Saturday, June 12, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (24)



        ငွေတိုက်ထဲကနေ မဲနက်နေတဲ့ ကျပ်လုံးခန့် မြွေ သုံးကောင် ထွက်လာပါတယ် ။ အဓိက ပစ္စည်းရှင် နော်လေးဖောကို နဂါးမယ်တော် ဝင်ပူးပြီး တားမြစ်ပါတယ် ။ 

  (အဲဒီ အကြောင်း အသေးစိတ်ကို ကျနော် တခါတည်း သီးခြားပို့ အနေနဲ့  တွဲတင်လိုက်ပါ့မယ် ၊ နိုင်ငံရေးပို့စ်မှာ လမ်းလွဲ သွားမှာ စိုးလို့ ပါ) 

         အဲလို အခက်အခဲတွေကြားကနေ ငွေတွေ ရသွားကြပါပြီ ။ သူတို့ဟာ ပြည်ပကို သွားပြီး စီးပွားရေး လုပ်ကြပါတယ် ။ တဦး နဲ့ တဦး ဘီလီယံနဲ့ချီပြီး ငွေကြေး အပေးအယူတွေ လုပ်ကြတဲ့ အချိန်ကြမှ ဦးသန်းရွှေကြီး သိသွားပါတယ် ။ 

      သူ့ကို အသိပေးပြီး တရားဝင် စာရင်းပြသွားတဲ့ ငွေကြေးပမာဏဟာ သူတို့ အမှန်ရောင်းချထားတဲ့ ငွေကြေး ပမာဏ နဲ့ နှိုင်းယှဥ်မယ် ဆိုရင် မြင့်မိုရ်တောင် နဲ့ သကြားတပွင့်လောက် ကွာနေပါတယ် ။ 

     အဲဒါကြောင့် အဲဒီလူ နှစ်ဦးကို တရားစွဲပြီး ထောင် ၁၅ နှစ် ချခဲ့ပါတယ် ။ အခြားပတ်သက်တဲ့ မူလသိုက်တူးသူ ကရင်တွေကတော့ အကြောင်းအမျိုးမျိုး နဲ့ သေကုန်ကြပါပြီ ။ ယခု နောက်ဆုံးကျန်နေတဲ့ လူ နှစ်ယောက်က ထောင်ထဲရောက်ပါပြီ ။ 

      သူတို့ နှစ်ယောက်အနက် တယောက်လူပျိုကြီး ၊ တယောက်က သားရှိပါတယ် ။ သားဖြစ်သူကို ပြည်ပဘဏ်ရှိ အပ်နှံငွေများ နဲ့ စာရွက်စာတမ်းတွေ အကြောင်း ပြောပြပြီး အစိုးရကို အပ်နှံဖို့ ဆုကြေးကိုသာ သုံးဖို့ မှာကြားပြီး သိပ်မကြာခင်မှာ ထောင်ထဲမှာပဲ သေကုန်ကြပါတယ် ။

      သားဖြစ်သူဟာ ပထမဆုံး ဒေါ်စုကြည်ထံ အကူညီတောင်းပါတယ် ။ မလုပ်တတ်ပါဘူး ဒါကြောင့် နောက်ဆုံး သမ္မတကြီး ဦးသိန်းစိန်ထံ 22-2-2013 မှာ တရားဝင် စာပို့ပြီး တင်ပြခဲ့ပါတယ် ။ 

       ဦးသိန်စိန်ဟာ အံ့သြဝမ်းသာလွန်းလို့ ဆွတ်ဇာလန်ကို ချက်ခြင်းသွားပြီး ယင်းအပ်နှံငွေများ ရရှိရေး အတွက် အားချင်းဆောင်းရွက်ပါတယ် ။ ကျနော် အမှတ်မမှားရင် ဥရောပခရီး ရက်ရှည်ကြီး ထွက်ခဲ့တဲ့ ကာလ ဖြစ်ပါ့မယ် ။ 

       အဲဒီအကြောင်း သိထားပြီး ဖြစ်တဲ့ အမေရိကန် နဲ့ အဂ်လန် အပါအဝင် ဥရောပသမဂ္ဂမှ ပိတ်ဆို့ထားလို့ ဦးသိန်းစိန် ၂ နှစ်ခန့် ကြိုးစားခဲ့သော်လည်း မရခဲ့ပါဖူး ။ 

