Wednesday, May 26, 2021

ပါဝါ ရှယ်ယာ အနုပညာ



လွိုင်ကော်မှာ မူလကတည်းက သူပုန် ၇ ဖွဲ့လောက်ရှိတယ် ။ ABSDF အပါအဝင်ပေါ့ ဗျာ ။ အင်အားအတောင့်ဆုံး ကိုထွန်းကျော်တို့ အဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် ငြိမ်းချမ်းရေးယူထားကြတယ် ။ ကျန်တဲ့သူတွေက ကိုယ့်ဘာသာ ရပ်တည်နေကြပေမယ့် မြို့ပေါ်မှာပဲ နေကြတယ် ။ သူ့နယ် ကိုယ့်နယ် စီးပွားရေးပဲ လုပ်နေကြတာ များပါတယ် ။ 

        အခု PDF တွေ နိဒါန်းပျိုးလာတော့ ကယားနီဆိုတဲ့ အဖွဲ့က ကူညီတယ်လို့ ကြားသိရပါတယ် ။ တနေ့က စခန်းတခု အတိုက်ခံရပြီးနောက် ယနေ့ မိုးဗြဲကို ထပ်တိုက်ပါတယ် ။ 

      မိုးဗြဲဆိုတာ လွိုင်ကော်ရဲ့ ဒီဖက်ကျလို့  လုံခြုံမယ်လို့ ထင်စရာရှိပါတယ် ။ နယ်မြေကျွမ်းသူတွေအတွက် လွိုင်ကော်ကို ကွင်းပြီး မိုးဗြဲကို ဝင်လာနိုင်တဲ့ လမ်း ၂ လမ်း အနည်းဆုံးရှိတာ သိကြပါတယ် ။ 

        ဒီးမော့ဆိုကနေ ကတ္တရာလမ်းရှိသလို သစ်ခိုးထုတ်တဲ့ လမ်းကတဆင့် မိုးဗြဲကို လာလို့လည်း ရပါတယ် ။ အင်အား ၆၀ လောက်နဲ့ လာတိုက်တယ်လို့ ကြားပါတယ် ။

       တပ်မတော်သား ၂ ဦးက ခုခံတယ် ။ အသေသတ်ပြီး ရဲ တွေ နဲ့ မိသားစုတွေကို ဖမ်းသွားသတဲ့ ။ အခုတော့ လမ်းတွေပိတ်ဆို့ပြီး ချေမှုံးရေး လုပ်နေပြီလို့ သိရပါတယ် ။ 

       ယမန်နေ့က ဖြစ်သွားတဲ့ ပြဿနာ ပူပူနွေးနွေးပဲ ရှိနေစဉ်မှာ ယခုလို အတိုက်ခံရတာ အလွန် ပေါ့ဆလို့ ဖြစ်ပါတယ် ။ ဒီးမော့ဆိုကနေ လွိုင်ကော်ကို ရှောင်ကွင်းသွားရတဲ့ ကားလမ်းတလျှောက်မှာ ကိုထွန်းကျော်တို့ နယ်မြေတွေကို ဖြတ်ရသလို ဂိတ်တွေလည်း ရှိနေပါတယ် ။ 

       ဖြစ်ပြီးမှ ပြန်လည်တိုက်ခိုက်ရတာထက် အင်အားစုဖွဲ့နေစဉ်မှာ ဖြိုခွဲသင့်ပေမယ့် ဆိုင်ရာ တိုင်းမှူးတွေ ဘာမှ ကြိုတင်သတင်းရယူ ဆောက်ရွက်တာ မတွေ့ရပါဘူး ။ 

        သက်ဆိုင်ရာ စစ်တိုင်းမှူးများဟာ စိတ်တိုင်းကျ စီမံကွပ်ကွဲနိုင်မှု ပါဝါ မရှိသလို ဖြစ်နေပါတယ် ။ ရခိုင်ကိစ္စမှာ တာဝန်ကျ ဗိုလ်ချုပ်တွေကို ခုံရုံးတင် အပြစ်ပေးပြလိုက်တာဟာ စစ်တိုင်းမှူးတွေ အတွက် မလုပ်ရဲ မကိုင်ရဲ ဖြစ်စေဖို့ တနည်း ရဲဝင့်တဲ့ သတ္တိတွေကို ရိုက်ချိုးခဲ့တာပါပဲ ။ 

      ယနေ့ တနိုင်ငံလုံး အနှံ့အပြား ဖြစ်နေရတဲ့ ဗုံးကွဲမှု ဖြစ်စဉ်တွေ ၊ PDF ဆိုပြီး ဆူပူထကြွ မှု တွေဟာ စစ်ရေး နိုင်ငံရေး လောဘကြီးနေတဲ့ တပ်ချုပ်ကြီးကြောင့်သာ ထိမ်းသိမ်းရ ခက်ခဲနေတာပါ ။ 

        ၈၈ တုန်းက ဦးစောမောင် နဲ့  ဆက်ခံသူ ဦးသန်းရွှေတို့ဟာ ကိုယ်တိုင်လုပ်တဲ့ အပိုင်းမှာ လုပ်ကြသလို ပါဝါရှယ်ယာခွဲဝေရာမှာ စစ်တိုင်းမှူးတွေကို ယုံကြည်စွာ အာဏာကုန်ပေးထားလို့ ဗုံးခွဲဖို့ အသာထား သီတင်းကျွတ် ဗျောက်ဖောက်ဖို့တောင် အတော်စဉ်းစားခဲ့ကြရတာပါ ။

