Thursday, May 27, 2021

ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ (၁)

သိမ်းထားသူတွေ ပျက်ကုန်လို့ ပြန်တင်ပါတယ် ။ မူရင်းဆရာ Myint  Aung Kyaw အတွက် သီးသန့် ရေးထားတဲ့ ပို့စ် မရှိတော့လို့  ဖော်ပြနိုင်ခြင်း မပြုနိုင်တာ ခွင့်လွှတ်ပါဆရာ ။ 

ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( ၁)
=========================
                              
      2004 ခုနှစ်၏ 
နိုင်ငံတော်အဆင့် မိတ်ဆုံစားပွဲ တခုတွင် 
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အတူ 
တဝိုင်းထဲထိုင်၍ အတူစားသောက်နေသော
 ဝန်ကြီး ၂ ပါးကတော့
 ကျောက်ဆည်သား ငယ်သူချင်း ၂ ဦးဖြစ်သူ
 ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်း နဲ့ 
 တံတားဦးမြို့နယ် ဥမင်ရွာသား 
သိပ္ပံနှင့်   နည်းပညာ ဝန်ကြီး ဦးသောင်း
တို့ ဖြစ်ပါတယ် ။ 

     ဒီပွဲရဲ့ မင်းသားကြီး ဖြစ်သူ
သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းသည်ကား
 ခေသူမဟုတ်ပါ ။
 DSA 1 st batch ရဲ့ 
 best cadet ပင် ဖြစ်ပါတော့တယ် ။
 ထွေရာလေးပါးပြောနေရင်း
တပ်ချုပ်ကြီး ဦးသန်းရွှေက 

"ကိုသောင်းရေ 
အနုမြူလက်နက်မရှိတဲ့ ဒို့နိုင်ငံကို 
အနုမြူရှိတဲ့ကောင်တွေက ဗိုလ်ကျတယ်ကွ ။
 ဒါကြောင့် ထန်းသီးလောက်ပဲဖြစ်ဖြစ် ရှိတဲ့
 အနုမြူတလုံး လုပ်စမ်းကွာ"

    ဆိုပြီး ရုတ်တရက်ပြောလိုက်ပါတယ် ။
 ရုတ်တရက် ဒီလို ကောက်ခါငင်ခါ ပြောလိုက်တော့ ဦးသောင်းလည်း
 သောက်စားနေတဲ့ ဝိုင်းဖြစ်နေရကား 
ဗ်ုလ်ချုပ်မှူးကြီး အသောက်များပြီး
 ပြောသလား ဆိုကာ ပုလင်းကိုကြည့်မိတော့လည်း အရာသိပ်မယွင်းသေးကြောင်း တွေ့ရပါတယ် ။ (  ဦးသန်းရွှေဟာ အရက်လုံးဝ မသောက်ဖူးလို့လည်း ကြားဖူးပါတယ် )

       ငယ် သူငယ်ချင်းတွေ ဆုံမိတဲ့ ဝိုင်းမှာ 
 ရီစရာ ပြောတာလား ဘာလား
 ခွဲခြားမရတဲ့ ဦးသောင်း အဖို့
 ဒီစကားဟာ တကယ့်ကို
 ဦးသန်းရွှေရင်ထဲက လာတဲ့ စကားဆိုတာ 
မကြာခင်မှာပဲ သိလိုက်ရပါတော့တယ် ။

       အဲဒီ စကားဝိုင်းပြောခဲ့တဲ့ စားပွဲအပြီးမှာ
 မကြာလှပါဘူး 
ပခုက္ကူခရိုင်  မြိုင်မြို့နယ်ထဲက
 နှမ်းစားကျင်း ဆိုတဲ့ အရပ်ဒေသက
 တောင်ကြိုတောင်ကြားတွေထဲက ယာမြေတွေကို 
လူစိမ်းတွေ ဝင်ထွက်လေ့လာနေပါပြီ ။ 