(ငွေ ပမာဏကတော့ ကျနော် မပြောရဲပါဘူး ယုံကြည်ဖွယ် မရှိလောက်အောင် များပြားလွန်းလို့ပါပဲ ၊ ယခု အကြွေးတင်နေတဲ့ ဒေါ်လာ ဆယ်ဘီလီယံဆိုတာ အဲဒီငွေ ပမာဏ နဲ့ နှိုင်းယှဥ်လျှင် လမ်းဘေး သူတောင်းစားအား စွန့်ကြဲတဲ့ ပမာဏမျှသာ ရှိပါတယ်)

      ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ နိုင်ငံရေး အလှည့်အပြောင်း ဖြစ်လာပြန်ပါတယ် ။ ဦးသိန်းစိန်လက်ထက်မှာ တိုးတက်မှုတွေ များစွာဖြစ်ထွန်းခဲ့တာကို ပြည်သူတွေ သိကြပါတယ် ။ 

     သို့သော် ဘာမှ လုပ်မပြရသေးတဲ့ ဒေါ်စုကြည် တက်လာရင် ဒီထက်မက ပိုပြီး တိုးတက်လာမယ်လို့ အလွှာ အားလုံးက ယူဆကြပါတယ် ။ အနောက်အုပ်စုဆီက ဝုန်းကနဲ ပြိုကြလာမယ့် ရင်းနှီးမြှပ်နှံမှုတွေ နဲ့ အတူ အလုပ်အကိုင်တွေ ပေါများလာမယ် ပြည်ပထွက် လုပ်စရာ မလိုတော့ဖူးပေါ့ ။ 

       အဲသလို မျှော်လင့်ချက်တွေ နဲ့ မဲပေးလိုက်တော့ NLD နိုင်သွားပါပြီ ။ အာဏာ အလွှဲအပြောင်း ကာလမှာပဲ NLD တွေဟာ ရှုံးနိမ့်သွားတဲ့ ကြံ့ခိုင်ရေး ပါတီကို တမင်အပုပ်ချ လုပ်ကြံကြပြန်ပါတယ် ။ 

         ကြံ့ခိုင်ရေး ဝန်ကြီးဟောင်းတွေ အိမ်ရာအရွှေ့အပြောင်းမှာ သူတို့ပိုင်တဲ့ ပစ္စည်းတွေ သယ်ကြပါတယ် ၊ အချို့ကတော့ အလှပန်းပင်တွေ အလှစိုက် မြက်ခင်းတွေကအစ သယ်ကြတာပေါ့ ။ 

     အဲဒါကိုပဲ အောက်လုံးထိုးပြီး တိုက်ခိုက်ကြပါတယ် ။ ပရိဘောဂတွေပါ သယ်ကြတယ် မြက်ခင်းတောင် မချန်ဖူး လောဘကြီးတယ်ပေါ့ လေ ။ 

     ဝန်ကြီးဖြစ်ပြီ ဆိုတာနဲ့ ပရိဘောဂဖိုး သိန်း ၃၀ ရကြပါတယ် ။ မိမိနှစ်သက်တဲ့ ပရိဘောဂ ဝယ်ကြပေါ့ အပိုင်ပေးလိုက်တာပါ ၊ နောက် အလှစိုက်အပင်တွေ မြက်ခင်းတွေကလည်း ကိုယ့်ဘာသာ စိုက်ထားကြတာပါ ။

     ဝန်ကြီးအိမ်ယာဆိုတာကလည်း ဝန်ထမ်းအိမ်ယာနဲ့ သဘောတရား အတူတူပါပဲ ။ ဝန်ထမ်းတယောက် ပြောင်းရွှေ့ရပြီ ဆိုရင် သူပိုင်တဲ့ ပစ္စည်း အကုန်သယ်ကြတာပါပဲ ။ နောက်လူက အခွံပဲ ဆက်ခံပြီး သူ့ဘာသာ ပြင်ဆင်နေထိုင်ရတာလေ ။ သူတို့ကလည်း အဲလိုပဲ အခွံပဲ ထားခဲ့ကြတာ သဘာဝပါ ။ 

