Monday, May 31, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (8)



         အဲဒီကာလတုန်းက မဆလ အစိုးရ လက်ထဲမှာ ငွေမကျန်ပါဘူး ။ ဘာကြောင့်လဲ ဆိုရင် ပထမအကြိမ် တရာတန်တွေ ဖျက်သိမ်းခဲ့စဥ်က ပြန်ပြောရမှာပါပဲ ။ တရာတန် အတုတွေကြောင့် ဖျက်သိမ်းတယ် နောက် အရေအတွက် အကန့်အသတ်နဲ့ ပြန်လဲပေးခဲ့တယ် ။ 

      မဆလ တွက်ဆထားတာက ဆင်းရဲသားပြည်သူတွေ လက်ထဲမှာ ရှိတဲ့ အရေအတွက် ပမာဏကို ပြန်လဲပေးနိုင်ရင် ဘာမှ မဖြစ်လောက်ဖူး တွက်ဆထားတာလေ ။ တကယ်လဲပေးတော့ သူဌေးတွေအစား ဆင်းရဲသားတွေက အခငွေယူပြီး လဲပေးကြပါရော ။

     ခန့်မှန်းထားတဲ့ ပမာဏထက် အဆပေါင်းများစွာသော ငွေတုတွေကို လဲပေးခဲ့ရလို့ ဗဟိုဘဏ် အခွံပဲ ကျန်တော့တယ် ။ 

      အဲဒီအချိန်မှာ လျှမ်းလျှမ်းတောက် KNU ကတော့ နွားမှောင်ခို ကျောက်မှောင်ခို ယိုးဒယားပစ္စည်း မှောင်ခို အကောက်လမ်းကြောင်းကနေ ငွေစီးကြောင်းသန်သန်နဲ့ စီးဝင်ထားတာ ဗိုလ်မြတောင် ကိုယ်ပိုင် ဟတ်စကီးနဲ့ ဖြစ်နေပါပြီ ။ 

      ထောက်လှန်းရေး သတင်းအရ ယိုးဒယားဖက်ကနေ နောက်ဆုံးပေါ် ဖျက်အားပြင်း လက်နက်တွေ ဝယ်ယူမယ့်ရက်ကလည်း နီးနေပါပြီ ။ မြန်မာကျပ်ငွေဟာ အဲဒီကာလတုန်းက ဘတ်ငွေထက် မာနေသေးတော့ မြန်မာငွေနဲ့ အရောင်းအဝယ် လုပ်ကြမှာပါ ။ 

      အဲလို သေချာနေတဲ့ သတင်းတွေကြောင်း ဦးနေဝင်းဟာ ငွေမဲ ကြေညာခဲ့ပါတယ် ။ KNU တွေ အတွက် အရှိုက်ကို အထိုးခံရသလို နစ်နာမှု ကြီးမားခဲ့ပါတယ် ။ 

        KNU တွေ အတွက် အရှိုက်အထိုးရသလို ပြည်သူတွေကတော့ နှလုံးသားကို ဒါးထိုးခံရတာပါပဲ ။ မဆလ အစိုးရဟာ ပြည်သူတွေဆီကနေ ဓားပြတိုက်တာပါပဲ ။ 

       မူလက ပထမအကြိမ်လို ပြန်လဲပေးမှာပဲလို့ ယူဆပြီး ငြိမ်နေခဲ့ကြပါတယ် ။ ငွေကြေးအရောင်းအဝယ်တွေတောင် ဖြစ်ခဲ့ကြပါသေးတယ် ။ ဒါပေမယ့် ဒီနေရာမှာ ဦးနေဝင်းဟာ ပြည်သူတွေ ငါလုပ်သမျှ ခံရမှာကွာ ဆိုတဲ့ ဘဝင်စိတ်ပေါ်နေဟန်နဲ့ ခပ်တည်တည်ပဲ ပြန်လဲ မပေးတော့ပါဘူး ။

     နောက်ပြီး အထက်ပါ ဖြစ်စဥ်တွေကို ပြည်သူသိအောင် ပြည်သူကို လူရာသွင်း ရှင်းမပြကြပါဘူး ။ ဖင်ခေါင်းကျယ် မာနကြီး ဘဝင်မြင့်နေတဲ့ မဆလ ပါတီ နဲ့ ဦးနေဝင်းတို့ အတွက် အဆုံးသတ်ရက်စွဲဟာ နီးကပ်လာခဲ့ပါတယ် ။ 

