Saturday, May 29, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (2)



        ဦးဆုံး လွတ်လပ်ရေး မရခင် အနေအထားပြန်ကြည့်ကြပါစို့ ။ 

      အဂ်လိပ်တွေဟာ သူတို့အင်ပါယာအတွက် နောက်ဆုံးမှ သိမ်းပိုက်ခဲ့တဲ့ မြန်မာပြည်ကို အုပ်ချုပ်ရာမှာ မလွယ်ကူခဲ့ပါဖူး ။ အင်မတန် ဇာတိမာန်ကြီးတဲ့ မြန်မာတွေဟာ စဥ်ဆက်မပျက် အခွင့်သာတိုင်း တော်လှန်ပုန်ကန်နေတော့ အဂ်လန်လည်း စိတ်ညစ်လာပါတယ် ။ 

       ဒီတော့ ဗျူဟာ အသစ်ခင်းပြီး မြန်မာတွေ ကျေနပ်စေရန်အလို့ငှာ ရန်ကုန်မြို့ကြီးကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ တည်ဆောက်ပေးခဲ့ပါတယ် ။ အဲဒီခေတ်က နောက်ဆုံးပေါ် နည်းပညာတွေနဲ့ တည်ဆောက်ပေးခဲ့လို့ ရန်ကုန်ဘူတာကြီး ၊ ရန်ကုန်လေဆိပ် နဲ့ ရန်ကုန်တက္ကသိုလ်တွေဟာ အာရှမှာ ထိပ်သီးဖြစ်ခဲ့တာပါပဲ ။ 

     သွင်းကုန် ထုတ်ကုန် ကုမ္ပဏီတွေနဲ့ ထည်ဝါလာတဲ့ မြန်မာနိုင်ဟာ အမှန်တော့ တိုင်းရင်းသားတွေ ပိုင်ဆိုင်တာ မဟုတ်ပဲ နိုင်ငံခြားသား ကုမ္ပဏီပိုင်တွေ နဲ့ ထည်ဝါနေခြင်းသာ ဖြစ်ပါတယ် ။ တိုင်းရင်းသား အများစုဟာ ကျောဗလာ နဲ့ လယ်မဲ့ ယာမဲ့ သူရင်းငှား အဆင့်တွေပါပဲ ။ အဲဒီခေတ်က မြန်မာ့ဆန်စပါး အသင်းချုပ်မှာ မြန်မာတယောက်မှ မပါပဲ ချစ်တီးတွေချည်းပဲ ဆိုတာ သမိုင်းမှန်ပါပဲ ။ 

  (စစ်တပ်အာဏာမသိမ်းခင်က မြန်မာဟာ အာရှမှာ ထိပ်ဆုံးက စစ်တပ်ကြောင့် မွဲရတာ ဆိုပြီး သွေးထိုးခဲ့ကြတာ အဲဒီခေတ်ကို ရည်ညွှန်းနေကြပါ ၊ အဲဒီ စွတ်စွဲချက် မှန် မမှန် ဆုံးဖြတ်ကြပေတော့) 

        မြန်မာ့နိုင်ငံရေးလောကမှာတော့ ဆရာစံ တော်လှန်ရေး ၊ ခွဲရေး တွဲရေး ပြဿနာတွေ နဲ့ ဒေါက်တာဘမော် ၊ ဘကြီးဘဖေ ၊ ဦးပုတို့ လွှမ်းမိုးနေပြီး အများသိတဲ့  ဂဠုန်ဦးစောက ရှေ့နေပေါက်စ ဗိုလ်ချုပ်အောင်ဆန်းက ဂွေးတန်းလန်းနဲ့ ဂွေလှိမ့်ကစားနေတဲ့ အချိန်ပေါ့ ဗျာ ။ 

         ဒီလိုနဲ့ ဒေါက်တာဘမော် နန်းရင်ဝန်ဖြစ်လာချိန် မှာ ဂဠုန်ဦးစေလည်း လွှတ်တော်ထဲ ရောက်လာပါပြီ ။ ဗိုလ်ချုပ်အောင်ဆန်းကတော့ တက္ကသိုလ်မှာ မပြောတတ် ပြောတတ် အဂ်လိပ်စာ ထော့နင်း ထော့နင်းကို ပါဠိလို ညှပ်ပြောရင်း နိုင်ငံရေး မဟုတ်တဲ့ ကျောင်းသားလောကထဲ ဝင်တို့ဖို့ ကြိုးပမ်းနေဆဲပေါ့ ။

