Sunday, May 30, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (4)



      ကွန်မြူနစ် နဲ့ ဗိုလ်ချုပ် အကွဲအပြဲက ဒီလိုဗျ ။ ဖက်ဆစ်ဆန့်ကျင်ရေးမှာ မူလတုန်းက ဗိုလ်ချုပ်က မပါခဲ့ပေမယ့် ဖက်ဆစ်တို့ လက်နက်ချရန် လေးလခွဲ ငါးလ အလိုလောက်မှာ ပူးပေါင်းလာပါတယ် ။ ဖဆပလ ဖွဲ့တော့ ဗိုလ်ချုပ်က စစ်ရေးခေါင်းဆောင် ၊ သခင်စိုးက နိုင်ငံရေးခေါင်းဆောင် ၊ သခင်သန်းထွန်းက အတွင်းရေးမှူးဆိုပြီး ပေါင်းလုပ်ကြပါတယ် ။ 

        ဖက်ဆစ်တွေ လက်နက်ချတော့ ဗိုလ်ချုပ်က သူနိုင်ငံရေး ခေါင်းဆောင်လုပ်မယ်ဆိုပြီး သခင်စိုးနေရာကို ယူပါတယ် ။ နောက် ဦးနု တို့ ဦးကျော်ငြိမ်းတို့ကို နေရာပေးလာတယ် ။ ကွန်မြူနစ်တွေကို ဖယ်ရှားလာစပြုပါတယ် ။ 

         ဖဆပလ နဲ့ ဗိုလ်ချုပ် အာဏာရပြီးနောက် ကွန်မြူနစ်တွေက အာဏာမရခင် သဘောထားနဲ့ ဆန့်ကျင်သွားတဲ့ ဗိုလ်ချုပ်ကို ဝေဖန်ကြပါတယ် ။ အဲဒါကို ပြေလည်အောင် မဖြေရှင်းပဲ ပြည်သူတွေနဲ့ ရန်တိုက်ပေးတယ်ဆိုပြီး ဗိုလ်ချုပ်က ကွန်မြူနစ်တွေကို ဖဆပလ ကနေ ထုတ်လိုက်ပါတယ် ။ 

          သူ့ကို လက်တွဲခေါ်လာတဲ့ ကွန်မြူနစ်တွေကို ဒီလိုလုပ်တာရယ် စိတ်ထားပြောင်းသွားတာရယ်ကြောင့် ကိုဗဟိန်းဟာ ဗိုလ်ချုပ်ကို အလွန်အမင်း စိတ်နာသွားပါတယ် ။ 

         ကွန်မြူနစ်တို့ရဲ့ ဆရာကြီး သခင်ဗဟိန်းက ဆေးရုံတက်နေရချိန် ဝေဒနာ အပြင်းအထန် ခံစားနေရတုန်း ဗိုလ်ချုပ်က လူနာလာမေးပါတယ် ။ 

"အောင်ဆန်း သစ္စာဖောက် မင်းမျက်နှာ ငါမမြင်ချင်ဘူး ''

       အဲသလို တောက်တောက်ခါးခါး ပြောလွှတ်လိုက်ပါတယ် ။ စိတ်နာမှုက မပြေပြောက်နိုင်ပဲ သူသေခါနီး မှာ အောင်ဆန်းဆိုတာ မျက်နှာကိုတောင် မကြည့်သင့်တော့တဲ့ လူတဦးအဖြစ် သူ့ရဲဘော်တွေ နဲ့ ပြည်သူတွေကို အသိပေးပြီး သူ့အသုဘမှာ အောင်ဆန်းမလာစေနဲ့ လို့ နာနာကျည်းကျည်း မှာကြားခဲ့ပါတယ် ။ 

         အဲဒီအချိန်မှာ ဂဠုန်ဦးစောတို့က ဘုရင်ခံကောင်စီကနေ နုတ်ထွက်ပြီး ခါးပိုက်ဆောင်တပ်တွေ ထူထောင်ထားပါတယ် ။ ဗိုလ်ချုပ်က ပြည်သူ့ရဲဘော် ၊ ဒေါက်တာဘမော်က ဓားမ ၊ အစရှိတဲ့ ကိုယ်ပိုင်တပ်တွေ နဲ့ အကွဲကွဲအပြားပြား ဖြစ်နေချိန်မှာ ဦးစောတယောက် လုပ်ကြံခံရပါတယ် ။

