Thursday, May 27, 2021

ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ် သို့ (၁၀)



      ဦးသန်းရွှေ တရုတ်ပြည်ကို ကိုယ်တိုင်သွားပြီး ဘာတွေ ပြောခဲ့သလဲဆိုတော့ ဒေါ်စုကြည်ဟာ အနောက်အုပ်စုထောက်ပံ့ပေးနေတဲ့ အနောက်ယိမ်းဒီမိုသမား ဖြစ်ကြောင်း ၊ အကယ်၍ သူမသာ 2010 မှာ အာဏာရသွားခဲ့လျှင် တရုတ်ရဲ့ အနောက်တံခါး လှေခါးခုံမှာ ဒီမိုအုပ်စုကြီး ရောက်လာပြီး တရုတ်ကို အနီးကပ်စောင့်ကြည့်နေတော့မည် ဖြစ်ကြောင်း ၊ ဒါကြောင့် 2010 မှာ သူ့ရဲ့ စစ်တပိုင်းအစိုးရ အာဏာရရန် အရေးကြီးကြောင်း နဲ့ သူ့တို့ကို တရုတ်က 2010 ရွေးကောက်ပွဲမှာ ထောက်ခံပေးဖို့ လိုကြောင်း တရုတ်ကို ဒီမိုသရဲ နဲ့ ခြိမ်းခြောက်ပါတယ် ။ 

      အဲဒါကြောင့် တရုတ်အစိုးရ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး ဂျန်ယု က 

"စစ်အစိုးရ ပြုတ်ကျသွားလျှင် တိုင်းပြည်ရဲ့တံခါးပေါက်လှေခါးခုံမှာ အနောက်ကို မှီမယ့် ဒီမိုကရေစီ အစိုးရကို အစားထိုးမလား ဘာလား ဆိုတာ တရုတ်ခေါင်းဆောင်တွေကြား တိတိကျကျမရှိသေးပါဘူး "

   ဆိုပြီး သံတမန်စကား နဲ့ ဦးသန်းရွှေကို ထောက်ခံလိုက်ပါတယ် ။ ဒီလိုနဲ့ ဦးသန်းရွှေဟာ တရုတ်ကို ဒီမိုသရဲနဲ့ခြောက်လိုက် ၊ ရေနံပိုက်လိုင်း စီမံကိန်း ၊ လက်ပန်းတောင် စီမံကိန်း ၊ မြစ်ဆုံစီမံကိန်းတွေ နဲ့ ချော့လိုက်နဲ့ ဆွဲဆောင်လိုက်တာ တရုတ်အစိုးရက 2010 ရွေးကောက်ပွဲကို ထောက်ခံပေးမယ်လို့ ကတိပြုလိုက်ရပါတော့တယ် ။ 

     ဦးသန်းရွှေဟာ အမေရိကန်ကိုလည်း ရေကူးချန်ပီယံ ဖားကြီး ၊ မြောက်ကြီးရဲ့ နျူတွေ နဲ့ ဂျင်းထဲ့ပြီး Jim Webb ကနေတဆင့် ခါးပိုက်ထဲ ထည့်ထားနိုင်ပြီဆိုတော့ ရှေ့သွားရမယ့်လမ်း ဖြောင့်တန်းသွားပေပြီ ။

    ဦးသန်းရွှေဟာ 2010 ရွေးကောက်ပွဲကနေ တက်လာမယ့် စစ်တပိုင်းအစိုးရသည် 
သူခင်းတဲ့လမ်းအတိုင်း လျှောက်လှမ်းရန် ၊ နိုင်ငံတကာကလည်း လေးစားအသိအမှတ်ပြုရန် ၊ ဒီမိုကရေစီစနစ်ကိုလည်း အမှန်အကန် ဖော်ဆောင်နိုင်ရန် ရည်မှန်းပြီး လုပ်ဆောင်နေပါတယ် ။ 