      စစ်တိုင်းမှူးတွေကို ဦးခင်ညွှန့် ၊ ဦးတင်ဦး တို့နဲ့ ထိမ်းကွပ်ပြီး တိုင်းပြည်ကို စနစ်တကျ အုပ်ချုပ်စေခဲ့ရာ သိမှီသူတွေ ကြုံခဲ့ရသလို ကာလတိုအတွင်း အလွန်အေးချမ်းစွာ နေခဲ့ရပါတယ် ။

     ယခု နစက လက်ထက်မှာ တပ်ချုပ်ကြီးဟာ ရှိသမျှ အာဏာပါဝါ အားလုံးကို ဆုပ်ကိုင်ထားပါတယ် ။ စစ်ရေး နိုင်ငံရေး သူ့ကိုယ်စား ဘယ်သူတွေကို တာဝန်ပေးထားသလဲ?  ကျနော်တော့ မတွေ့မိပါဘူး ။ 

      သက်ဆိုင်ရာ စစ်တိုင်းမှူးတွေဆို ဘယ်သူတွေမှန်းတောင် မသိကြပါဘူး ။ တပ်ချုပ်ကြီးပြီးရင် ဘယ်သူ့ကို ပြည်သူတွေ သိကြသလဲ ။ 

ဒုချုပ်ကြီး လား  ?  

 ဘယ်ကဏ္ဍမှာ ဒုချုပ်ကြီး စွမ်းစွမ်းတမံ ဆောင်ရွက်ထားပြီလဲ?  အောင်မြင်နေတယ် ထင်ပါသလား  ? 

       ပြည်သူတွေ သိထားတဲ့အခြားသူ ရှိပါသေးသလား  ?  ဗိုလ်ချုပ်ဇော်မင်းထွန်း သိကြပါတယ် ။ သူ့အဆင့်ကလဲ ယူနစ်ပျက်နေတဲ့  စပီကာ အနေအထားပါပဲ ။ 

        တိုင်းပြည်တခုလုံးကို တဦးထဲက စိတ်တိုင်းကျ ချုပ်ကိုင်လွှမ်းမိုးနေရင် ဒီလို မနိုင်မနင်း ဖြစ်နေအုံးမှာပါပဲ ။

         ဗိုလ်ချုပ်ကြီး အဆင့်ရောက်နေတဲ့ စစ်ဖက် ထိပ်တန်းခေါင်ဆောင်များဟာ တပ်မတော်ရဲ့ နာမည်ကျော် ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ် ဆိုတဲ့ မူအရ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြလို့ ဒီအဆင့်ထိ ရောက်နေကြတဲ့သူတွေချည်းပါပဲ ။ 

      ပြောချင်တာက ထိပ်တန်းစသ်ဘက်အရာရှိ မှန်သမျှ ကိုယ်ပိုင်စွမ်းရည် လုပ်ဆောင်နိုင်မှု ရှိပြီးသားလူတွေ ချည်းပါပဲ ။ သူတို့ကို တာဝန်ခွဲပေးပြီး ရဲရဲတင်းတင်း လုပ်ကိုင်ခိုင်းလိုက်ပါ ။ 

      ထုံးစံအတိုင်း ကုန်စျေးနှုံးပြဿနာ ဘယ်သူကိုင် ၊ ပြည်မစည်ပင်နယ်နမိတ်လုံခြုံရေး ဘယ်သူကိုင် ၊ နယ်စပ်လုံခြုံရေး ဘယ်သူကိုင် ၊ သောင်းကျန်းသူစစ်ဆင်ရေး ဘယ်သူ ၊ ဘဏ်ပြဿနာ ဘယ်သူ ၊ CDM ဘယ်သူ ၊ ၅၀၅ ကို ဘယ်သူကိုင် ဆိုတာမျိုး သူ့ကဏ္ဍနဲ့သူ ခွဲပေးကြည့်ပါ အမြန်ဆုံးဖြေရှင်းပြီး ဖြစ်ပါမယ် ။ 

      ယနေ့အနေအထားအရ တာဝန်ပေးအပ်ခြင်းများ ရှိကောင်းရှိနေမှာ ဖြစ်ပေမယ့် ပါဝါ ပေးမထားတဲ့ အတွက် အလုပ်ဖြစ်မှု နှေးကွေးနေပါတယ် ။   

      နိဂုံးချုပ်ရမယ်ဆိုရင် တဦးတယောက်ထဲက အာဏာပါဝါအားလုံး ချုပ်ကိုင်ထားပြီး မိမိလူများအပေါ် ယုံကြည်စွာ အာဏာပါဝါခွဲဝေမှု မရှိတဲ့ အာဏာလောဘ ကြီးမားသော ခေါင်းဆောင်အောက်မှာ ထူးချွန်သော နောက်လိုက်ကောင်းများ နစ်နာနေကြမှာပါပဲ ။ ထို့အတူ တိုင်းပြည်လည်း ကျွဲကူးရေပါ ပျက်ဆီးမှု လမ်းကြောင်းပေါ် ရောက်သွားပါလိမ့်မယ် ။ 

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...