Monday, May 31, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (6)



         ပဲခူးရိုးမရှိ ဗကပများကို ရှင်းလင်းတဲ့ တိုက်ပွဲကိစ္စ မစခင် အရေးကြီးတဲ့ နိုင်ငံရေး ကွင်းဆက်တခု ကျန်သွားလို့ ပြန်ပြောပါရစေ ။ 

       ဦးနုဟာ ဗိုလ်ချုပ်တို့ လုပ်ကြံခံပြီး ဝန်ကြီးချုပ်ဖြစ်လာတယ် ။ နောက် လွတ်လပ်ရေးရလာပြီး ရွေးကောက်ပွဲပြန်လုပ်ချိန်မှာ ပူပူနွေးနွေး မုဆိုး ဒေါ်ခင်ကြည်ကို ပွဲထုတ်လာပါတယ် ။ 

        လုပ်ကြံခံရလို့ ပြည်သူတွေ ဂရုဏာသက်နေတဲ့ ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို အသုံးချပြီး ဦးနုက နိုင်ငံရေး ကစားချင်လို့ ဒေါ်ခင်ကြည်လို သာမန် သူနာပြုတယောက်ကို စည်းရုံးခဲ့တာပါ ။ 

      ဘူးသီးတောင် မောင်တော ရှိ ဘဂ်ါလီတွေကို မက်လုံးပေးပြီး မဲပေးစေခဲ့တာ ဦးနုရဲ့ နိုင်ငံရေးလောဘကနေ စတာပါပဲ ။ နောက်ကနေ ဒေါ်ခင်ကြည်က အကြံပေးလို့ ဆိုတဲ့ ဝေဖန်သံတွေလည်း ကြားရပါတယ် ။ 

(အဲလို နိုင်ငံရေးလောဘကို ကြံ့ခိုင်ရေးလည်း ကျူးလွန်ဖူးတာ ဦးသိန်းစိန်အတွက် ဖျက်မရတဲ့ အမဲစက်ပါပဲ)

         ဦးနုဟာ ဗိုလ်ချုပ်ကို အလွန်အကျူး အမွှမ်းတင်ရင်း နိုင်ငံရေးကစားခဲ့ရာမှာ အနုပညာရှင်များ စာရေးဆရာများကိုပါ စည်းရုံးနိုင်ခဲ့ပါတယ် ။ ယနေ့ လူငယ်အများစု ဖတ်နေ ကြားနေရတဲ့ အကြောင်းရင်းတွေဟာ ဦးနုလက်ထက်က ဇောင်းတင်ပေးခဲ့တဲ့ အကြောင်းတွေချည်းပါပဲ ။ 

     ကွန်မြူနစ်တွေကလည်း အဲဒါနဲ့ ဆန့်ကျင်ဖက် ဗိုလ်ချုပ်ရဲ့ အားနည်းချက်တွေကို ရှာဖွေရေးသားခဲ့ကြတာ အများကြီး ရှိခဲ့ဖူးပါတယ် ။ 

        ၁၉၆၂ အာဏာသိမ်းပြီးနောက် ဗကပ တွေ နဲ့ သောင်းကျန်းသူမျိုးစုံ ၊ ဖဆပလ နှစ်ဖွဲ့လုံး နဲ့  တိုင်းရင်းသားတွေရဲ့ ဆန့်ကျင်မှု အတွက် ပြည်သူ့အားလိုနေပြီလို့ မှန်ကန်စွာ တွက်ဆမိတဲ့ ဦးနေဝင်းဟာ ဦးနုလမ်းစဥ်ကို ပြန်သုံးပါတယ် ။ 

      ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို သုံးပြီး သူ့ကိုသူ မြှင့်တင်ဖို့ ကျိုးစားရင်း ဗိုလ်ချုပ်ကို လူမက နတ်တမျှ ထင်ယောင်လာအောင် ဝါဒကောင်းစွာ ဖြန့်ပါတော့တယ် ။ 

       စစ်အုပ်ချုပ်ရေး ဖြစ်တဲ့အတွက် ဗိုလ်ချုပ်မကောင်းကြောင်း ရေးထားတဲ့ စာအုပ် စာပေတွေကို ဖျောက်ဖျက်ပစ်ပါတယ် ။ ကျောင်းသင်ခန်းစာမှာ ဗိုလ်ချုပ်ကောင်းကြောင်းတွေပဲ ထည့်ပါတယ် ။ ဟောပြောပွဲတွေမှာလည်း ဟောပြောစေတဲ့ အတွက် ကျနော်တို့ အရွယ် ၅၀ ပတ်လည်တွေဟာ ဗိုလ်ချုပ်ကို သကြားမင်းလောက် ထင်ခဲ့ကြရပါပြီ ။ 