     သူဟာ ထင်မထားအောင် လည်လွန်းသူဖြစ်ပြီး အနောက်အုပ်စုက ကြောင်လက်သည်း လို့ အမည်ပေးရလောက်အောင် ခန့်အာမှန်းရခက်လှပါတယ် ။ ကမ္ဘာလှည့်ပြီး လူလည်ကျနေတဲ့ အမေရိကန်တွေတောင် ထူထူပိန်းပိန်း အညာသားပုံစံနဲ့ ဦးသန်းရွှေရဲ့ လှည့်ကွက်တွေမှာ ဒီမိုကရေတိုက်ကွက် ပျောက်အောင် လုပ်နိုင်ခဲ့ပါတယ် ။ 

    အခုတော့ အမေရိကန်ရော တရုတ်ကိုပါ စည်းရုံးထားနိုင်ပြီ ဖြစ်လို့ နိုင်ငံရေးကစားကွက်ကို သူစိတ်ချသွားပါပြီ ။ သူတကယ်စိတ်မအေးသေးတာက 3 rd generation ဗိုလ်ချုပ်မင်းအောင်လှိုင် ( DSA 19) အား တပ်ချုပ် ခန့်ထားခြင်းအပေါ် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ ။ 

    သူ့တုန်းကလည်း အလိုပဲ စီနီယာဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကြည်တို့ ဗိုလ်ချုပ်ကျော်ဘတို့ နဲ့ ဖြစ်ခဲ့ဖူးလို့ အခု အဲလိုမဖြစ်အောင် စီစဉ်ပါတယ် ။

      စီနီယာ ဗိုလ်ချုပ်ကြီး ၈ ဦးကို တပ်ကနေအနားပေးလိုက်ပါတယ် ။ သူရရွှေမန်း နဲ့ ရှစ်လုံးကြီးကို ပါတီဖက် ရွှေ့လိုက်ပါတယ် ။ အဲလိုနဲ့ တပ်ဖက်ကို စိတ်ချအောင် စီစဉ်ပေးပြီးမှ ပါတီဖက် ပြန်လှည့်နိုင်ပါတော့တယ် ။ 

      ဦးသန်းရွှေဟာ ကြံ့ခိုင်ရေးပါတီ ထူထောင်ထားပေမယ့် သူအဓိကထားတာ တပ်ပဲဖြစ်ခဲ့ပါတယ် ။ ပါတီကို မည်ကာမတ္တဆင့်ပဲ လုပ်ခဲ့တာပါ ။ သူဟာ မဆလ ခေတ်တုန်းက Politician ဖြစ်ခဲ့ပေမယ့် ၈၈ မှာ သန်းနဲ့ချီတဲ့ ပါတီဝင်တွေရဲ့ ဖောက်ပြန်မှု ကိုယ်ကျိုးကြည့်မှုကြောင့် ပါတီ တို့ ကေဒါတို့ဆို မကြားချင်လောက်အောင် မုန်းတီသူဖြစ်ပါတယ် ။ 

     ဒါပေမယ့် စစ်ဖက်ရော နိုင်ငံရေးရော နားဖို့ ဆုံးဖြတ်ထားတော့ ပါတီ နဲ့ အစိုးရအဖွဲ့မှာ နေရာပေးဖို့ သူဆုံးဖြတ်ရပါပြီ ။ ဦးရွှေမန်းဟာ တပ်ချုပ်မဖြစ်ရလို့ မကျေမနပ်ဖြစ်နေပြီး အစိုးရဖွဲ့လျှင် သမ္မတနေရာ မှန်းထားမှန်း ဦးသန်းရွှေ ကောင်းစွာ သိပါတယ် ။ 

      လူသည်ဖောက်ပြန်တတ်သော သဘော ရှိတယ်ဆိုတဲ့ အညမည သဘောတရားကို ဦးသန်းရွှေသိပါတယ် ။ တပ်ချုပ်နေရာမရလို့ မကျေနပ်တဲ့သူကို နိုက်ငံရေးပါဝါ အမြင့်ဆုံး သမ္မတနေရာ ပေးလိုက်ရင် သူ့ရဲ့ တပ်ချုပ်အသစ်လေး နဲ့ ပွတ်တိုက်မှုတွေဖြစ်ပြီး သမ္မတကို သူမထိမ်းနိုင်ရင် တိုင်းပြည်နစ်နာမှာ တွေးမိလို့ ပယ်ချခဲ့ပြန်ပါတယ် ။ 

