Thursday, May 27, 2021

ပြုံယမ်း မှ နေပြည်တော်၏ အနာဂတ် သို့ (၇)



  2007 ဧပြီလထဲမှာ ရန်ကုန်ရှိ Nikko ဟိုတယ်၌ မြန်မာနိုင်ငံခြားရေးဒုဝန်ကြီး နဲ့
မြောက်ကိုရီးယား နိုင်ငံခြားရေး ဒုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးကြပြီး နှစ်နိုင်ငံသံရုံးများပြန်လည်ဖွင့်လှစ်ဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ် ။ 

    အနောက်အုပ်စုနဲ့ အမေရိကန်တို့ဟာ 
တရုတ်ကျောထောက်နောက်ခံ တခုတည်းနဲ့တောင် သူတို့ထိမ်းချုပ်ချင်သလို ဖြစ်မလာတဲ့ ခေါင်းကျောမာသော မြန်မာ့တပ်မတော် ဗိုလ်ချုပ်ကြီးတွေကို စောင့်ကြည့်နေဆဲမှာပဲ မြန်မာတွေက ဒီလို ကမ္ဘာ့မီးခဲနဲ့ ပြန်ပြီး ရွှေလက်တွဲပြလိုက်တော့ ဆွေ့ဆွေ့ခုန်လေပြီ ။ 

   ဒီလိုနဲ့ အာဏာရှင်ပိုင်နိုင်ငံတွေရဲ့ အစိုးရတွေက မာမာချာချာ ရှိနေရကားအနောက်အုပ်စု နဲ့ အမေရိကန်တို့ဟာ
မြန်မာဗိုလ်ချုပ်ကြီးတွေ နဲ့ ပြုံယမ်းအပေါ် 
ယခင်ကထက်တင်းကျပ်စေ့စပ်စွာစောင့်ကြည့်ခြင်း နှင့် လေသေနတ် နဲ့ ပေါက်ပေါက်ဖောက်ခြင်း တို့လောက်ပဲ လုပ်ပြနိုင်ပါတော့တယ် ။

   21 - 7 - 2009 မှာ ဘန်ကောက်၌ ကျင်းပသော အာဆီယံညီလာခံတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က 

 "မြောက်ကိုရီးယားတို့ထံမှ
 နျူကလီးယားလက်နက်နည်းပညာများကို
 မြန်မာသို့တင်ပို့နေခြင်းကို ရပ်ဆိုင်းဖို့ အချိန်ရောက်ပြီ။  မြန်မာကို နျူလက်နက်ကူညီနေခြင်းသည် မိမိမိတ်ဆွေနိုင်ငံငယ်များကို ခြိမ်းခြောက်နေယုံမက
ဒေသတွင်းမှာပါ အန္တရာယ်ရှိနိုင်သည်ဖြစ်၍
မြန်မာစစ်အစိုးရအနေဖြင့် ကျင့်ဝတ်ကတိများလိုက်နာသင့်ပေသည် ။ ဤသို့မဟုတ်ပဲ  မိမိသဘောအတိုင်းမြန်မာစစ်အစိုးရအနေဖြင့်ရှေ့ဆက်သွားနေပါက အမေရိကန် မြန်မာ ဆက်ဆံရေးမှာ ရှေ့ဆက်လို့ မဖြစ်နိုင်ပါ "

      ဆိုပြီး တင်းမာစွာ မိန့်ခွန်းပြောသွားပါတယ် ။ဟီလာရင် ကလင်တန် မိန့်ခွန်းပြောသွားတဲ့ အချိန်မတိုင်မီက မြန်မာပြည်မှာ 
နိုင်ငံရေး ပြဿနာတခုဖြစ်ခဲ့ပါတယ် ။ 
အဲဒါကတော့ နာမည်ကျော် John Yettaw ရဲ့ ရေကူးပြီး ဒေါ်စုကြည်ထံ လာတွေ့ကာ ၂ ည အိပ် ၃ ရက် နေသွားတဲ့ ပြဿနာဖြစ်ပါတယ် ။ 

   ရေကူးချန်ပီယံကို ထောင် ၇ နှစ် ချမှတ်ထားရာ ၃ လအကြာမှာ ဖြစ်ပါတယ် ။ 
အမေရိကန် အစိုးရက လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေပေမယ့်စစ်တုရင် ကစားသလို သူ့အကွက်ထဲ မဝင်မချင်း စိတ်ရှည်လက်ရှည် စောင့်နေတဲ့ 
စစ်တုရင် ချန်ပီယံ အညာသားကြီးကတော့ 
နားမလည်သလိုလို မကြားလိုက်သလိုလို နဲ့ 
ရူးချင်ဟန်ဆောင်နေပါတော့တယ် ။ 