      သူ့ကားကို စစ်ကားတစီးက ကျော်တက်ပြီး ပြည်သူ့ရဲဘော် ယူနီဖောင်းနဲ့ လူတွေက သေနတ်နဲ့ ပစ်ပါတယ် ။ ကားမှန်ကိုသာ ထိမှန်ပြီး မှန်စက ဦးစောမျက်လုံးကို ထိသွားပါတယ် ။ 

      ဦးစောဟာ သူ့ကို ဗိုလ်ချုပ်တပည့်တွေ လုပ်ကြံတာ ဗိုလ်ချုပ်ခိုင်းလို့ ဆိုပြီး တထစ်ချ စွတ်စွဲပါတယ် ။ ဗိုလ်ချုပ်က မဟုတ်ကြောင်း ပြောတော့ တရားခံရှာခိုင်းတယ် ၊ မမိဖူးဖြစ်နေလို့ ဗိုလ်ချုပ်ပဲလို့ ထပ်စွတ်စွဲပါတယ် ။

    နောင်ကာလကြာမှ ရန်ကုန်ဗဆွေက သူပစ်တာလို့ ဝန်ခံခဲ့ပါတယ် ။ သူဝန်ခံတဲ့ အချိန်မှာ အားလုံး လက်လွန်ကုန်ပါပြီ ။ နိုင်ငံရေး သမိုင်းတကွေ့ ဖြစ်ထွန်းသွားရပါပြီ ။ 

       ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှ ဦးနုလည်း ဝန်ကြီးချုပ်ဖြစ်လာပါတယ် ။ အဲဒီကျမှ ဗိုလ်ချုပ်ပေးခဲ့တဲ့ စီးကရက်ဗူး နဲ့ ရွှေတွေကို ဒေါ်ခင်ကြည့်ထံပေးအပ်ပြီး ရောင်းချကာ ကုသိုလ်လုပ်ခဲ့ကြရပါတယ် ။ 

         ဒီလိုနဲ့ ဦးနုလက်ထက်မှာ နု အက်တလီ စာချုပ် ချုပ်ဆိုပြီး လွတ်လပ်ရေး ရယူနိုင်ခဲ့ပါတယ် ။
တပ်မတော်ရဲ့ကဏ္ဍဟာ နိုင်ငံရေးလမ်းစဥ်အောက်မှာ မပေါ်လွင်ပါဘူး ၊ ဦးနေဝင်းတောင် ပျဥ်းမနား တပ်ရင်း ၄ မှာ ပဲ ငြိမ်နေရတဲ့ အနေအထားပါ ပဲ ။ 

      လွတ်လပ်ရေး ရပြီးနောက် ဦးနုဟာ ဗိုလ်ချုပ်ကြောင့် အဆင်မပြေဖြစ်ခဲ့ရတဲ့ ကွန်မြူနစ်တွေကို ရန်သူအဖြစ် ကြေညာခဲ့ပြီး ပြည်တွင်းစစ်မီး စတင်မွှေးခဲ့ပါတယ် ။ ( 1989-  ဗကပ ပြိုကွဲချိန်ကျမှ ပြည်တွင်းစစ်ဟာ ဖဆပလကြောင့် ပေါ်ပေါက်လာကြောင်း ဝန်ခံပြောကြားသွားပါတယ်)

          ဦးနုလက်ထက်မှာ ပထမဆုံး တပ်ချုပ်ကြီးဟာ ကရင်လူမျိုး ဗိုလ်ချုပ်စမစ်ဒွန်း ဖြစ်ပါတယ် ။ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရေးသမားတွေ သွေးစည်းမှု မရှိတဲ့ အတွက် အရေးပါလာရပါပြီ ။ 

      ပြည်တွင်းဆူပူမှုတွေကြောင့် ကရင်လူမျိုး စမစ်ဒွန်းနေရာမှာ ဦးနေဝင်းကို ခန့်အပ်ခဲ့ပါတယ် ။ ဦးနေဝင်းအတွက် စောင့်ကြိုနေတဲ့ ပြဿနာတွေကို မြင်သာအောင် တင်ပြပါမယ် ။ 