   ထို့နောက် မြေစာရင်းတွေရုံးမှာ 
အလုပ်ရှုပ်များနေတာ တွေ့ရပြီး
 ရက်ပိုင်း အတွင်းမှာပဲ
 အဆိုပါ တောင်ကြိုကြားက စိုက်ပျိုးနေတဲ့
 ယာမြေတွေကို မြေသိမ်းမိန့် ထုတ်ပြန်ပြီး 
တရားဝင် သိမ်းပစ်ပါတယ် ။ 

မူလစိုက်ပျိုးနေတဲ့ တောင်သူတွေကို 
ထွက်ခွါသွားစေခဲ့ပါတယ် 
( လယ်ယာမြေ လျှော်ကြေးပေး မပေး
 မူလပို့စ် မှာ ရေးမထားပါ)

 အဲဒီလို ဒေသခံတွေ
 ထွက်ခွာသွားပြီးတဲ့ နောက်မှာတော့ 
အင်မတန်တောခေါင်လှတဲ့ 
နှမ်းစားကျင်းတောင်ကြားလေး ဆီသို့
 ခေတ်မှီယန္တရားကြီးတွေ အစီးပေါင်းများစွာ ဟာ 
ရုတ်ချည်း အုပ်စုလိုက် ရောက်လာကြပါတယ် ။ 

        များပြား ကြီးမားလှတဲ့ ယန္တရား တွေဟာ
 လမ်းတွေဖောက်တဲ့ သူကဖောက်
 လျှပ်စစ်သွယ်တန်းမှုတွေ လုပ်သူကလုပ် 
အဆောက်အဦးတွေ တည်ဆောက်သူက
 တည်ဆောက်ကြနဲ့ 
ပန်းပျားခပ်အောင် များပြားလှတဲ့
 ယန္တရားအင်အား လုပ်သားအင်အားတွေ နဲ့ 
လုပ်ကိုင်နေကြတာကို တွေ့ကြရပါတယ် ။ 

        အဲဒီလောက် အင်အားကြီးနဲ့
 ကြိုးစားလုပ်နေတဲ့ အဆောက်အဦးတွေဟာ
 ၂ နှစ်အကြာမှ ရုပ်လုံးပေါ်လာပါတယ် ။ 
ဒါကြောင့် စက်ရုံရဲ့ အရွယ်အစား နဲ့ 
အရေအတွက် ပမာဏကို ခန့်မှန်းကြည့်လို့ ရနိုင်ပါပြီ ။ 

     ယန္တရားကြီးတွေ ပြန်လည်ဆုတ်ခွာသွားကြပေပြီ ။ အလုပ်သမားတွေလည်း ပြန်ကြလေပြီ ။ 
အဲဒီ  တောင်ကြိုကြားနေရာမှာတော့ 
အမျိုးအမည်မသိရတဲ့ မည်သူမျှဝင်ခွင့်မရှိသော
 တားမြစ်နယ်မြေ တခုနဲ့ စက်ရုံသစ်ကြီး ထီးထီးမားမား ကြီးကြီးထွားထွား ပေါ်ထွက်ခဲ့ရချေပါပြီ  

      သိုသိပ်ပိရိစွာ တည်ဆောက်ထားတဲ့
 စက်ရုံကြီး အကြောင်းကို
 2009 မှာ တစွန်းတစ သိခွင့်ရလိုက်တဲ့ 
ကမ္ဘာ့သတင်းလောက လှုပ်ခတ်သွားတဲ့ 
သတင်းတပုဒ်အဖြစ်  ထွက်ပေါ်လာခဲ့ရပါတယ် ။ 

    သတင်းဇစ်မြစ်ကတော့
 2009 ခုနှစ်မှာ အမေရိကန် နိုင်ငံကို ခိုလှုံသွားတဲ့ 
တပ်မတော်အင်ဂျင်နီယာ ဗိုလ်မှူးစိုင်းသိန်းဝင်း ဆိုတဲ့
 ပြည်တွင်းသစ္စာဖောက်ဆီက
 သတင်း နဲ့ ဓာတ်ပုံတွေကြောင့်ပါပဲ ။
 စက်ရုံအတွင်းပိုင်းမှာ ကိုရီးယားစာတွေ နဲ့
 ခေတ်မှီစက်ကရိယာ အစိတ်အပိုင်းတွေ
 တွေ့မြင်ရပြီး ကမ္ဘာ့သတင်း ဖြစ်သွားရတာပါပဲ ။ 

