Saturday, May 29, 2021

စစ်ခွေး



       ကိုစိုးကတော့ ထုံးစံအတိုင်း လင်းတာနဲ့ လာခေါ်တာပါပဲ ။ လက်ဖက်ရည်ဆိုင်မှာ စားသောက်ပြီးတာ နဲ့ 

"ငမျိုးရေး လက်နက်ခဲယမ်းတွေ မိနေတဲ့ သတင်းတွေ ဖတ်ပြီး ငါတော့ ရင်တုန်တယ် ကွ ''

"တုန်သင့်တာပေါ့ ဗျာ ဒီလောက်မိနေရင် မမိသေးတဲ့ လက်နက်တွေ ဆယ်ဆလောက် သာ တွက်ထားပေတော့ ''

"ဘယ်လိုများ သွင်းလာကြသလဲ ကွာ ''

"ကားတွေ နဲ့ သွင်းနေကြတာပဲ လေ ''

"ဟကောင် လမ်းတွေမှာ စစ်ဆေးရေး ဂိတ်တွေ ဒီလောက်များနေတာကို ဘယ်လို သွင်းမလဲ ဟ ''

"လဝက ရဲ  တပ် စစ်ဆေးဂိတ်အားလုံး ငွေပေးရင် ဘယ်သူမှ သေသေချာချာ မစစ်ဖူး ''

"ဟာ ဟုတ်ပါ့မလား ကွာ ''

"မြဝတီကနေ ဆင်းလာတဲ့ လိုင်းကားတွေ မေးကြည့် ဂိတ်တွေကို ငွေပေးဖြတ်ရတာ ပျဥ်းမျှ ခြောက်သောင်းလောက် ကုန်တယ် တဂိတ်ကို ၂ ထောင် ကနေ ၅ ထောင် နော် အချို့ ကာစတန်ဂိတ်တွေကတော့ ပိုပေးရတယ် မှောင်ခိုပစ္စည်း ပါတာကိုး ''

"ဟကောင် ဒီလောက် ဗရုတ်ဗယက် ဖြစ်နေချိန်မှာ မဟုတ်လောက်ပါဘူး ကွာ ''

"ခင်ဗျားနဲ့ အဲဒါ ခက်တာပဲ မှတ်ပုံတင် စစ်ကြည့်တယ် ဒါပဲ လုပ်တာ ကျနော်က ကိုယ်တိုင်ပြန်လာပြီးလို့ ပြောတာ ဗျ မရမ်းချောင်မှာ နဲနဲစစ်တယ် ဒါပဲ ''

"ငွေပေးရတာကရော ''

"သြော် ခက်ပြီ တကယ်ပါဆို တခုတော့ရှိတယ် စစ်ဆေးတဲ့သုတွေကလည်း လမ်းလယ် နေပူကြီးမှာ မသက်မသာ စစ်ဆေးနေရတာ တွေ့ရတော့ စာနာလို့ ပေး​ကြတာလည်း ပါတယ် သူတို့က တောင်းလို့တော့ မဟုတ်ဖူး ''

"ကဲ ထားပါကွာ အဲဒီ စီးဝင်နေတဲ့ ခဲယမ်းတွေရဲ့ လမ်းကြောင်း ပိတ်ဆို့ဖို့ရယ် ၊ ရောက်နေတဲ့ ခဲယမ်းဖော်ထုတ်ဖို့ရယ် ဘယ်လိုလုပ်ရင် မဆင်ပြေနိုင်မလဲ ကွ ''

"ဒါတွေ တပ်က ပိုကျွမ်းပါတယ် အလွယ်ဆုံးကတော့ ဒီနေရာမှာ လူထက် ပိုစွမ်းတဲ့ စစ်ခွေးတွေ သုံးရမယ် ဗျ ''

"ဟေ မိုင်းရှာခွေးတွေ ရှိနေတာ မေ့နေတယ် ဟုတ်သားပဲ ကွ ''

"လမ်းဆုံတွေမှာ ကားတွေကို စစ်ခွေးတွေ နဲ့ယမ်းရှာခိုင်းရမယ် ၊ စစ်ခွေး အင်အားများလေ ကုန်စည်စီးဆင်းမှု အနှောက်အယှက်မဖြစ်လေပဲ ''

"မြို့ထဲ ကြတော့ကော ''

"အရေးကြီးတဲ့ ရန်ကုန် မန္တလေး လို မြို့ကြီးတွေမှာ ဂရပ်ကွက် တခုခြင်း တိုက်ခန်း တခန်းခြင်း စစ်ခွေးတွေ နဲ့ ပိတ်ဆို့ရှာလိုက်ရင် ဘယ်ပြေးမလဲ မိချိုသဲ ပါဗျာ ''

"မင်းကလည်း သူတို့က နေရာရွှေ့မှာပေါ့ကွ ဒီရပ်ကွက်ရှာရင် ဟိုရပ်ကွက် ပြောင်း ပြီးရင် ရှာပြီးသား ရပ်ကွက် ပြန်ရွှေ့ နဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်နေမှာပေါ့ ''

" ရှာပြီးတဲ့ ရပ်ကွက်တိုင်း လမ်းတိုင်းမှာ အရပ်သားပူးတွဲထားတဲ့ လုံခြုံရေး တွေ တာဝန်ပေးထားရမယ် ၊ စျေးသွား စျေးပြန်က အစ အားမနာတမ်း စစ်ဆေးရမယ် ဒါဆို မဝင်နိုင်တော့ ဘူး ''

"အလုပ်ပျက် အကိုင်ပျက် အော်နေကြအုံးမယ် ''

"ဘော်လံတီယာတွေ ရှိပါတယ် ဗျာ နောက်ပြီး ဒါကလည်း ကာလရှည် မဟုတ်ပါဖူး တမြို့လုံး ရှင်းလင်းဖော်ထုတ်ပြီးတာ နဲ့  ပုံမှန်အတိုင် နေသွားလို့ ရပြီလေ '' 

"အင်း မြို့တွေထဲလဲ အဲလို ပိုက်စိတ်တိုက်ရှင်းမယ် လမ်းမှာလည်း အဲလို ကျကျနန ရှာနိုင်မယ် ဆိုရင်တော့ အတော်လေး သန့်သွားတယ်ကွ ''

"အပြောလွယ် အလုပ်ခက်တယ် ဗျ  အဓိကကျတာ စစ်ခွေးအရေအတွက် အလုံအလောက် ရှိမရှိ ဆိုတာပဲ ''

"အေး လမ်းတွေမှာ မရှာနိုင်ရင်တောင် မြို့ထဲမှာ ရှာနိုင်ရင်ကို မဆိုးပါဘူး ကွာ မသက်ာတဲ့ အိမ်တွေ မကြာမကြာ ရှာနေရင်ပဲ လက်ခံမယ့်သူ နည်းသွားမှာပါ ''

"ကဲ ပြန်ကြစို့ ဗျာ စိတ်ကူးပေါက်ရာတွေလည်း ပြောပြီးပြီပဲ ''

        မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...