Monday, June 21, 2021

လေးယောက်မြောက်



         ကိုစိုးကတော့ လင်းတာနဲ့ ရောက်လာပြီး လက်ဖက်ရည်ဆိုင်ခေါ်တော့တာပါပဲ ။ စားသောက်ပြီးတာ နဲ့ သူသိချင်တာတွေ အင်တာဗျူးတော့တာပါ ပဲ ။

"ငမျိုးရေ ဟိုတခါ တုန်းက သတင်းစာ ရှင်းလင်းပွဲမှာ ဆာဆာ ကို စိတ်ကူးယဥ်သမားလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ဘာလို့ ပြောသွားတာ လဲ ကွ အသေးစိတ် အကြောင်းအရာတော့ ရှိလိမ့်မယ် မင်းသိလား ကွ ''

"ကျနော် ကြားရသလောက်ကတော့ တပ်မတော်က  ၂၉ ရက်နေ့ ကတည်းက နေပြည်တော်ကို ထိမ်းထားပြီ ဗျ ''

"အေး အဲဒီတုန်းက မင်းတောင်တင်ပါသေးတယ် ဆက်သွာ်ရေးစခန်းတွေ စည်ပင်ရိပ်သာတွေ တပ်က လုံခြုံရေး ယူထားပြီ ဘာညာ နဲ့ လေ ''

"ဟုတ်တယ် အာဏာသိမ်းတဲ့ ရက် မနက်လင်းတဲ့ အချိန်ထိ ဒေါ်စုကြည်အိမ်ထဲကို ကြွက်တကောင်တောင် အဝင်အထွက် မရှိတော့ဖူး ၊ အဲဒါကို ဆာဆာက ဒရိုင်ဘာယောင်ဆောင်ပြီး ထွက်​ပြေးခဲ့ရတယ် ဆိုပြီး အင်တာဗျူးမှာ ပြောလို့ အကြောင်းသိ ဗိုလ်မဲလုံးက စောက်ပေါပါလို့ ဝက်ဝုတ္တိအလက်ာနဲ့ ပြောလိုက်တာပါ ''

"နေအုံး ကွ မနေ့က မင်းတင်တဲ့ စစ်သတင်း ပို့စ် မှာ မန့်နေတာက တပ်မတော်ကပဲ ကျဆုံးနေသလိုလို မန့်နေပါ့လား ကချင်ဆိုရင် ရာနဲ့ ချီပြီး ကျနေသတဲ့ ''

"လေလှိုင်းထဲက အစိုးရက လေလှိုင်းထဲကနေ အောင်ပွဲခံနေကြတာကို မစားရ ဝခမန်း ပျော်နေတုန်း ကျနော့် ပို့စ် ကို တွေ့လိုက်တော့ လည်မျိုရိုက်ခံရတဲ့ ခွေးဝဲစားတွေ မချိမဆန့် ကယောင်ကတမ်း ထ မန့်ကြတာပါ ဗျာ ''

"သူတို့ သတ်ပြနေတဲ့ စစ်သားတွေ မနည်းတော့ဖူး နော ''

"သူတို့ပြောသလောက်သာ ကျနေရင် တပ်မတော်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ အလံတိုင်ပဲ ကျန်တော့တဲ့ အနေအထားဗျ''

"အေးလေ ကယားဆိုလည်း အလောင်းတောင် မကောက်နိုင်ဘူး ခွေးစားကျီးထိုး ဖြစ်နေတဲ့ GZ တွေ မြင်မကောင်းဖူး ၊ ကရင်ကလည်း ငရုတ်သီးနဲ့ မပေါင်းဖို့ စာထုတ် ၊ ကချင်က တောင်းပန် ၊ ချင်းက ပတ်ပြေး ဒါကို နိုင်နေတုန်း ဟေ့ ''

"အဲသလို သဘာဝကျကျ အတွေးအခေါ် မရှိလို့ အနီနောက်မှီးဆွဲ အဆင့် ဖြစ်နေကြတာပေါ့ ''

"ဒီလောက်ဆိုရင် သူတို့ ဆရာတင်နေတဲ့ ဇော်ဝေစိုးရဲ့ ရက်စက်ယုတ်မာမှု ၊ ဆာဆာရဲ့ အခြေအမြစ်မရှိ ပေါက််ပန်းသေး လိမ်ညာနေမှု ၊ မင်းကိုနိုင် ၊ ပန်ဆယ်လို တို့ရဲ့ ကွင်းပြင်ကျည်လွတ်မြေကနေ မြှောက်ပေးနေမှုတွေကို မသိဖူးလား ကွာ ''