   ကျနော်တို့ အတိတ်ကို ပြန်သွားကြည့်ရပါအုံးမယ် ။ 2004 ခုနှစ်မှာ ဦးသန်းရွှေဟာ
 ဦးခင်ညွှန့်ဦးဆောင်တဲ့ ထောက်လှမ်းရေးအဖွဲ့ကြီးကို ဖျက်သိမ်းလိုက်ပါတယ်  ။ 
ထို့နောက် တပ်မတော်ထဲမှာရော 
အစိုးရအဖွဲ့ထဲမှာပါ မိမိအား လုံးဝပြန်မလှန်ရဲသည့် 
သစ္စာခံများကို ရာထူးများ တိုးပေးပြီး 
အကြွင်းမဲ့ အာဏာရှင်စနစ် ပုံသွင်းပါတော့တယ် ။ 

      ဦးသန်းရွှေဟာ မဟာမိတ်နိုင်ငံအဖြစ်
 အမာခံအနေနဲ့ တရုတ်ကိုသာ 
အားပြုပေါင်းသင်းနေရတဲ့ အခြေအနေကို 
သေဘာမက်ပါဘူး ။ 
ကြာလေ တရုတ်တွေရဲ့ 
နိုင်ထက်စီးနင်း အခြေအနေက
 ပိုဆိုးလာလေ ဖြစ်မယ်ဆိုတာကို
 တွက်ဆနိုင်ခဲ့ပါတယ်  ။

     အဲဒါကြောင့် မိတ်ဖက်အသစ်ရှာပြီး 
တရုတ်တနိုင်ငံတည်းအား အားပြုနေရတဲ့
 အနေအထားကို ပြောင်းလဲပြီး 
တရုတ်ရဲ့ အခန်းကဏ္ဍ ကို လျှော့ချနိုင်ဖို့ 
ကြိုးစားလာပါတယ် ။ 
အနောက်အုပ်စုရဲ့  ဖိအားနဲ့ ပြစ်တင်မှုတွေ
 လျော့ချနိုင်စေရန် တရုတ်နဲ့ ခပ်ခွါခွါ ဆက်ဆံနိုင်ဖို့ 
မဟာဗျူဟာ ချမှတ်ပြီး 
မဟာမိတ်အသစ် ရှာဖွေနေပါပြီ ။ 

     အဲဒီမှာ အသင့်တော်ဆုံးလို့ ယူဆရတဲ့
 မြောက်ကိုရီးယားကို ရွေးချယ်လိုက်ပါတယ် ။
 မြောက်ကိုရီးယားဟာ
 အာဏာရှင်စနစ်ကျင့်သုံးနေတဲ့နိုင်ငံဖြစ်ပါတယ် ။ 
လက်နက်နည်းပညာ ထွန်းကားတိုးတက်သလောက် စားနပ်ရိက္ခာရှားပါးလွန်းတဲ့ တိုင်းပြည်ပါပဲ ။

    သူတို့က စားနပ်ရိက္ခာလိုအပ်တယ်။
 မြန်မာတို့ကလည်း ဘက်စုံသုံးတိုက်ခိုက်ရေး 
စစ်လက်နက်တွေ လိုအပ်နေတယ် ။ 
ဒါကြောင့် သူလိုတာ ကိုယ်ပေး 
ကိုယ်လိုတာ သူပေးဆိုတဲ့ စနစ်နဲ့ 
 နှစ်နိုင်ငံလုံး အဆင်ပြေမယ့် Win - Win ပေါ်လစီ
 စတင်ပါတော့မယ် ။ 

     ဒီနေရာမှာ မြောက်ကိုရီးယားရဲ့ 
 အာဏာရှင်စနစ် တည်တံ့ရေးအတွက်
 လုပ်ဆောင်ချက်တွေကို ကြည့်ပါ ။ 
1948 မှာ လွတ်လပ်ရေးရခဲ့တဲ့
 မြောက်ကိုးရီးယားဟာ
 မာ့က်စ် လီနင် ဝါဒကို ကျင့်သုံးပါတယ်။ 

