Saturday, May 29, 2021

အဖြူထည် လူငယ်များ အတွက် ၈၈ & ၂၁ ဂျင်း ဆိပ်ဖြေဆေး(1)



         ယခု ပို့စ် သည် တောတောင်ထဲရောက်နေသော GZ များ နဲ့  လူသတ် မီးရှို့  ဗုံးခွဲ နေသော ဆိုဆုံးမရန် မထိုက်တန်သည့် လမ်းဆုံး Zero များအတွက် မဟုတ်ပါဖူး ။ 

....လူငယ် ၁၅ သန်းကျော် အနက်မှ လမ်းဆုံးနေပြီ ဖြစ်တဲ့ လူငယ် ထောင်ဂဏန်း အနည်းငယ်အား ဘေးဖယ်ပြီး သန်းပေါင်းများစွာသော အဖြူထည် လူငယ်လေးများ အတွက် ပြောခြင်းဖြစ်ကြောင်း အသိပေးချင်ပါတယ် ။ 

          ယနေ့ အားလုံး သိမှီလိုက်တဲ့ ၂၀၂၁ ကနေ စပြီးပြောပါမယ် ။ တပ်မတော်မှ အာဏာယူပြီးနောက် ဖြစ်ပေါ်လာသော အရေးအခင်းဟာ အားလုံးသိတဲ့ အတိုင်းပါပဲ ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတယ် ။ နစက အနေနဲ့ ကြည့်နေပါတယ် ။ 

      နောက် ဥပဒေမဲ့ လုပ်လာကျတော့ (ဥပဒေမဲ့ဆိုတာ ငြိမ်းစုစီ လို ဥပဒေမျိုး)  လူစုခွဲဖို့ သတိပေးတယ် ၊ မရဘူး ရေကားနဲ့ လူစုခွဲကြတယ် ။ 

(၈၈ တုန်းကလည်း ယခုလို ဖြစ်စဥ်ပါပဲ ၊ နောက်ဆုံး ဒေါက်တာ မောင်မောင် သမ္မတဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို မဖမ်းဖူးလို့ ကြေညာလိုက်တော့မှ ဒေါ်စုကြည်ထွက်လာရဲတာပါ ၊ လူထုပိုများသွားပါတယ်)

        နစက အစိုးရက ရေကားနဲ့ လူစုခွဲတော့ အကြမ်းဖက်လာကြပါတယ် ။ အဲဒါကြောင့် ရာဘာတုတ် ၊ ရာဘာကျည်တွေ နဲ့ ပစ်ခတ် လူစုခွဲတဲ့ အဆင့် ရောက်လာရပါပြီ ။ ဆန္ဒပြသူတွေက မပြသူတွေကို ပြဿနာ စပြီး ရှာလာကြပါတယ် ။

     (၈၈ တုန်းကလည်း ဒီလိုပါပဲ ဆန္ဒပြသူတွေက မပြသူတွေကို မဆလဒေါက်တိုင်တွေ ရိုက်ချိုးကြ ဘာညာ နဲ့ ခြိမ်းခြောက်လာပါတယ် ၊ ကြောက်ရွံ့ပြီး လိုက်ခဲ့ရသူတွေ ရာခိုင်နှုံး မနည်းလှပါဘူး ၊ ယခု ဖြစ်စဥ်နဲ့ ယှဥ်ကြည့်ကြပါ)

        နစက ရဲ့ ရေကား ရော်ဘာကျည်တွေကို မကြောက်ကြပါဘူး ၊ ဘာ်ဖက်မှ မပါသူတွေကို အနီတွေက ရန်သူသဖွယ် သတ်မှတ်ပြီး အရှက်တကဲဲဖစ်အောင် ကတုံးတုံးခြင်း ၊  မျက်ခုံးမွှေးရိတ်ခြင်း ၊ မျက်နဖာမှာ တက်တူးထိုးခြင်းတွေ အထိ ရက်စက်ယုတ်မာစွာ ခြိမ်းခြောက်လာကြပါတယ် ။ နောက်ပိုင်းမှာ သတ်ဖြတ်လာကြပါပြီ ၊ စက်ရုံတွေ မီးရှို့ ရဲစခန်းတွေ မီးရှို့ နဲ့ ဖျက်ဆီးလာကြပါပြီ ။

