Tuesday, June 29, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (34)



        လှသိန်းတို့ ပထမဆုံး ဥပဒေတွေ ပြင်ကြတယ်

    ရက်ပေါင်း ၁၈၀ အနည်းဆုံး နေပြီးမှ မဲထည့်ခွင့်ဆိုတာကို ရက် ၉၀ လို့ပြင်တယ် ...

      နောက် မဲခိုးဖို့ အတွက် ပြည်ပက စပိုင် ကွန်ပြူတာတွေကို လက်ခံကြတယ်....

     ပြည်ပထောက်ပံ့ငွေ နဲ့ ပစ္စည်း ဒေါ်လာ ၄၆ သန်း ရယူပြီး ပါတီ နဲ့ ရွေးကော် စမန်ခုတ်ပြနေတယ်...

      မဲစာရင်း အမှားတွေ တမင်လုပ်တယ် စစ်ဆေးတော့ ပြင်တယ် ၊ နောက်ဆုံး အတည်ပြု မဲလိမ်စာရင်းကို ဖွက်ထားတဲ့ အထိ ယုတ်မာခဲ့တယ်....

     Covid အကြောင်းပြပြီး ဥပဒေ အမျိုးမျိုး ထုတ်ပြန်ကာ ပြိုက်ဖက် ပါတီတွေ အပေါ် ယုတ်မာခဲ့ကြတယ်......

       ညွှန်ကြားချက် အမျိုးမျိုးကို ဥပဒေကျော်လွန် ထုတ်ပြန်ပြီး ကြိုတင်မဲ အချိန် ၁၀ ရက်လောက် စိတ်ကြိုက်ကောက်ခံခဲ့တယ်......

        မှတ်ပုံတင် မရှိသူတွေတောင် ရပ်ကျေး ထောက်ခံစာတွေ နဲ့  မဲပေးလို့ရအောင် အလွန်အကျွံ လုပ်ခဲ့ကြတယ်....

        မဲ ပုံးလိုက်လဲတယ် ၊ မှတ်ပုံတင်တခုနဲ့ မဲရုံကူးထည့်ကြတယ် ၊ အခြားပါတီထည့်တဲ့ မဲစာရွက်တွေ ဖျောက်ပစ်တယ်....

(မဲစာရွက် လိုနေတဲ့ မဲရုံတွေ ခိုးနည်း) 

      NLD ပါတီ အတွက် မဲပုံးထဲ ကြိုတင်ထည့်ထားပြတယ်.....

(မဲ လက်မှတ် ပိုနေတဲ့ မဲရုံတွေ ခိုးနည်း)

       အဲဒီလို စိတ်ကြိုက်ခိုးဖို့ ဆန္ဒမဲ လက်မှတ် ဘယ်နိုင်ငံမှာ ရိုက်ပါတယ် ၊ အစောင်ရေ ဘယ်လောက် ရိုက်ပါတယ် ဆိုတာကို မဖမ်းခံရတဲ့ မထုတ်ပြန်ပဲ လျှို့ဝှက်ထားခဲ့ကြတယ် ။ 

       ပညာရေးဝန်ထမ်းတွေဟာ မဲခိုးမှုတွေမှာ ပါဝင်ခဲ့ကြတာ အများစုပဲ ။ CDM လုပ်နေတဲ့ ဆရာတွေထဲမှာ မဲ သူခိုး 80 % ပါနေတယ်လို့ ယူဆပါတယ် ။ 

       လေ့လာဆန်းစစ်သူတွေကို လက်မခံရဲခဲ့ဖူး ။ ဦးတင်အေးတုန်းက ကြိုက်သလောက်လာခဲ့ အားလုံး ချပြတယ် ။ လှသိန်း ၊ မြင့်နိုင် မဲသူခိုးတွေ ဘာတခုမှ မပွင့်လင်းတာ မဲသူခိုးတွေ ဖြစ်နေလို့ပဲ ။ 

        ဒီပြဿနာတွေ မလာခင်ကတည်းက ပြိုင်ဖက် ပါတီတွေက NLD ရဲ့ UEC က ယုတ်မာပက်စက်နေတာ သိနေလို့ တပ်ချုပ်ကြီးကို တိုင်ကြတယ် ။ ရိုးသားစွာ ယှဥ်ပြိုင်ကြဖို့ တပ်ချုပ်ကြီးက သတိပေးပြီး တရားမျှတမှု ဖြစ်အောင် စောင်ကြည့်ပေးပါမယ်လို့ ကတိပေးခဲ့တယ် ။

     တပ်ချုပ်ကြီးက နိုင်ငံရေး သမားတွေ ရိုးသားကြပါ ဆိတ်ခေါင်းချိတ်ပြီး ခွေးသား လိမ်မရောင်းပါနဲ့ လို့ ဒေါ်စု​ကြည်ကို ​​ရှေ့တည့်တည့် ထား​ပြီး ဗြောင်ကျကျပြောခဲ့တယ် ။ 

        ဥပဒေ နဲ့ အညီ လုပ်ကြဖို့ အကြိမ်ပေါင်း များစွာ ပြောခဲ့တယ် ။ NLD ပါတီကတော့ UEC ဗန်းပြပြီး မဲခိုးဖို့ ကြံစည်ရင်း ပြည်သူတွေကို သူတို့ချမှတ်ထားတဲ့ covid ဥပဒေအား ဖောက်ဖျက် မဲဆွယ်လာပါတယ် ။ 