        မကျေမနပ် ဖြစ်နေမယ့် ဦးရွှေမန်းအတွက် အသင့်တော်ဆုံးကတော့ သမ္မတကို ထိမ်းချုပ်စောင့်ကြည့်နိုင်မယ့် လွှတ်တော်ဥက္ကဌ ရာထူးက သင့်တော်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။ 

      ထို့နောက် သမ္မတအဖြစ် စာတတ်ပေတတ် ရဟန်းလူထွက် လူရိုးကြီးရဲ့ သားဖြစ်သူ ၊ သားသမီးတွေထဲမှာလည်း စီးပွါးရေးလုပ်ငန်းမလုပ်တဲ့သူ ၊ ကိုယ်တိုင်လည်း လောဘရမ္မက်နည်းပြီး နုညံ့သိမ်မွှေ့ ရိုးသားလှတဲ့ ဦးသိန်းစိန်ကို ရွှေးချယ်ပါတယ် ။ 

      ပြီးတော့မှ တပ်ချုပ်အသစ် သမ္မတအသစ် လွှတ်တော်ဥက္ကဌအသစ်တို့ရဲ့  ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ပွတ်တိုက်မှုတွေကို ထိမ်းညှိပေးနိုင်မယ့် အမျိုးသားလွှတ်တော် ဥက္ကဌနေရာမှာ သူနဲ့ သဘောထားခြင်း တိုက်ဆိုင်တူညီတဲ့ ဦးခင်အောင်မြင့်ကို ခန့်ထားလိုက်ပါတယ် ။ 

   ထို့နောက် UEC ဥက္ကဌအဖြစ် ဦးသိန်းစိုးအား တာဝန်ပေးပြီး 2010 ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပပေးပြီး အစိုးရ သစ်ထံ ညင်သာစွာ အာဏာလွှဲပြောင်းပေးခဲ့ပြီး စိတိအေးလက်လေး နဲ့ အညာသားကြီး စာအုပ်ဖတ်နေနိုင်ပြီ ဖြစ်ပါတယ် ။

        နှစ်ပေါင်းများစွာ ပွတ်တိုက်မှုများခဲ့ရတဲ့ NLD ကို အာဏာချက်ခြင်း လွှဲပြောင်းပေးခဲ့ရရင် ညင်သာတဲ့ အရွှေ့မဖြစ်ပဲ တိုင်းပြည်အတွက် မုန်တိုင်းထန်နိုင်ပါတယ် ။ 

      2011 မှာ အာဏာရယူခဲ့တဲ့ ဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပ ဖိအားများကြောင့် မြစ်ဆုံ စီမံကိန်းကို ရပ်တံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။  ဒီလုပ်ရပ်ကြောင့် ပြည်တွင်းထောက်ခံမှု ရခဲ့ပေမယ့် ဘေးထွက်ဆိုကျိုးတွေ တသီကြီး တွေ့လာရပါပြီ ။

       မြစ်ဆုံနားတော့ CPI ကလည်း တရုတ်အစိုးရကို ဘဏ်တိုးဆိုင်ငံ့ဖို့ပြော ၊ တရုတ်အစိုးရက လည်း ပြန်လုပ်ဖို့ ဂျီကြနဲ့ အမျိုးမျိုးကျိုးစားပေမယ့် ဦးသိန်းစိန်က သူ့သက်တမ်းမှာ မလုပ်နိုင်ဘူးလို့ ပြတ်သားစွာ ပြောလိုက်ပါတယ် ။  

     ဒီတေါ့ တရုတ်က ပထမဆုံး နယ်စပ်ကနေ ဆန်ဝယ်ခွင့်ပိတ်လိုက်ပါတယ် ၊ နောက် တရုတ်ထဲခိုးဝင်နေတဲ့ မြန်မာတွေကို ဖမ်းပြီးထောင်ချတယ် ။ နောက်ဆုံးအဆင့် သူပုန်တွေကို နောက်ဆုံးပေါ်လက်နက်တွေ တပ်ဆင်ပေးပြီး တိုက်ခိုင်းပါတယ် ။ 