     ဒါတွေဟာ ဘယ်သူမပြု မိမိမှု ဆိုတဲ့ အတိုင်း နှစ်ပေါင်းများစွာ မှားခဲ့ကြတဲ့ အမှားတွေကို မပြင်ဆင်ကြပဲ ကိုယ်မှားသူဖာ ၊ သူမှားကိုယ်ဖာ နဲ့ မဆလ အိုကြီးတွေရဲ့ ဖာသည်နိုင်ငံရေး ပြကွက်ကြောင့် တိုင်းပြည်ပျက်ခဲ့ရတဲ့ သမိုင်း နိဒါန်းပဲ ဖြစ်ပါတယ် ။ 

         အဲဒီအချိန်မှာတော့ မြှပ်နှံထားတဲ့ ဗကပ ကေဒါတွေရဲ့ လှုပ်ရှားမှု ဝါဒဖြန့်မှုတွေ အားကောင်းလာပါပြီ ။ အထူးသဖြင့် မြှောက်ပေးရင် ဂွေးတက်အောင် ကပြတတ်တဲ့ မအူမလည် တပ္ကသိုလ်ကျောင်းသားတွေကနေတဆင့် သွေးထိုးပြတာပါပဲ ။ 

         ယခင် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ တက္ကသိုလ်တွေ ကျောင်းသားတွေ ဦးဆောင်ခဲ့ကြတာ မှန်ပါတယ် ။ ဘာလို့လဲ ဆိုတော့ အဲဒီခေတ်တုန်းက မြန်မာတွေ ခေတ်ပညာ မတတ်ကြဖူး ။ ဒီတော့ တက္ကသိုလ်ကျောင်းသားတွေပဲ နားလည်ကြလို့ သူတို့ ဦးဆောင်ကြတာပါ ။ 

       မဆလ ခေတ်မှာ စနစ်တကျ နိုင်ငံရေး သင်းသတ်ထားတော့ တက္ကသိုလ်ကျောင်းသား ဆိုတဲ့ ၂၀ ပတ်ချာလည် အရွယ်တွေဟာ ပါတီစုံ တို့  ဒီမိုကရေစီ တို့ ဆိုတာ ဘာမှန်းတောင် မသိကြသေးပါဘူး ။ မလိမ်ညာကြေး ဝန်ခံရဲမယ်ဆိုရင် မင်းကိုနိုင် ကိုကိုကြီးတို့ကိုသာ မေးကြည့်စမ်းပါ ။ 

        အဲလိုနဲ့ ကျောင်းသားတွေဟာ ငွေမဲ ကိစ္စတွေ နဲ့ အခြား မကျေနပ်ချက်တွေကြောင့် ဆူပူလာတဲ့ အချိန်မှာ မဆလပါတီဟာ ကျောင်းတွေ ပိတ်လိုက်ပါတယ် ။ 

      နောက်ပြန်ဖွင့်ပါတယ် ။ အရပ်ထဲက လက်ဖက်ရည်ဆိုင်မှာ ကက်ဆက်နားထောင်တော့ သီချင်းဖွင့်ကြရာမှာ သူက ဟိုသီချင်း ကိုယ်က ဒီသီချင်း နဲ့ ငြင်းကြရင်း အရပ်သားနဲ့ ကျောင်းသား ပြဿနာ ဖြစ်ကြပါတယ် ။ 

(ကလေးတွေ ရီစရာဖြစ်နေပါမယ် ၊ မဆလ ခေတ်မှာ ကက်ဆက် ရေဒီယို ဆိုတာ ဇိမ်ခံပစ္စည်း ပါ ။ အိမ်တိုင်းမရှိကြဖူး ယခုခေတ် အိမ်စီးကားလိုပေါ့ ၊ နားထောင်ချင်ရင် လက်ဖက်ရည်ဆိုင်သွား ကိုကြိုက်တဲ့ သီချင်းတိတ်ခွေ ယူသွားပြီး ဖွင့်ခိုင်းရပါတယ် အဲဒီမှာ ပြဿနာ တက်တာပါ)

        အဲဒီပြဿနာကစပြီး အောက်ခြေလူကြီး ကောင်စီတွေပေါ့ အသုံးမကျဖြစ်ပြီး အဓိကစဖြစ်လာပါတယ် ။ ကျောင်းသားတွေက ရပ်ကွက်မီးရှို့ ရပ်ကွက်က ကျောင်းသားတွေ ရိုက်ကြနဲ့ ပြဿနာ ကြီးထွားလာပါတယ် ။