       နောက် လွှတ်တော် စတင်ချိန်မှာ ဦးသိန်းစိန်က သူ့ပိုင်ဆိုင်မှုချိတ်ပိတ်စာအိတ်ကို တရားဝင် တောင်းယူသွားပါတယ် ။ ဒါကိုလည်း NLD လွှတ်တော်ဥက္ကဌကအစ မလိုတမာ ထိကပါး ရိကပါး ပြောခဲ့ပါတယ် ။ 

     သမ္မတရဲ့ ပိုင်ဆိုင်မှု စာရင်း ချိတ်ပိတ်စာအိတ်ဆိုတာ သမ္မတသက်တမ်းအတွင်း အဂတိလိုက်စားပါတယ်လို့ အတိုင်ခံခဲ့ရလျှင် ဤချိတ်ပိတ်စာအိတ်ပါ စာရင်း နှင့် လက်ရှိ ပိုင်ဆိုင်မှုစာရင်းတို့ကို တိုက်ဆိုင် စစ်ဆေးနိုင်ရန် အလို့ငှာ သိမ်းဆည်းထားရခြင်း ဖြစ်ပါတယ် ။ 

       သမ္မတသက်တမ်းအတွင်း တစုံတရာသော ပြဿနာ မပေါ်ပေါက်ခဲ့လျှင် ဤစာအိတ်ပါ စာရင်းမျာသည် သမ္မတ၏ ကိုယ်ရေးကိုယ်တာ ကိစ္စမျှသာ သက်ရောက်သွားပါသဖြင့် ပြန်တောင်းခွင့် ရှိပါတယ် ။ 

     အဲဒါကိုပဲ တမင် နာမည်ဖျက်ပြီး အပုပ်ချခဲ့ကြတာ ယနေ့ထိ အချို့လူတွေ ပြောနေဆဲပါပဲ ။ တကယ့်ကို မဟုတ်တရုတ် လုပ်ခဲ့တဲ့ ပြဿနာကတော့ လူမသိပဲ အခုထိ ရှုပ်ကျန်နေတုန်း ဗျ ။ 

       အဲဒါက လွှတ်တော် ဥက္ကဌရဲ့ အိမ်တော်ကြီးမှာ ဖြစ်နေတာပါပဲ ။ ယခင်လွှတ်တော် ဥက္ကဌ ဦးရွှေမန်းဟာ ဘယ်လို နည်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး အိမ်တော်ကြီးကို စီမံခဲ့တယ် ဆိုတာ မပြောနိုင်ပါဘူး ။ 

     ထူးခြားတာက အိမ်တော်ကြီးရဲ့ အပေါ်ထပ်ကို ဘယ်သူမှ နေမရအောင် ခြောက်လှန့်နေတဲ့ ပြဿနာ ကြီး ဖြစ်နေတာပါပဲ ။ မြင်းဖြူစီးထားတဲ့ အစောင့်တွေက အမြဲတမ်း ခြောက်လှန့်နေလို့ နောက် ဥက္ကဌ ဖြစ်တဲ့ ဦးတီခွန်မြတ် တို့ မိသားစု နဲ့ အခြားအိမ်သားတွေဟာ အိမ်အပေါ်ထပ်ကို မနေရဲကြပဲ အောက်ထပ်မှာပဲ စုပြုံနေကြရတာ ပုံပြင် မဟုတ်ဖူး ဗျာ ။ 

         ဦးရွှေမန်း စီရင်ခဲ့တဲ့ အဲဒီပြဿနာကို ဦးတီခွန်မြတ်လည်း စွမ်းပါတယ်ဆိုတဲ့ ဆရာအပေါင်းနဲ့ ပယ်ဖျက်ဖို့ ကျိုးစားခဲ့ပေမယ့် အောင်မြင်သွားတယ်လို့ မကြားမိသေးပါဘူး ။ 

     ဒါက အံ့သြစရာ ဖြစ်ရပ်မှန်ကို ကြားဖြတ်တင်ပြတာပါ ။ NLD ခေတ်ကို ပြန်သွားရမယ် ဆိုရင် ဝန်ကြီးစာရင်း ထွက်လာတာကနေ စရပါမယ် ။ ဝန်ကြီးတွေ နာမည်ထွက်လာတော့ ELEVEN ကနေ စဝေဖန်ပါတယ် ။ NLD နဲ့ ELEVEN တို့ ထိပ်တိုက်တို့ဖို့ နိဒါန်းက အဲဒါအစပါပဲ ။ 