     ဒေါ်စုကြည်ကို ထပ်မံတရားစွဲခြင်း နဲ့ 
အဲဒီရေကူးသမား ကိစ္စကို မကျေနပ်ဖြစ်နေတဲ့ အမေရိကန်တို့ဟာယခုလို အာဆီယံအစည်းအဝေးမှာ မြန်မာကို ခြိမ်းခြောက်ခဲ့တာပါ ။ 

   အဲဒီချိန်က Axles of evil  မိစ္ဆာဝန်ရိုးတန်း နိုင်ငံများ ( အီရန်  အီရတ်  ကျူးဘား  ဆီးရီးယား  မြောက်ကိုးရီးယား  ဘယ်လာရုစ် ) ဆိုပြီး သတ်မှတ်ထားတဲ့ အဲဒီ နိုင်ငံ ၆ ခုကို နျူလက်နက်များနဲ့ ဆက်နွယ်သောပစ္စည်းများအား ဆက်သွယ်ဆောင်ရွက်ခြင်းကို ကုလသမဂ္ဂ၏ ခွင့်ပြုချက်မရပဲ မလုပ်ရဆိုပြီး ကန့်သတ်ထားချိန်ဖြစ်ပါတယ် ။ 

       အဲဒီလို အမေရိကန်က နျူနဲ့ ပါတ်သပ်ပြီး သတိပေးကာ ဖိအားပေးလိုက်တော့ ဂျာမဏီကလည်း သူတို့ ရောင်းပေးထားတဲ့
 DMG ကုမ္ပဏီက CNC စက်အသစ်တွေရဲ့ 
ထုတ်ကုန်တွေက ဘာတွေလဲ ဆိုတာ 
လာစစ်ဆေးမယ်လို့ ကြေညာပါတယ် ။ 

      တကယ်တန်းကျတော့ မြန်မာက 
CNC တွေရဲ့တပ်ဆင်ပုံအသုံးပြုပုံ ထိမ်းသိမ်းပုံတွေကို စတင်သင်ယူကတည်းက ရုရှားပြန် စစ်ဘက်ပညာတော်သင်များကသာသင်ယူခဲ့ကြတာပါ ဂျာမဏီတွေသင်ပေးပြီး ပြန်သွားတာနဲ့ မစ်ဇိုင်းထိပ်ဖူး စိတ်အပိုင်းတွေကို ထုတ်လုပ်တာပါပဲ ။ ဒါလုပ်ချင်လို့ ခေါ်ထားတာကိုး ။

        ဦးသန်းရွှေဟာ အင်မတန်ပါးနပ်လွန်းသူဆိုတာ ဒီကိစ္စမှာ တချက်ပေါ်လွင်လာပါတယ် ။ ဂျာမဏီ ကောင်ဆယ်လာ လာရောက်စစ်ဆေးတဲ့ 2009 မှာ အဲဒီ လျို့ဝှက် စက်ရုံတွေထဲမှာပဲ ဂျာမဏီတွေကို မူလ ဝယ်စဉ်က  ထုတ်လုပ်ပါမယ်လို့ ပြောထားတဲ့ အရပ်ဘက်သုံး ပစ္စည်းတွေ 
ထုတ်ပြနိုင်တော့ ကျေနပ်အားရစွာ ပြန်သွားရပါတယ်။

   သစ္စာဖောက် စိုင်းသိန်းဝင်းတို့တောင် မသိလိုက်ပဲ အဲလိုဖော်ရှိုးပစ္စည်းတွေကို ထုတ်ခိုင်းထားတဲ့ ဘရွှေရဲ့ ပညာစွမ်းကတော့ 
အတွင်းသစ္စာဖောက် လောက်ကောက်တောင် ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ် ။

  ကုလသမဂ္ဂရဲ့  ဆုံးဖြတ်ချက် 1718/ 2006 အရ မြောက်ကိုရီးယား အနေနဲ့ နျူနဲ့ ဆက်နွယ်တဲ့ ပစ္စည်းတွေကို ပေးပို့ရောင်းချလို့ မရပါဘူး ။ ဒါပေမယ့် အင်မတန်လည်တဲ့ မြောက်ကိုရီးယား နဲ့ 
အင်မတန်ပါးနပ်တဲ့ ဦးသန်းရွှေတို့ဟာ 
ကမ္ဘာကို လှည့်စားပြီး နျူပစ္စည်းတွေ 
အမြောက်အများ ရအောင် သယ်ယူကြပါတယ် ။ 

          သယ်ပုံတွေကတော့ မြောက်ကိုးရီးယား ဖက်ကနေ တာဝန်ယူရတာက Chilgol မြို့မှာရှိတဲ့  NCG ကုမ္ပဏီကနေ
 တင်ပို့ပေးရပါတယ် ။ NCG ဟာ ပြုံယမ်းအနုမြူစွမ်းအင်ဗျူရိုရဲ့ ဌာနခွဲတခုပါ ။ 