      ဘာနိုင်ငံရေးမှ မပါဘူး နော် ပကတိ အဖြစ်မှန်တွေပဲ ။ အဲဒီ အဓိကရုဏ်းကို နှိမ်နင်းကြရင်း လုံထိမ်းတွေကြောင့် ဘုန်းမော်ဆိုတဲ့ ကျောင်းသားသေခဲ့ရတယ် ။
၈၈ သူရဲကောင်းဆိုပြီး မပြီးတမ်း ဂုဏ်ပြုနေတာ ဘာကြောင့်လည်း တွေးကြည့်နော် ၊ ဒီမိုကရေစီ ဆိုတဲ့ စကားလုံး ကျောင်းသားတွေ ပြောကို မပြောတတ်ကြသေးဘူး ။

        သွေးထိုးလှုံ့ဆော်မှုတွေ အားကောင်းလာတယ် ။ ကျောင်းသားတွေဟာ နောက်က ဆရာတွေ ဂိုက်လိုင်းပေးတဲ့ အတိုင်း အရပ်သားတွေနဲ့ စဖြစ်တဲ့ ပြဿနာကို အစိုးဖက် ဦးတည်ပေးလိုက်ကြတယ် ။ 

        ပိုပြီး ဇာတ်နာအောင် တံတားဖြူမှာ ကျောင်းသားတွေ သေကုန်ပြီတို့ ကျောင်းသူတွေ မုဒိန်းကျင့်ခံရတယ် တို့နဲ့ ကောလဟာလ လွင့်ပြီး အစိုးရကို အပုပ်ချခဲ့ပြတယ် ။

(BBC နဲ့  ဖြိုးမင်းသိန်းယောက္ဖ ဌေးကြွယ်တို့ ပေါင်းပြီး တနိုင်ငံလုံးကို လိမ်ညာ မှိုင်းတိုက်ခဲ့ကြတယ် ၊ ယုံမယုံကတော့ ရေဒီယို အိမ်တိုင်းမရှိတဲ့ခေတ် နဲ့ အခုထိ အမေရိကန်ရေတပ်ကြီး ဝင်တိုက်မယ် ထင်နေတဲ့ မြန်မာလူထုရဲ့ ဗဟုသုတ အနေအထားကိုသာ ယှဥ်ကြည့်တော့)

        အဲဒီလိုနဲ့ တနိုင်ငံလုံး ဒေါသထွက်လာပြီး အစိုးရကို ဆန့်ကျင်လာကြပါတယ် ။ ဆန့်ကျင်တယ်လို့သာ ပြောတာပါ သူတို့မျက်နှာတောင် မပြရဲသေးပါဖူး လက်ကိုင်ပုဝါတွေ စီးပြီးရုပ်ဖျက် ပြောနေကြရတာပါ ။ 

      အချို့က ကျောင်းယူနီဖောင်းတွေနဲ့ ကျောင်းသားဟန်ဆောင်ပြီး လှုံ့ဆော်ကြပါတယ် ။ ကျောင်းသားအစစ်တွေလည်း ပါကြမှာပါ ။ 

      အဲဒီအချိန်မှာ စစ်တပ်ကို ပိုင်နိုင်စွာ ချုပ်ကိုင်ထားတဲ့ ဦးနေဝင်းဟာ ထူးဆန်းတဲ့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ် ။ ဆန္ဒပြသူတွေကို မဖမ်းဆီးရန် တဲ့ ။ ဒေသ အသီးသီက ပါတီကောင်စီလူကြီးတွေဟာ ဘာမှ လုပ်မရပဲ ဒီအတိုင်းကြည့်နေခဲ့ကြရပါတယ် ။ 

      ဆန္ဒပြသူတွေ များပြားလာပြီး တောင်းဆိုနေကြတာက ကျောင်းသားတွေ သေဆုံးမှု အတွက် ဖြေရှင်းပေးရန် မုဒိန်းမှုကျူးလွန်တဲ့ လုံထိမ်းတွေကို အရေးယုရန် ပြည်ထဲရေးဝန်ကြီး နှုတ်ထွက်ရန် အစရှိတဲ့ ဇဝေဇဝါ တောင်းဆိုမှုတွေပဲ လုပ်ခဲ့ပြတာ မညာတမ်း ပြောကြစမ်းပါ ။ 