       အဲဒါတွေ လုပ်ခဲ့သလို ဦးနေဝင်းဟာ သူအာဏာရလာတာ နဲ့ နိုင်ငံခြားသားပိုင်ဆိုင်ထားတာတွေကို ပြည်သူပိုင်သိမ်းပါတော့တယ် ။ 

     ငယ်စဥ်ကတော့ ပြည်သူပိုင်သိမ်းတယ် ဆိုတာ သေနတ်ပြပြီး ဒါးပြတိုက်သလို လုပ်ခဲ့ကြတာလို့ ထင်မှတ်ခဲ့ပါတယ် ။ နောက်ပိုင်းကြမှ စာဖတ်များပြီး သိလာရတာက ဦးနေဝင်း ပြည်သူပိုင်သိမ်းတာ ရာဖြတ်နဲ့ တန်ဖိုးသတ်မှတ် ပေးလျှော်ပြီး သိမ်းတာလို့ သိရပါတယ် ။ တန်ဖိုးကွာဟမှုတော့ ရှိနေမှာပေါ့ လေ ။ 

      နောက်အရေးကြီးတဲ့ လယ်ယာမြေ ကိစ္စကိုင်တွယ်ပါတယ် ။ 90 % ကျော် နိုင်ငံခြားသားတွေ ပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေတွေကို လယ်လုပ်သူ လယ်ပိုင်ခွင့် ဥပဒေပြဌာန်းပြီး လယ်သူရင်းငှားတွေကို ခွဲဝေပေးလိုက်ပါတယ် ။ 

      အဲဒီလို ပေးအပ်ရာမှာ လယ်သမားတွေဖက်က အစိုးရကို ကတိတခုပေးရပါတယ် ။ လယ်ယာထွက်ကုန်ရဲ့ သတ်မှတ်ရာခိုင်နှုံးကို အစိုးရဖြတ်စျေးနဲ့ ရောင်းချပါ့မယ် ဆိုတဲ့ ကတိပေးကြရပါတယ် ။ 

        ဦးနေဝင်းက အဲဒီလို ကတိတောင်းတာ သူစိတ်ကူးထားတဲ့ လမ်းစဥ်အရ စီမံကိန်းဖော်ဆောင်ဖို့ စတင်လိုက်တာပါ ။ အဲဒီအချိန်က လယ်မဲ့ယာမဲ့ ဆင်းရဲသား လယ်သမားတွေဟာ လယ်ယူချင်စိတ် နဲ့ ကတိလွယ်လွယ်ပေးခဲ့ကြပါတယ် ။ နောက်တကယ် သတ်မှတ်စျေး နဲ့ ဝယ်တော့ကျမှ မတရားဖူး ဘာညာ နဲ့ ထအော်ကြတာ အခုထိ တချက်တချက် ထအော်နေကြတုန်းပါ ပဲ ။ 

         ဦးနေဝင်းဟာ နိုင်ငံရေးတည်ငြိမ်အောင် အားထုတ်ပြီး ဆောင်ရွက်သလို စစ်ရေးအရ ပဲခူးရိုးမထဲကနေ အင်အားကောင်းကောင်း နဲ့ လှုပ်ရှားနေတဲ့ ဗကပ တွေကို အပြတ်ရှင်းဖို့ ဆောင်ရွက်လာပါတယ် ။ 

         အဲဒီအချိန်က ပဲခူးရိုးမကို ဌာနချုပ်လုပ်ထားတဲ့ သခင်သန်းထွန်းတို့ဟာ အင်အားအလွန်ကောင်းနေတဲ့ ကာလဖြစ်ပါတယ် ။ 

    အခုချိန်ထိ ပြောနေရသေးတဲ့

"လှည်းဆို ထင်း ၊ နွားဆို ဟင်း
 လူဆို ကျင်း ''

       ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တကယ်ကို ရက်ရက်စက်စက် လုပ်ခဲ့ကြပြီး ပဲခူရိုးမကြီးကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်နေတဲ့ ဗကပ တွေဟာ လမ်းစဥ်အမျိုးမျိုးချ ပြီး ပေါ်လစီတွေ အမျိုးမျိုးပြောင်း ဝါဒမတူတဲ့ ခေါင်ဆောင်တွေကို သတ် နဲ့ ဟသ်ာကိုးသောင်းဇတ် ကလာကြပါတယ် ။ 