 ကင်အီဆွန်းဟာ ပါတီဥက္ကဌ ၊ နိုင်ငံတော်အကြီးအကဲ
ကာကွယ်ရေးကော်မရှင် အဓိပတိ စတဲ့ 
ရာထူးတွေ နဲ့ အာဏာရာသက်ပန်ရယူဖို့ 
 ခြေ / ဥ ရေးဆွဲထားပါတယ် ။ 
အဲဒီခြေ / ဥ ကတော့ ဂျူချီ ( Juche) လို့
 ခေါ်ပါတယ် ။ 

     အခန်း ၇ ခန်းပါဝင်ပြီး 
ပုဒ်မ ၆၉ ခု ပါတဲ့ ဒီခြေ / ဥ ကို 
1992 မှ 2019 ထိ ၈ ကြိမ် ပြင်ဆင်ထားပါတယ် ။ ဒီခြေ / ဥ ကြောင့်ပဲ 
ကင်အီဆွန်းရဲ့ မျိုးဆက်တွေပဲ
 တဦးတည်းသော အာဏာရှင်အဖြစ် 
ယနေ့တိုင် ချုပ်ကိုင်ထားနိုင်တာ ဖြစ်ပါတယ် ။

  နောက် ကိုရီးယား ၂ နိုင်ငံနဲ့ ဂျပန်တို့ဟာ
 နိုင်ငံရေး တည်ငြိမ်တာ တွေ့ရပါမယ် ။
လေ့လာသူများရဲ့  အဆိုအရ  နိုင်ငံရေးတည်ငြိမ်တာ ဘာသာရေး ပဋိပက္ခ မရှိလို့ဆိုပြီး ပြောပါတယ် ။ 

     သူတို့ရဲ့ ဘာသာရေးကိုးကွယ်မှုက 
ဘာသာမဲ့ 60 % နဲ့ 
 Koream shamanism 16 %: ရှိပြီး
 ကျန်ဘာသာဝင်ဘအနည်းငယ် နဲ့
မွှတ် မရှိသလောက် နည်းပါသတဲ့ ။ 
အဲဒါကြောင့် နိုင်ငံရေး တည်ငြိမ်သတဲ့
 လေ့လာကြည့်ပါ ။

     2004 ညစာ စားပွဲမှာ
 ထန်းသီးလုံးလောက် အနုမြူစိတ်ကူးယဉ်ပြတာဟာ တိုင်းပြည်အတွက် ပါသလို
 သူ့အတွက် ပုဂ္ဂိုလ်ရေး လိုအပ်ချက်လည်း
 ပါတယ်လို့ ဆိုကြပါတယ် ။ 
အဲဒါကတော့ ဘာလဲ ဆိုတော့ 
 ဦးသန်းရွှေရဲ့ အိပ်မပျော်ဖြစ်ခဲ့ရတဲ့ 
အတိတ်က လုပ်ရပ်အကြောင်း နဲ့ 
ဆက်နွယ်နေပါတယ် ။ 

     ဦးသန်းရွှေ အတွက် 
အတိတ်ရဲ့ အရိပ်မည်းက ဘာတွေလည်း ဆိုတော့ ....

(တဆက်တည်း ဖတ်ကြည့်လျှင် ပိုမိုပြည့်စုံပြီး ဒီအကောင့်မှာ  မဖတ်ဖူးတဲ့ မိတ်ဆွေတွေ ရှိနေလို့ ပြန်တင်ပေးလိုက်ပါတယ် ။ ဖတ်ဖူးသူများ သည်းခံပေးပါ ခင်ဗျာ တပ်မတော်အပေါ် ချစ်ခင်နားလည်လာသူ တဦးတယောက် တိုးပွါးလာလျှင်လည်း အမြတ်ဟု သဘောထား၍ တင်ခွင့်ပြုပါ ဗျာ )

        မျိုးဝင်း




No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...