ကိုစိုးတယောက် ရောက်လာတော့ လက်ဖက်ရည်ဆိုင် ထိုင်ကြတာပေါ့ ။
"ဟေ့ ကောင် ဂန့်ဂေါ သတင်းက မှန်တယ်လို့ ပြောတယ် ဟေ့ ''
"ဟုတ်မှာပေါ့ ဗျာ ''
"မင်းကလည်း ကွာ ရေးစမ်းပါအုံး ကွာ ''
"အင်း ကျုပ်လက်စ ကျုပ်သိတယ် ကိုစိုးရ ၁၂၄ ကို တန်းနေမှာပဲ နစကကြီးက သူ့မယားပါသားတွေသာ ကြင်နာတာ ဗျ ကိုယ့်တပ်ကို ချနင်းဖို့ကြတော့ နှစ်ခါ စဥ်းစားတဲ့ လူ မဟုတ်ဖူး ''
"ခက်ပါ့ ကွာ ပြည်သူတွေ ငိုကြွေးသံကို ဒီလူ မကြားဖူးလား ကွာ ''
"ကြားတာပေါ့ နားပါတာပဲ အရေးကြီးတာ သူ့မှာ ပါမလာတာ ဗျ ''
"ဟေ ဘာပါမလာတာလည်း ''
"လူပီသတဲ့ စာနာစိတ် ''
"လုပ်ချပြန်ပြီ ကွာ.. ''
"ပုံပြင်တခုပြောပြမယ် ခင်ဗျား ကြားဖူးရင်လည်း ထပ်နားထောင် ဗျာ အကြောင်းတိုက်ဆိုင်နေတဲ့ ကာလ ဖြစ်နေလို့ ''
"အေးပါ လုပ်စမ်းပါကွာ ပြော ''
"တခါတုန်းက အသက် ၂၀ လောက် လူငယ်တဦးဟာ ဦးထုပ်မပါ ခေါင်းဗလာ နဲ့ နေပူကြီးမှာ အိမ်အမိုး တက်ဖာနေတယ် ''
"အေး ဒီတော့ ''
"ခဏနေတော့ အိမ်အောက်ကနေ သူ့အဖေက လှမ်းပြောတယ် ငါ့သား ဦးထုပ်ဆောင်း လုပ်ကွ တဲ့ ''
"ဟုတ်တာပေါ့ ''
"လူငယ်က ဟုတ်ကဲ့ အဖေ့ ဆိုပြီး ပြောပေမယ့် အလုပ်ဇောနဲ့ နေပူကြီး မှာ ဆက်လုပ်နေတယ် ''
"အင်း လူငယ်ကိုး ကွ ပြီးတော့ ''
"ခဏနေတော့ ဖအေဖြစ်သူက ဦးထုပ်တလုံး ယူပြီး သားရေ ဒီခုံပေါ်မှာ ဦးထုပ် ဆင်းပြီး ယူဆောင်းအုံးကွ ဆိုပြီး အပြင်ထွက်သွားတယ် ''
"အောက်ဆင်း ယူဆောင်မှာပေါ့ ''
"မဆောင်းဘူး ပြီးခါနီးပြီ ဆိုပြိး ဆက်လုပ်တယ် ၊ ဖအေက အပြင်က ပြန်လာတဲ့ အထိ ဦးထုပ်မဆောင်းရသေးတော့ ထပ်ပြောတယ် ''
"အေးပေါ့ နေပူ နေတာကိုး ''
"ဟေ့ကောင် အခုထိ ဦးထုပ်မဆောင်းဖူး လား လို့ အော်ပြောတော့ သားဖြစ်သူက ဖအေကို ပြန်ပြောသဗျာ ''
"ဘာပြန်ပြောလဲ ကွ ''
"အဖေ ကလည်းဗျာ တဂျီဂျီ နဲ့ ကျနော်ပူတာ အဖေပူတာ ကြနေတာပဲ အေးအေး နေစမ်းပါ ဒီမှာ ပြီးတော့မယ် ''
