Friday, June 4, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (14)



........ဦးသန်းရွှေ အုပ်ချုပ်သွားတဲ့ ကာလမှာ တိုင်းပြည် ဖွံ့ဖြိုးဖို့ သူဘာတွေ လုပ်သွားသလဲ ဆိုတဲ့ သမိုင်းက ငုတ်သယောင် ဖြစ်နေပါတယ် ။ ဘယ်လို ရက်စက်တာ ဘယ်လိုခိုးတာ ဆိုတဲ့ ဝါဒဖြန့်မှုတွေကို ပြည်တွင်း ပြည်ပကနေ အားကောင်းမောင်းသန် လှုံ့ဆော်နေကြတာကိုး ။ 

     ကဲ အခုခေတ် ကလေးတွေ လေ့လာနိုင်ဖို့ ပြန်လည် တင်ပြပေးပါ့မယ် ။ အင်္ဂလိပ်ခေတ်ကနေ ဦးနု ဦးနေဝင်း ခေတ်အထိ အခြေခံအဆောက်အဦးတွေ နဲ့ ဦးသန်းရွှေခေတ် တိုးပွားလာတဲ့ အရေအတွက် ယှဉ်ကြည့်ပါ ။ 

     ကြိုတင်ပြောထားချင်ပါသေးတယ် ။ သယံဇာတ ရောင်းစားတာ တို့ ကွာလ်တီမကောင်းဘူးတို့ ဆိုတဲ့ အောက်လုံးတွေ အတွက်ပါ ။ NLDအစိုးရလည်း သံယံဇာတ ရောင်းစားနေဆဲပါ ။ ကွာလ်တီလည်း ထူးမခြားနားဆိုတာ ကြိုပြောပါရစေ ။ 

ရထားလမ်း
-----------
မဆလ            စစ်အစိုးရ         တိုးတက်မှု

1796•35       3203•05        1266•70
(ရထားလမ်းမိုင်)

2793•86       4288•90        1459•04
(သံလမ်းမိုင်)

     487               815              328
(ဘူတာရုံ)

     578               738               191
(ရထားလမ်းတံတား အကြီး)

     5103            9438              4395
(ရထားလမ်းတံတား အသေး)

လေကြောင်း
-----------------

       66                    69                      3
(လေယာဉ်ကွင်း)

         0                     11                     11
(ပြေးလမ်းအရှည် ပေ တသောင်းအထက်)

          21                   26                      5
(ပြေးလမ်းအရှည် ပေငါးထောင် အထက်)

           45                    32   (အဆင့်မြှင့်ပေး)
(ပြေးလမ်းအရှည် ပေငါးထောင်အောက်)    

ရေကြောင်း
---------------

         13                    29              16
(ပြည်တွင်းသုံး ဆိပ်ခံ)

          86                   108             24
(ပြည်ပသုံး ဆိပ်ခံ)

အဝေးပြေးကားလမ်းမ
------------------------------

     13635          19313 / 7     5678 / 7

တံတားများ
----------------

         198                414              206
(ပေ ၁၈၀ အထက်)

                0                 25                 25
(၂၀၀၈ အထိ တည်ဆောက်ဆဲ)

            3305          6155            2850
(ပေ ၁၈၀ အောက်)

      တမတော် အင်ဂျီနီယာဌာနမှ ပေ ၁၈၀ အောက် တံတား ၁၁ စင်း သီးသန့် တည်ဆောက်ထားသည် ။

       အဲဒီစာရင်းတွေက  ၁၉၈၈  မှ ၂၀၀၈ အတွင်း တည်ဆောက်ခဲ့ကြတာပါ ။ ကျန်တဲ့ ကဏ္ဍများကို လေ့လာကြည့်မယ် ဆိုရင် 

- စိုက်ပျိုးမြေအသစ်       1•8 သန်း ဖော်ထုတ်

- ဆည်တမံ                    213   ခု

- မြစ်ရေတင်                  376   ခု

- စက်မှုဇုံ                           18   ခု

- ရုပ်သံထပ်ဆင့်လွှင့်ရုံ       162   ခု

- တက္ကသိုလ် / ကောလိပ်       37  ကျောင်း

- နည်းပညာတက္ကသိုလ်            2  ကျောင်း

- စက်မှု လက်မှု သိပ္ပံ               10  ကျောင်း

        ဆေးရုံ တို့ တိုင်းရင်းဆေးရုံတို့ အရေအတွက် ၂၀၀ ဝန်းကျင် တည်ဆောက်ခဲ့ ပါတယ် ။ ဦးသိန်းစိန်လက်ထက် စာရင်းများနဲ့ ရောထွေးနေလို့ အတိအကျ မရေးနိုင်ပါဘူး ။ 

