Thursday, May 27, 2021

ပြုံယမ်းမှနေပြည်တော်၏အနာဂတ်ဆီသို့(၅)




         မြေအောက်လှိုဏ်ခေါင်းတွေ အားလုံးကို ဗုံးဒဏ်ခံအောင် တည်ဆောက်ထားတယ် ။ လျှပ်စစ် ရေ လေဝင်လေထွက်  
အားလုံးကောင်းမွန်အောင် ပြည့်စုံစွာတည်ဆောက်ထားခဲ့တယ် ။ အဲလို ပရောဂျက်မျိုး ၆၀၀ ကျော်တည်ဆောက်ခဲ့ပါတယ် ။ 

    ကုန်ကျစရိတ်ကတော့ Project pp 216 တခုတည်းရဲ့ကုန်ကျစရိတ် US$ 21သန်း ရှိပါတယ် ။ ၆၀၀ ကျော်အတွက် တွက်ကြည့်ကြပါ ။ 

      ဒီငွေတွေကို ဘယ်ကရှာရမယ် ထင်ပါသလဲ ? စီးပွါးရေးပိတ်ဆို့ထားတဲ့ ကြားထဲကနေ ဒီလိုနိုင်ငံခြားငွေ ရှာရတာ မလွယ်ကူပါဘူး ။ ဘယ်ကနေ ဘယ်လိုရှာကြသလဲဆိုတာ ဦးသန်းရွှေ ၊ ဦးမောင်အေး ၊ ဦးရွှေမန်း တို့နဲ့ ထိပ်သီးခရိုနီ ဦးတေဇ တို့လောက်ပဲ 
တိတိကျကျ ပြောနိုင်ပါလိမ့်မယ် ။

       ဘာဒါစနစ်နဲ့ ပေးချေရတာ တပိုင်း 
လှို့ဝှက်တတ်လွန်းစွာလုပ်ကိုင်နိုင်စွမ်း ရှိကြတာတကြောင်း တို့ကြောင့် ဒီလေါက်များပြားတဲ့ ပမာဏအပေါ် မြောက်ကိုးရီးယားအား မြန်မာက ပေးချေမှုများကို 
လူမသိပဲ သတင်းအစအနတောင် ထွက်မလာတာအံ့သြစရာပါပဲ ။ 

     အဲလို မြေအောက်အဆင့်မြင့် လှိုဏ်ခေါင်း ကဏ္ဍလေ့လာပြီးရင် နျူကလီးယားဒုံးလက်နက် နဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုအကြောင်း သမိုင်းလှန်ပြီး လေ့လာကြည့်ကြပါစို့ ။ 

      နဝတ အစိုးရဟာ ၁၉၉၀ရွေးကောက်ပွဲပြီးတော့ အနိုင်ရတဲ့ NLD ပါတီကို 
အလုံးစုံသောအာဏာ မလွှဲသေးပဲ ခြေ / ဥ ကို ဦးစွာရေးဆွဲပါ ပြီးရင် လွှဲပေးပါမယ်ဆိုတာကို အမေရိကန်က မခံစားနိုင်ဖြစ်နေပါတယ် ။ ဒါကြောင့် စစ်အစိုးရကို 
ဖိအားပေးအကျပ်ကိုင်နေပါတယ် ။ 

     အဲဒီအချိန်မှာ ပင်လယ်ကွေ့စစ်ပွဲ ဟာ
 1991 သြဂုတ်ကနေ 1992 ဖေဖော်ဝါရီ ထိဖြစ်ပွါးခဲ့ပါတယ် ။ အဲဒီတိုက်ပွဲရဲ့ ရလာဒ်နဲ့ အမေရိကန်ရဲ့ စစ်ရေးပါဝါကို သုံးသပ်ပြီး မြန်မာ့တပ်မတော်က ဘာဆက်လုပ်ရမလဲ ဆိုတဲ့ စီမံချက် ရေးဆွဲကြရပါပြီ ။ 

     ပထမဆုံး မြောက်ကိုရီးယား အစိုးရနဲ့ 
တရားမဝင် တွေ့ဆုံမှုကို ထိုင်းမှာ ပြုလုပ်ပါတယ် ။ ဒီလို နျူလက်နက်ရရေးအတွက် ထိုင်းမှာ မြောက်ကိုရီးယားတွေနဲ့အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်း မိမိတို့ရဲ့ နျူရရန် ကြိုးပမ်းနေမှုကို ဖုံးကွယ်ရန် လုပ်ဆောင်ခဲ့ပါတယ်။

    အဲဒါကတော့ 1992 ၌ နျူကလီးယား မပြန့်ပွါးရေး စာချုပ် (NTP) မှာ
လက်မှတ်ရေးထိုးခဲ့တာပါပဲ ။ဒါဟာ အာရုံလှည့်စားမှု ဗျူဟာတခုသာဖြစ်ကြောင်း သက်သေတခုရှိနေပြန်ပါတယ် ။ 