ဆီးရီးယားနိုင်ငံထဲမှာ အစ္စရေးတို့ ဗုံးကြဲဖျက်ဆီးခဲ့ရတဲ့ နျူဓာတ်ပေါင်းဖိုကို တည်ဆောက်ပေးခဲ့ရတဲ့ ကုမ္ပဏီဖြစ်ပါတယ် ။ 

   ဒီလိုခိုးပို့နေရင်း အစအနတွေ ပေါ်လာရပါတယ် ။ 2009 ဇွန်လထဲမှာ ဂျပန်လူမျို ၃ ဦးကို magnetometer များနဲ့ အတူဖမ်းမိပါတယ်  ။ ( megnetometer ဆိုတာ အရပ်ဖက်မှာ သုံးရင် ရှေးဟောင်း သုတေသန လုပ်ငန်းများ နဲ့ ဘူမိရူပ  တိုင်းတာတဲ့ နေရာတွေမှာ သုံးရပြီး 
စစ်ဘက်ဆိုင်ရာမှာဆိုရင် မစ်ဇိုင်းထိပ်ဖူးတွေမှာ magnets and gas centripuge အဖြစ် သုံးစွဲနိုင်ပါတယ်)

     မီးခိုးကြွက်လျှောက် စစ်ဆေးကြည့်တော့ဒီပစ္စည်းတွေကို မလေးရှားကတဆင့်
 မြန်မာပြည်ကို ပို့မယ်ဆိုတာ ပေါ်သွားရပါတယ် ။ ဖမ်းမိတဲ့ ၃ ဦးဟာ MEIကုမ္ပဏီအမည်ခံထားတဲ့ ပြုံယမ်းကွပ်ကွဲမှုအောက်က လူတွေ ဖြစ်ပါတယ် ။ 

        ကြားခံ မိတ်ဖက်ကုမ္ပဏီတွေ အဖြစ် 
ဂျပန်ကုမ္ပဏီတွေ ဖြစ်တဲ့  RDT , TBT , TST ကုမ္ပဏီတွေလည်း တသီကြီး ပေါ်လာပါတယ် ။ ဒီကုမ္ပဏီတွေ အားလုံးဟာ နျူဆက်စပ် ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေချည်းပါပဲ ။ 

     ဒါပေမယ့် သူတို့ရဲ့ အရေခွံမှာတော့ ထုတ်ကုန်တွေဟာ အထည်အလိပ်တို့ ဘာတို့ ပြထားလေ့ရှိပါတယ် ။ TST ကို wikipedia မှာ ရှာကြည့်လိုက်ရင် 
အထည်အလိပ်လုပ်ငန်း ပါတဲ့ ဗျာ ။ 

    အဲဒီလို အလိမ်အညာတွေ ပေါ်သွားတော့လည်းဂျပန်ကုမ္ပဏီတွေကတော့ ဂျပန်ကုန်သွယ်ရေး ဥပဒေအရ ဒဏ်ငွေ US$ 75000 နဲ့ ပြီးသွားတာပါပဲ ။

       ကဲ အဲဒီလမ်းကြောင်း ပိတ်သွားတော့
 မြန်မာ နဲ့ ပြုံယမ်း ဇာတ်လမ်းပြီးသွားပြီလား ? ဘယ်ပြီးမလဲဗျာ လူလည်ဆရာကြီးအဆက်တွေဆိုတော့ plan A to Z ဆွဲထားပြီးသားဗျ ။

     တရုတ် ဆွတ်ဇာလန် အစရှိတဲ့
 ကြားခံကုမ္ပဏီတွေကနေ မြန်မာလိုချင်နေတဲ့နျူနဲ့ဆက်နွယ်တဲ့ ပစ္စည်းတွေကို 
အရှိန်ဟုန် ပြင်းပြင်းနဲ့ ရအောင် ယူနိုင်ခဲ့ကြပါတယ် ။ 
(အဲဒီကာလတွေက ရန်ကုန်ဆိပ်ကမ်းကနေ 
မိုးကာအုပ်ထားတဲ့ ကားကြီးတွေ တဝေါဝေါနဲ့ ညဉ့်နက်သန်းကောင် သယ်နေကြတာ
 မြင်ဖူးသူအချို့ ရှိပါသေးတယ်)

     ပြုံယမ်းဟာ တရုတ် ဟောင်ကောင်တို့မှာ ကုမ္ပဏီရုံးခွဲတွေ ဖွင့်ထားရုံမကဘူး
 မြန်မာပြည်ထဲအထိ လာဖွင့်ပြန်ပါပြီ ။ 
KOMID ကုမ္ပဏီဟာ လုပ်ငန်းခွဲ ၇ မျိုးနဲ့ 
ဖွင့်လှစ်ထားပါတယ် ။

