Monday, May 31, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (7)



             ဦးနေဝင်း လုပ်လိုက်တဲ့ ကိစ္စဟာ ငွေကြေးမချမ်းသာပေမယ့် ဇာတိမာန် ထက်သန်တဲ့ မြန်မာတွေအတွက် ခံရခက်တဲ့ ကိစ္စကြီးပါပဲ ။ အဲဒါကတော့ ဖွံ့ဖြိုးတိုးတက်မှု အနှေးဆုံး နိုင်ငံများစာရင်း LDC လျှောက်လိုက်တာပါ ပဲ ။ 

       LDC ဆိုတာ လူမွဲစာရင်း ကြေညာတာနဲ့ အတူတူပါပဲ ။ နိုင်ငံတော်အဆင့် ဒေဝါလီခံတာပဲ ။ အားလုံးဟာ အံ့အားသင့်သွားကြရပါတယ် ။ ငါတို့လည်း ပုံမှန် စားသောက်နေကြရတာပဲ ။ ဘာဖြစ်လို့ နိုင်ငံက အမွဲဆုံး စာရင်းထဲ လျှောက်ရတာလည်း ဆိုပြီး ရှက်ရွံ့အားငယ် ကုန်ကြရပါတယ် ။ 

      ဒါကိုပဲ အငုံ့စိတ်နဲ့ မတတ်သာလို့ ကုပ်နေရတဲ့ နိုင်ငံရေးသမားတွေက လှုပ်လာကြပါပြီ ။ ဦးနေဝင်း စစ်အစိုးရ အုပ်ချုပ်မှ အဆင်းရဲဆုံး နိုင်ငံဖြစ်သွားပြီဟေ့ အရင်တုန်းက အာရှမှာ အချမ်းဆုံး ကွ ဆိုပြီး သွေးထိုးလာကြပါတယ် ။ 

       လွတ်လပ်ရေး ရပြီးကတည်းက မချမ်းသာခဲ့ပါဘူး ။ ဒါကို သိလျှက်နဲ့  အဂ်လိပ်ခေတ်က တိုးတက်မှုကို ဆွေမျိုးစပ်ပြီး ဦးနေဝင်းကို အပုပ်ချခဲ့ကြပါတယ် ။ 

       မာန်မာနကြီးတဲ့ မြန်မာတွေဟာ ငါတို့လည်း စားနိုင် သောက်နိုင် ​ရှိနေပါလျှက် ဘာလို့ ဆင်းရဲနေပါပြီလို့ ကြေညာခဲ့ရသလဲ ဆိုပြီး တွေးမရ ဖြစ်ခဲ့ရတဲ့ ပြဿနာရဲ့ နောက်ကွယ်မှာ အကြောင်းရှိပါတယ် ။ 

         နိဒါန်းမှာ ဆိုခဲ့သလို အောင်ဆန်း အက်တလီ စာချုပ် ၊ လကျ်ာ ဖရီးမင်း စာချုပ် များကို မှတ်မိကြမှာပါ  ။ အဲဒီစာချုပ်ပါ အချက်များအရ အဂ်လန်ကို ပေးလျှော်ရမယ့် အကြွေးတွေဟာ သတ်မှတ်ကာလ ၁၉၈၆ မှာ ပြန်ဆပ်ရတော့ မှာပါ ။ သက်တမ်းပြည့်ပါပြီ ။ 

      အဲဒီငွေကို မဆပ်ချင်တဲ့ အတွက် ဒီလို LDC လျှောက်ယူတာပါပဲ ။ LDC ဖြစ်သွားရင် အကြွေးလျှော်ပေးယုံ မက တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်ပါ ထောက်ပံ့မှုတွေ ရနိုင်ကြောင်း ဥပဒေပညာရှင်တွေ အကြံပေးလို့ လျှောက်လိုက်တာပါ ။ 

      လျှောက်ထားရာမှာ စာတတ်သူ ရာခိုင်းနှုံး ၉၀ ကျော်နေလို့ မသတ်မှတ်နိုင်ဖူး ငြင်းနေလို့ အကြံအဖန် လုပ်ပြီး မရ ရအောင် ဆောင်ရွက်ခဲ့ကြပါတယ် ။ ဒါတွေဟာ ဦးနေဝင်းရဲ့ အ သုံးလုံး စီမံချက်ကြောင်း စာတတ်မြောက်သူ ၉၀ % ကျော်ခဲ့တာကို မှတ်မိကြပါလိမ့်မယ် ။

