူသားအရင်းအမြစ် ဖွံ့ဖြိုးဖို့  ဆရာကောင်းတွေကို လစာအမြင့်စားတွေပေးပြီး လုပ်ယူရတဲ့ ပုံစံ ဖြစ်ပါတယ် ။ 

    A-I-S ဆိုတာကတော့ လယ်ယာ သားငါး ကဏ္ဍတွေကနေ GDP အဓိက ရှာရတဲ့ မြန်မာလို နိုင်ငံမျိုးတွေ ကျင့်သုံးရတဲ့ စနစ် ဖြစ်ပါတယ် ။ ကဲ တောင်သူတွေ ဖွံ့ဖြိုးလာဖို့  ဘယ်လို ကျင့်သုံးရမလဲ ။ 

၁။ စိုက်ပျိုးစရိတ် ချေးငှါးပေးခြင်း

၂။ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးခြင်း

၃။ အထွက်တိုးနည်းပညာပေးခြင်း

၄။ ရေအရင်းအမြစ်ဖြန့်ပေးခြင်း

၅။ မိုးလေဝသသတင်းပေးခြင်း

၆။ သွင်းအားစုများ( ဓာတ်မြေသြဇာ ၊ ပိုးသတ်ဆေး) ပစ္စည်းမှန် စျေးမှန်ဖြစ်ရန် စီစစ်ပေးခြင်း

၇ ။ ထွက်ကုန်အတွက် စျေးကွက်ရရန် ရှာဖွေပေးခြင်း

   ကဲ အဲဒီအချက်တွေ အတွက် NLD အစိုးရ ဘာတွေ လုပ်ပေးပါသလဲ ? ပဲစျေးကျတော့ ပဲစားပွဲတော်လုပ်ပေးပါတယ် ၊ ကြက်တုတ်ကွေးဖြစ်တော့ ကြက်သားစားပွဲတော် လုပ်ပေးပါတယ် ။ 

   ကောင်းပါပြီ NLD တွေ ပြောနေတဲ့ သိပ်ညံ့ပါတယ် ဆိုတဲ့ USDP ဦးသိန်းစိန်ကော ဘာတွေ လုပ်ပေးခဲ့ပါသလဲ ? 

- TV Farmers  အစီအစဥ်စတင်လွှင့်ပေးပြီး သတင်းအချက်အလက်နဲ့ ဆွေးနွေးမေးမြန်းခန်းများနဲ့ ပညာဖြန့်ဖြူးပေးခဲ့ပါတယ် ။ 

- ထွက်ကုန်အဆင့်မြှင့်ဖို့ ခေတ်မှီဆန်စက်များ အားဖြည့်ဝယ်ယူခဲ့ပါတယ် 

- စျေးကွက်ထိုးဖောက်ဖို့ စီးပွါးကူးသန်းဝန်ကြီးကိုယ်တိုင် ကုန်သည်လုပ်ပြီး စျေးကွက်ရှာပေးခဲ့ပါတယ် 

- ထွက်ကုန်စျေးနှုံး မှန်ကန်စေရန် ကုန်သည်တွေ ခရိုနီတွေကို အမိန့်တွေ ညွှန်ကြားချက်တွေနဲ့ ထိမ်းချုပ်ခဲ့ပါတယ် ။ 

- အခြေခံစပါးစျေး သတ်မှတ်ပြီး အစိုးရ ရန်ပုံငွေနဲ့ အများအပြား ဝယ်ယူပေးခဲ့လို့ စပါးစျေးနှိမ်ဝယ်လို့ မရခဲ့ပါဘူး ( NLD လည်း ယခု သတ်မှတ်ထားပေမယ့် အစိုးရက မဝယ်ပေးလို့ ဒုံရင်း ဒုံရင်း ဖြစ်နေရပါတယ် အစီအမံခြင်း ယှဥ်ကြည့်ပါ)

     ကောင်းပါပြီ ချမ်းသာဖွံ့ဖြိုးတဲ့ နိုင်ငံတွေဟာ  မြန်မာပြည်က ယခုသုံးနေတဲ့  A-I-S စနစ်ကြောင့် မဟုတ်ပါဘူး ။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင်  A - I - S အခြေခိုင်ပြီး ပြည်တွင်းစားသုံးဖို့ ရိက္ခာဖူလုံတာနဲ့  စက်မှုလယ်ယာသို့ အရင်ရွှေ့ရပါမယ် ။ 

   ပိုလျှံလာတဲ့ လုပ်သားတွေအတွက် စက်ရုံအလုပ်ရုံတွေဆီ ရွှေ့ပြောင်း လုပ်ကိုင်ဖို့ ကြိုးစားရပါမယ် ။ လျှပ်စစ်တွေ အများအပြား ထုတ်လုပ်ရပါမယ် ။ လုပ်သားတွေရဲ့  ပင်ကိုအရည်အသွေးကို ကြည့်ပြီး I - S - A စက်မှုအသားပေး ကို သွားကြမလား ?  S-I-A ဝန်ဆောင်မှုအသားပေး စနစ်သွားကြမလား ဆုံးဖြတ်ရပါမယ် ။ 

   သင်္ချာနဲ့ သိပ္ပံထူးချွန်နေကြရင် စက်မှုအသားပေး သွားပြီး ဖောရွှေချိုသာစွာ ၊ ယဥ်ကျေးပျူငှါစွာ ဆက်ဆံရေး အားကောင်းကြမယ်ဆိုရင် ဝန်ဆောင်မှု အသားပေးဆီ ရွေ့ကြရပါမယ် ။ 

   အဲဒီလို ဖွံ့ဖြိုးမှုဆီ ရွှေ့ဖို့ဆိုတာ လောလောဆယ် တောင်သူလယ်သမားများနဲ့ မွေးမြူရေး သမားများ ရေလုပ်ငန်းများ အခြေခိုင်ပြီး ဖွံ့ဖြိုးဖို့ စီမံဆောင်ရွက်ပေးရပါ့မယ် ။ 

   အစိုးရများအနေနဲ့ မဲဆွယ်သဘော ဖော်ရှိုးအလုပ်များ ဖောရှော အပြောများ လျှော့ချပြီး တိုင်းပြည်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အချိန်ရောက်နေပါပြီ ။

             နောင်လာမည့် အစိုးရအဖွဲ့ဝင် လူကြီးလူကောင်း လောင်းလျှာများ ဖတ်မိ သိရှိ ကြပြီး ဥာဏ်သစ်လောင်း၍ ထပ်ပေါင်းနိုင်ကြပါစေ ။

          မျိုးဝင်း


No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...