28-3-1948 ...ဗကပ 

26-6-1948 ...ရဲဘော်ဖြူ သနက ၁. ၃. ၆

19-8-1948 ...MNDO မွန်

20-8-1948 ...ကရင် မော်ချီးသိမ်း

1-9-!948 ...မော်လမြိုင်

1949-နှစ်စ... ဖြူး တောင်ငူ KNDO

28-1-1949 ... ပုသိမ်

2-2-1949 .....မိတ္ထီလာ ၊ မေမြို့

12-3-1949 .... မန္တလေး 

       အဲဒီအချိန်က ဗိုလ်ချုပ်နေဝင်း လက်ထဲမှာ တပ်အင်အား ၂၀၀၀ ပဲ ကျန်တော့တယ် ။ 

    ဗကပ မှာ ၂၅၀၀ မှ ၃၀၀၀ 

   အခြားတိုင်းရင်းသားတွေ မှာ ၁၇၀၀၀ ခန့်  သောင်းကျန်းသူ စုစုပေါင်း အင်အား ၂၀၀၀၀ ခန့် ကို တပ်မတော်အင်အား ၂၀၀၀ နဲ့ ဦးနေဝင်း ဘယ်လိုပြန်တိုက်မလဲ တွေးကြည့်ရင် ရူးချင်စရာ အခြေအနေပါပဲ ။ 

       လက်နက်ခဲယမ်း မရှိတော့ဘူး ။ ဖဆပလ အစိုးရမှာ ငွေရှိတာတောင် ဘယ်သူမှ ရောင်းမပေးကြဖူး ။ ကွန်မြူနစ်တွေက ရှင်းတယ် ဗကပ ဆိုတာ သူတို့လူမို့လို့ပဲ မရောင်းပေးတာ ။ အနောက်အုပ်စုကလည်း မြန်မာပြည် ပျက်လည်းအေးရောဆိုပြီး မရောင်းကြတာ ။ 

      လက်လုပ်ဗုံးတွေ နဲ့ ဖြစ်သလို တိုက်နေရတဲ့ ဦးနေဝင်းအတွက် လက်နက်ခဲယမ်းဟာ အသက်ဖြစ်နေပါပြီ ။ အဲဒီအချိန်မှာ ဦးနုရဲ့ မိတ္တဗလနီကာ က အကျိုးပေးခဲ့ပါတယ် ။ အရှေ့အုပ်စုရော အနောက်အုပ်စုကပါ ညစ်ပတ်နေတဲ့ ဖဆပလ အစိုးရကို အိန္ဒိယက ခေါင်ဆောင်ပြီး နေရူးက ကယ်တင်ခဲ့ပါတယ် ။ 

     အိန္ဒိယကနေ လက်နက်ခဲယမ်း ရလာတာ နဲ့ မြန်မာ့တပ်မတော်ဟာ အစွမ်းကုန် တိုက်ပါတော့တယ် ။

         ဒီကနေ့ ဘုမသိ ဘမသိ ဆဲနေကြတဲ့ မြန်မာ့တပ်မတော်ဟာ ရောင်စုံသောင်းကျန်းသူတွေကို ဘယ်လို ခဲရာခဲဆစ် တိုက်ခဲ့ကြရသလဲ  ? တနိုင်ငံလုံး အနှံ့ သိမ်းပိုက်ထားတဲ့ မိမိထက် အင်အား ဆယ်ဆ များနေတဲ့ ရန်သူတွေကို ဂျပန်ပြန် ဗိုလ်နေဝင်း ဘယ်လို အနိုင်ယူခဲ့ကြသလဲ ဆိုတာ ပုံပြင်မဟုတ်တဲ့ မြန်မာ့တပ်မတော်ရဲ့ တိုက်စွမ်းရည် အစစ်အမှန်တွေကို မြင်တွေ့ရပါပြီ ။ 

           မြန်မာ့တပ်မတော်ဟာ ဦးစွာ ရန်ကုန်ရှိ ကရင်တပ်တွေကို ရှင်းထုတ်ရပါတယ် ။ စစ်ကူလမ်းကြောင်းကို စနစ်တကျ ပိတ်ဆို့တားမြစ်ထားနိုင်ခြင်း ၊ မြို့တွင်းတိုက်ပွဲအား ကျွမ်းကျင်သော ဗိုလ်နေဝင်းရဲ့ ဗျူဟာများကြောင့် ရန်ကုန်မြို့ကြီးဟာ တကယ်ကို ရန်တွေကုန်သွားရပါတယ် ။     

