Tuesday, May 25, 2021

ကိုကြီးစိုးရဲ့အင်တာဗျူး



         မနက်လင်းတာနဲ့ ရောက်လာတဲ့ ကိုစိုးနဲ့အတူ လက်ဖက်ရည်ဆိုင် ထွက်ခဲ့ကြပါတယ် ။ စားသောက်ပြီးတာ နဲ့ ရေနွေးကြမ်းနဲ့ လေကန်ကြတာပေါ့ ။

"ငမျိုးရေ မင်းပြောခဲ့တဲ့ လိုင်ဇာကို တိုက်မယ်ဆိုတဲ့ ကိစ္စ ဘာထူးသေးလဲ ကွ ''

"ကျနော်ကြားတာကတော့ စပြီး အမြည်းကျွေးနေပြီလို့ ကြားတာပဲ မြို့တွင်းတိုက်ပွဲအထိ လုပ်ရမှာ ဆိုတော့ ခါတိုင်းလို ခံစစ်တောင်ကုန်းတိုက်ပွဲနဲ့ မတူတဲ့ ဗျူဟာတွေ သုံးကြမယ်ထင်တာပဲ ဗျ ''

"အေး သူတို့က မြို့ထဲမှာ လှိုဏ်ခေါင်းတူးပြီး တိုက်မယ်ထင်တယ် ဗီယက်နမ်စနစ်ပေါ့ ဂရုစိုက်ဖို့ လိုမယ် ကွ ''

"တပ်မတော်က မြို့သိမ်းတိုက်ပွဲ ကျွမ်းကြင်ပါတယ် မြန်မာတနိုင်ငံလုံး ပြန်သိမ်းလာခဲ့တဲ့ အတွေ့အကြုံတွေကို တိုက်ခိုက်ရေးကျောင်းတွေမှာ စနစ်တကျ သင်ပေးပါတယ် ၊ ခေတ်မှီ ဒုံးတွေ ဗုံးတွေက လှိုဏ်ခေါင်းတွေကို ဖျက်ဆီးနိုင်ကြမှာပါ ''

"အေးကွာ KIA ကတော့ အပြတ်ရှင်းမှ ရတော့မယ် ဂြိုလ်ထောက်လွန်းတယ် ကွ ''

"ရှင်းပါလိမ့်မယ် တားမယ့် ကြောင်တောင်တောင် သမ္မတတွေလည်း မရှိတော့ပါဘူး ''

"မရှင်းခဲ့ရင်ကောကွာ ''

"ပြည်သူတွေ တွေးစပြုနေတဲ့ တပ်မတော်က သူပုန်မွေးမြူရေး လုပ်ပြီး လုပ်စားနေသလား ဆိုတဲ့ ထင်မြင်ချက်ကို အတည်ပြုယုံပေါ့ ဗျာ ရှင်းနေတာပဲ ''

"ဟိုက်  မင်းကတော့ လုပ်ပြီ ထားကွာ ဆက်မေးချင်တာ ကယားကိစ္စ ''

"ကယားပြည်နယ်မှာ ဖြစ်နေတာ ပေါ့သေးသေးတော့ မဟုတ်ဖူး ဂရုစိုက်ရမှာ ဗျ ''

"အေး မနေ့က ဒီမောဆိုးရဲစခန်း ထပ်တိုက်တယ်ဆို ''

"အဲဒါပြောတာ လေ မပေါ့နဲ့ဆိုတာ ချင်း နဲ့ ကယားဆိုတာ အတ္တကြီးတဲ့ လူမျိုး ဖွံ့ဖြိုးမှု အနည်းဆုံးဒေသ အဲဒါကို ခြေကုတ်ယူနေကြလို့ သတိပေးတာ ဗျ ''

"ရဲ တွေကို ချီးကျူးရမယ်ကွ လူ ၂၀ လောက်နဲ့ ၁၃ နာရီ ကြာအောင် ခုခံနိုင်တာ နည်းတဲ့စွမ်းရည် မဟုတ်ဖူး ''

"မှန်တယ် ရဲတွေကို ချီးကျူးရမယ် ပြီးတော့ သက်ဆိုင်ရာ တပ်မှူးကို ရှုံ့ချရမယ် ''

"ဟ ဘာဆိုင်လဲ ကွ ''

"ဒီမောဆိုးလို နေရာမျိုးကို 13 နာရီကြာမှ စစ်ကူရောက်အောင် ပို့နိုင်တဲ့ အရည်အချင်းဟာ ရှက်စရာပဲ ၊ ရဟတ်ယာဥ်တွေ တင့်တွေ သံချပ်ကာတွေ အစုံရှိနေတာကို 13 နာရီကြာမှ စစ်ကူရောက်တယ် ဆိုတာ ကယားကို ရောက်ဖူးသူတွေ ရီကြလိမ့်မယ် ''

