Saturday, May 29, 2021

ကိုယ်တိုင်သာ သုံးသပ်ဆုံးဖြတ်ပါ

 

အကိုမျိုးဝင်း..ပြောစရာတစ်ခုရှိပါတယ်..
ဘာလဲဆိုတော့..စကစအာဏာရယူကထဲက မြန်မာပြည်က ပညာတတ် အသိုင်းအဝိုင်း ဆရာဝန်တွေ အင်-ယာတွေ ကျောင်းဆရာဆရာမတွေအများကြီး CDMလုပ် ဆန့်ကျင်ကြတာရယ်...
နောက်..ဟိုတလောက မြဝတီကနေ ၅ဝ၅စာရင်းတွေကြေငြာတော့ အနုပညာရှင် အကုန်နီးပါးလောက်အထိ စာရင်းထဲပါနေတာရယ်..
တစ်နေ့ကပဲ ဂျပန်မှာသွားကန်တဲ့ မြန်မာလရစဘောလုံးအသင်းဟာ တီးမှုတ်ပေးတဲ့ မြန်မာနိုင်ငံတော်သီချင်းကိုတောင် တစ်စက်မှလိုက်မဆိုနိုင်လောက်အောင် အသံတိတ် ဆန္ဒပြကြတာရယ်...
ဒါတွေကိုတွေ့လာရတော့..
"ဪ..မြန်မာနိုင်ငံမှာ စကစကို လူတန်းစားအလွှာအသီသီး ရာခိုင်နှုန်း တော်တော်များများက(ဒီ..အာဏာယူတဲ့ကိစ္စ) ဒီလောက်တောင် ဆန့်ကျင်ကန့်ကွက်နေကြတာကို ငါတို့က ထောက်ခံနေကြတာဟာ ငါတို့ကပဲမှားနေကြတာလား "လို့ သံသယဝင်လာမိတယ် ကိုမျိုးရေ..ဒီအတွေးဖြစ်ပေါ်လာတာနဲ့ပတ်သက်လို့ အာစိမှာ ဖြေပေးစရာစကားများ ရှိမလား။
..............................................

          ဒါက ကျနော့်ကို မေးထားတဲ့ မေးခွန်းဖြစ်ပါတယ် ။ မေးသူကိုတော့ သိချင်ရင် မနက်က တင်ထားတဲ့'' ​​မေးခွန်းတို ''ပို့စ်ထဲက မန့် မှာ ကြည့်နိုင်ပါတယ် ။ 

       ကောင်းပါပြီ ပညာတတ်တွေ  CDM လုပ်တဲ့ ကိစ္စ စပြီးပြောပါမယ် ။ ဆရာဝန်အုပ်စုကို ပြောဖူးပါတယ် ၊ စာတော်တာကလွဲရင် ကျန်တာ အကုန်ညံ့တဲ့သူတွေ ၊ ငါသာအတော်ဆုံး ဆိုပြီး ဘဝင်မြင့်ရောဂါ ငယ်စဥ်ကတည်းက ပါလာတဲ့ အုပ်စု ။ 

        ငါသိ ငါတတ် လုပ်ကြရင်း အုပ်ချုပ်သူလူတန်းစားကို ငါတို့လောက်မတော်ပဲ ဆရာလုပ်နေတဲ့ အာဏာရူးတွေလို့ အမြဲယူဆနေတဲ့ ဘဝင်ရူးတွေပါပဲ ။ သူတို့ အထင်ကြီးတာ သူတို့ဆရာပါရဂူတွေ ပါမောက္ခတွေပဲ ရှိပါတယ် ။

    ဆရာဝန်လောကကို ဒေါ်စုကြည်က ရာထူး အာဏာနဲ့ လွှမ်းမိုးလိုက်တော့ အာဏာရမက်ကပ်နေတဲ့ ဆရာဝန်ကြီးတွေ အလိုလို ထမီခြုံပြီး ဖြစ်သွားတယ် ။ ကျွဲကူးရေပါ အူကြောင်ကြားဆရာဝန်တွေပါ အလိုလို ထမီခြုံကြပါပြီ ။ 

      ဆေးရုံအုပ်ကြီး ထမီခြုံရင် ကျန်တဲ့ ဝန်ထမ်း အကုန်ခြုံရတော့တာပဲ ။ မခြုံတဲ့ ဝန်ထမ်းလည်း ပြဿနာအရှာခံရတော့ CDM စာရင်း များလာတာပဲ ။ 

     နောက် အင်ဂျီနှီယာ ဘယိလောက်များ CDM သလဲ ? သိရသလောက် သိပ်မများပါဖူး ။ 

    နောက် ပညာရေးဝန်ထမ်း CDM တွေကတော့ ရှင်းပါတယ် ။  မဲခိုးပေးသူ အများစု နဲ့ မခိုးလည်း ဖမ်းခံရမှာ ဆိုပြီး နာမလည်တဲ့ ဆရာတွေကို ခြိမ်းခြောက်ထားလို့ ပါနေကြတာပါ ပဲ ။ 

