Saturday, May 29, 2021

မာစီးဒီး နဲ့ မြင်း



         တချိန်တုန်းက ပြည်ပကျွန် ပြည်ပသြဇာခံ ဖြစ်နေတဲ့ ဒေါ်စုကြည်ကို ရည်ညွှန်းပြီး ဒီ ပုံပြင်ကို ပြောပြခဲ့ဖူးပါတယ် ။

       ဂျာမဏီမှာ မာစီးဒီးကားတွေ နာမည်ကြီးခါစ အချိန်ကပေါ့ဗျာ ။ အလွန်တောခေါင်တဲ့ အစွန်အဖျားက ပညာမဲ့ လယ်သမားတဦးဟာ ဘာလင်ကို အလည်လာရင်း လယ်ယာသုံးကုန်တွေ ဝယ်သတဲ့ ။ 

      လမ်းတလျှောက်မှာ တွေ့နေရတဲ့ ခန့်ညားထယ်ဝါသော မာစီးဒီးကားကြီးတွေပေါ်က ကျော့မော့နေတဲ့ လူတွေကို ကြည့်ပြီး အလွန်အားကျနေသတဲ့ ။ 

     လယ်ယာသုံးပစ္စည်း ဝယ်တဲ့နေရာမှာ နေ့ခြင်းဖောက် ကံစမ်းမဲ လုပ်ပေးနေပါတယ် ။ ဆုကတော့ သူသိပ်သဘောကျတဲ့ မာစီးဒီးကားကြီးပါပဲ ၊၊ ဒါနဲ့ ကံစမ်းမဲဝယ်ထိုးပါတယ် ။ ကံအားလျှော်စွာပဲ လယ်သမားကြီး ကားပေါက်တယ် ဗျ ။ 

       ကုမ္ပဏီကနေ သူ့လိပ်စာ ယူထားပြီး ယာဥ်လိုင်စင်ပြီးရင် လာပို့မယ်လို့ ပြောလိုက်ပါတယ် ။ သူပြန်သွားပြီး မကြာခင်မှာပဲ သူ့ဆီကို ကားကြီး လာပြီး ပို့ပေးပါတယ် ။ 

     ပြဿနာက အဲဒီတောခေါင်ခေါင် မှာ ကားမောင်းတတ်သူဝေးလို့ မမြင်ဖူးသူတွေ ချည်းပဲ ။ လယ်သမားကြီးလည်း မမောင်းက မမောင်းတတ် ကားကြီးစီးပြီး ကြွားဝါချင်စိတ်ကလည်း ရှိနေတော့ ကြံရပြီပေါ့ ။

     အကြံရသွားတဲ့ လယ်သမားကြီးဟာ နောက်တနေ့မှာ မာစီးဒီးကားကြီးကို ရှေ့ကနေ မြင်းနဲ့ဆွဲခိုင်းပြီး ခပ်တည်တည် စီးပြနေပါရော ၊ ဘေးကရွာသူ ရွာသားတွေကလည်း အံ့ချီးဘနမ်း လက်ခုပ်လက်ဝါးတီးနေသပေါ့ လေ ။ 

       မြင်းဆွဲသွားနေတဲ့ မာစီးဒီးကားပေါ်က လယ်သမားကြီးကလည်း တပြုံးပြုံး ၊ ဘေးက ငတုန်းတွေကလည်း တအုံးအုံး ဖြစ်နေချိန်မှာတော့ မာစီးဒီးကားအတွင်းထဲက မြင်းကောင်ရေများစွာ အစွမ်းရှိသော အင်ဂျင်များက ငုပ်တုတ်မေ့နေရပေပြီ ။ 

         ဟုတ်ကဲ့ အတွင်းထရံ အပြင်ကာနေ​တဲ့ ဒေါ်စုကြည်အတွက် ကျနော်ရေးခဲ့တာပါ ။ 

      ယနေ့ တပ်ချုပ်ကြီး မူဝါဒ တွေနဲ့ လုပ်ဆောင်ချက်တွေကရော ဘယ်လိုလဲ လေ့လာမိပြန်ပါတယ် ။ 

      တပ်ချုပ်ကြီးဟာ CDM သမားတွေ နဲ့  GZ အပါအဝင် NLD တွေကို သူ့အား ထောက်ခံလာစေရန် အမျိုးမျိုးသော ဖြေလျှော့မှုတွေ ပေးပြီး စည်းရုံးနေပါတယ် ။ 

      အနိမ့်ဆုံးအဆင့် အနည်းဆုံးအင်အား ဆိုတဲ့ ပေါကြောင်ကြောင် စကားလုံးတွေနဲ့ ကိုယ့်ဘာသာ တုတ်နှောင်နေပါတယ် ။ 

       ဒီမိုကရေစီ နဲ့ ဥပဒေနှင့်အညီဆိုပြီး လျော့ရဲရဲ ကိုင်တွယ်နေပါတယ် ။

    နေ့စဥ်ရက်ဆက် ဗုံးပေါက်မှုတွေ မီးရှို့မှုတွေ အကြမ်းဖက် သတ်ဖြတ်မှုတွေ အပေါ် ထိရောက်သော ကာကွယ်မှု လုံးဝ (လုံးဝ) မပေးပါပဲ ပြစ်မှုကျူးလွန်နေသူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိပါတယ် ဆိုတဲ့ မရေရာတဲ့ ကြေညာချက်လေးထုတ်ပြီး တာဝန်ကျေပြနေပါတယ် ။ 