     ပထမဆုံး ဒုတိယသမ္မတ ဦးဗန်ထီးယူ ကိစ္စပြောပါမယ် ။ သူဟာ ပြည်ပနိုင်ငံကနေ မြန်မာပြည်ပြန်လာပြီး ၂၀၁၅ မှာ NLD ပါတီထဲ ဝင်ပါတယ် ။ သူ့ကို ပါတီဝင်ဟောင်းတွေ မသိကြပါဘူး ။ အံ့သြစရာကောင်းတာက ပါတီဝင် သက်တမ်း ၄ လ လောက်မှာ အမတ်လောင်းဖြစ်သွားတယ် ၊ နောက် ပါတီဝင် သက်တမ်း ၈ လ မှာ ဒုတိယ သမ္မတ ဖြစ်သွားတယ် ။ လုံးဝ သဘာဝမကျတဲ့ ခန့်ထားမှု အတွက် တွေးစရာတွေ အများကြီး ဖြစ်ခဲ့ကြရတယ် ။ 

         နောက် နာမည်ကျော် ဂေါ်ဇီလာ ဦးကျော်ဝင်း ဘွဲ့အတု နဲ့ ဖြစ်နေလို့ ဝေဖန်ကြတယ် ။ 

      နောက် စက်မှုဝန်ကြီး ဦးခင်မောင်ချို ကားတင်သွင်းရာမှာ လိမ်လည်အခွန်ရှောင် တင်သွင်းခဲ့တဲ့ ကုမ္ပဏီက တာဝန်ရှိပုဂ္ဂိုလ် 

      နောက် စာရေးဆရာဖေမြင့် သူ့ဂျာနယ်တိုက်က အခွန်မဆောင်ပဲ အခွန်ရှောင်ထားတဲ့ ပြစ်မှုကျူးလွန်ထားသူ

      မြို့တော်ဝန် မောင်မောင်စိုး ဘွဲ့အတု နဲ့ ရန်ကုန်တက္ကသိုလ် အထိ တက်လိမ်ထားတဲ့သူ 

      ခြံခုန် ဖြိုးမင်းသိန်း အစရှိသည်ဖြင့် ဝန်ကြီး ၈ ဦးကို ELEVEN က စတင်ဝေဖန်ခဲ့ပါတယ် ။ လူပြောင်းသင့်ကြောင်း ပြောခဲ့ပေမယ့် လုံးဝမပြောင်းပဲ ခန့်ပါတယ် ။ ပိုဆိုးတာက ဘာမှ မသိ မတတ်ပဲ သိဟန်ဆောင်ပြီး ဝန်ကြီးဌာန လေးခု ကိုင်ထားတဲ့ ဒေါ်စုကြည်ကတော့ ကမ္ဘာ့ဟာသ ကြီးပါပဲ ။ 

        သူတို့ အစိုးရဖွဲ့ပြီးတာ နဲ့ အရင်ဆုံးလုပ်တာက fb ပေါ်ကနေ လော်ဘီတွေ မဟုတ်တမ်းတရား ပြောနေတဲ့ ဦးသိန်းစိန်ရဲ့ လယ်တောမြေ ဧက ၅၀၀ ဆိုတဲ့ ပြဿနာကို စပြီး ကိုင်တွယ်ကြပါတယ် ။ 

       ကဲ အနီငပေါတွေ ပြောနေကြတဲ့ နေပြည်တော်ရှိ ဦးသိန်းစိန်ပိုင် သမ္မတလယ်တော ဟာ .....

..ဧက ၅၀၀ ရှိသလား ..?

..သိန်း နှစ်သောင်းတန် နို့စားနွားမတွေ မွေးပြီး ရူးကြောင်ကြောင်နွားနို့ရောင်းစားနေသလား.. ?

...တောင်သူမြေတွေကို မတော်သြဇာသုံးပြီး သိမ်းထားတာလား...?

       ကဲဒီ ပေါက်ကရ မေးခွန်းတွေကို ဖြေကြည့်ကြပါစို့.........

          မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...