      အခြားသူတွေ မဲဆွယ်လာရင် နှောက်ယှက်ကြပြန်ပါတယ် ။ နောက်ဆုံး မဲခိုးပဲဲကြီး ကျင်းပပါပြီ ။ 

     ကြိုတင်ကြံစည်ထားတဲ့ အတိုင်း ခိုးမဲပေါင်း ဆယ်သန်း လေးသိန်း ကျော် နဲ့ အနိုင်ရရှိပါတယ် ဆိုပြီး ကြေညာပါတယ် ။ လက်စ လက်န များစွာနဲ့ ခိုးထားတဲ့ အချက်တွေကို တပ်မတော်က ဖော်ထုတ်ပါတယ် ။ 

       ရှင်းလင်းပေးဖို့ တောင်းဆိုပါတယ် ။ UEC ဟာ သမ္မတအမိန့််နဲ့ တပ်မတော်ရဲ့ တောင်းဆိုမှုကို အရေးမလုပ်ပါဘူး ။ တပ်မတော်ကတော့ တဆင့်ပြီး တဆင့် ဥပဒေအတိုင်း ညှိနှိုင်းဖို့ ကြိုးစား နေပါတယ် ။ 

     နောက်ဆုံးမှာ လွှတ်တော်အသစ်မစမှီ  သက်တမ်းလက်ကျန်ရှိနေတဲ့ လွှတ်တော်ကနေ ဖြေရှင်းဖို့ ကြိုးစားပေမယ့် NLD လက်ကိုင်တုတ် လွှတ်တော်နာယက ဦးတီခွန်မြတ်က လက်မခံပဲ covid ကို အကြောင်းပြ ပိတ်ပြန်ပါတယ် ။ 

     တပ်မတော်ဟာ နောက်ပိတ်ဆုံး ကြိုးပမ်းမှု အဖြစ် တပ်ချုပ်ကြီး ကိုယ်တိုင် လက်ရေးမူနဲ့ ဒေါ်စုကြည်ထံသို့ ဖြေရှင်းပေးပါရန် တောင်းဆိုပါတယ် ။ 

     သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က အာဏာမသိမ်းပါဘူး လို့ အာမ မခံနိုင်ကြောင်း ဖြေသွားသလို  တပ်ချုပ်ကြီးကလည်း နိုင်ငံအတွက် ကျနော် မလုပ်ရဲတာ ဘာမှ မရှိပါဘူး လို့ ပြောကြား သတိပေးခဲ့ပါတယ် ။ 

      တပ်မ​တော်ဖက်မှ အာဏာသိမ်း ဖြစ်စဥ် မပေါ်ပေါက်စေရန်  သိသာထင်ရှားစွာ အချက်ပြပေးနေပေမယ့် ငါ တကော ကော နေတဲ့ ဒေါ်စုကြည်က ဘာရမလဲ သာဝရယ် ဘာညာ နဲ့ လမ်းဘေး စကား နဲ့ တုန့်ပြန်ရင်း ကိုယ့်သေတွင်း ကိုယ်တူးနေပါတော့တယ် ။ 

     လွှတ်တော်ကို ဇွတ်ခေါ်ပြီး နိုင်ငံတော် အာဏာကို အတင်းအဓမ္မ ရယူရန် ကြံစည်ပြီး လုပ်ဆောင်နေတဲ့ အတွက် တပ်မတော်ဟာ ၂၀၀၈ ခြေ / ဥ အား ထိမ်းသိမ်းစောင့်ရှောက်ပါမည်ဟု သစ္စာဆိုထားသော အဖွဲ့ကြီး ဖြစ်ရကား ပုဒ်မ ၄၁၇ ကို ချိုးဖောက်နေတဲ့ NLD အာဏာရူး မဲသူခိုးများ လက်တွင်းမှ 1-2-2021 နေ့မှာ ပဲ နိုင်ငံတော် နှင့် အာဏာအရပ်ရပ်ကို လက်ရှိ ခြေ / ဥ အရ ယာယီသမ္မတကြီး ဦးမြင့်ဆွေ ထံမှ တဆင့် လွှဲပြောင်းရယူလိုက်ကြပါတယ် ။

(အမတ်အဖြစ် အနိုင်ရရှိထားသော သမ္မတကြီး ဦးဝင်းမြင့်ဟာ လွှတ်တော်ဟောင်း သက်တမ်း ကုန်ဆုံးချိန်မှာ သမ္မတ မဟုတ်တော့ပဲ သာမန် အမတ်တဦးသာ ဖြစ်နေတဲ့ အတွက် ဒုတိယ သမ္မတ (1)  ဦးမြင့်ဆွေသည် ယာယီသမ္မတ ဖြစ်နေချိန် ကာလ မှာ အချိန်ကိုက် လှုပ်ရှားသွားတာ တွေ့ရပါတယ်)

      ဤသို့ဖြင့် မြန်မာ့သမိုင်းကြောင်းသည်ကား တဖန်ပြောင်းလဲ လာရချေပြီ တကား ။

           မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...