       အောက်ခြေ ရဲစခန်းတွေ နဲ့ နယ်ခံတပ်တွေကို ကာကွယ်ပေးဖို့ တိုင်ကြားနေတာတောင် ခင်ဗျားတယောက်တည်း ကာကွယ်မပေးနိုင်ဘူး တို့ အလုပ်ရှုပ်နေတယ် မအားဖူး ကြည့်နေပေါ့ ဆိုတဲ့ ရဲ စခန်းတွေ တပ်တွေ ရှိနေတာ စစ်ရုံး တိုင်ထားတောင် ထူးခြားမှု ရှိမရှိ မသိရသေးတဲ့ လုံခြုံရေး စီမံခန့်ခွဲမှု အညံ့စား ။

       ဒါတွေ အားလုံးရဲ့ ရေသောက်မြစ်က တိကျပြတ်သားခြင်း မရှိတဲ့ နစက ရဲ့ ဝေလေလေ အမိန့် ညွှန်ကြားချက် နဲ့ ဘာမှန်းမသိတဲ့ တာဝန်ယူမှု မရှိတဲ့ အူကြောင်ကြောင် စီမံအုပ်ချုပ်နေမှု 
(အရပ်သား တစက ၊ ခစက ၊ မစက တာဝန်ယူရမှာလား ဆိုင်ရာ တပ်အသီးသီးရဲ့ တပ်မှူးတွေက တာဝန်ယူရမှာ ဘာတခုမှ ပြတ်ပြတ်သားသား အမိန့်ပေးထားပုံ မပေါ်တဲ့ ပေါ်လစီ)

       အဲလို အဖြစ်တွေကြောင့် တိုင်းပြည်အနှံ့ ဘယ်သူ့ကြောက်ရမှန်းမသိတဲ့ အနေအထား ရောက်နေရတာ တပ်ချုပ်ကြီးရဲ့ တာဝန်ပါပဲ ။ 

     ယခုပုံစံကြည့်ရတာ တပ်ချုပ်ကြီးဟာ မိမိရဲ့ မာစီးဒီး အတွင်းရှိ မြင်းကောင်ရေ များစွာသော အင်အားနှင့် ညီမျှသည့် တပ်မတော် ထောက်ခံသူများ ၊ အမျိုးသားရေး အင်အားစုများ နဲ့ တပ်မတော် တပ်မှူးအသီးသီးရဲ့ အင်အားကို ဥပေက္ခာပြုကာ အပြင်က ပေကပ်ကပ် ဒုက္ခပေးနေတဲ့ မြင်းယုတ်မာကို ကျော်သပ်ပြီး မာစီးဒီးကား ဆွဲခိုင်းချင်နေတဲ့ ပညာမဲ့ လယ်သမားနဲ့ တူနေပါပြီ ။

      အနောက်အုပ်စုကို ကြောက်နေသလား?  ဘာတွေကြောက်နေပါသလဲ  ? သူတို့ ဘယ်တုန်းက မြန်မာပြည်အပေါ် ကောင်းခဲ့ပါသလဲ  ? 

        ကုန်သွယ်ရေးကဏ္ဍအတွက်လား  ? လုပ်တတ်မယ်ဆိုရင် ဘာ်မအေလိုးမှ အရေးလုပ်စရာ မလိုပါဘူး ။ ကိုယ်မြေ ကိုယ်ရေ ကိုယ့်ပထဝီ အနေအထားအရ ကမ္ဘာ့လူဦးရေ တဝက်ရှိတဲ့ နိုင်ငံကြီး ၂ ခုကြားနေရတာပါ ။ ဒီလောက်စျေးကွက်ကြီးကြား ရောက်နေပြီး မရောင်းတတ် မဝယ်တတ်တာ အုပ်ချုပ်သူအဆက်အဆက်တို့ အင်မတန့် အင်မတန် ညံ့ခဲ့ကြလို့ပါပဲ ။ 

       ပြောချင်တာက

၁ ။ တသက်လုံးက ကိုယ့်အပေါ် မကောင်းခဲ့တဲ့ အနောက်အုပ်စုကို စဥ်းစားမနေပါနဲ့ ။ 

၂ ။ တပ်ချုပ်ကြီးအနေနဲ့ မိမိကိုယ်ပိုင် မြင်းကောင်ရေ များစွာနဲ့ အချိန်တိုအတွင်း ခရီးရောက်အောင် မောင်းမလား ၊ ဒုက္ခအမြဲပေးနေတဲ့ မြင်းဆိုး မြင်းယုတ် နဲ့ ခရီးသွားမလား ပြတ်သားစွာ ဆုံးဖြတ်ဖို့ အချိန်တန်ပါပြီ ။ 

       မျိုးဝင်း

(ပြည်တွင်း ပြည်ပက ဒီလို မြင်းဆိုး မြင်းယုတ်တွေ နဲ့ ချီတက်ဖို့ တွေးနေသလား)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...