      တိုက်ပွဲအစ ပထမ သုံးလ မှာပဲ တပ်မတော်ဖက်က 126 ယောက်ကျဆုံးပြီး 359 ယောက် ဒဏ်ရါရခဲ့ ပါတယ် ။ သူတို့ဖက်က ထုတ်ပြန်တာတော့ သူပုန်တွေ 90 ကျပြီး 200 ဒဏ်ရာရသတဲ့ ။ 

     ဖြစ်စဉ်ကို ပြန်သုံးသပ်တော့ လက်နက်ငယ် စွမ်းရည် ကွာနေပါတယ် ။ အထူးသဖြင့် SINIPER တွေကြောင့် အကျအဆုံးများခဲ့ရတာ တွေ့ရပါတယ် ။ ထိုအချိန်က မြန်မာ့တပ်မတော်မှာ Siniper မသုံးသေးပါဘူး ။ ဒါကြောင့် ဗွေဆော်ဦး ကာလတွေမှာ KIA  MNDAA တို့နဲ့ တိုက်လိုက်တိုင်း အကျအဆုံးများခဲ့ရတာပါ ။ 

    2009 လောက်ကိုင်တိုက်ပွဲတုန်းက ၂၇ ရက်အတွင်း ချေမှုံးနိုင်ခဲ့ပေမယ့် ယခုတော့ ပြောင်းပြန်ဖြစ်ရလေပြီ ။ အဓိကဇစ်မြစ်ကတော့ တရုတ်အစိုးရရဲ့ ကြီးမားသော အထောက်အပံ့တွေကြောက့်ပါပဲ ။ 

   အဲဒီချိန်မှာ MNDAA တို့ ကံဆိုးပြီး ဦးသိန်းစိန် ကံကောင်းစေမယ့် ကိစ္စတခု ဖြစ်လာပါတယ် ။ အဲဒါကတော့ ဝိုင်းမော်နယ်ထဲက သစ်ခိုးထုတ်နေတဲ့ တရုတ် ၁၅၀ နဲ့ ယာဉ် ယန္တယား ၄၅၅ စီးဖမ်းမိတာပါပဲ ။ 

      တရုတ်အစိုးရက လွှတ်ပေးဖို့ တောင်းဆိုပေမယ့် ဦးသိန်းစိန်အစိုးရက တရုတ်တွေကို ၂ ဦးကလွဲပြီး ကျန်သူအားလုံး ထောင်တသက်ချပစ်ပါတယ် ။ ဒီတော့ တရုတ်တွေလည်း ပျာယာခတ်သွားပါပြီ ။ နာမည်ဆိုးနဲ့ကျော်ကြာနေတဲ့ မြန်မာအကျဉ်းထောင်တွေမှာ ဒီတရုတ်တွေ သေဖို့ပဲ ရှိတယ်ပေါ့ ။ 

       ဒီတေါ့ တရုတ်အစိုးရကလည်း ဦးသိန်းစိန်ကို အပေးအယူလုပ်ပြီး ညှိနှိုင်းရပါပြီ ။ ဒါလိုချင်လို့ တမင် ထောင်တသက် ချပသ်ထားတဲ့ ဦးသိန်းစိန်က 

- နယ်စပ်ဆန်အဝယ်ပြန်ဖွင့်ရန်

- တရုတ်ပြည်တွင်း၌ ဖမ်းထားသော မြန်မာများအား ပြန်လွှတ်ပေးရန်

- MNDAA အားထောက်ပံ့နေသော ငွေကြေး လက်နက် လူသူတို့ကို ဖြတ်တောက်ပေးရန်   ဆိုပြီး တောင်းဆိုပါတယ် ။ 