     ဗိုလ်ချုပ်ကျောင်းသားဘဝတုန်းက ဆက်ဆံရေး ညံ့ဖျင်းသူအဖြစ် သတ်မှတ်ခြင်းခံရ၍ အပေါင်းအသင်း သိပ်မရှိပါဖူး ။ ဒါပေမယ့် တကျော့ပြန် ကျောင်းသားကြီး ဦးနုနဲ့ကတော့ အတော်လေး ခင်မင်ပေါင်းသင်းသတဲ့ ။ ဖြစ်သလိုနေစားတတ်လို့ သူ့အခန်းဟာ အမြဲ ညစ်ပတ်နံစော်နေပြီး ဂျပိုးကိုက်လွန်းတဲ့ သူ့အိပ်ရာကို ဘယ်သူမှ မအိပ်နိုင်ကြဖူးလို့ မှတ်သားဖူးပါတယ် ။ 

(ဗိုလ်ချုပ်ဂုဏ်တွေက ဖတ်မကုန်အောင် ထန်တရာထေ နေပြီမို့ လူသူအသိနည်းတဲ့ အချက်တွေ ဦးစားပေးပါမယ် ၊ အမှန်ဖြစ်ဖို့ အာမခံပါတယ် OK)

        ဒီလိုနဲ့ ဗိုလ်ချုပ်ကျောင်းသား ဘဝမှာ ပထမကျောင်းသားသပိတ်ဖြစ်တယ် ။ နိုင်ငံရေးအရ ယနေ့တိုင် အမျိုးသားအောင်ပွဲ အောင်ပွဲနေ့ ဘာညာ နဲ့ ခမ်းနားစွာ ကျင်းပနေပေမယ့် ဦးနုရဲ့ တာတေစနေသား ထဲမှာတော့ သူတို့က ကျောင်းအုပ်ကြီးကို မဟုတ်တာလေးနဲ့ တမင်လုပ်ကြံ သပိတ်မှောက်ခဲ့ကြတာတဲ့ ၊ သူဝန်ကြီးချုပ်ဖြစ်တော့ အဂ်လန် ရှိ ကျောင်းအုပ်ကြီးထံ သွားရောက်တွေ့ဆုံပြီး ကန်တော့တောင်းပန်ခဲ့တယ် ဆိုတဲ့ အချက်ကလည်း မေ့မထားသင့်တဲ့ သမိုင်းမှန်ပါပဲ ။ 

(မော်ကွန်းဝင်ကြီးများ ဆဲချင်ရင် ဦးနုကို ဆဲကြပါ သူကိုယ်တိုင်ရေးထားတာပါ ဗျာ 😁😁)

       အဲဒီကာလမှာ ဂဠုန်ကြီးလည်း နေရာရဖို့ တိုက်ပွဲဝင်နေသလို နာမည်ကြီးလာတဲ့ သခင်လူငယ် အဖွဲ့ တို့ဗမာအစည်းအရုံးကို ဗိုလ်ချုပ်နဲ့ ဦးနုတို့ အတူတကွ ဆက်သွယ်ဝင်ရောက်ခဲ့ကြပါတယ် ။ 

       တို့ဗမာ အစည်းအရုံးဟာ ဒေါက်တာဘမော် နဲ့ ထိပ်တိုက်တွေ့ပြတယ် ၊ နောက်တက်လာတဲ့ ဦးပုကိုလည်း ဆန့်ကျင်ပြီး သိပိတ်ပေါင်းစုံ ဖန်တီးခဲ့ကြပါတယ် ။ တိုင်းပြည်ရဲ့ ထုတ်ကုန်တွေကျဆင်းပြီး စီးပွားပျက်လာတော့ ဦးပုပြုတ်သွားပြီး ဂဠုန်ကြီး နန်းရင်းဝန် ဖြစ်လာတယ် ။ 

      လုပ်ငန်းတွေ ရပ်တံ့စေပြီး ထုတ်ကုန်တွေ မထုတ်နိုင်အောင် ဟန့်တားနေတဲ့ သပိတ်တွေကို ဦးစောက ခပ်ကြမ်းကြမ်းနှိမ်နင်းတယ် ။ နောက်ကွယ်က မြှောက်ပေးနေတဲ့ သခင်လူငယ်တွေကို ဖမ်းဆီးထောင်ချခဲ့တယ် ။ သခင်ပေါက်စ ထောင်ခြောက်လ ဆိုတာ ဦးစောလက်ထက်မှာ ပေါ်ပေါက်ခဲ့တဲ့ စကားပုံပါပဲ ။ 