      သားက ဖအေကိုသတ်တာကိုပဲ အဇာတသတ်ဘွဲ့ပေးပြီး မြှောက်ပေးသေးတယ် ။ အချင်းချင်း ဖြုတ်ထုတ်သတ် လုပ်လာကြသလို တပ်မတော်ရဲ့ ထိရောက်တဲ့ ထိုးစစ်ဒဏ်ကိုလည်း မခံနိုင်တော့ပဲ လှည့်ပတ်ပြေးလွှားလာကြရပါပြီ ။ 

          နောက်နာမည်ကျော် ဖြတ် ၄ ဖြတ် စီမံချက် နဲ့ ပဲခူးရိုးမတောင်ပေါ် ၁၄ ရွာကို ပိတ်ဆို့ချေမှုံးရာမှ သခင်သန်းထွန်းလည်း သူ့ရဲဘော် မြကြီးဆိုသူက အနီးကပ်ပစ်သတ်လုပ်ကြံလိုက်တော့ ဗကပ တွေ ပဲခူးရိုးမမှာ ချုပ်ငြိမ်းသွားပါတော့တယ် ။ 

       လက်ကျန် ဗကပခေါင်းဆောင်များဟာ မြန်မာပြည် အရှေ့မြောက်ဒေသမှာ တရုတ်ရဲ့ အကူအညီ နဲ့ တစခန်းထဖို့ အားယူလာကြပါတယ် ။ 

       ပဲခူးရိုးမ တိုက်ပွဲတွေမှာ သခင်သန်းထွန်း အလောင်းရပြီး အတည်ပြု ကြေညာတော့ ရဲဘော်တွေ ပျော်ကြတာပေါ့ ။ ပျော်နေတဲ့ စစ်ရုံးက သူ့ရဲဘော်လေးတွေကို ဦးနေဝင်းက 

"အေး မင်းတို့ကတော့ ရန်သူ့ခေါင်းဆောင် ကျဆုံးပြီဆိုတော့ ပျော်ကြမှာပေါ့လေ တကယ်တန်းကြတော့ သခင်သန်းထွန်းလည်း မြန်မာပြည်အတွက် အသက်စွန့်ပြီး အလုပ် လုပ်ခဲ့တာပဲ ကွ ''

      လို့ ပြောရှာပါတယ် ။ တချိန်က လွတ်လပ်ရေးပြိုးပမ်းမှု လှုပ်ရှားကြရာမှာ ပါဝင်ခဲ့တဲ့ သခင်သန်းထွန်း အတွက် ဦးနေဝင်း စိတ်မကောင်း ဖြစ်ခဲ့ရမှာ သေချာပါတယ် ။ 

         ဦးနေဝင်းဟာ ကျောင်းသားအရေးအခင်း ၊ တရုတ်ဗမာ အရေးအခင်း ၊ ကုလား ဗမာ အရေးအခင်းတွေ ၊ ဦးသန့် အရေးအခင်းတွေ အတွက် နိုင်ငံရေး ထိုးနှက်ချက်တွေ အဆမတန် ခံခဲ့ရပါတယ် ။ သူကတော့ သူမှန်တယ်ထင်တာကို နောက်မဆုတ်တမ်း ပြုလုပ်လေ့ရှိတာလည်း သေချာပါတယ် ။ 

         မှတ်သားစရာ တခု ဖြစ်ခဲ့တာကတော့ ကုန်စျေးနှုံး ပြဿနာပါပဲ ။ ကုန်စည်စျေးနှုံးတွေ အဆမတန် တက်လာတော့ ဦးနေဝင်းဟာ ကုန်သည်ကြီးတွေကို ဖိတ်ခေါ်ပြီး 

"အခု အပြင်မှာ ကုန်စျေးနှုံးတွေ တက်နေတယ် ၊ ကုန်စျေးနှုံး တက်ရမယ့် အကြောင်းမရှိပဲ တက်နေတာ မလိုအပ်ပဲ စျေးကွက်ထဲမှာ ကုန်စည်မရှိအောင် သိုလှောင်ထားကြလို့ ဆိုတာ သိရတယ် ၊ ဒီတော့ မင်းတို့ကပဲ ပုံမှန်ကုန်စျေးနှုံး ဖြစ်အောင် လုပ်ကြမလား ဒါမှမဟုတ် ငါကပဲ ဂိုဒေါင်တွေ ဖွင့်ပြီး ပြည်သူတွေကို ဝေပေးရမလား စဥ်းစားကြ ''