        (၈၈ မှာလည်း အဲသလိုပါပဲ ၊ မြင်သာ စီမံကိန်းရပ်ကွက်ရှိ အဂ်ါချို့တဲ့နေရရှာတဲ့ စစ်သားဟောင်း မိသားစုတွေကို ၅၀ ကျော် ခေါင်းဖြတ်သတ်ခဲ့ကြပါတယ် ၊ ၈၀ ကျော် အိုကြီးအိုမတွေကနေ ရင်ခွင်ပိုက် ကလေးတွေ အထိ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ကြတာ မင်းတို့ အထင်ကြီးနေတဲ့ ၈၈ မျိုးဆက်ဆိုတဲ့ နိုင်ငံရေးသမား မင်းကိုနိုင်တို့ လက်ရာ မကင်းကြပါဖူး)

        ဒီအခြေအနေ ရောက်တော့ မှ နစက ဟာ တီကောင်လို ဖြစ်နေတဲ့ ပုဒ်မ ၁၄၄ အစား မာရှယ်လောထုတ်ပြန်ပြီး တကယ်ပစ်ခတ် နှိမ်နင်းခဲ့ကြပါတယ် ။ ပစ်ခတ်ရာမှာ ထိမ်းချုပ်ထားတဲ့ အမိန့်တစုံတရာကြောင့် အင်အားပြည့် မသုံးစွဲခဲ့ကြရပါဖူး ။ လှိုင်သာယာ နဲ့  မြောက်ဒဂုံ ရဲစခန်းဝင်စီးသူတွေကိုပဲ အမှန်တကယ်ပစ်ခဲ့ကြတာပါ ။ ယခုပြောနေတဲ့ အဲဒီဖက်က စာရင်း လူ ၈၀၀ သေတယ်ဆိုတာ မှန်နေပါစေအုံး ၄ လအတွင်း လူ ၈၀၀ ပဲ သေတယ် ဆိုတာ ငါတို့ အတွေ့အကြုံအရ စစ်တပ်က တကယ်မပစ်လို့ပါပဲ ။

       (၈၈ မှာ တပ်မတော်က 18-9-1988 မှာ အာဏာသိမ်းတယ် ၊ နယ်မြေအလိုက် သပိတ်စခန်းလုံးဝ မမြင်ချင်ဖူးလို့ လုပ်ပိုင်ခွင့် နဲ့ တိကျတဲ့ အမိန့်ပေးလိုက်တယ် ၊ ဇောင်းအလွန်ထခဲ့တဲ့ ငါတို့ မြင်းခြံမြို့တောင် 19-9-1988 ညနေ ပိုင်းမှာ မီးခိုးတိတ်ပဲ ၊ လူကတော့ တယောက်ပဲ သေခဲ့တယ် ကျည်က နံရံမှန်ပြီး ချော်ထွက် ဘေးအိမ်က (တိုက်ဝါလို့ ခေါ်တဲ့အိမ်) အိမ်ထဲထိုင်နေတဲ့ ကုလားကြီး အချောင်သေရတယ် ။ ပြောချင်တာက အဲဒီနေ့ တနေ့ထဲ ရန်ကုန်မှာ လူ ၃၀၀၀ လောက် သေတယ်လို့ ကြားဖူးတယ် ၊ အဲဒါနဲ့ ယှဥ်ရင် ၄ လ မှ လူ ၈၀၀ ဆိုတာ တကယ်မပစ်ဖူးလို့ သတ်မှတ်လို့ရတယ်)

         ကဲ အဲဒီဖြစ်စဥ် နှစ်ခုကို ာှဥ်ကြည့် လူငယ်တွေ ယခု ကာလဖြစ်စဥ်ကို အားလုံး သိမှီကြသလို မင်းတို့ အိမ်က လူကြီးတွေ ၈၈ ကို မှီခဲ့ကြရင် မေးကြည့်ကြပါ ။ ဘယ်အချက်ကို မှားပါတယ်လို့ ငြင်းကြမလဲ ဆိုတာ သိချင်ပါတယ် ။ 

       ကဲ နောက်ဖြစ်စဥ် ကြည့်ကြပါအုံး ။ နစက ပစ်ခတ်လို့ သေကြသူတွေအတွက် သွေးထိုးပြီး လူငယ်တွေကို မြှောက်ပေးကြတယ် ။ တောင်းဆိုနေကြတာကတော့ ဒီမိုကရေစီ တဲ့ ။ Non CDM တွေကို ပြဿနာရှာ ၊ ကြားနေလူထုကို ရန်ပြု နဲ့  မင်းတို့လုပ်ရပ်ကိုက ဒီမိုကရေစီ မဆန်တော့တာ ပြန်ဆန်းစစ်ဖို့ လိုပြီ မထင်ကြဖူးလား ။ ဒါကို အားမရတော့ တောခို သူပုန်လုပ်နေကြပြန်တယ် ။ 