      ဗိုလ်ချုပ်ကို ဆုငွေ ၅ ကျပ်ထုတ်ပြီး ဖမ်းခိုင်းတာ ဂဠုန်ဦးစောလက်ထက်ပဲ ဖြစ်ပါတယ် ။ ကျောင်းတော်ကရန်စ ဗောင်းတော်လှံခ ရတဲ့ နိဒါန်းလို့ ဆိုရမယ် ထင်ပါတယ် ။ 

       ဗိုလ်ချုပ်ဟာ ၅ ကျပ်တန် ဝရမ်းပြေးဖြစ်သွားတော့ သခင်လှမြိုင်နဲ့ အတူ တရုတ်ကို ရုပ်ဖျက်သွားကြပါတယ် ။ တရုတ်ကွန်မြူနစ်နဲ့ ဆက်သွယ်ပြီး လက်နက် လူသူ အကူအညီတောင်းဖို့ပါပဲ ။ မရှိမဲ့ ရှိမဲ့ ငွေလေးတွေ စုပြီး ပေးလိုက်ကြရတဲ့ တို့ဗမာအစည်းအရုံးလည်း ရင်မောကျန်ရစ်ခဲ့ကြရတာပါပဲ ။ 

     သဘော်ပေါ်မှာ အစားအစာတောင် ထမစားတဲ့ ဗိုလ်ချုပ်ကို သခင်လှမြိုင်ကပဲ ဝယ်ကျွေးရသတဲ့ ။ တရုတ်ရဲက ဖမ်းတော့လည်း ဘာမှ မကြံနိုင်တဲ့ ဗိုလ်ချုပ်အစား သခင်လှမြိုင်ကပဲ တရုတ်ရဲကိုလာဘ်ထိုးပြီး ထွက်လာကြရသတဲ့ ။ 

      တရုတ်ကွန်မြူနစ်နဲ့ ဆက်သလယ်ဖို့ လွှတ်လိုက်ပေမယ့် ဟိုတယ်မှာပဲ အိပ်နေပြီး အချိန်ကုန်နေလို့ ရက်ကြာလာတော့ ငွေပြတ်သွားကြပါတယ် ။ အစည်းအရုံးကလည်း ရံပုံငွေ မရှိလို့ ငွေမပို့နိုင်တော့ဖူး ။ အခန်းအောင်းပြီး နေတဲ့ ဗိုလ်ချုပ်တို့ ငတ်လာတော့ သခင်လှမြိုင်က တရုတ်ကလေးတွေကို အဂ်လိပ်စာသင်ပေးပြီး ငွေရှာကျွေးခဲ့ရသတဲ့ ။ 

        တရုတ်မှာ လချီနေပြီး ဘာလှုပ်ရှားမှုမှ မလုပ်တတ်တဲ့ ဗိုလ်ချုပ်အတွက် ကျန်ခဲ့တဲ့ လူကြီးတွေက ဂျပန်ထောက်လှမ်းရေး နဲ့ ချိတ်ဆက်ပေးလို့ ဂျပန်ရောက်သွားပါတယ် ။ 
(ဒါတွေက အတူပါသွားတဲ့ သခင်လှမြိုင်ကိုယ်တိုင်ရေးခဲ့တဲ့ အဖြစ်အပျက်တွေပါပဲ မယုံသူများ စာစုံအောင် ဖတ်ကြည့်ဖို့တော့ လိုပါမယ်)

        ဒီစာအရဆိုရင် ဂျပန်ရောက်ချိန် အထိ ဗိုလ်ချုပ်လုပ်ရပ်တွေအတွက် လွမ်းလောက်စရာ မတွေ့ရသေးပါဘူး ။ ကောင်းပြီ တပ်မတော်ရဲ့ နိဒါန်းကို ရောက်လာပါပြီ ။ 

          ဂျပန်က အခြေအနေကို လေ့လာကြည့်ပါစို့ ။ မြန်မာလူငယ် သုံးကျိပ်ကို လေးသုတ်ခွဲပြီး ဂျပန်ကို တိတ်တဆိတ် ပို့ခဲ့ကြရတယ် ။ မြန်မာ့သမိုင်းမှာ အရေးပါမယ့် ဗိုလ်ချုပ်ကြီးနေဝင်း ဟာ နောက်ဆုံးအသုတ်မှာ ပါလာပါပြီ ။ 