      အဲဒီလို သဘော ပြင်းထန်စွာ သတိပေးလိုက်တော့ နောက်ရက်တွေမှာ ကုန်စည်စျေးနှုံး ပုံမှန်ဖြစ်သွားပါတော့တယ် ။ 

          ဦးနေဝင်းဟာ ပြည်တွင်းက သူ့အပေါ် ဘယ်လိုပင် အပုပ်ချနေပါစေ ပြည်ပ ခေါင်းဆောင်များကတော့ လေးလေးစားစား ခင်ခင်မင်မင် ရှိကြပါတယ် ။ အင်ဒိုနီရှားက ဆူကာနို နဲ့ ညီအကိုလို ငံယောဇဥ်ရှိကြပြီး လီကွမ်းယူနဲ့လည်း အင်မတန် အဆင်ပြေပါတယ် ။ 

     အနောက်အုပ်စုနဲ့လည်း ပေါ်လစီအရ မသင့်မြတ်ပေမယ့် လူပုဂ္ဂိုလ်ရေးအရတော့ အဆင်ပြေကြပါတယ် ။ ဦးနေဝင်းဟာ သူအင်မတန်လေးစားတဲ့ လော့မောင့်ဘက်တန် ရဲ့ အကြံပေးမှု အရ စစ်အုပ်ချုပ်ရေးမှ တပါတီအုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းခဲ့ပါတယ် ။ 

       ပြည်တွင်း နိုင်ငံရေးသမားကြီးများ စုပေါင်းရေးဆွဲခဲ့တဲ့ မဆလ ပါတီရဲ့ မူဝါဒတွေ အညမည သဘောတရားတွေဟာ ထောင့်စေ့အောင် ပြည့်စုံ ကောင်းမွန်လှပါတယ် ။ 

      ဒီလောက်ကောင်းတဲ့ မဆလ ပါတီရဲ့ လမ်းစဥ်ဝါဒကြီး ဘာကြောင့် မအောင်မြင်ခဲ့ရသလဲ ဆိုရင် အကြောင်းပေါင်း များစွာ ရှိပါတယ် ။ 

......အရေးကြီးဆုံး အကြောင်းအရာက သိပ်ကောင်း သိပ်ပြည့်စုံတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ် ကြီး နဲ့ ချီးကျူးဖွယ် အညမည သဘောတရားတွေကို အကောင်အထည်ဖော်မယ့် လူသားတွေဟာ ရဟန္တာ အဆင့်လောက်နီးပါး ဖြူစင်ပြီး သီလလုံဖို့ လိုအပ်နေတာပါပဲ ။ 

     မြန်မာနိုင်ငံရဲ့ ကြားနေရေး မူဝါဒအရ ထဲထဲဝင်ဝင် ကူညီဖေးမမယ့် အုပ်စုမရှိပါဘူး ။

       အရှေ့ အနောက် တက်ညီလက်ညီ ဖိအားပေး တပည့်မွေးချင်လို့ အကျပ်တွေ့အောင် ကြံဖန်ဒုက္ခပေးကြပါတယ် 

(ရောင်းဝယ်မှုတွေမှာ ပစ္စည်းခြင်း တိုက်ရိုက် ဖလှယ်ရပါတယ် ၊ ဓာတ်ဆီလိုချင် ဝါ နဲ့ လဲပါ ၊ လက်နက်ကြီးဝယ်ချင် ဆန် နဲ့ လဲပါ ၊ ကားလို ရထားလိုရင် ပဲ နဲ့ လဲပါ စသည်ဖြင့် လဲလှယ်ယူကြရပါတယ်)

     အဲသလို လဲရတဲ့ အတွက် ဝါ ဧက ဘယ်လောက်စိုက် ဘယ်လောက်ထွက် ဘာနဲ့လဲ ၊ ပဲ ဧက ဘယ်လောက်စိုက် ဘယ်လောက်ထွက် ဘာနဲ့လဲ ဆိုတဲ့ အတွက် စီမံကိန်းသီးနှံဆိုပြီး အတင်းစိုက်ခိုင်း အတင်းဝယ် နဲ့ တောင်သူတွေနဲ့ ပြဿနာ ဖြစ်ကြရတာပါပဲ ။ 