"ဟိုက် ဖအေက ဘာပြောလဲ ''
"သြော် အေး အေး ဆိုပြီး အိမ်ထဲဝင်သွားတယ် ခဏနေတော့ ကလေးပေါက်စ သူ့မြေးလေး ချီပြီး ထွက်လာတယ် ''
"အင်း အိမ်ပေါ်က သားရဲ့ ကလေး နဲ့ တူတယ် ''
"ဟုတ်ပါ့ နေပူကြီးထဲ မြေးအဖိုး နှစိယောက် လမ်းလျှောက်နေတော့ အိမ်ပေါ်က ကောင်က မေးတယ် အဖေကလေးနဲ့ ဘာလုပ်မေတာလဲ တဲ့ ''
"အေး ဒီတော့ ''
"ဘာမှ မဟုတ်ဖူး လမ်းလျှောက်နေတာ ကွ လို့ ပြန်ပြောတယ် ''
"ဘာပြန်ပြောလဲ ''
"အိမ်ထဲ နေရိပ်မှာ လျှောက်လေ အဖေကလည်း ကလေးကနုနုလေး နေပူနေပြီ ''
"ဟုတ်တယ်လေ ''
"သြော် သူ့ပူတာပဲ ကွာ မင်းပူတာ မှတ်လို့ ဆ်ုပြီး ဖအေက ပြန်ပြောတာပေါ့ ''
"အေး ဟုတ်တာပဲ အိမ်ပေါ်ကကောင် ဘာပြောသလဲ ''
"ဟာ အဖေကလည်း အဲဒါ ကျနော့်သားလေ သူပူနေတာ ဖအေဖြစ်တဲ့ ကျနော်လည်း ပူရတာပဲ ဗျ တဲ့ ''
"အင်း ဒီတော့ ''
"အောက်က အဖိုးကြီးက သြော် မင်းက မင်းသားကို နေပူနေတာ မင်းပူသလို ခံစားရတယ်ပေါ့ ဟုတ်ပါပြီကွာ ဒါ နဲ့ မင်း နဲ့ ငါက ဘာတော်တာလည်း ဟ.လို့ ပြန်မေးလိုက်သတဲ့ ''
"သေပြီဆရာပဲဟေ့ ''
"အိမ်ပေါ်ကကောင်လည်း ချက်ခြင်းဆင်းလာပြီး သူမှားတာကို တောင်းပန်သတဲ့ ကိုစိုးရေ ''
"ကောင်းလိုက်တဲ့ ပညာပေး ပုံပြင်ကွာ ဒါနဲ့ အခု အသတ်ခံရတဲ့ ဂန့်ဂေါက ပြဿနာ နဲ့ ဘာဆိုင်သလဲ ကွ ''
"တိုင်းပြည်ခေါင်းဆောင်ဆိုတာ ပြည်သူအားလုံးရဲ့ မိဘပဲ ဗျ ၊ ပြည်သူ့အပူ ငါ့အပူ ပြည်သူ့ဒုက္ခ ငါ့ ဒုက္ခ လို့ စာနာခံစားပြီး ဆောင်ရွက်မှသာ ခေါင်းဆောင်ကောင်း ဖြစ်တော့မှာပေါ့ ဗျာ ''
"ဟေ ဒါဆိုရင် ဂန့်ဂေါ ကိစ္စ နဲ့ အခြား အကြမ်းဖက်ခံရတဲ့ ကိစ္စတွေ အတွက် စာနာ စိတ်နဲ့........ ''
"အင်း ဟုတ်တယ် သူ့ဆီမှာ အဲဒီစိတ် ကျနော် ခုချိန်ထိ မမြင်ရသေးဖူး ''
"ဟိုက် ငပိကျော်တင် မဟုတ်ဖူး လည်ပင်းတောင် ယားလာသလိုပဲ ပြန်ကြစို့ ဟေ့ ''
မျိုးဝင်း
(လော်ဆရာများအတွက် ကြိုကန် ကာတွန်းပါ)
No comments:
Post a Comment