     ဗဟန်းမှာရှိတဲ့ Pyongyang Koryo 
စားသောက်ဆိုင်ဟာ ပြုံယမ်း နဲ့နေပြည်တော် ရဲ့ ငွေကြေးပေးချေ ဖလှယ်ရာ စင်တာပါပဲ ။ ပိရိလွန်းလို့ နှစ်ပေါင်းများစွာ ဘာသံမှ မကြားရပါဘူး ။ 

    KOMID ဌာနခွဲတွေဟာ လက်နက်ထုတ်လုပ်ခြင်း နဲ့ နှီးနွယ်တာကိုပဲ လုပ်ကိုင်ကြပါတယ် ။ ဦးသန်းရွှေဟာ မြောက်ကိုရီးယားများထံကနေ လှိုဏ်ခေါင်းတူးခြင်း နည်းပညာများ နဲ့ မစ်ဇိုင်း အနည်းငယ်ကို နည်းပညာနဲ့အတူ ဝယ်ယူခဲ့ပါတယ် ။ 

    ဒုံးလက်နက်စက်ရုံတွေ တည်ဆောက်ပြီး
 ပြည်တွင်းမှာ အလျှံပယ် ကိုယ်တိုင်ထုတ်ဖို့ 
အားထည့်လုပ်ဆောင်နေတာပါပဲ ။
 ဒါကြောင့် ရွာထောင် ရထားခေါင်းတွဲပြင်စက်ရုံ နဲ့ အင်းစိန် ခေါင်းတွဲပြင်စက်ရုံတွေကို ဒုံးလက်နက် အစိတ်အပိုင်းများ ထုတ်လုပ်နိုင်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ခဲ့တာပါ ။ 

     အဲဒီလို စွမ်းစွမ်းတမံ စွန့်စွန့်စားစား 
ကမ္ဘာကို လှည့်စားပြီး လုပ်ကိုင်နေရချိန်မှာ
 သစ္စာဖောက် စိုင်းသိန်းဝင်း ကြောင့် သတင်းတွေပေါက်ကြားခဲ့ရပေမယ့် အမေရိကန်က မြန်မာကို အထင်သေးစွာ နဲ့ နျူပိုင်ဆိုင်လောက်တဲ့ အခြေအနေ မရှိဘူး ဆိုတဲ့ မှတ်ချက် နဲ့ သစ္စာဖောက် စိုင်းသိန်းဝင်း ယူသွားတဲ့ ဒေတာတွေကို ဂရုမစိုက်ကြလို့  စိုင်းသိန်းဝင်းလည်း တန်ဖိုးကြီးတဲ့ သူလျှိုစာရင်း မဝင်ပဲ ခိုင်းတာလုပ် ပေးတာယူ ကျွေးတာစား အဆင့်နဲ့ ကျွန်အစစ်ဖြစ်နေတာပါပဲ ။ 

     အမေရိကန်တို့ဟာ မြန်မာပြည်တွင်းမှာ
 သူတို့စကား နားထောင်မယ့် ဒေါ်စုကြည်ကို အရောင်တင်ပေးထားပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေ လူ့အခွင့်အရေး စကားလုံးတွေ နဲ့ နိုင်ငံရေးအရ ဖိအားပေးထားလို့ 
အညာသားကြီးတော့ လှုပ်မရတော့ဘူး ထင်ပြီး စိတ်အေးလက်အေး ဖြစ်နေပါတယ် ။ 

      အဲဒီအချိန်မှာပဲ ဦးသန်းရွှေဟာ သူတို့ချည်ထားလို့ လှုပ်မရဘူး တွေးနေတဲ့ အမေရိကန်တွေ အတွက် သတင်းဆိုးတခု ကြားလိုက်ရပါတယ် ။ 2009 ခုနှစ်မှာ ကြားလိုက်ရတဲ့ သတင်းကြောင့် 
ငြိမ်နေတဲ့ ဦးသန်းရွှေဟာ အလွန်ကြီးမားတဲ့ အကြံ နဲ့ အလုပ်ကြီး တခုလုပ်ထားတာ ပေါ်ပေါက်ခဲ့လို့ပါပဲ ။ 

      အဲဒီပြဿနာက 2008 နှောင်းပိုင်းမှာပြုံယမ်းကို သွားခဲ့တဲ့ ဦးရွှေမန်းရဲ့ ခရီးစဉ် နဲ့ 
ပါတ်သက်တဲ့ မီးစဖြစ်ပါတယ် ။
    
     အဲဒါကတော့ ,,,,,,,,,,,,,,,,,,,,,,,,,,,?

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...