       အဲဒီလို ဖြစ်နေချိန်မှာ မဆလပါတီ အရေးပေါ်အထူး အစည်းအဝေး လွှတ်တော်ခေါ်ပါတယ် ။ လွှတ်တော်မှာ ဦးနေဝင်း မိန့်ခွန်းပြောပါတယ် ။ လိုရင်ကတော့ 

- ပြည်သူတွေက မဆလပါတီကို မယုံကြည်တော့ဖူး 

- ဒီတော့ ပြည်သူမလိုချင်တဲ့ စနစ်ကို ပယ်ဖျက်ပြီး ပြည်သူ့ဆန္ဒအရ လုပ်ပေးကြရမယ် 

- အဲဒါကြောင့် ပြည်သူတွေ ဘာဖြစ်ချင်သလဲ ဆိုတဲ့ ပြည်သူ့ဆန္ဒခံယူပွဲကြီး ကျင်းပရမယ် အဲဒီပွဲကနေ ပြည်သူတွေက ပါတီစုံဒီမိုကရေစီ စနစ်လိုချင်ပါတယ် ဆိုရင် ပါတီစုံ ဒီမိုကရေစနစ်ကို လုပ်ပေးကြရမယ် 

- သူလည်း ပါတီကနေ အနားယူတော့မယ် 

      အဲဒီလို မိန့်ခွန်းပြောလိုက်ပါတယ် ။ ဒီနေရာမှာ ဦးနေဝင်းရဲ့ ငဘောထားကို မြင်တွေ့နိုင်ပါတယ် ။ သူဟာ သူ့လူတွေကို အလွန်စိတ်ပျက်နေပါပြီ ။ ပြည်ထဲရေးဝန်ကြီး နဲ့ ဝန်ကြီးအချို့ကို ထိုးကျွေးရင် ရသေးတယ် ဆိုတာ လူလည်ဦးနေဝင်း ကောင်းကောင်းသိပါတယ် ။ ဒါပေမယ့် သူစိတ်ပျက်သွားလို့ မဆလပါတီကို လွှတ်ချသွားတာပါ ။ 

     မဆလ ပါတီကို ဖျက်သွားတာ တခြားလူ မဟုတ်ပါဘူး ထူထောင်သူ ဦးနေဝင်းကိုယ်တိုင်သာ ဖြစ်ပါတယ် ။ သူပြောခဲ့တဲ့ အတိုင်း ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမယ် ပြီးရင် ပါတီစုံလုပ်ကြပေတော့ ၊၊
 
"ဆူဆူပူပူ ဆက်လုပ်မယ်ဆိုရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ် မိုးပေါ်ထောင် ခြောက်ပစ်တာ မပါဘူး ''

 ဆိုပြီး မိန့်ခွန်းပြောခဲ့ပါတယ် ။ အဲဒါလေးကို ဖိုးကပ်ဖြတ်ပြီး အခုချိန်ထိ စစ်တပ်နဲ့ ပြည်သူကို သွေးခွဲစကားတွေ ပြောကောင်းနေကြတုန်းပါပဲ ။ 

        အဲဒီမိန့်ခွန်း ပြီးသွားမှ ဆန္ဒပြသူတွေဟာ ဒီမိုကရေစီ ချက်ခြင်းပေး ဘာညာ နဲ့  ဂယောင်ဂတမ်း ထအောင်​ကြတာပါပဲ ။ 

     လူတွေ အထင်ကြီးနေတဲ့ ၈၈ ဒီမိုကရေစီ အရေးတော်ပုံဆိုတာ ဦးနေဝင်းပါးစပ်က ထုတ်ပြောမှ လိုက်ပြောရတဲ့ ကယောင်ကတမ်း အရေးတော်ပုံ ဆိုတာ အသက် ၅၀ အထက်တွေကို လိမ်ညာလို့ မရပါဖူး ။ ဒါပေမယ့် သိသလို တတ်သလို ဖင်ခေါင်းကျယ်နေကြတဲ့ ငယ်ရွယ်သူတွေကိုတော့ကောင်းကောင်းလိမ်လို့ရနေပါသေးတယ် ။ 