လျှပ်စစ်ကဏ္ဍ
--------------

အမည်                     မဂ္ဂါဝပ်       ခုနှစ်

ဘီလူးချောင်း ၂          168       1974

ကင်းတား                     56       1985

(မဆလ ခေတ်က လျှပ်စစ်အကုန်ပဲ)

ဆည်တော်ကြီး             25          1989

ဘီးလူးချောင်း ၁           28          1992

ဇော်ဂျီ  ၁                     18           1995

ဇော်ဂျီ   ၂                      12           1998

ဇောင်းတူ                       20           2000

ပေါင်းလောင်း              280            2005

ရဲနွယ်                            25            2007

ခပေါင်း                          30           2008

ကျိုင်းတောင်း                  54           2008

ရွှေလီ ၁                         600           2008

ရဲရွာ                               790           2010

          ( ဦးသန်းရွှေ တည်ဆောက်ခဲ့တဲ့ ရေအား လျှပ်စစ် လုပ်ငန်းတွေပါ ။ ဦးသိန်းစိန် လုပ်ခဲ့တဲ့ ရေအားလျှပ်စစ် ၈ ခု မပါ သေးပါဘူး ။ ယနေ့ ကယားတွေ တနိုင်ငံလုံး လျှပ်စစ်ဓာတ်ပျက်သွားမယ်လို့ လောပိတကို အကြောင်းပြုပြီး ခြိမ်းခြောက်နေတာ မဆလ ခေတ်ဆိုရင် ဟုတ်ပါမယ် ။ ဒီနေ့ခေတ်မှာ လောပိတ ၂ ခုပေါင်းမှ ၁၉၆ မဂ္ဂါဝပ်ဆိုတာ ပေါင်းလောင်းတခုစာ သာသာပဲ ရှိတယ်ဆိုတာ ချိန်ဆကြည့်နိုင်ပါပြီ) 

       အဲဒါတွေအပြင် အများသိတဲ့ နေပြည်တော်ကြီးကို ခမ်းခမ်းနားနား တည်ဆောက်ခဲ့ပါတယ် ။ ဒီနေရာမှာ စနစ်ပြောင်းပေးမယ်ဆိုတဲ့ ဦးသန်းရွှေရဲ့ မူလစိတ်စေတနာကို သိမြင်နိုင်တာကတော့ ယနေ့ အသင့်တက်နေရတဲ့ လွှတ်တော် ၊ သမ္မတအိမ်တော် ၊ လွှတ်တော်ဥက္ကဌ အိမ်တော် အစရှိတဲ့ ဒီမိုကရေစီ အစိုးရရဲ့ အဆောင်အယောင် အဆောက်အဦးတွေ တည်ဆောက်ပေးခဲ့တာ အကောင်းဆုံး သက်သေပါပဲ ။ 

   အင်မတန်ခန်းနားစွာ တည်ဆောက်ပေးခဲ့တဲ့ ဒီအဆောက်အဦးကြီးတွေဟာ အရှေ့တောင်အာရှမှာ အခမ်းနားဆုံး စာရင်းဝင်ခဲ့ရပါတယ် ။ မနာလိုသူတွေကတော့ ခိုးချင်လို့ တည်ဆောက်တာ ဘာညာ ပေါ့ ပြောကြပါတယ် ။ 

......ဘာပဲပြောပြော ဆီကိုင်တဲ့လက် ဆီပေပြီး အကောင်အထည် မြင်တွေ့ အကျိုးခံစားနေရတာ မျက်မြင်မို့ လုပ်ရင်းခိုး ခိုးရင်လုပ် သမားတွေကို. ယနေ့ တမ်းတနေကြရတာကိုက သူတို့ရဲ့ သမိုင်းတွေပါပဲ ။ တုတ်တချောင်းတည်းကြည့်ပြီး တိုပါတယ် ရှည်ပါတယ် သုံးသပ်နေတာ မှားပါတယ် ။ သူနဲ့ယှဥ်မယ့် တုတ်ရဲ့ အတိုင်းအထွာကို ကြည့်ပြီးမှ တိုတယ် ရှည်တယ် ဆုံးဖြတ်ရပါမယ် ။ 