     တရုတ်တွေဟာ မူမနေနိုင်ပဲ အားလုံးလိုက်လျှောပေးပြီး MNDAA ရဲ့ ဘဏ်စာရင်းများကိုပါ ပိတ်ပေးခြင်းဖြင် MNDAA ဟာ တမ်မတော်ထိုးစစ်အောက်မှာ ကျဆုံးသွားရပါတယ် ။ ဦးသိန်းစိန်လည်း တရုတ်တွေကို ၈ ရက်နဲ့ လွှတ်ပေးလိုက်ပါတယ် ။ 

      အဲဒီလို အကြောင်းရင်းကို မသိပဲ တရုတ်သစ်သူခိုးတွေကို ၈ ရက်နဲ့ လွှတ်ပေးခြင်းအား ယနေ့ထိ နိုင်ငံရေးတိုက်ကွက်အဖြစ် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ် ။ 

    အဲဒီနောက် မြန်မာ့တပ်မတော်ဟာ ခြေလျှင်တပ်သုံးလက်နက်ငယ်တွေကို အဆင့်မြှင့်ပေးဖို့ လုပ်ဆောင်ပါတော့တယ် ။ တရုတ်ပစ္စည်းများ လုံးဝမသုံးတော့ပဲ ရုရှား ၊ ယူကရိန်း ၊ မြောက်ကိုးရီးယား ၊ ဘရာဇီး ၊ အိန္ဒိယ ၊ ယူဂို အစရှိသဖြင့် ရတတ်သရွှေ့ နောက်ဆုံးပေါ် လက်နက်တွေ ဖြည့်ဆီးပေးခဲ့ပါတယ် ။ 

   အထူးသဖြင့် တရုတ် siniper များထက် သာလွန်ကောင်းမွန်သော siniper များတပ်ဆင်ထားတဲ့ siniper တပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့ပါတယ် ။ တပ်မတော်ဟာ ခေတ်မှီလက်နက်များ တပ်ဆင်နိုင်ပေမယ့် တပ်သားသစ်စုဆောင်းရာမှာ အခက်တွေ့နေတယ်လို့ ကြားရပါတယ် ။ 

     19-11-2012  မှာ အိုဘားမားလာတော့ ဦးသိန်းစိန်ဟာ "မြန်မာပြည်သူသန်း ၅၀ ကျော်အတွက် ဒီမိုကရေစီရေးအား ကျနော်အမြဲမျက်နှာမူနေပါတယ် "လို့ပြောလိုက်ပါတယ် ။ ဒေါ်စညကြည်ကို 2012 ကြားဖြတ်မှာပဲ လွှတ်တော်ထဲရောက်အောင်ခေါ်နိုင်ခဲ့တာ ခိုင်မာတဲ့ သာဓကပါပဲ ။

      ဒီနေရာမှာ ဦးသန်းရွှေ တည်ဆောက်ခဲ့တဲ့ လမ်းတံတား ၊ ဆည်မြောင်း ၊ ကျောင်းဆေးရုံ ၊ ရေအားလျှပ်စစ်စက်ရုံ အစရှိတဲ့ များပြားလှတဲ့ အခြေခံဆောက်အဦးတွေ ၊ ကာကွယ်ရေး အတွက် လှို့ဝှက်လှိုဏ်ခေါင်းပေါင်း ရာပေါင်းများစွာ တူးဖော်ခြင်း ၊ မြေအောက်ကာကွယ်ရေးစက်ရုံများတည်ဆောက်ခြင်း ၊ ထိုင်း နဲ့ ဘင်္ဂလားသို့ ပစ်ခတ်ချေမှုံးနိူင်သည့် တာတို တာလတ်ပစ် IRBM များ ဝယ်ယူခြင်း ၊ နျူစီမံကိန်း အတွက်ကုန်ကျခြင်း အစရှိတဲ့ လုပ်ငန်းတွေ အပြင် ရန်ကုန် မန္တလေး အမြန်လမ်း ၊ နေပြည်တော် လွှတ်တော် အစရှိတဲ့ တည်ဆောက်မှု အကြီးကြီးတွေ အတွက် ဦးသန်းရွှေ ငွေတွေ ဘယ်လိုရှာခဲ့ပါသလဲ ။ 

