Tuesday, May 25, 2021

ကြားသိသမျှ တွေးမိသမျှ ==============



         ဒီနေ့ လိုင်းပေါ်မှာ ပွနေတဲ့ ပြဿနာတွေထဲ တရားရုံးမှာ ဒေါ်စုကြည် နဲ့ ရှေ့နေ တွေ့ပြီး ဒေါ်စုကြည် ပြောတယ် ဆိုတဲ့စကားက ဟုတ် မဟုတ် ငြင်းနေကြပါတယ် ။ 

      ဟုတ်မဟုတ် ပြောရခက်ပါတယ် ။ ဥပဒေအရ ရှေ့နေနဲ့ တွေဆုံရတဲ့ ကာလမှာ နှသ်ဦးခြင်း တွေ့ခွင့်ရှိပါတယ် ။ ဒီတော့ ဒေါ်စုကြည် ပြောခြင်းမပြောခြင်းက ပြဿနာ မဟုတ်ပါဘူး ။ သူဘာသာ ပြော ပြော မပြော ပြော အပြင်က ငရဲသားပေါက်တွေက သူတ်ု့စွမ်းသလောက် ဖျက်ဆီးနေကြတာ မျက်မြင်ပါပဲ ။ 

      အရေးကြီးတဲ့ အချက်က နစက သည် ဒေါ်စုကြည်ကို ဒီလို ဗရုတ်ဗယက် အခြေအနေမှာ ဘာကြောင့် ရုံးထုတ်ကြသလဲ  ? 

       အရေးကြီးတဲ့ စစ်ချက် တခုမှ မလုပ်ပဲ ရုံးချိန်းပေးရုံပဲ ဆောင်ရွက်ခဲ့ကြတာ ဘာကြောင့်လဲ တွေးစရာပါ ။ 

         နစက အနေနဲ့ ကမ္ဘာကို အသိပေးအချက်ပြခဲ့တာလို့ တွေးဆချင်ပါတယ် ။ 

        ဒေါ်စုကြည်ကို ကျန်းမာစွာ စောင့်ရှောက်ထားတယ် ။ 

      ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာ တရားစီရင်မယ် ၊၊

        ပြင်ပက ဆူပူမှုတွေအတွက် ပြည်သူတွေ စိုးရိမ်နေပေမယ့် နစက အနေနဲ့ သောက်ရေးလုပ်စရာ အဆင့် မဟုတ်ဖူးဆိုတာ သိနေလို့ ဖြစ်ပါမယ် ။ 

        တခုအမြတ်ထွက်တာက ဒေါ်စုကြည်နဲ့ ပြင်ပကမ္ဘာအတွက် စကားသယ် စကားဝယ် လုပ်နိုင်တဲ့ ရှေ့နေအတွက် ဘယ်လို ထိမ်းချုပ်ရမလဲ ဆိုတာ ကြိုတင်ပြင်ဆင် ဖို့ အဖိုးတန် သတိပေးချက် ရလိုက်ပြတာပါပဲ ။ 

         နောက်တခုက စိတ်မကောင်းစကာ သတင်းဖြစ်ပါတယ် ။ သက်န်းကျွန်းက မဂ်လာဆောင် လက်ဖွဲ့ ထဲ ဗုံးထည့်ပေးလို့ သတို့သမီး အပါအဝင် အပြစ်မဲ့ပြည်သူတွေ သေကျေ ဒဏ်ရာ ရခဲ့တဲ့ သတင်းဖြစ်ပါတယ် ။ 

         အင်မတန်ယုတ်မာတဲ့ အပြုအမူတွေကို လုပ်လာကြပါပြီ ။ နစက အနေနဲ့ အောက်ခြေအဆင့် ရှင်းလင်းရေး ဆောင်ရွက်ပေးဖို့ အချက်ပြနေပါပြီ ။ 

         ယခုလို အကြမ်းဖက်နေကြတာဟာ တပ်မတော်ကို မုန်းတီးလို့ လုပ်နေ​ကြတယ်ဆိုတာ နစက သိဖို့ကောင်းပါပြီ ။ ပြည်သူထဲက လာနေတဲ့ အကြမ်းဖက်သမားတွေကို ပြည်သူကပဲ ဖော်ထုတ်နိုင်မှာပါ ။ 

       ဖော်ထုတ်နိုင်တဲ့ ပြည်သူတွေဟာ ဖအေပျောက်နေပါတယ် ။ ရဲ ကိုလည်း မယုံရဲ ၊ ထွေအုပ်ကလည်း ငါးနှစ်လုံး NLD နဲ့ ပေါင်းစားလာတဲ့ လူတွေ ပဲ ဆပ်လက်တာဝန်ပေးထားတော့ သတင်းမှန်ပေးရဲသူ မရှိသလောက် ဖြစ်နေတာ မြေပြက်အနေအထား အမှန်ဖြစ်ပါတယ် ။ 

        နောက်တချက်က ၅၀၅ သမားတွေ ပြန်လာချင်ရင် လက်ခံမယ်လို့ TV မှာ ကြေညာနေပါတယ် ။ အချို့ ဝေလေလေ အဆင့်တွေ ပြန်လာချင်ကြပါတယ် ။ အောက်ခြေ ရပိကျေး မြို့နယ် အဆင့်တွေက မရဖူး ဖမ်းမယ် ဆိုလို့ မပြန်ရဲကြသူတွေ ရှိနေပါတယ် ။ 

       အချို့မြို့နယ်တွေမှာ သက်ဆိုင်ရာ ထွေအုပ် ရဲ စရဖ တို့ကနေ ငွေတောင်းပြီး ပြန်လာခိုင်းတဲ့ သတင်းတွေလည်း ထွက်နေပါပြီ ။ အမှန်တိုင်း အာမနာတမ်းပြောရမယ်ဆိုရင် ထွေအုပ် ရဲ နဲ့ စရဖ ဆိုတာ တသက်လုံးက လိုင်းကြေးစားပြီး အသားကျနေသူတွေ ဖြစ်ပါတယ် ။ 

         မပြတ်သားတဲ့ ညွှန်ကြားချက် နဲ့  ဥပဒေ​​တွေအကြား ဟနေတဲ့ အပေါက်ကနေ ငွေ ရှာ ကြွမ်းကျင်လှတဲ့ အဖွဲ့တွေရဲ့ အကွက်ဖြစ်နေပါတယ် ။ ၅၀၅ ကို ဘယ်လိုလူတွေ ကင်းလွတ်ခွင့်ပေးမယ်ဆိုတာ တိကျစွာ ထုတ်ပြန်မှသာ အဆင်ပြေပါမယ် ။ 

           သက်န်းကျွန်းဖြစ်ရပ် အတွက် များစွာ ဝမ်းနည်းဖွယ်ကောင်းလှသလို GZ တွေရဲ့ နိဂုံးချုပ်ရမယ့် နောက်ဆုံး အချိန် အဖြစ် ရှုမြင်မိပါတယ် ။ ဒါပေမယ့် သာမန်ပြည်သူတွေ အတွက် ထိတ်လန့်မှု ပြေပြောက်စေရန်လည်းကောင်း ၊ တပ်မတော်အပေါ် အားကိုးလေးစားလိုစိတ် ပျောက်ကွယ်မသွားစေရန် လည်းကောင်း အလျှင်အမြန် အားထည့် ချေမှုံးပြမှသာ ပြည်သူတွေ ယုံကြည်လာပါလိမ့်မယ် ။ 

          မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...