     စစ်လက်နက်များနဲ့ တပ်မတော်ရဲ့ ဖြစ်ထွန်း တိုးတက်မှုများကတော့ အများအပြားမို့ သိသလောက် ကိုပဲ သီးခြားပို့ တင်ထားဖူးပါတယ် ။ လျို့ဝှက်မြေအောက်လှိုင်ဂူ ၆၀၀ ကျော် ၊ မြောက်ကိုရီးယား နျူကလီးယားဒုံးပျံနည်းပညာများ ၊ မြေအောက်လက်နက်စက်ရုံများ စတဲ့ များစွာသော ခေတ်မှီကာကွယ်ရေး လက်နက်စက်ရုံတွေ ထူထောင်ပေးခဲ့ပါတယ် ။ လေ့လာသူများအတွက် အထူးပြောစရာ မလိုပါဘူး ။

        အဲဒီလို တည်ဆောက်ပြခဲ့တဲ့ ဦးသန်းရွှေဟာ ပြည်သူအပေါ်မှာ ဖော်ရွှေမှု မပြခဲ့ပါဘူး ။ စကားများများ မပြောပဲ အလုပ်နဲ့ သက်သေပြခဲ့လို့ ဒီအောင်မြင်မှုတွေကို လုပ်ပြနိုင်ခဲ့တာပါ ။ 

     နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ထားတဲ့ ကြားထဲက သူလုပ်ပြခဲ့တာပါ ။ မြန်မာ့စီးပွားရေး အလွန်တိုးတက်နေတဲ့  1996 ခုနှစ်မှာ ပြည်တွင်းက လူယုတ်မာ နိုင်ငံရေးသမား တွေက စီးပွားရေး ပိတ်ဆို့ခိုင်းလို့ သာ ဒီလောက်ပဲ တိုးတက်ခဲ့ရတာပါ ။ 

     ကဲ စစ်အာဏာရှင်ကြီးကို ဆဲနေကြတဲ့ တူငယ် တူမငယ် အပေါင်းတို့ရေ သမိုင်းကို ပုံဖျက်ထားတဲ့ တဖက်စကားနဲ့ မသုံးသပ်ကြပါနဲ့တော့ ။ အခု ရေးထားတဲ့ တည်ဆောက်မှုတွေဟာ နိုင်ငံအနှံ့ လက်ညှိုးထိုးမလွဲမျက်မြင်လေ့လာ တွေ့ရှိရမယ့် အမှန်တရားများသာ ဖြစ်ပါတယ် ။ 

         ဗဟုသုတအနေနဲ့ ဦးသန်းရွှေရဲ့ စိတ်ထားကို လေ့လာနိုင်ဖို့ တခုပြောပြပါမယ် ။ စစ်ရုံးမှာ တာဝန်ကျနေတဲ့ ဦးခင်ညွှန့်ရဲ့ တပည့်ထောက်လှမ်းရေး အရာရှိကြီးတယောက် ဦးသန်းရွှေ ရုံးခန်းမှာ ရှိနေတုန်း ဦးသန်းရွှေဆီကို BBC ၊ VOA ၊ RFA အစရှိတဲ့ အသံလွှင့်ဌာနတွေရဲ့ တနေ့တာ ထုတ်လွှင့်မှု မှတ်တမ်းလာပြီး တင်ပြသတဲ့ ။ စာတမ်းပို့သူ ပြန်ထွက်သွားမှ ဦးသန်းရွှေက မဖတ်ပဲ လက်မှတ်ထိုးပေးသတဲ့ ဖတ်ပြီးပြီပေါ့လေ ။

      အဲဒါကို အစအဆုံး မြင်နေတဲ့ ထောက်လှမ်းအရာရှိက တပ်ချုပ်ကြီး ဖတ်လည်း မကြည့်ပဲနဲ့  ဘာလို့ လက်မှတ်ထိုးတာလည်း ခင်ဗျ လို့ မေးမိတယ် ။ ဒီတော့ ဦးသန်းရွှေက ပြုံးပြုံးကြီး ကြည့်ပြီး 