     ထင်ထင်ရှားရှား သိခဲ့ရတာကတော့ သဘာဓာတ်ငွေ့  လုပ်ငန်းကနေ အများအပြားရရှိခဲ့ပါတယ် ။ ၁၉၉၅ မှာ စမ်းသပ်ပြီး ၁၉၉၈ မှာ ထုတ်လုပ်ခဲ့တဲ့ လုပ်ငန်းကနေ အစိုးရက 15 % အချိုးကျရရှိခဲ့ပါတယ် ။ 2001 မှ 2006 အထိ US$ 9 ဘီလီယံခန့် သဘာဝဓါငွေ့ကနေ ရခဲ့ပါတယ် ။ 

     အဲဒီကာလတွေက လှို့ဝှက်လှိုဏ်တွေနဲ့ နျူကိစ္စတွေအတွက် ပြုံယမ်းနဲ့ ကျိတ်ပြီး ခိုးလုပ်နေရပါတယ် ။ အဲဒီ MOGE က တရားဝင် ရထားတဲ့ ဒေါ်လာ ၉ ဘီလီယံကို ရသုံးစာရင်းမှာ မှန်တိုင်း ဖော်ပြလိုက်ရင် လှို့ဝှက်လက်နက်ဝယ်တဲ့ ကိစ္စပေါ်သွားနိုင်ပါတယ် ။ ( ငွေသုံးစာရင်းကို ကြည့်ပြီး ဘာလင်နက်တွေဝယ်တယ်ဆိုတာ ခန့်မှန်းကြမည်စိုးရိမ်လို့ပါ )

   အဲဒါနဲ့ MOGE ကနေရတဲ့ ဖုံးဖိမရတဲ့ ဝင်ငွေကို ဗဟိုဘဏ် ၌ တဒေါ်လာလျှင် ၇ိ / နှုံးဖြင့် ဖလှယ်၍ သုံးစွဲပစ်ကြောင်း လိမ်ခဲ့ရပါတယ် ။ အဲဒါကိုလည်း ယခုထိ တိုက်ခိုက်နေဆဲပါပဲ ။ 

    ယနေ့ နားမလည်သူတွေပြောနေတဲ့တပ်မတော်က MEC ထောင်ပြီး စီးပွါးရေး လုပ်နေတယ် ဆိုတဲ့ ကိစ္စကို လေ့လာကြည့်ပါ ။ တပ်မတော်ဟာ နိုင်ငံကာကွယ်ရေးအတွက် ရေရှည်စီမံကိန်းတွေအမြောက်အများ ရေးဆွဲ လုပ်ကိုင်နေရပါတယ်။ 

    ဒီမိုကရေစီ အစိုးရများဟာ ဘက်ဂျက်ဖျက်တောက်လိုက်မယ်ဆိုရင် ဒီလုပ်ငန်းတွေ ရပ်တံ့သွားနိုင်ပါတယ် ။ အဲလို အခြေအနေ နဲ့ မကြုံစေရန် ကြိုတင် ပြင်ဆင်ထားတာပါ ။ ဒါတွေကြောင့်လည်း တပ်မတော်ဟာ အင်အားတည်ဆောက်ခြင်းကို အရှိန်မပျက်ဆက်လက်ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ် ။ 

    ခေတ်မှီ ဂျက်တိုက်လေယာဉ်အသစ်များ ၊ ဖရီးဂိတ်သင်္ဘောများတည်ဆောက်ခြင်း ၊ မစ်ဇိုင်းများ ဝယ်ယူခြင်း ထုတ်လုပ်ခြင်း တွေကို တွေ့မြင်နေရတာ တပ်မတော်ရဲဘ အမျှော်အမြင်ပါပဲ ။ 

    ယခု နှစ်လယ်ကမှ တရုတ်ရဲ့ နောက်ဆုံးထုတ် SRBM SY 400 တာတိုပစ်တွေ ဝယ်ခဲ့ပါတယ် ။ ဘယ်သူ့အတွက်လည်း တွေးကြည့်ပါ ။ ဒါမျိုးတွေ ဖြည့်ဆီးနိုင်ဖို့ တည်ထောင်ထားတဲ့ MEC ကို အထင်မလွဲသက့်ပါဘူး ။ 