       ပညာတတ်ဆိုတာ ကျက်မှတ်ပြန်ရေး အဆင့်နဲ့ သတ်မှတ်ထားလို့သာပါ တကယ့်ရင်ထဲက အမှန်တရား နဲ့ ပကတိအရှိတရားကို ချင့်ချိန်သုံးသပ်နိုင်စွမ်း ဆိုတဲ့ အသိပညာနဲ့ ချိန်ဆက်ကြည့်ရင် ဒီအုပ်စုဟာ အရူးသာသာပါပဲ ။ 

    တွေးကြည့်လေ မင်းကိုနိုင်တို့ ပန်ဆယ်လိုတို့ ခိုင်းသမျှ လိုက်လုပ်နေကြတဲ့ အသိဥာဏ်ကို ပေါ့ ။ R2P ယုံ ၊ UN ယုံ ၊ USA ယုံ နဲ့ နောက်ဆုံး အာဆီယံတောင် ယုံနေတဲ့ ငပိန်းဆရာဝန်တွေလေ ။

       နောက် အနုပညာရှင်တွေ သူတို့ကတော့ ရှင်းပါတယ် ။ မူလကတည်းက သူတပါးထက် ထင်ပေါ်ကြော်ကြားလိုစိတ် ၊ လောဘ ဒေါသ မောဟ လွန်ကျူးသူတွေ ဖြစ်လို့ စိတ်ကူးယဥ်သမားတွေ ပီပီ ကယောင်ကတမ်း လုပ်ကြရင်း ငွေနဲ့စည်းရုံး အောင်မြင်မှုနဲ့ သိမ်းသွင်းရင်း ပါကုန်ကြတာပါပဲ ။ 

     သူတို့ဘဏ်စာရင်းတွေ ပြန်ကြည့်ကြပါ ။ သိန်းပေါင်း သောင်းချီ ထည့်ထားနိုင်တာ အံ့သြစရာ မကောင်းဖူးလား ၊ သူဌေးဇတ်ရုပ်တွေ ရိုက်ကူးသရုပ်ဆောင်ရင်း သူဌေးဖြစ်ချင်နေကြတာကိုး ။ 

       ဘောလုံးသမား အဆင့်လောက်ကိုတော့ နိုင်ငံရေး အသိအမြင်နဲ့ ဇလုပ်တိုက် စစ်ဆေးဖို့ မထိုက်တန်လို့ ပြောမနေတော့ပါဘူး ။ တော်ကြာ ဘယ်တော့မှ နိုင်အောင်မကန်တတ်တဲ့ အပေါစားတွေကို မြှောက်စားရာ ရောက်နေမှာ စိုးလို့ပါပဲ ။ 

      OK အခု ပြောခဲ့တဲ့ အလွှာတွေထဲမှာရော NON CDM တွေ မရှိတော့ဖူးလား  ?

     နောက် အခြားဝန်ထမ်းတွေရော အများစု အခုထိ CDM လုပ်နေကြပါသလား  ?

      အနုပညာရှင်အားလုံး ၅၀၅ တွေချည်းပဲလား  ? 

         လူအများစုဆိုတဲ့ စကားကို ပြန်ရှင်းပါမယ် ။ 22-2-2021 မှာ အင်အားအကောင်းဆုံး ဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ် ။ ကောင်းပြီ လူဦးရေ ရဲ့ ဘယ်လောက် ရာခိုင်နှုံး ပြခဲ့သလဲ  ?

      10 % ထက် မပိုပါဘူး ။ လမ်းပေါ်က 10 % သော လူတွေကို မျက်စိနဲ့ ကြည့်လို့ မြင်သလို အိမ်ထဲက 90 % ကိုလည်း ဥာဏ်မျက်စိနဲ့ ကြည့်တတ်ရပါမယ် ။ 

     ကောင်းပြီ အလွှာအသီးသီးက ဆန္ဒပြနေကြတာကို မြင်ရသလို အလွှာအသီးသီးက မဲသူခိုးတွေကို ဆန့်ကျင်နေတာကိုရော ကြည့်တတ်ရပါမယ် ။ 

       အခုပြောတဲ့ အလွှာတွေရဲ့ အသိဥာဏ် တန်ဖိုးကို ပိုင်းဖြတ်ကြည့်ရအောင် ။ 

    ဘယ်သူသေသေ ဆေးကုမပေးပဲ ပြည်သူ့အသက်ထက် ထမီတထည်ကို ပိုပြီး တန်ဖိုးထားနေတဲ့ ဆရာဝန်လူယုတ်မာ တွေ ။