     2000 ခုနှစ်မှာ မြန်မာအစိုးရက IAEA ထံသို့  10 Megawatt Thermal ရှိ
နျူကလီးယားဒြပ်ပေါင်းဖို တည်ဆောက်ခွင့် အကြောင်းကြားပါတယ် ။ 2002 အထိ IAEA က မသိကျိုးနွံပြုနေတော့
ဦးသန်းရွှေက IAEA ကိုသောက်ဖက်လုပ်မနေတော့ပဲ 2002 မှာပဲ ရုရှားနဲ့ ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ စာချုပ် ချုပ်ပစ်လိုက်ပါတယ် ။ 

        စာချုပ်ထဲမှာ ဓာတ်ခွဲခန်း ၂ ခု 
တည်ဆောက်ရန်ပါပေမယ့် 2007 အထိ 
၁ ခုသာပြီးပါသေးတယ် ။ ဒီလိုထလုပ်လိုက်တော့ အနောက်အုပ်စုက မြန်မာတွေ ယူရေနီယံရှာနေတဲ့ ဒေသတွေအကြောင်း အစီရင်ခံစာ တင်တဲ့ စာထွက်လာပါတယ် ။
မကွေး ၊ တောင်းတွင်းကြီး ၊ မိုးကုတ်
 ( ကျောက်ဖြူကုန်း ၊ ကျောက်ဆင် ၊ ပိန်းပြင်) အစရှိတဲ့ ငါးနေရာမှာ
 ရှာဖွေနေကြောင်း ဖော်ပြထားပါတယ် ။ 

       အဲဒီအချိန်က ပြုံယမ်း နဲ့နေပြည်တော်ရဲ့ ဆက်ဆံရေးအပေါ် အမေရိကန်တို့ ဖိအားပေးဖို့ တွန့်ဆုတ်နေခဲ့ရပါတယ် ။ 
အကြောင်းကတော့ ရုရှားနဲ့တရုတ်တို့ဝန်းရံထားခြင်း နဲ့ ပြုံယမ်းအား ပေါက်ကရ လုပ်မည်စိုးရိမ်ပြီး အမေရိကန်ကိုယ်တိုင်ပင် ရိက္ခာ ဆေးဝါးဓာတ်ဆီများပေးကမ်းထောက်ပံ့ပြီး ချော့မော့နေရလို့ပါပဲ ။ 

     ဦးသန်းရွှေဟာ နျူစီမံကိန်းအတွက်
မြောက်ကြီးပိုပဲ တလက်ကိုင်အားကိုးထားသလား ဆိုတော့ မဟုတ်ပါဘူး ။ အလွန်လည်တဲ့ အညာသားကြီးက ပါကစ္စတန် နဲ့ပါ ချိတ်ဆက်ထားပါတယ် ။ 

     2001 ခုနှစ်ကုန်ခါနီးမှာ ပါကစ္စတန်က 
နျူပညာရှင် မိုဟာမက်အလီမုက္ခတာ နဲ့ 
ဆူလေမန်အာဆတ် တို့ နှစ်ဦး မြန်မာပြည်  ရောက်လာခဲ့ပြီး ရန်ကုန်ရှိ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန (ခွဲ) နဲ့ ပူးပေါင်းပြီး 
နျူကိစ္စ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်ပင်ကြပါတယ် ။ 

     အဲဒီနှစ်တွေက ပါကစ္စတန် နျူဖခင်ကြီး
 AQ Khan ကို အယ်လ်ကိုင်ဒါ အဖွဲ့အား
နျူနည်းပညာပေးတယ်ဆိုပြီး စွတ်စွဲထားချိန်ဖြစ်ရကား ယခုလို ပါကစ္စတန် နျူပညာရှင် ၂ ဦး မြန်မာသို့ လာရောက်တဲ့ အခါ အနောက်အုပ်စု အတွက် ဖင်ဝမီးစနဲ့ 
အထိုးခံရသကဲ့သို့ ပူစပ်ပူလောင်ဖြစ်ကုန်ရပြန်ပါတယ် 

      အဲဒီလို မြောက်ကြီးက နျူပညာရှင်လာလိုက် ပါကစ္စတန်က နျူပညာရှင် လာလိုက် နဲ့ သူတို့ပြောသမျှ လုပ်သမျှ မြန်မာတွေက
နားမလည်ပဲ ခေါင်းညိမ့်နေခဲ့ရသလား ဆိုတော့ မဟုတ်ဖူး ဗျ ။ မြန်မာ အစိုးရမှာ အလွန်ကောင်းတဲ့ အောက်မှောက်ဖဲ တချပ်ရှိနေပါသေးတယ် ။ 