       ဦးနေဝင်းရဲ့ အစီအစဥ်အရဆိုရင် ပွဲက ပြီးနေပါပြီ ။ ဆန္ဒခံယူပွဲလုပ်မယ် ၊ စနစ်ပြောင်းမယ် ပြီးပြီပေါ့ အင်မတန် ရိုးစင်းခှပါတယ် ။ ဒါပေမယ့် ပြည်ဖျက်တွေက မရတော့ပါဘူး ၊ ဒီမိုကရေစီ ချက်ခြင်းပေး ဘာဘာ အော်လာကြပါပြီ ။ 

      ဦးနေဝင်းက နှုတ်ထွက်သွားပြီး ဦးစိန်လွင် တက်လာပါတယ် ။ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ပြတ်သားစွာ သတိပေးပါတယ် ။ ပြည်သူတွေကိုလည်း တကယ်ပစ်ခတ် နှိမ်နင်းကြပါတယ် ။ အဲဒီ ဦးစိန်လွင် လက်ထက်မှာ နိုင်ငံရေးသမား အကြီးစားတွေ ပုန်းနေကြပါပြီ ။ 

       ခုနစ်ရက်လောက်ပဲ အုပ်ချုပ်ပြီး ကြမ်းတမ်းစွာ နှိမ်နင်းနေတဲ့ ဦးစိန်လွင်ကို ဖြုတ်ချပြီး ဒေါက်တာမောင်မောင် တက်လာပါတယ် ။ နောက်ကွယ်က ဦးနေဝင်း စီမံနေတာ သေချာပါတယ် ။

     ဒေါက်တာမောင်မောင်က ပြည်သူ့ဆန္ဒခံယူပွဲ မလုပ်တော့ဖူး ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ရှေ့ဆက်သွားမယ် လို့ ကြေညာခဲ့ပါတယ် ။ တကယ်တန်းကျတော့ ပွဲက အဲဒီမှာပဲ ပြီးနေပါပြီ ။ မပြီးတာက နိုင်ငံရေးလောလဇော အာဏာရမ္မက် ငယ်ထိပ်ကပ်နေတဲ့ လူတွေကြောင့် မပြီးနိုင် ဖြစ်ခဲ့ကြရပါတယ် ။ 

     ဒေါက်တာမောင်မောင်က ဆန္ဒပြသူတွေကို မဖမ်းပါဘူး ကြေညာတော့မှ ဦးစိန်လွင်ကို ကြောက်ပြီး ပုန်းနေတဲ့ နိုင်ငံရေးလုပ်စားကြီးတွေ ထွက်လာပါတယ် ။ နိုင်ငံရေး မလုပ်ပါဘူးလို့ အင်တာဗျူးထားတဲ့ ဒေါ်စုကြည် အခုမှ ထွက်လာပါတယ် ။ 

(ဘာမှန်းမသိရသေးတဲ့ ဆူပူမှု အစမှာ အင်တာဗျူးတုန်းက ဖြေဆိုခဲဘတာပါ အန္တရာယ်မရှိမှန်းသေချာမှ ထွက်လာရဲတဲ့ သတ္တိမြင်အောင်ကြည့်ကြပါ)

       ဒေါက်တာမောင်မောင်က ဆက်လက်မဆူပူဖို့  ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ပြန်ဆောက်ပေးမယ် ပျော်ပျော်ကြီး အုတ်မြစ်ချကြပါစို့ ၊ ဆန္ဒမစောကြပါနဲ့ ဆိုတဲ့ မိန့်ခွန်းဟာ လူထုကြားမှာ ဟာသ သဖွယ် ဖြစ်နေပြီး BBC သာ ဘုရားသခင် ဖြစ်နေပါတယ် ။ 

     ကြားဖြတ်အစိုးရ ချက်ခြင်းပေး ဆိုပြီး အာဏာလောဘနခမ်းမသပ်နိင်သူတွေကို ဒေါက်တာမောင်မောင်က ယခု မဆလ အစီအစဥ်အတိုင်း စနစ်တကျ ပြောင်းလဲပေးတာကို ငြိမ်းငြိမ်းချမ်းချမ်း လိုက်နာကြပါ ။ မလိုက်နာဖူး ဆိုရင် ဒီအခြေအနေ အတွက် နောင် နှစ် နှစ်ဆယ် အစိတ်မှာ ကောင်းကောင်းကြီး နောင်တ ရနေပါလိမ့်မယ်လို့  ဥာဏ်ပညာကြီးစွာ သတိပေးခဲ့ပယတယ် ။ 