      ကိုယ်ဒုက္ခရောက်မှာ မသိပဲ ဆေးရုံပိတ်ခိုင်းနေတဲ့ ဒေသခံ ပညာမဲ့ လူတန်းစားတွေ ။ 

     မဲခိုးတုန်းက ခိုးထားပြီးမှ စစ်ကျွနိပညာရေး အလိုမရှိ ဆိုပြီး CDM နေတဲ့ ဆရာစိတ်ပျောက် နွားစိတ်ရောက်ပြီး ဘုရားစင်ပေါ်က ခုန်ချနေတဲ့ ဆရာပဲ့တွေ ။ 

      ကိုယ့်သားသမီး ပညာမတတ်မှာ မသိဖူး စစ်ကျွန်ပညာရေး အလိုမရှိဆိုတဲ့ အသိဥာဏ်ကင်းမဲ့နေတဲ့  အရပ်သားတွေ ။

      ဗုံးခွဲ လူသတ် မီးရှို့နေတဲ့ GZ လူယုတ်မာလေးတွေ ။ 

     ချကွ သတ်ကွ ရှို့ကွ ဖောက်ခွဲကွ နဲ့  အကုသိုလ်ကိုအဆစ်တောင်းပြီး ငရဲပြည် လူကြုံလိုက်ချင်နေတဲ့ ငမိုက်သားတွေ ။ 

     အဲဒါ မန့်ရှင် မှန်တယ်လို့ ယူဆနေတဲ့ အခြမ်း ။ 

      ဆရာဝန်ပဲ ဆေးကုရမှာ ငါ့တာဝန် ဆိုတဲ့ တာဝန်သိ ဆရာဝန်နဲ့ သူ့ကို ထောက်ခံသူတွေ ။ 

      ဘယ်သူမွေးမွေး တို့ကလေး ဆိုပြီး ပညာသင်ပေးမယ့် မွန်မြတ်တဲ့ ဆရာတွေကို အားပေးနေတဲ့ ကလေးမိဘတွေ ။ 

    လူသတ် မီးရှို့ ဗုံးခွဲနေတဲ့ လူယုတ်မာလေးတွေကိုတောင် အဖမ်းခံရ အသတ်ခံရတာ မြင်ရရင်ကို သနားပြီး နောက်ကလေးတွေ မလုပ်ကြပါနဲ့ လို့ တားမြစ်နေတဲ့ ပြည်သူတွေ ။ 

     ကဲ ဘယ်အခြမ်းက ရပ်တည်မလဲ တွေးကြည့်ပါအုံး ။ 

      ရံဖန်ရံခါ လောကကြီးက ရီစရာပါပဲ ။ အသံအောင်နေရင် အဟုတ်မှတ်နေကြတာ များပါတယ် ။ 

    မှတ်ထားပါ အသံအောင်တာ အဆံချောင်နေလို့ ဖြစ်ပါတယ် ။ အထဲမှာ အနှစ်မဲ့တဲ့ သစ်တုန်းက အသံမြည်တယ် ။ အနှစ်အပြည့်နဲ့ သစ်တုံးက အသံမထွက်ပါဘူး ။

     ဒီနေ့ ဆူဆူပူပူ လုပ်နေကြတဲ့ GZ တွေ အင်အားသိပ်ကောင်းတယ် ထင်နေပါသလား  ?

      မြန်မာပြည်မှာ လူငယ်ပေါင်း ၁၅ သန်းအထက် ရှိပါလိမ့်မယ် ။ GZ ဆိုပြီး တောခိုနေတာ တထောင်လား တသောင်းလား ကဲ တွေးကြည့်နော် ။ 

        ကာလမသုတ်နဲ့ နိဂုံးချုပ်ပါစေ ။

   သူတပါးပြောလို့ ၊ မိဘပြောလို့ ၊ ဆရာပြောလို့ ၊ စာအုပ်ထဲပါလို့ ၊နောက်ဆုံး ငါဘုရားပြောလို့ဆိုပြီး မယုံပါနဲ့ တဲ့ ။ 

     မှန်ကန်စွာ​​သော ကျိုးကြောင်းဆင်ခြင် သုံးသပ်ပြီးမှ ဒါက ဒါကြောင့် ဒီလိုကိုး ဆိုပြီး လက်ခံကြပါလို့  မြတ်စွာဘုရားက ဟောကြားတော် မူခဲ့ပါတယ် ။ 

     မိမိဘာသာ ကျိုးကြောင်းချိတ်ဆက်၍ သဘာဝကျကျ စိတ်တိုင်းကျသာ ဆုံးဖြတ်ပါတော့ ဗျာ ။ 

       မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...