      ယနေ့တပ်မတော်ရဲ့ အနေအထားဟာ ဘရွှေလက်ထက်ကထက် အများကြီး တိုးတက်နေတာ သေချာပါတယ် ။ အဲလိုတိုးတက်မှုကို လေးစားသလို ဖြစ်ရပ်မှန်တခုကို ပြောပြချင်ပါတယ် ။ 

       ယနေ့လူငယ်သိပ္ပံရှင်ကို အင်တာဗျူးတော့ 

"ခင်ဗျားတို့လူငယ်တွေက အိုင်းစတိုင်းထက်ပိုတော်တယ် သူမတီထွင်နိုင်တာတွေ ခင်ဗျားတို့ တီထွင်နိုင်ခဲ့တယ်"  လို့ ပြောတော့

"အဲလို မပြောပါနဲ့ အိုင်းစတိုင်းက သူ့တွေ့ရှိချက်သီအိုရီတွေနဲ့ သူ့ပုခုံးပေါ်မှာ ကျုပ်တို့ကို ကြည့်ခွင့်ပေးလိုက်လို့ ကျုပ်တို့က သူ့ထက်ပိုပြီး မြင့်မြင်းကနေ ဝေးဝေးထိ မြင်နေရတာပါ " လို့ ဖြေခဲ့ပါတယ် ။

      ယနေ့ ကမ္ဘာ့အဆင့် ဘယ်လောက်ကွဆိုပြီး ရင်ကော့ပြောနိုင်တဲ့ မြန်မာ့တပ်မတော်အတွက် ပခုံးပေါ်ထမ်းပေးခဲ့တဲ့ ဦးသန်းရွှေ ၊ ဦးသန်းရွှေအား ပခုံးပေါ်ထမ်းပေးခဲ့တဲ့ ဦးနေဝင်းတို့ ရဲ့ ကျေးဇူးတရားများအား ထာဝရတန်ဖိုးထားသော မြင့်မြတ်သည့် မြန်မာ့တပ်မတော် အဖြစ် အမြဲတမ်းအောင်လံလွှင့်ထူနေရမယ်လို့ ယုံကြည်လေးစား အားကိုးနေပါတယ် ။ 

မှတ်ချက် ။     ။ အားလုံးသိချင်နေတဲ့ မြန်မာမှာ နျူရှိပြီလားဆိုတဲ့ မေးခွန်းအတွက် ကိုယ်ဘာသာ စဉ်းစားနိုင်ဖို့ ပြောပြပါ့မယ် ။ 

    ခင်ဗျားတို့ဟာ အုန်းသီးကို အလွန်အမင်း စားချင်နေပါတယ် ။ အုန်းသီးအမြဲရဖို့ အုန်းခြံလည်းစိုက်ဖို့ ငွေကြေးကအစ  အခြေအနေ အားလုံးပြည့်စုံနေပါပြီ ။ ကဲ မိတ်ဆွေတို့ အရမ်းစားချင် နေတဲ့ အုန်းသီးကို ဝယ်စားလို့လည်း ရနေပါလျှက် မိတ်ဆွေက ကိုယ်စိုက်တဲ့ အုန်းပင်က သီးမှ စားမယ်ဆိုပြီး စောင့်နေမလား အရင်ဦးဆုံး ဝယ်စားထားမလား တွေးကြည့်ပါ ။ 😁😁😁😁😁

    စိတ်ရှည်သည်းခံပြီး ဖတ်ရှုအားပေးကြသော မိတ်ဆွေများ ချမ်းမြေ့သာယာပါစေဗျာ ။ 

        မျိုးဝင်း

Ref: Myanmar Times  4th May 2017
        Myanmar Military 's ambitions. Part 3
        The Harvard Gazette.  11st Dec: 2003
        Aljazeera. 22 July 2015
        AFP news by Jewel  Samad
        Interview with Xavier Preel  ,Total  E&P  General Manager
        China Arms  report 9th Apr:2020
        Website links  n. Photo•#credit

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...