"သူတို့က တကယ့် အရှိတရားကို သိကို မသိရဲ​ကြတာ ဗျ ဒါကြောင့် အလိမ်အညာ သတင်းတွေနဲ့ အချင်းချင်းမျှဝေပြီး ရသေ့စိတ်ဖြေ အားတင်းနေကြတာ ''

"ပညာတွေ အများကြီး သင်ထားကြတဲ့ ဘွဲ့ရတွေ မျောနေကြတာ အံ့သြတယ် ကွာ ''

"ဘွဲ့ဆိုတာ ဆင်ခြင်တုံတရား မပါရင် သချ်ာဘာသာကို အလွတ်ကျက်ဖြေတဲ့ ခပ်တုံးတုံး အဆင့်ပါဗျာ နောက်ပြီး တရားခံ အစစ်က အဲဒါတွေ မဟုတ်သေးဖူး ဗျ ''

"ဟေ တရားခံ အစစ်က ဘယ်သူလဲ ဟ ဘွားတော်ကြီးလား ''

"တရားခံ အစစ်က ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့ အတ္တပဲ ဗျ ၊ ငါသိထားတာ အမှန် ၊ ငါဆုံးဖြတ်တာ မမှားဖူး ၊ ငါ့ခံယူချက်ကို ပြင်ရမှာ သိက္ခာကျတယ် အစရှိတဲ့ အတ္တဗဟိုပြု အတွေးအခေါ်က ဒုက္ခတွင်းထဲကို ဆွဲခေါ်သွားတာ ဗျ ''

"တချို့ကတော့ ပြည်ပက ​မြှောက်ပေးနေတာ သိသိကြီး နဲ့ ပျော်ပျော်ကြီး လုပ်နေကြတာ ကွ''

"သေမထူး နေမထူး မိမနိုင် ဖမနိုင် ဆေးကြောင် ကြောင် ပြီး တသိန်းရရ နှစ်သိန်းရရ လုပ်နေကြတာပါ သူတို့ကတော့ ဘာနဲ့ တူလဲဆိုတော့........ ''

"အင်း လုပ်စမ်းပါ အုံး ''

"တခါက ယောကျ်ား ခြောက်ယောက် မတရားကျင့်ခံရတဲ့ အမျိုးသမီးတယောက်က ရဲ စခန်းကို လာတိုင်တယ် ''

"အင်း ဒီတော့...''

"ရဲ က ဖြစ်စဥ်မေးမြန်းပြီး အမျိုးသမီးကို ချွေးသိပ်စကား ပြောတာပေါ့ ကဲ ငါ့ညီမ ဘာမှ မပူနဲ့ အဲဒီ ခြောက်ယောက်လုံးကို ဒီရက်ပိုင်းအတွင်း မိအောင်ဖမ်းပြီး ငါ့ညီမရှေ့ ပို့ပြမယ် စိတ်သာချ ''

"အံမယ် တယ်တော်တဲ့ ရဲပါလား''

"အမျိုးသမီးက ပြန်ပြောလိုက်တဲ့ စကားကြောင့် ရဲ လည်း ပက်လက်လန် တော့တာပဲ ''

"ဟေ ဘာပြောတာ လဲ ''

"ဟင့် အင်း... ကျမ က ခြောက်ယောက်လုံး ပြန်မတွေ့ချင်ဖူး လေးယောက်မြောက် လူနဲ့ပဲ ပြန်တွေ့ချင်လို့ လာတိုင်တာပါ.....တဲ့ ''

"ဟိုက် မသာမလေး အဟုတ်မှတ်နေတယ် မင်းကွာ ပေါက်တီးပေါက်ရှာ ''

"အင်း..ကျုပ်တို့လည်း ဒီလိုပဲ နိုင်ငံရေး သမား လုပ်စားတွေ မြှောက်ပေးလို့ သေကြေ ဘဝပျက်နေတာ မမြင်ရက်လို့ သတိပေးနေကြပေမယ့် အဲဒီ အသုံးချခံ ပွန်းလေးတွေ ကိုယ်တိုင်က လေးယောက်မြောက်မုဒိန်းသမား တမ်းတ နေမှတော့ သူတို့ထိုက် နဲ့ သူတို့ကံပဲ ပေါ့ ဗျာ ''

"မင်း ဥပမာ ကလည်းကွာ ကြက်သီးတောင် ထလာပြီ ပြန်ကြစို့ ''

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...