     (၈၈ တုန်းက လူငယ်တွေလည်း ဒီလိုပဲ သူပုန်လုပ်ကြတာပဲ ။ ABSDF ဆိုတာ အခု မင်းတို့ ဖင်တုန်အောင်ကြောက်နေရတဲ့ KNU ၊ KIA တို့ကို လယ်ဘယ်နီးပါး ဆက်ဆံနိုင်ခဲ့ကြတယ် ၊ သီးခြားအစုအဖွဲ့ အနေနဲ့ ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ကြတယ် ၊ ပြောရမယ်ဆိုရင် ထမင်းစားကျွန်ခံ PDF ထက် အများကြီး အင်အားကောင်းတယ် ခံယူချက်ကောင်းတယ် နိုင်ငံရေးသဘာရှိတယ် ကွ)

         နစက ကို မကျေနပ်လို့ တောခိုတဲ့ တောတွင်း GZ တွေနဲ့ မြို့ပေါ်ကျန်နေတဲ့  G ပုန်း GZ လေးတွေ ချိတ်ဆက်ပြီး စစ်တပ်ကို မတိုက်ပဲ ကျောင်းတွေ မီးရှို့ကြတယ် ၊ မထောက်ခံတဲ့ အရပ်သားပြည်သူတွေကို သတ်နေကြတယ် ၊ ဆေးရုံတွေ ဗုံးခဲဲပတယ် နောက်ဆုံး အလွန်ယုတ်မာစွာ နဲ့ မဂ်လာဆောင်တွေပါ လိုက်ပြီး ဗုံးခွဲ ကြသတဲ့ ။ 

       (အေး မင်းတို့ထက် စီနီယာပျတဲ့ ABSDF ကျောင်းသားတပ်မတော်က အဲလို ကောက်ကျစ် အောက်တန်းကျတဲ့ အလုပ် မလုပ်ခဲ့ကြဖူး ၊ စသ်တပ်ကိုပဲ တိုက်ကွက်ဖော် တိုက်ခိုက် တော်လှန်ခဲ့ကြတာ သူတို့က တော်လှန်ရေးသမား အစစ်တွေပဲ ၊ မင်းတို့က တော်လှန်ရေး မဟုတ်ဖူး ပြည်သူတွေ စီးပွားပျက် ၊ သေကြေ ၊ ပညာမဲ့အောင် လုပ်နေကြတဲ့ လူ့အောက်တန်းစား လူယုတ်မာတွေပဲ ဖြစ်တယ်)

         အဲဒီလို လုပ်နေကြတာ လူငယ် သန်းပေါင်းများစွာထဲက ထောင်ဂဏန်းအနည်းငယ်သာ ဖြစ်ပါတယ် ။ ကျန်နေသေးသော လူငယ်တွေကို မှိုင်းတိုက် သိမ်းသွင်းနေကြတာ နေ့စဥ်ကြားသိနေရပါတယ် ။ သူတို့က ဘယ်လို သိမ်းသွင်းနေကြသလဲ ။

       တပ်မတော်အပေါ်မှာ 80 % သော သမိုင်းအသိမှားတွေ နဲ့ မှိုင်းတိုက်ပြီး သိမ်းသွင်းကြပါတယ် ။ ယနေ့ အသက် ၄၀ မပျော်သေးသူတွေ ကောင်းစွာ မသိတော့တဲ့ ၈၈ သမိုင်းကနေ  ၆၂ သမိုင်း လွတ်လပ်ရေး မရခင်ကာလ သမိုင်းများအထိ လိမ်ညာပြောဆို သိမ်းသွင်းကြပါတယ် ။ 

      ဘယ်လိုတွေ လိမ်ညာခဲ့ကြသလဲ  ? ဘယ်အချက်တွေက မှန်ပြီး ဘယ်အချက်တွေက မှားနေသလဲ ဆိုတာ ကျနော် သိထားသမျှ  အောက်ဖဲအချို့ နဲ့ ရှင်းပြချင်ပါတယ် ။ 

         လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကနေ စတင်ပြီး အလွန်သမိုင်းတွေကို ဖြေထုတ်ချင်တာမို့ အနည်းငယ် ရှည်လျှားပါလိမ့်မယ် ။ မိတ်ဆွေများ စိတ်ဝင်စားမယ် ဆိုရင် ဆက်လက်ရေးသားချင်ပါတယ် ။ 

      ယခု အပိုင်း ၁ ပါ အချက်များထဲက မျိုးဝင်း ရေးထားတာ ဘယ်အချက် လုပ်ကြံထားပါသလဲ  လေ့လာကြပါ ။ သမိုင်းကိုလည်း ဒီလိုပဲ သဘာဝကျကျ တွေးဆ ရေးသားပါ့မယ် ။ 

       မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...