"ဟကောင်ရ ဒီသတင်းဌာနတွေက ဘယ်တုန်းက ငါတို့ကို အကောင်းရေးဖူးလို့လဲ ကွ ဒီတော့ အခြေအမြစ်မရှိ အပုပ်ချရမှာက သူတို့ အလုပ် ၊ တိုင်းပြည်အတွက် အလုပ် လုပ်ရမှာက ငါတို့ အလုပ်ပဲ ကွ ဖတ်စရာမလိုပါဘူး ပင်ပင်ပန်းပန်း စာတမ်းတင်နေတဲ့ ဝန်ထမ်းတွေ အားနာလို့ လက်မှတ်ထိုးပေးနေတာကွ မင်းဆရာသာ ကြက်ခေါင်းဆိတ် မခံ ပြန်ရှင်းနေတာ ''

     လို့ ဦးခင်ညွှန့်ရဲ့ သတင်းစာရှင်းလင်းပွဲတွေကိုပါ ထည့်ပြောသွားသတဲ့ ။ ဒါကလည်း အဲဒီထောက်လှမ်းရေး အရာရှိကိုယ်တိုင် ပြန်ရေးပြထားတာပါ ။ 

        လူငယ်အများစုကို တပ်မတော်မုန်းတီးရေး ထောင်ချောက်ထဲ မောင်းသွင်းနေတဲ့ နိုင်ငံရေး သမားတွေဆီကို ယခု တင်ပြထားခဲ့တဲ့ စာရင်းဇယားတွေ မှန်ပါသလား ၊ ဒါတွေကို ၂၂ နှစ် အတွင်း ဦးသန်းရွှေ တည်ဆောက်ပေးခဲ့တာ ဟုတ်ပါသလား လို့ မေးကြည့်ကြစမ်းပါ။

        အခု ပြောခဲ့တဲ့ စာရင်းတွေက ဦးသန်းရွှေပြီးစီးအောင် တည်ဆောက်ပေးခဲ့ စာရင်းတွေပဲ ဖြစ်ပါတယ် ။ တပိုင်းတစ တည်ဆောက်ထားတာတွေ အများအပြား ကျန်ခဲ့ပါတယ် ။ အမွေဆက်ခံသူ ဦးသိန်းစိန်ခေတ်မှာ ဘာတွေ ဆက်လက်တည်ဆောက်ပေးခဲ့သလဲ ဆိုတာ သူ့အပိုင်းကဏ္ဍမှာ ဆက်လက် လေ့လာကြပါမယ် ။ 

         ဦးသန်းရွှေဟာ အာဏာဆိုတာ လက်မှာကိုင်ထားတုန်း စွန့်လွှတ်တာ အကောင်းဆုံး ဆိုပြီး ယူဆထားသူ ဖြစ်ပါတယ် ။ ဒီနေကာမှာ သံဝေဂယူဖွယ် ဦးနေဝင်း အကြောင်း ခဏပြန်ပြောချင်ပါတယ် ။ 

     နိုင်ငံရေးလောကမှာ ဦးသန်းရွှေကို ကျေးဇူးကန်းသူ အဖြစ် ပုံဖော်နိုင်ဖို့ ဦးနေဝင်းရဲ့ စျာပနကို တသသ ပြောပြီး ဇာတ်နာအောင်ပြောလေ့ ရှိပါတယ် ။ ဦးနေဝင်းရဲ့ နောက်ဆုံးစျာပနကို လူအနည်းနဲ့ လှိုင်မြစ်ထဲမှာ အရိုးပြာမျှောပြီး သမိုင်းထဲကနေ ရက်ရက်စက်စက် ဖျောက်ပစ်ခဲ့တယ် ဆိုပြီး ဦးသန်းရွှေကို ပုတ်ခတ်နေတာ ယနေ့တိုင် တွေ့နေရဆဲပါပဲ ။ 

      တကယ်တော့ ဦးနေဝင်းရဲ့ နောက်ဆုံးခရီး အကြောင်း ယနေ့တိုင် အသက်ရှင်နေသေးတဲ့ သူ့ရဲ့ ချစ်သမီးကြီး ဒေါက်တာဒေါ်ခင်စန္ဒာဝင်း နဲ့ သူ့ရဲ့ နောက်ဆုံး ကိုယ်ရေးအရာရှိ ကျောက်ပတောင်းသား ဗိုလ်ကြီးသိန်းလှိုင်တို့ အသိဆုံးပါပဲ ။ 

      အရိုးပြာကို ဘာကြောင့် လှိုင်မြစ်ထဲ မျှောရတယ် လူအနည်းငယ်ပဲ လာခဲ့ကြရတယ် ဆိုတာက ဒီလိုပါ..........?

          မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...