      မပြီးသတ်သေးတဲ့ အခြားဒေသတွေကိုလည်း နည်းဗျူဟာ ကျကျ ရဲစွမ်းသတ္တိရှိရှိ လက်တွဲညီညီ စနစ်တကျ တိုက်ခိုက်ကြရာမှာ သောင်းကျန်းသူတွေဟာ တစတစ ဆုံးရှုံးလာရပါတယ် ။ 

      အင်အား ၂၀၀၀၀ ရှိတဲ့ ရောင်စုံသောင်းကျန်းသူတွေဟာ တဖွဲ့နဲ့ တဖွဲ့ ချိတ်ဆက်မှု မရှိ ပူးပေါင်းမှု မရှိ  အမိန့်နာခံမှု အားနည်းစွာ နဲ့ သူတလူ ငါတမင်း တိုက်ခိုက်နေကြရာ စုစည်းကျစ်လစ် စနစ်ကျ စွမ်းရည်မြင့်လှတဲ့ အင်အား ၂၀၀၀ သာရှိတဲ့ မြန်မာ့တပ်မတော်ရဲ့ ချေမှုံးခြင်းကို မရှုမလှ ခံသွားကြရပါတယ် ။ 

       အဲဒီအချိန်မှာပဲ မြန်မာ့တပ်မတော်အတွက် အန္တရာယ်ကြီးတရပ်က ပေါ်ပေါက်လာခဲ့ရပြန်ပါပြီ ။ 

       ရောင်စုံသောင်းကျန်းသူတွေကို နှိမ်နင်းရင်း စစ်သားစုဆောင်းခဲ့ရာမှာ လေ့ကျင့်ရင်းတိုက်  တိုက်ရင်းလေ့ကျင့် ခဲ့ရတဲ့ မြန်မာ့တပ်မတော်အတွက် နောက်ထပ် အင်အားကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ် ။ 

     အဲဒါကတော့ ပြည်ပရန်ဖြစ်တဲ့ တရုတ်ဖြူကျူးကျော်မှုပါပဲ ။ တရုတ်ဖြူတပ် (ချန်ကေရှိတ်) တွေဟာ မော်စီတုံးကို ရှုံးပြီးနောက် ထိုင်ဝမ်ကို ထွက်ပြေးရပါတယ် ။ 

    အမေရိကန်ရဲ့ မြှောက်ပေးမှုနဲ့ မြန်မာကို ခြေကုတ်ယူပြီး တရုတ်ကို ပြန်တိုက်ဖို့ စီစဥ်လာကြပါတယ် ။ ​မော်စီတုံးတရုတ်ကို တိုက်ဖို့ စီစဥ်လာတဲ့  ချန်ကေရှိတ်ရဲ့ အင်အားကို တွက်ဆကြည့်မိရင် ရင်ခုန်ကြမှာပါ ။ 

      သန်း တထောင်လောက်ရှိတဲ့ နိုင်ငံကို စစ်ပြုဖို့ ပြင်ဆင်လာတဲ့ တပ်မတော်တခုကို သန်း ၃၀ လောက်ရှိတဲ့ အပိုင်းပိုင်းကွဲနေတဲ့ နိုင်ငံပေါက်စရဲ့ တပ်မတော်သေးသေးလေးက ဘယ်လိုရင်ဆိုင်ကြမလဲ တွေးကြည့်ကြပါအုံး ။ 

      မကြောက်မရွံ့ တိုက်တတ်ခိုက်တတ်တဲ့ ဗီဇသွေး ပါလာတဲ့ မြန်မာ့တပ်မတော်ကတော့ အဲဒါတွေ တွေးမနေကြပါဘူး ။ အမိမြေကိုကျူးကျော်လာရင် သေးသေးကြီးကြီး အသက်ပေးတိုက်ဖို့ အသင့်ရှိနေပါပြီ ။ 

     တသက်လုံးကောင်းကျိုးမပေးခဲ့တဲ့ အမေရိကန်တို့ရဲ့ ယုတ်မာမှုနဲ့ မြန်မာတပ်မတော်ဟာ တိုက်ပွဲကြီးတွေ ဆင်နွဲရပြန်ပါပြီ ။

        မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...