       ပွင့်လင်းမြင်သာမှု မရှိတဲ့ တပါတီ စနစ်အရ မဆလ အနေနဲ့လည်း ပြည်သူတွေရဲ့ မာန်မာနကို ထိပါးစေပြီး ပါတီကို စိတ်ပျက်သွားစေတဲ့ LDC ကိစ္စကို လူရာသွင်း ရှင်းမပြခဲ့ကြတာလည်း တိုင်းပြည်ပျက်ဖို့ အကြောင်းများစွာထဲက တကြောင်းပါပဲ ။ 

          မဆလ ပါတီကို ထိမ်းကြောင်းတဲ့ နေရာမှာ ဦးနေဝင်းဟာ အလွန်စေ့စပ်လှပါတယ် ။ ပါတီလူကြီးတွေဟာ ပုဆိုတကွင်း တိုက်ပုံတထည် ယူဖို့တောင် နိုင်ငံရေးသိက္ခာကျမှာ စိုးလို့ မယူဝံ့ ယူဝံ့ ဖြစ်ခဲ့ကြတာ အရှိတရားပါပဲ ။ 

      ပါတီလူကြီးတွေရဲ့ ရုပ်ဝတ္တုလောဘဇောကို အကြောက်တရားနဲ့ ထိမ်းထားနိုင်ပေမယ့် သူတို့ရဲ့ နိုင်ငံရေးလောဘဇောကို တော့ ဦးနေဝင်း မထိမ်းနိုင်ခဲ့ပါဖူး ။ 

       ဥပမာပြောပါ့မယ် ။ တပါတီထဲ ရှိတဲ့ အတွက် မဆလပါတီဟာ အလွန်ဖင်ခေါင်းကျယ်ခဲ့ကြပါတယ် ။ ပါတီဝင်ချင်လို့ကို ခက်ခဲအောင် လုပ်ထားပါတယ် ။ 

      ဦးဆုံး ပါတီမိတ်ဆွေ အဆင့်လျှောက်ရပါတယ် ၊ ဆိုင်ရာပါတီလူကြီးက ထောက်ခံရင် အရံပါတီဝင် ဖြစ်ပြီ ၊ နောက်တဆင့် တင်းပြည့်ပါတီဝင် ထပ်လျှောက် ဆိုင်ရာ ပါတီစိတ်မှူး တွေက ထောက်ခံမှ ပါတီဝင် ဖြစ်ကြရပါတယ် ။ 

      ဒီတော့ ခေတ်ပညာတတ်တွေ ဝင်လာပြီး နေရာယူမှာ ကြောက်ကြတော့ နိုင်ငံရေးလောဘဇော နဲ့ ဘွဲ့ရတွေ ပါတီဝင်လျှောက်ရင် ထောက်ခံပေးမယ့် စိတ်မှူး မရှိသလောက် ရှားပါတယ် ။ 

       ဒီတော့ မဆလပါတီဟာ ငါးနှစ်တကြိမ် ဒီလူအို လူဟောင်းတွေပဲ နေရာရွှေ့ လုပ်စားနေကြရင်း မျိုးဆက်သစ် ပညာတတ်တွေကို ခွေထားရင်း မလုပ် မရှုပ် မပြုတ် မူနဲ့ သွားရင်း ပျက်ဆီးသွားရတာ သံဝေဂ ယူစရာပါပဲ ။ 

       ပြန်ဆက်ကြပါစို့ ဗျာ ။ ဦးနေဝင်းက အဲဒီလို  LDC လျှောက်တဲ့အပေါ် လူတွေ မကျေနပ်မှုကို အသုံးချပြီး မြှပ်ထားတဲ့ ဗကပ ဆဲလ်တွေ လှုပ်လာပါပြီး ။ အထူးသဖြင့် တက္ကသိုလ် ဝန်းကျင်မှာ နိုင်ငံရေး အုံကြွမှု အတွက် တာစူနေပါပြီ ။ 