       လူထုကြီးဟာ ထိမ်းမရ သိမ်းမရ နဲ့ ဂိုဒေါင်တွေဖောက် ၊ လူတွေသတ် နဲ့ အလွန်အကျွံလုပ်နေကြပါပြီ ။ ဘယ်သူမှ ထိမ်းကျောင်းနိုင်သူမရှိတော့ပါဘူး ။ အုပ်ချုပိရေး သန္တယား လုံးဝ ပျက်သွားပါပြီ ။ စစ်တပ်က လုံခြုံရေးယူထားတဲ့ ကုန်သွယ်ရေးရုံးက တပ်စုတစုကို လူထုက လက်နက်တွေသိမ်းပြီး ရန်ပြုလာတဲ့ အထိ ဖရိုဖရဲ ဖြစ်လာပါပြီ ။ 

     အဲဒီအခြေအနေမှာ ဦးနေဝင်းက ဦးစောမောင်ကို ခေါ်ပြီး မင်းတို့တပ်က ထိမ်းမှ ရတော့မယ် မင်းအာဏာသိမ်းတော့ လိုအပ်ရင် ငါတို့ကိုပါ ဖမ်းထား လို့ ပြောပါတယ် ။ 

      ငယ်ကြောက်ဖြစ်တဲ့ ဦးစောမောင်ဟာ သူမလုပ်တတ်ပါဘူး မလုပ်ရဲပါဘူး ပြောရှာပါတယ် ။ ဦးနေဝင်းက တိုင်းပြည်ပျက်တော်မယ် တပ်မတော်က မကယ်ရင် ဘယ်သူကယ်မှာလည်း မင်းသိမ်းရမယ် မင်းကို နောက်နောင် အရေးမယူပါဘူးလို့ ငါတို့ ကတိကဝတ် လက်မှတ်ထိုးပေးထားမယ် လို့ ပြောမှ လက်ခံပါတယ် ။ 

       မလုပ်တတ်ရင် ဆရာမောင်မောင်ရှိတယ် သူလုပ်ပေးလိမ့်မယ်ဆိုပြီး ဦးစောမောင်ကို တိုက်တွန်းပါတယ် ။ 
(အဲဒီ လက်မှတ်ထိုးပေးတဲ့ ဖောင်တိန်ကို သမိုင်းဝင်ဖောင်တိန်ကွ သိန်းလှိုင် မင်းသိမ်းထားဆိုပြီး သူ့ရဲ့ နောက်ဆုံး PSO ဗိုလ်ကြီးသိန်းလှိုင်ကို ပေးခဲ့ပါတယ်)

        ဒီလိုနဲ့ အာဏာရမ္မက်ကပ်ပြီး အမှားအမှန် အချိန်အခါ အခြေအနေ မသုံးသပ်တတ်တဲ့ နိုင်ငံရေး လောဘသားတွေကြောင့် မြန်မာ့နိုင်ငံရေး လောကထဲကို တပ်မတော်အနေ နဲ့ ပါဝင်ပတ်သပ်လာရပြန်ပါပြီ ။ 

      နိုင်ငံရေးသမားတွေ အသုံးမကျလို့ တပ်မတော် ပါဝင်နေရတယ် ဆိုတာ မကြာခဏ ပြောနေတဲ့ စကားကို ဒီအနေအထား ကြည့်ပြီး မှန် မမှန် သုံးသပ်နိုင်ပါပြီ ။ 

     ကဲ လူပြောများနေဆဲ ၈၈ သမိုင်းရဲ့ မုန်တိုင်းကာလ လာပါပြီ ။  18-9-1988 ညနေ လေးနာရီ မှာ စစ်ချီသီချင်းသံတွေ နဲ့ အတူ အာဏာသိမ်းကြောင်း ကြေညာပါပြီ ။ 

     ဒီအချိန်မှာ အဓိက မိန်းကျတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အစည်းအဝေးမှာ ဘာတွေ ဖြစ်နေပြီလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ် ။ 

      ဗကပ ဥက္ကဌ ဗသိန်းတင် နဲ့ ပေါ်လစ်ဗျူရို ထိပ်သီးခေါင်းဆောင်တွေဟာ အစည်းအဝေးမှာ အပြင်းအထန် ပြစ်တင် ပြောဆိုနေကြပါတယ် ။ 
ဘာတွေ ပြောနေကြသလဲ ဆိုတော့....... 

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...