      အောက်ခြေက မမှန်ကန်တဲ့ စာရင်းဇယားတွေနဲ့ စီမံကိန်းဆွဲ ၊ တောင်သူတွေပဲ အနှိပ်စက်ခံရ နဲ့ ဦးနေဝင်းရဲ့ လေးနှစ်စီမံကိန်းတွေဟာ အလိမ်အညာတွေ အောက်မှာ ကျဆုံးခဲ့ရပါတယ် ။ 

          ဦးနေဝင်းခေတ်က မြန်မာ့တပ်မတော်ဟာ အင်အားနည်းပါးသည်ဟု ဆိုရမှာ ဖြစ်ပေမယ့် ​ကြက်ခေါင်းဆိတ် မခံ ဆတ်ဆတ်ကျဲ တပ်မတော် ဖြစ်ပါတယ် ။ မိမိတပ်စိတ် တပ်စုအား ချောင်းမြောင်းပစ်ခတ်ပါက မရမချင်း တရစပ်လိုက်ပြီး လက်စားချေတတ်ပါတယ် ။ အရင်းအတိုးရမှ ကျေနပ်ပါတယ် ။

     တော်ရုံရန်သူဟာ စခန်းငယ်တွေကို ထိကပါး ရိကပါး မလုပ်ရဲကြပါဘူး ။ ငြိမ်းချမ်းရေးဆိုလို့ ရီစရာ ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပြတော့ သူပုန်ပေါင်းစုံက နယ်မြေတွေ ဝိုင်းတောင်းကြတာ ဦးနေဝင်းအုပ်ချုပ်ဖို့တောင် မကျန်သလောက် ဖြစ်နေသတဲ့ 😁😁
ဒီတော့ ဦးနေဝင်းက စိတ်ဆိုးပြီး မင်းတို့ ဒါကြီးကော မလိုချင်ဖူးလား ဆိုပြီး ဘောင်းဘီဇစ်ဖြုတ်ပြလို့ ပွဲပြတ်သွားတယ် ဆိုလား ကြားဖူးခဲ့ပါတယ် ။ 

           ဦးနေဝင်းဟာ သူ့စီမံကိန်းတွေ အောင်မြင်နေတယ်လို့ တင်ပြတာတွေနဲ့ ကျေနပ်နေပုံရပါတယ် ။ ပြည်သူတွေအတွက်တော့ သမဝါယမစနစ်နဲ့ အခြေခံစားကုန် နဲ့ လူသုံးကုန် အနည်းငယ်ကို စျေးနှုံးချိုသာစွာ ဖြန်ဝေရောင်းချနေလို့ ငတ်နေတဲ့ လူတော့ မရှိပါဘူး ။ ဖအေတယောက် အလုပ်လုပ်ရင် တမိသားစုလုံး စားဝတ်နေရေး ကျန်းမာရေး ပညာရေး မပူမပင် နေခဲ့ကြရပါတယ် ။ 

      ခေတ်မှီလူသုံးကုန်တွေ မသုံးစွဲရတာကလွဲရင် ကျနော့်အတွေ့အကြုံအရတော့ အတော်နေပျော်တဲ့ ခေတ်လို့ ယူဆမိပါတယ် ။ ကလေးက ကလေးလို နေရတယ် ၊ လူငယ်က လူငယ်လို နေကြရတယ် ၊ လူကြီးက လူကြီးလို နေခဲ့ကြရတာ လွမ်းစရာပါပဲ ။ 

     ချီးကျူးစရာကောင်းတာက ဦးနေဝင်းရဲ့ သယံဇာတ ထိမ်းသိမ်းပုံပါပဲ ။ နောင်တချိန်မှာ မြန်မာတွေ ပညာတတ်လာမှ သယံဇာတတွေကို ကုန်ချောလုပ် ရောင်းကြရမယ် ဆိုပြီး ထိမ်းသိမ်းသွားတာပါ ပဲ ။ 

         ဦးနေဝင်းအတွက် ရွှေရောင်ကာလများဟာ တရွှေ့ရွှေ့ကုန်ဆုံးလာပါပြီ ။ တိုင်းပြည်တခုလုံး ပလက်လောညံသွားတဲ့ ကိစ္စကို ဦးနေဝင်း လုပ်ချလိုက်ပါတယ် ။ 

          မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...