        အဲဒီ အချိန်မှာပဲ ဦးနေဝင်းဟာ တရားမဝင် ငွေ စက္ကူတွေကို ကြေညာပါတယ် ။ လူအားလုံး စိတ်ညစ်ခဲ့ကြရပြီး မဆလ အပေါ်လည်း မကျေနပ်မှုတွေ ပိုတိုးလာပါတော့ တယ် ။ ဒါပေမယ့် ဦးနေဝင်းက အဲဒီ ဖျက်သိမ်းတဲ့ တရားမဝင် တရာတန်တွေကို လူတဦး ဘယ်လောက် လဲလှယ်နိုင်သည်ဆိုပြီး ကြေညာကာ လဲလှယ်ပေးခဲ့ပါတယ် ။ 
(ယနေ့ ဘဏ်တွေမှာ တန်းစီနေတာ သနားတယ် 😁😁)

         အဲလို လဲပေးလိုက်တော့ လူတွေလည်း နဲနဲတော့ ကျေနပ်သွားကြပါတယ် ။ မီးထိုးနေတဲ့ ဗကပ တွေကတော့ တောက်လျှောက် သူ့အလုပ်ကို လုပ်နေလျှက်ပါပဲ ။ 

     ငွေစက္ကူတွေ တရားမဝင် ​ကြေညာရတာက တရုတ်ဖက်က တရာတန် အတုတွေ အများကြီး ထုတ်ပြီး ဗကပ တွေဆီ ဖြန့်ထားသတဲ့ ။ အဲဒီက တရာတန်အတုတွေဟာ ပြည်မထဲအထိ ရောက်နေပြီး သုံးနေကြပါပြီ ။ ဒါကြောင့် ဖျက်တာပါ ။ ဒါပေမယ့် မဆလ ထုံးစံအတိုင်း ပြည်သူကို လူရာသွင်း ရှင်းမပြခဲ့ပါဘူး ။ ဒါတွေဟာ မဆလ နဲ့ ပြည်သူ ဝေးသွားစေတဲ့ ဧရာမ အားနည်းချက်ကြီး ဖြစ်ပါတယ် ။ 

        ဦးနေဝင်းဟာ နောက်တကြိမ် ထပ်ပြီး ငွေမဲတွေ အဖြစ် ကြေညာပြန်ုပါတယ် ။ ပြည်သူတွေ ပေါက်ကဲဲပါပြီ ။ ပေါက်ကွဲရပါ့မယ် ဒီလိုကြေညာတာဟာ ပြည်သူ့ငွေကို အစိုးရက ဒါးပြတိုက်တာပါပဲ ။ ကျောင်းတွေပါ ပိတ်ပေးရတဲ့ အထိ ပြည်သူတွေ မဆလကို စိတ်နာနေပါပြီ ။ 

          သုံးစားမရတော့တဲ့ မဆလတွေကတော့ ငါတို့ မှန်တယ် ဥက္ကဌကြီး မှန်တယ်နဲ့ မျက်စိမှိတ် ထောက်ခံနေကြတုန်းပါပဲ ။ နောက်ပြီး ဒုတိယအကြိမ် တရားမဝင်ငွေစက္ကူကြေညာရာမှာလည်း ပြည်သူကို လူရာသွင်း ရှင်းမပြပဲ ပစ်ထားတာဟာ မဆလ ရဲ့ နောက်ဆုံးရက်ကို သတ်မှတ်ပေးလိုက်သလိုပါပဲ ။

       နောက်ဆုံး တရားမဝင်ငွေ ကြေညာရတဲ့ နောက်ကွယ်မှာ ဧရာမ အကြောင်းပြချက်ကြီး တခုရှိပါတယ် ။ အဲဒါကို ပြည်သူတွေ သိခွင့်ရအောင် ရှင်းပြပေးခဲ့ရင်တောင် ဒီလို ဖြစ်မယ် မထင်ပါဘူး ။ ဘာကြောင့်လည်း ဆိုတော့ အကြောင်းရင်းက တိုင်းပြည်တည်တံ့ရေးနဲ့ တိုက်ရိုက်ပတ်သက်နေတာကိုး ။ 

      အကြောင်းက ဘာလဲ ဆိုတော့...........

        မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...