     အခြေခံစစ်သင်တန်းမှာပဲ ပင်ပန်းစွာ လေ့ကျင့်နေရတဲ့ အတွက် သခင်ထွန်းအုပ် နဲ့ ဗိုလ်ချုပ်တို့ကို စစ်သင်တန်းမတက်စေတော့ပဲ စီမံအုပ်ချုပ်မှု သင်ခန်းစာပဲ သင်ပေးပါတော့တယ် ။ 

     ပင်ပန်းစွာ ကြမ်းတမ်းစွာ စစ်သင်တန်းတက်နေရတဲ့ ၂၈ ဦး ထဲမှာ နောက်ဆုံးအသုတ်နဲ့ နောက်ဆုံးမှ ဂျပန်ကို ရောက်လာခဲ့တဲ့ ထောင်ထောင်မောင်းမောင်းနဲ့ ဗိုလ်နေဝင်းဟာ ပထမဆုံး ဂျပန်စကား ပြောတတ်သူ ဖြစ်လာပြီး တရားမဝင် ခေါင်းဆောင်အဖြစ် ဂျပန်တွေ အသိအမှတ် ပြုခဲ့ကြရပါတယ် ။ 

        ပြည်တွင်းမှာတော့ ဦးစောလည်း အတ္တလန်တာချာတာ စာချုပ်အရ လွတ်လပ်ရေးပေးရမှာ သိနေလို့ အဂ်လန်သွားပြီး လွတ်လပ်ရေးတောင်းတယ် ၊ တိကျတဲ့ ကတိမရလို့ ဂျပန်နဲ့ဆက်သလယ်ဖို့ ဂျပန်သံရုံးသွားပြီး ပြန်အလာမှာ အဖမ်းခံရတယ် ။ 

         ဗိုလ်နေဝင်း ၇ ဦးကို ရှေ့ပြေးအဖြစ် ပြန်လွှတ်တယ် ။ ဗိုလ်ချုပ်နဲ့ ကျန်သူတွေ မြန်မာပြည်ပြန်လာတဲ့ လမ်းခရီး ဘန်ကောက်မှာ BIA ဖွဲ့ကြတယ် ။ 

      မြန်မာပြည် ပြန်ဝင်လာချိန်မှာ ရှေ့ပြေးတပ် တပ်မှူး ဗိုလ်နေဝင်းက ရန်ကုန်ကို တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်နေပြီ ။ သတင်းထောက်တွေ နဲ့ မေးမြန်းခန်းမှာ ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းရဲ့ ရာထူးကို ပိုပြောပြီး (ဗိုလ်ချုပ်ရဲ့ ရာထူးပါ) ဗိုလ်နေဝင်းသိမ်းပေးကြောင်း သတင်းပေးတယ် ။ 

      နိုင်ငံတကာ သတင်းတွေမှာ ပါလာတဲ့ ရန်ကုန်မြို့သိမ်း ဗိုလ်နေဝင်းအကြောင်း ဖတ်မိတဲ့ ဗိုလ်ချုပ်ဟာ ရာထူးကို မဟုတ်မှန်ပဲ ပြောခဲ့တယ် ဆိုတဲ့ စွတ်စွဲချက်နဲ့ ဗိုလ်နေဝင်းရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်မပြုပဲ စစ်တပ်ကနေ ထုတ်ပယ်ခဲ့တယ် ။ 

     ကျန်ရဲဘော် သုံးကျိပ်နဲ့ ဗိုလ်အောင်ကြီးတို့ မခံနိုင်လို့ ဗိုလ်အောင်ကြီးက သူ့အမှားသာ ဖြစ်ကြောင်း ရှင်းပြပြီး တောင်းဆိုကြလို့ ပြန်ခန့်ခဲ့တာပါပဲ ။ 

(လူသိနည်းမယ်လို့ ထင်ပါတယ် ဒါပေမယ့် တပ်မတော်ရဲ့ သမိုင်းအမှန်ပါပဲ ဦးနေဝင်း ဖုံးဖိခဲ့လို့ ဒီဖြစ်စဥ်တွေ မသိကြတာပါ) 