       1950 ဦးနုလက်ထက်တုန်းက 
အမေရိကန် အီလီနွိုက်တက္ကသိုလ်ကနေ 
Nuclear Physics နဲ့ မဟာဘွဲ့ရထားတဲ့
 နျူဆရာကြီး ဦးသိန်းဦးဖိုးစော ဆိုတာ ရှိပါတယ် ။

     ဆရာကြီးက 1962 မှ 1983 ထိ မေမြို့ စစ်တက္ကသိုလ်မှာ ရူပဗေဒဘာသါရပ်အား
သင်ကြားပေးခဲ့သူ ဖြစ်ပါတယ် ။ 

     ဦးသန်းရွှေကလွဲရင် ဦးမောင်အေး ၊ 
နည်းပညာဝန်ကြီး ဦးသောင်းကအစ ကျန်တဲ့ ဗိုလ်ချု့ပ်တွေအားလုံး သူ့တပည့်တွေချည်းပါပဲဗျာ ။ 

   "ဟေ့မင်းတို့ကောင်တွေ ကြည့်လုပ်ကြဦး 
ကမ္ဘာက သောက်မြင်ကပ်နေပြီ "

     ဆိုပြီး ဒိပ်ဒိပ်ကျဲ ဗိုလ်ချုပ်ကြီးတွေကို 
ကလေးငေါက်သလို ငေါက်ရဲတာ
 မြန်မာပြည်မှာ သူတဦးတည်းပဲ ရှိပါတယ် ။ သူပြောရင်လည်း ဒါးထက်ပါတယ်ဆိုတဲ့ 
 ဦးမောင်အေးက အစ ရီကြဲကြဲလေးတွေပဲ
တုန့်ပြန်ကြတဲ့ထိ လေးစားဖွယ် ပညာဂုဏ်နဲ့ ပြည့်စုံလှသူဖြစ်ပါတယ် ။

      တပ်မတော်ဟာ သူတို့ရဲ့ နျူစီမံကိန်းအတွက် ဆရာကြီးကို ဦးဆောင်ပေးဖို့ တောင်းဆိုကြရပါတယ် ။ တိုင်းပြည်အတွက်သော်လည်းကောင်း ချစ်တပည့်များ အတွက်သော်လည်းကောင်း ဆရာကြီးလည်း မငြင်းသာပဲ လက်ခံပြီး လုပ်ပေးရှာပါတယ် ။

     ဒီတေါ့ ပါကစ္စတန်နျူပညာရှင်များ နဲ့
ရုရှားနည်းပညာသုံး မြောက်ကိုရီးယားနျူပညာရှင်များကို အမေရိကန်နည်းပညာ နျူပညာရှင် မြန်မာလူမျိုး ဆရာကြီးက လယ်ဘယ်တန်း ဆွေးနွေးနိုင်ခဲ့ပါတယ် ။ သူတို့လုပ်ချင်တိုင်းလုပ်မရခဲ့တော့ပါဘူး ။ Counterpart အဖြစ် ဆရာကြီးအား
 နဝတက ထည့်ပေးခဲ့ခြင်း ဖြစ်ပါတယ် ။ 

        အဲဒီ အပြင် IAEA အကြီးအကဲ
 Robert Kelley နဲ့လည်း ရင်းနှီးသူဖြစ်ပါတယ် ။ Robert Kelley ဆိုတာ
 ဗီယက်နမ်စစ်ပွဲတွေမှာ မီးလောင်ကြဲချသူနောက်ပြီး 1992 နဲ့ 2001 တွေမှာ အီရတ်က နျူဓာတ်ပေါင်းဖိုတွေကို စစ်ဆေးခဲ့ရတဲ့
 အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ် ။ 

     ဦးသိန်းဦးဖိုးစောဟာ  ညောင်နှစ်ပင်ညီလာခံမှာနိုင်ငံတော်၏ မြေ ၊ သစ်တော ၊ စွမ်းအင် ၊မြေအောက်သတ္တု အရင်းအမြစ်များကို နိုင်ငံတော်မှသာ စီမံခန့်ခွဲသင့်ကြောင်း အဆိုပြုခဲ့သူဖြစ်ပါတယ် ။
 
      နောင်တချိန်မှာ စွမ်းအင် နဲ့ သိပ္ပံအတွက်မြေကို အသုံးချရန် လိုအပ်လာနိုင်မည်ကိုတွက်ဆပြီး နိုင်ငံတော်ကထိမ်းသိမ်းထားစေရန် ရည်ရွယ်ပြီး အဆိုတင်ခဲ့တာဖြစ်ပါတယ် ။ 