"လမ်းပန်းဆက်သွယ်ရေး ကောင်းလို့လား ''

"ကောင်းတာပေါ့ ဗျာ ကတ္တရာလမ်းမှ ဖြူးနေတာပဲ ရဟတ်ယာဥ်လဲ ရှိနေတာကို ဘာလို့ကြာနေရတာလည်း မိုးဗြဲမှာ သေထားတာ မြေမကျသေးဖူး အတော်နေစိမ့်တဲ့ တပ်မှူးပဲ စခန်းကျသွားရင် ရဲ ၂၀ လောက် သေရအုံးမယ်''

"လခွမ်း သူများတွေက ချီးကျူးနေချိန်မှာ မင်းက ဆီလို အပေါက်ရှာ အပြစ်တင်နေသေးတယ် ''

"မဟုတ်ဖူး နောက်နောင် သတိထားသင့်တာကို ပြောတာ''

"နေပါအုံးကွ ကယားတွေက NLD လက်ထက်မှာ NLD နဲ့ ပြဿနာ ဖြစ်ပြီး ဆန့်ကျင်ခဲ့တယ် အခုလည်း နစက ကို ဆန့်ကျင်တယ် ဘာသဘောလဲ ''

"လွတ်လပိရေး ရပြီးကတည်းက ပင်လုံစာချုပ် အိပ်မက်နဲ့ ကိုယ်ပိုင်နိုင်ငံထူထောင်ဖို့ စိတ်ကူးထားတဲ့ သူတွေမို့ အစိုးရ အဆက်ဆက် ပုန်ကန်နေတာ မဆန်းပါဖူး ဗျာ ထောင်ရတဲ့ အချိန် ထောင်ကြမှာပဲ ''

"ရခိုင်ကတော့ အေးချမ်းနေပါ့လား ဟ ''

"NLD မရှိတဲ့ နေရာ အေးချမ်းနေကတည်းက ဒါတွေရဲ့ တရားခံအစစ်က နယ်ခံ ရပ်ကျေး NLD တွေပါလို့ ကျနော် ပြောဖူးသားပဲ ''

"ကဲကွာ မင်းထင်မြင်ချက် အဆုံးသတ်မေးမယ် လိုင်ဇာ အခြေအနေ ဘယ်လိုရှိမလဲ ''

"တပ်ချုပ်ကြီး သူပုန်မွေးမြူရေး လုပ်ပြီး တိုင်းပြည်ကို မလိမ်ဖူးဆိုရင် လိုင်ဇာကို အပြီးသိမ်းမယ် နောက် အန္ဒိယနယ်စပ်အထိ KIA ကို ချေမှုံးလိမ့်မယ် ''

"OK ကယား ပြဿနာ ကရော ''

"အိညှောင့် အိညှောင့် နဲ့  မပြတ်မသား လုပ်မယ်ဆိုရင် နောက်ထပ် လိုင်ဇာ အသစ်ပေါ်လာမယ် ၊ ပြန်သားစွာ လုပ်မယ်ဆိုရင် အခုအခြေအနေ မှာ ထိုင်းဖက်ကလည်း ကူညီနေလို့ ကယားတွေ ပြေးပေါက်မရှိတုန်း အမြစ်ဖျက်လို့ ရနေပြီ ချဖို့ပဲ လိုတယ် ''

"ဆူပူမှုတွေ ချုပ်ငြိမ်းဖို့ က ''

"GZ ၁၈ နှစ်သား ပစ်တဲ့ ကျည်သည်လည်း လူကိုစေနိုင်တယ် ၊ မိဘ စကားတောင် နားမထောင်တဲ့ လူမိုက်လေးတွေကို တပ်ချုပ်ကြီးက သူ့စကားနားထောင်လိမ့်မယ် ထင်နေတာ ရူးကြောင်ကြောင်နိုင်တယ်ဆိုတာ သိပြီး အပြတ်ရှင်းဖို့ အမိန့်ပေးတဲ့ အချိန် ၊ NLD ရပ်ကျေး အမာခံတွေ ဖော်ထုတ် ဖမ်းဆီး ထိမ်းသိမ်းနိုင်တဲ့ အချိန် တိုင်းပြည်အေးချမ်းပြီ ''

"အေး ကောင်းတယ် မင်းလည်း အကောင့်သစ် ဖွင့်ထားပေတော့ GZ တွေက ဇူကာဖက်ကို အမေပေးထားကြတာ 😁😁😁''

"ဟုတ်ပါ့ ဗျာ အကြမ်းဖက် နှိမ်နင်းဖို့ ပို့စ်တင်ရင်ကို အကောင့်ဖျက်နေတဲ့ ဇူကာဖက် ပါ ကဲ အချိန်ရှိတုန်း အကောင့်ဖွင့်ဖို့ ပြန်ကြစို့ ဗျာ ''

      မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...