        ဦးဆုံး အောင်ပွဲရ စစ်သူကြီးကို တပ်ကထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ဟာ ဒုတိယ တယောက်ကိုလည်း အဲလိုနည်းပါး လုပ်ခဲ့ပြန်ပါတယ် ။ 

     ပြည်တော်ပြန် ရဲဘော် သုံးကျိပ် ဟာ အဂ်လိပ် နောက်ချန်တပ်များနဲ့ တိုက်ခိုက်ရာမှာ ရွှေတောင်တိုက်ပွဲဟာ ထင်ရှားပါတယ် ။ ရွှေတောင်မှာ အဂ်လိပ်ဖက်က ခုခံရတာ အင်မတန်ထူးချွန်တဲ့ ကရင်လူမျိုး စမစ်ဒွန်း (မြန်မာ့တပ်မတော်ရဲ့ ပထမဆုံးတပ်ချုပ်ကြီး) နဲ့ တိုက်ခိုက်ရတာက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်ဖြစ်ပါတယ် ။ 

      အနိုင်ရသွားတဲ့ ဗိုလ်ရန်နိုင်ဟာ နာမည်ဟိုးဟိုးကျော်သွားပါတယ် ။ ဒါကြောင့် စ​ကော့စျေးကို(ယနေ့ ဗိုလ်ချုပ်စျေး ) ဗိုလ်ရန်နိုင်စျေးလို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ် ။

      နာမည်အရမ်းကြီးတဲ့ ဗိုလ်ရန်နိုင်ဟာ အဓိပတိကြီး ဒေါက်တာဘမော်ရဲ့ သမီးနဲ့ အိမ်ထောင်ကျသွားပါတယ် ။ အဲဒါကို အကြောင်းပြပြီး ဗိုလ်ချုပ်ဟာ ဗိုလ်ရန်နိုင်ကို နယ်စွန်နယ်ဖျားကို ပို့ပစ်လိုက်ပါတယ် ။ 

     သမိုင်းမှတ်တိုင်ဖြစ်ခဲ့တဲ့ ဗိုလ်ရန်နိုင်စျေး တဖြစ်လဲ စကော့စျေးကြီးဟာလည်း ဗိုလ်ချုပ်အောင်ဆန်းစျေး အဖြစ် အမည်ပြောင်းလဲ ခဲ့ကြပါတယ် ။ ဘယ်အချိန်က ဘယ်လို ပြောင်းခဲ့မှန်းမသိကြပေမယ့် ဗိုလ်ရန်နိုင်စျေး ဆိုတဲ့ သမိုင်းတွင်ပြောင်းလဲခဲ့တဲ့ အမည်ဟာ ပျောက်ကွယ်သွားရပြီး ယခု ဗိုလ်ချုပ်စျေးရှိ စျေးသူစျေးသားများပင် သိရှိသူ အနည်းငယ်သာ ရှိပါတော့တယ် ။

     ဒီ ဗိုလ်နေဝင်း နဲ့ ဗိုလ်ရန်နိုင်တို့ရဲ့ ဖြစ်ရပ်တွေကို ကြည့်ပြီး ဗိုလ်ချုပ်ကို အပုပ်ချခဲ့ကြတဲ့ ကွန်မြူနစ်တွေကတော့ ဗိုလ်ချုပ်သည် ကိုယ့်ထက်သာ မနာလိုစိတ် ရှိသူ ၊ သူတပါးအားချနင်းအောင်ပွဲ ခံလိုသူ အဖြစ် ဦးဆုံး အဆိုးမြင်ဝါဒနဲ့ ကောက်ချက်ချခဲ့ပါတယ် ။ 

( ကွန်မြူနစ်​တွေရဲ့ ကောက်ချက် မှန် မမှန်ကတော့ စာရှုသူရဲ့ တဖက်အမြင် နှစ်ဖက်အမြင် နဲ့ ခြုံငုံသုံးသပ်နိုင်စွမ်းအပေါ် မူတည်ပြီး ဆုံးဖြတ်ကြပါတော့ဗျာ)

         ကဲ တပ်မတော် နဲ့ လွတ်လပ်ရေး ၊ ဗိုလ်ချုပ်ရဲ့ လွတ်လပိရေးကြိုးပမ်းမှု မှတ်တမ်း ၊ ဂဠုန်ဦးစောရဲ့ အခန်းကဏ္ဍ အတွက် ရှေ့ဆက်ကြပါအုံးမယ် ။

        မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...