      ဒီနေရာမှာ အံ့သြစရာကောင်းတာက
 ဒီနျူစီမံကိန်းကို ဦးသန်းရွှေ တဦးတည်းက
အတင်းလုပ်ချင်နေပြီး ကျန်ဗိုလ်ချုပ်ကြီးတွေကအင်တင်တင် ဖြစ်နေခဲ့ကြပါတယ် ။
မြောက်ကိုရီးယားနဲ့ပူးပေါင်းပြီးလုပ်ဆောင်ရမယ့် နျူကလီးယားစီမံကိန်းဟာ ငွေကုန် ကြေးကျများခြင်း ၊ ရေရှည်ထိမ်းသိမ်းရန် မလွယ်ကူခြင်း တို့ကြောင့် မလုပ်ချင်ကြပါဘူး ။ 

     ဒါပေမယ့် သြဇာကြီးလှတဲ့ အာဏာရှင် ခေါင်းဆောင်ဦးသန်းရွှေရဲ့အစီအမံဆိုတော့
 ဆက်လက်အကောင်အထည် ဖော်နေကြရတာပါပဲ ။ 

    2009 မှာ စိုင်းသိန်းဝင်းဆိုတဲ့သစ္စာဖောက် လောက်ကောင်ဟာ ထိုင်းကို ထွက်ပြေးသွားပါတယ် ။ ကြိုတင် ချိတ်ဆက်ထားတဲ့ BBC မှ သတင်းထောက် မျိုးအေး နှင့် တွေ့ဆုံပြီး ဖွင့်ချခဲ့ပါတယ် ။ 
ခိုးယူလာတဲ့ စာရွက်စာတမ်းများနဲ့ဖော်ကောင် လုပ်ခဲ့ပါတယ်။

     မြန်မာ့တပ်မတော်ရဲ့ ရည်မှန်းချက်ဆိုပြီး  Aljazeera ရုပ်သံကနေ အပိုင်း ၄ ခု ခွဲပြီး 
ထုတ်လွှင့်ခဲ့ပါတယ် ။ သူပါဝင်ခဲ့ရတဲ့ မစ်ဇိုင်းထုတ်လုပ်ရေးအတွက် စက်ပစ္စည်းတွေ စတင်တပ်ဆင်နေပုံ ၊ထုတ်လုပ်နေပုံတွေ နဲ့ အခြားချက်တွေ အားလုံးဖွင့်ချလိုက်ရာမှ ပေါက်ကြားသွားရပါတော့တယ် ။ 

      သစ္စာဖောက် စိုင်းသိန်းဝင်း ရဲ့
 ယုတ်မာကောက်ကျစ်မှုကြောင့် နှစ်ပေါင်းများစွာသိုသိပ်စွာ ကျိုးစားလာခဲ့ရတဲ့ မြန်မာ့တပ်မတော်ရဲ့  လှီု့ဝှက်ချက်တွေပေါက်ကြားသွားခဲ့ရတဲ့ ဂရက်ကြောင့် မြန်မာပြည်ကို 2009 သြဂုတ်လမှာ လာမယ့် အမေရိကန် အမတ် Jim webb ရဲ့ ခရီးစဉ်ကို
ဖျက်သိမ်းရတဲ့ အထိ ဖြစ်ခဲ့ရပါတယ် ။ 

   "ကျနော်စစ်ယူနီဖောင်းဝတ်ရတာကိုအရှက်ရပြီး ပြည်သူတွေရှေ့မှာဒီမြန်မာ့တပ်မတော်ယူနီဖောင်းဟာ ဂုဏ်သိက္ခာ မရှိတော့ပါဘူး ။ ဒါကြောင့် ကျနော်အဲဒီအသိုင်းအဝိုင်းကနေ ဒီလို တိတ်တဆိတ် စွန့်ခွါလာခဲ့ရတာပါပဲ ။ ဒါပေမယ့် စစ်တပ်ရဲ့ အလွန်လှို့ဝှက်လှတဲ့ နျူကလီးယား လုပ်ငန်းကြီးမှာ ပါခဲ့မိတယ် ။ ကျနော် ဒီကို ပြေးမလာမှီ ဒီအကြောင်းကို ဘယ်သူ့ကိုမှ ထုတ်မပြောရဲဘူး ကြောက်တော့ ကြောက်တာပေါ့ "

  လို့ လူယုတ်မာ သစ္စာဖောက်ကထပ်မံပြီး ပြောခဲ့ပါသေးတယ် ။ ဖော်ထုတ်ပြောပြခဲ့တဲ့ ဦးသန်းရွှေရဲ့ လုပ်ဆောင်ထားတဲ့ 
နျူကလီးယား လုပ်ငန်းတွေကတော့ ,,,,,,,,?

      မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...